Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 17, 2015

လူ႔ဦးေႏွာက္ကို အင္တာနက္နဲ႔ခ်ိတ္ၿပီး နတ္ဘုရားတမွ် စူပါအသိဉာဏ္ရႏုိင္ဖြယ္ရွိ

အလြန္ေသးငယ္တဲ႔ စက္ရုပ္ေသးေသးေလးေတြကို လူ႔ဦးေႏွာက္ထဲမွာ ထည္႔သြင္းႏုိင္ၿပီး ၄င္းတို႔က အင္တာနက္ကြန္ရက္ေတြနဲ႔ ခ်ိတ္ဆက္ကာ နတ္ဘုရားတမွ် အစြမ္းေတြကို ရႏုိင္ေၾကာင္း ထိပ္သီးကြန္ပ်ဴတာသိပၸံပညာရွင္ တစ္ေယာက္က ဆိုပါတယ္။

စာေရးဆရာ၊ တီထြင္သူ၊ အနာဂတ္ေဗဒပညာရွင္ ျဖစ္တဲ႔ Ray Kurzweil ဆိုသူဟာ Google ရဲ႕ စက္ သင္ယူေလ႔လာေရး စီမံကိန္းမွာ အလုပ္လုပ္ေနပါတယ္။ ဒီလိုနည္းပညာမ်ိဳးက လူ႔ဆင္႔ကဲျဖစ္စဥ္ရဲ႕ ေနာက္တဆင္႔ျဖစ္လာႏုိင္တယ္ လို႔ သူကေျပာပါတယ္။

၂၀၃၀ျပည္႔လြန္ႏွစ္ေတြမွာ လူသားေတြဟာ နာႏိုေဘာ႔ (အေသးစားစက္ရုပ္) ေတြကိုသံုးၿပီး နီရိုေကာတက္စ္ လို႔ေခၚတဲ႔ ဦးေႏွာက္အပိုင္းကို ရိုက္ခတ္ကာ ကမာၻႀကီးနဲ႔ တိုက္ရိုက္ခ်ိတ္ဆက္ႏိုင္ၾကမယ္လို႔ သူက ႀကိဳတင္ခန္႔မွန္းထားပါတယ္။ ဒီနည္းပညာက လူတစ္ေယာက္ရဲ႕ ဦးေႏွာက္ကေန ေနာက္တစ္ေယာက္ရဲ႕ ဦးေႏွာက္ဆီကို အီးေမလ္ တိုက္ရိုက္လွမ္းပို႔ႏိုင္တာ၊ ကြ်န္ေတာ္တို႔ရဲ႕ အေတြးေတြနဲ႔ မွတ္ဉာဏ္ေတြကို အရန္သိမ္းဆည္းထားတာမ်ိဳးေတြ လုပ္လာႏိုင္ေစမွာပါ။

ဒီအင္န္ေအမွာ သက္ရွိဆဲလ္ေတြကို ေဒတာသိုေလွာင္မႈစက္ေတြ အျဖစ္ေျပာင္းၿပီး ကြန္ပ်ဴတာလုပ္ေဆာင္ခ်က္ေတြ အတုိင္းျဖစ္ေအာင္ အသြင္ေျပာင္းႏုိင္တဲ႔ အလားအလာရွိႏွင္႔ထားၿပီးျဖစ္ပါတယ္။

“ေလာကႀကီးမွာ အလွတရား၊ အခ်စ္၊ ဖန္တီးမႈ နဲ႔ အသိဉာဏ္ဆိုတာေတြ ရွိတယ္။ အဲ႔ဒါေတြ အားလံုးက နီရိုေကာတက္စ္ (အၾကား၊ အျမင္ အာရံုေတြျဖစ္တဲ႔ ဦးေႏွာက္အပိုင္း) ဆီကေန လာတာပါ။ ဒီ နီရိုေကာတက္စ္ ပိုင္းကို ခ်ဲ႕ထြင္ႏုိင္ရင္ နတ္ဘုရားနဲ႔ ပိုပိုတူလာမယ္။” လို႔ Ray Kurzweil ကရွင္းျပခဲ႔ပါတယ္။

( Skyler )
.........................
လူ့ဦးနှောက်ကို အင်တာနက်နဲ့ချိတ်ပြီး နတ်ဘုရားတမျှ စူပါအသိဉာဏ်ရနိုင်ဖွယ်ရှိ

အလွန်သေးငယ်တဲ့ စက်ရုပ်သေးသေးလေးတွေကို လူ့ဦးနှောက်ထဲမှာ ထည့်သွင်းနိုင်ပြီး ၄င်းတို့က အင်တာနက်ကွန်ရက်တွေနဲ့ ချိတ်ဆက်ကာ နတ်ဘုရားတမျှ အစွမ်းတွေကို ရနိုင်ကြောင်း ထိပ်သီးကွန်ပျူတာသိပ္ပံပညာရှင် တစ်ယောက်က ဆိုပါတယ်။

စာရေးဆရာ၊ တီထွင်သူ၊ အနာဂတ်ဗေဒပညာရှင် ဖြစ်တဲ့ Ray Kurzweil ဆိုသူဟာ Google ရဲ့ စက် သင်ယူလေ့လာရေး စီမံကိန်းမှာ အလုပ်လုပ်နေပါတယ်။ ဒီလိုနည်းပညာမျိုးက လူ့ဆင့်ကဲဖြစ်စဉ်ရဲ့ နောက်တဆင့်ဖြစ်လာနိုင်တယ် လို့ သူကပြောပါတယ်။

၂၀၃၀ပြည့်လွန်နှစ်တွေမှာ လူသားတွေဟာ နာနိုဘော့ (အသေးစားစက်ရုပ်) တွေကိုသုံးပြီး နီရိုကောတက်စ် လို့ခေါ်တဲ့ ဦးနှောက်အပိုင်းကို ရိုက်ခတ်ကာ ကမ္ဘာကြီးနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ကြမယ်လို့ သူက ကြိုတင်ခန့်မှန်းထားပါတယ်။ ဒီနည်းပညာက လူတစ်ယောက်ရဲ့ ဦးနှောက်ကနေ နောက်တစ်ယောက်ရဲ့ ဦးနှောက်ဆီကို အီးမေလ် တိုက်ရိုက်လှမ်းပို့နိုင်တာ၊ ကျွန်တော်တို့ရဲ့ အတွေးတွေနဲ့ မှတ်ဉာဏ်တွေကို အရန်သိမ်းဆည်းထားတာမျိုးတွေ လုပ်လာနိုင်စေမှာပါ။

ဒီအင်န်အေမှာ သက်ရှိဆဲလ်တွေကို ဒေတာသိုလှောင်မှုစက်တွေ အဖြစ်ပြောင်းပြီး ကွန်ပျူတာလုပ်ဆောင်ချက်တွေ အတိုင်းဖြစ်အောင် အသွင်ပြောင်းနိုင်တဲ့ အလားအလာရှိနှင့်ထားပြီးဖြစ်ပါတယ်။

“လောကကြီးမှာ အလှတရား၊ အချစ်၊ ဖန်တီးမှု နဲ့ အသိဉာဏ်ဆိုတာတွေ ရှိတယ်။ အဲ့ဒါတွေ အားလုံးက နီရိုကောတက်စ် (အကြား၊ အမြင် အာရုံတွေဖြစ်တဲ့ ဦးနှောက်အပိုင်း) ဆီကနေ လာတာပါ။ ဒီ နီရိုကောတက်စ် ပိုင်းကို ချဲ့ထွင်နိုင်ရင် နတ်ဘုရားနဲ့ ပိုပိုတူလာမယ်။” လို့ Ray Kurzweil ကရှင်းပြခဲ့ပါတယ်။

( Skyler )

No comments:

Post a Comment