Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 5, 2015

ရင္နင့္ရေသာ သတင္းတပုဒ္

ကြ်န္ေတာ္ဟာ ဒီစာကို ရင္နာနာနဲ႔ ေရးလိုက္တာပါ။ ကာယကံ ရွင္ေတြဖတ္မိရင္ ကြ်န္ေတာ့္ထက္ပိုျပီး ရင္နာၾကရျပန္ဦးမွာစိုးလို႔ မေရးဘူးလို႔ ေနတာပါ။ ဒါေပမဲ့ ဒီအေၾကာင္းက အခိ်န္တိုင္းလႊမ္းမိုးျပီး ရင္ထဲကို ေျငာင့္ၾကီးတေျငာင့္စူးေနသလို ခံစားေန ရတာမို႔ မခံနိုင္ေတာ့တာေၾကာင့္ အားနာစြာနဲ့ ဇြတ္မိွတ္ျပီး ေရးလိုက္ရ ပါတယ္။ အေၾကာင္းကေတာ့ ရန္ကုန္ၿမိဳ႕ၾကီးမွာ အထက္တန္းေက်ာင္း သူေလးနွစ္ေယာက္ က်ဴရွင္သြားရင္း ေန႔ခင္းေၾကာင္ေတာင္ ေပ်ာက္ဆံုးသြားတယ္ဆိုတဲ့ သတင္းဖတ္မိလိုက္လို႔ပါ။ အဲဒီသတင္းကိုေရးတဲ့သူက သမီးေလးေတြရဲ႕ အျပစ္ကင္းစင္တဲ့ ခ်စ္စဖြယ္ဓာတ္ပံုေလးေတြနဲ႔တကြ ေဖာ္ျပလိုက္ေတာ့ ကြ်န္ေတာ္ အလြန္ အမင္းတုန္လႈပ္သြားရပါတယ္။ ကြ်န္ေတာ့္မွာလည္း ဆယ္တန္းတက္ေနတဲ့ သမီးေလးရိွျပီး ေက်ာင္းကို ဘတ္စ္ကားနဲ႔သြားေနရတာပါ။ ကားမွတ္တိုင္နဲ့ အိမ္ကနည္းနည္းလွမ္းတဲ့အျပင္ ကားမွတ္တိုင္နဲ့ ေက်ာင္း ကလည္း နည္းနည္းလွမ္းပါတယ္။ (ကြ်န္ေတာ္က မအူပင္တကၠသိုလ္မွာ တာ၀န္က်ေနေတာ့ စေန၊ တနဂၤေႏြမွ ရန္ကုန္ျပန္ရျပီး သမီးအေမက ရန္ကုန္နိုင္ငံျခားဘာသာတကၠသိုလ္မွာ ေနထြက္ကေန၀င္ တာ၀န္ထမ္းေဆာင္ ေနရတာမို႔) ကြ်န္ေတာ့္ သမီးေလးခမ်ာ အိမ္နဲ႔ေက်ာင္းကို တေယာက္တည္း သြားခ်ည္ျပန္လွည့္ လုပ္ေနရ တာျဖစ္ပါတယ္။ ေသေသခ်ာခ်ာ ေတြးၾကည့္ေတာ့ ေန႔စဥ္လို လိုအကာအကြယ္မဲ့စြာ ေက်ာင္းသြားေက်ာင္း ျပန္လုပ္ရင္း အႏၱရာယ္ၾကီးတခုကေန ပြတ္ကာသီကာလြတ္ေနတဲ့ သေဘာျဖစ္တာေၾကာင့္ ကြ်န္ေတာ္ အလြန္ အမင္း စိုးရိမ္လာမိပါေတာ့တယ္။

သမီးကို အရင္က တီတီစီမွာ ထားတာပါ။ အခိ်န္ေတြ ကုန္သေလာက္ထိေရာက္တဲ့ သင္ၾကားမႈမရိွဘဲ ဆရာမ ေတြဟာ က်ဴရွင္ပဲ ေသာင္းက်န္းေနၾကတာေၾကာင့္ ကိုးတန္းနွစ္ကစလို႔ ကိုယ္ပိုင္အထက္တန္းေက်ာင္း တေက်ာင္းမွာေျပာင္းထားလိုက္တာပါ။ ေငြေၾကးအကုန္အက်မ်ားေပမယ့္ က်ဴရွင္လြတ္၊ ဂိုက္လြတ္၊ စည္းကမ္း ေကာင္းစတာေတြေၾကာင့္ စိတ္ေအးရပါတယ္။ အဲဒီအျပင္ ေက်ာင္းကားအႀကိဳႈအပို႔ကလည္း အိမ္တိုင္ရာ ေရာက္နီးပါးျဖစ္တာမို႔ အေတာ္ႀကီးကို အဆင္ ေျပပါတယ္။ ဒါေပမဲ့ ဒီနွစ္ ၁၀ တန္းေရာက္တဲ့အခါမွာေတာ့ လံုး၀ ေျပာင္းလဲသြားပါတယ္။ ေက်ာင္းခိ်န္ကို နံနက္ ၆ နာရီခဲြကေန မြန္းလဲြ ၁ နာရီခဲြထိ ေျပာင္းလိုက္ျပီး ေက်ာင္းကား အႀကိဳအပို႔မလုပ္ေတာ့တာပါပဲ။ (လစဥ္ေပးသြင္းရတဲ့ ေငြထဲမွာေတာ့ ႀကိဳပို႔ခ ပါျပီးသားပါ) ေဆာင္းပါးအစမွာ ေျပာခဲ့တဲ့ သတင္းဂ်ာနယ္ေလးကိုျပျပီး ကေလးေတြ အကာအကြယ္မဲ့ေနတဲ့အတြက္ ကြ်န္ေတာ့္သမီးနဲ႔ သူ႔သူငယ္ခ်င္းေက်ာင္းသူ ေလးကို ကားအႀကိဳအပို႔လုပ္ေပးဖို့ ေက်ာင္းပိုင္ရွင္ကိုသြား ေမတၱာရပ္ခံရပါတယ္။ ဒီအခါမွာ ေက်ာင္းကားနဲ့လိုက္ခ်င္ရင္ B ခန္းကို ေျပာင္းမလားဆိုျပီး ကြ်န္ေတာ့္ကို ပိုင္ရွင္က ျပန္ေမးပါတယ္။ သမီးနဲ႔ သမီး သူငယ္ခ်င္းက A ခန္းကေန မေျပာင္းခ်င္ၾကပါဘူး။ (A ခန္းက အျခား ေက်ာင္းသူ/သားေတြက ကိုယ္ပိုင္ကားနဲ႔ တက္ၾကပါတယ္) A ခန္းဆိုတာ ကိုးတန္းမွာ ဂုဏ္ထူးေတြနဲ႔ ေအာင္တဲ့သူေတြကို စာစံု- ရွယ္ သင္ေပးတဲ့ အခန္းျဖစ္ျပီး B ခန္းကေတာ့ အမွတ္နည္းသူေတြကို စာစံုမဟုတ္ဘဲ လိုအပ္သေလာက္ကြက္သင္ တဲ့အခန္းလို႔ သိရပါတယ္။ ဒီလိုနဲ႔အဆင္ မေျပတာေၾကာင့္ သမီးနဲ႔ သူ႔သူငယ္ခ်င္းေလးကိုသာ ႀကံဳေတြ႕လာႏိုင္တဲ့ အႏၱရာယ္နဲ႔ အဲဒါကို ေရွာင္ကြင္းႏိုင္ဖို႔သာ အေသအခ်ာသင္ေပးရပါေတာ့တယ္။

မနက္လင္းအားၾကီး ၆ နာရီဟာ လူသြားလူလာ သိပ္မစည္ေသး အခိ်န္ပါ။ ဒါေၾကာင့္ ဘတ္စ္ကားမွတ္တိုင္ကေန ေက်ာင္းကို သြားခိ်န္မွာ နွစ္ေယာက္သား နီးကပ္ေနဖို႔။ သမီးတို႔အနားကို ကားတစီးစီး ျဗဳန္းခနဲ ထိုးရပ္လာရင္ လာၾကပါဦး၊ ကယ္ၾကပါဦးလို႔ သံၿပိဳင္ေအာ္ရင္း အတူတူ ထြက္ေျပးဖို႔။ လူတေယာက္က အေဖေခၚခိုင္းလို႔၊ အေမေခၚခိုင္းလို႔ စသျဖင့္ ဘာလာေျပာေျပာ စကားျပန္မေျပာဖို႔။ ျမန္ျမန္ထြက္ေျပးဖို႔။ ေနာက္ဆံုးကုန္ကုန္ ေျပာရရင္ သူငယ္ခ်င္းတေယာက္က ဘယ္သြားမယ္၊ ညာသြားမယ္ဆိုရင္ေတာင္ လိုက္မသြားၾကဖို႔။ ကြ်န္ေတာ့္မွာ စံုေနေအာင္ သင္ရပါတယ္။ (စေနေန႔ပါ ေက်ာင္းတက္ရေတာ့ ကြ်န္ေတာ္က ေက်ာင္း အထိ လိုက္ပို႔ပါတယ္။ တနလၤာေန့မွာလည္း ကြ်န္ေတာ္ မအူပင္ျပန္ရင္း သမီးတို႔ကို ေက်ာင္းလိုက္ပို႔ပါတယ္။ သမီးသူငယ္ခ်င္းနဲ႔က ဘတ္စ္ကားမွတ္တိုင္မွာ ဆံုၾကရတာျဖစ္ပါတယ္) အိမ္မွာတေယာက္တည္းရတဲ့ အခိ်န္ဆို ရင္လည္း ျပတင္းေပါက္ေတြပါ ပိတ္ထားဖို့။ ဘယ္သူလာ တံခါးေခါက္ေခါက္ဖြင့္ မေပးဖို႔။ ဘာေပးမယ္၊ ညာေပး မယ္ဆိုလည္း ဖြင့္ျပီးမယူဖို႔။ စံုေစ့ေနေအာင္ပါ။ ကြ်န္ေတာ့္သမီးေလးက သူနဲ႔ အရြယ္တူ၊ အတန္းတူျဖစ္တဲ့ ေပ်ာက္သြားတဲ့ ကေလးမေလးနွစ္ေယာက္ရဲ႕ သတင္းကိုဖတ္ျပီး သူတို႔ဘယ္လိုေပ်ာက္သြားတာျဖစ္မလဲလို႔ စိတ္၀င္စားစြာ ေမးပါတယ္။ ကြ်န္ေတာ္က ေန႔ခင္း ၁ နာရီနဲ႔ ၂ နာရီၾကားမွာ ေပ်ာက္သြားတာ။ က်ဴရွင္ကေန မုန္႔သြား၀ယ္စားရင္း ေပ်ာက္သြားတာဆိုေတာ့ ကားနဲ႔တင္ ေခၚသြားတာျဖစ္နိုင္ေၾကာင္း။ ေန႔လယ္ ေနပူခိ်န္ျဖစ္တာမို႔ လမ္းေပၚမွာ လူသြားလူလာ ရွင္းေနနိုင္ေၾကာင္း။ ကေလးမေလးေတြကို ယံုေအာင္ေျပာျပီး (ကားမွန္ေတြ စတစ္ကာ အမည္းကပ္ထားတဲ့ တကၠစီလို)ကားနဲ႔ တင္ေခၚသြားတာ ျဖစ္နိုင္ေၾကာင္း။ ကေလး မေလးေတြ ကားေပၚေရာက္မွ ကားကိုအျမန္ေမာင္းရင္း ကားေနာက္ခန္းမွာ ပုန္းလိုက္လာတဲ့သူတေယာက္နဲ႔ ကားေပၚမွာပါလာတဲ့ မိန္းမတေယာက္က ကေလးမေလးေတြရဲ့ နွာေခါင္းေတြ၊ ပါးစပ္ေတြကို ေမ့ေဆးနဲ႔အုပ္ျပီး ေမ့သြားေအာင္ လုပ္လိုက္တာျဖစ္နိုင္ေၾကာင္း ရွင္းျပရပါတယ္။ အဲဒီေတာ့ ကြ်န္ေတာ့္သမီးက မွတ္ခ်က္ခ် ပါတယ္။ ဆယ္တန္းေတာင္ေရာက္ေနျပီဟာကို ကိုယ္မသိတဲ့လူေတြေခၚတိုင္း လိုက္သြားစရာလားတဲ့။ ဒီေတာ့မွ ကြ်န္ေတာ္က – သမီး၊ ေဖေဖထင္တာေတာ့ လူယုတ္မာ ေတြဟာ ကေလးမေလးေတြရဲ့ နာမည္နဲ့ သူတို့ မိဘေတြရဲ႕အမည္ေတြကို သိေအာင္ ႀကိဳတင္ျပီး အခိ်န္ယူေလ့လာထားလိမ့္မယ္။ ျပီးေတာ့ ကေလးမေလးေတြ ဘယ္အခိ်န္ဘယ္ကိုသြားတတ္သလဲဆိုတာပါ အခိ်န္ယူျပီး ေလ့လာထားလိမ့္မယ္။ ပိုင္ျပီဆိုမွ ကြက္တိလႈပ္ရွားဖို႔ သူတို႔နွစ္ေယာက္နားကိုကားရပ္ျပီး ကားထဲမွာပါလာတဲ့ မိန္းမက ဟဲ့၊ ညည္းတို႔ဘယ္သူနဲ႔ ဘယ္သူ မဟုတ္လား။ ညည္းတို႔အေမေတြ ဘယ္သူေတြက ဘယ္ဆိုင္က ေစာင့္ေနတယ္။ ညည္းတို႔အတြက္ ဘာ၀ယ္မွာမို႔လို႔ ေခၚလာခဲ့ဖို႔ အေဒၚနဲ႔ မွာလိုက္တယ္။ လာ-ကားေပၚတက္၊ ဘာညာလုပ္လိမ့္မယ္ သမီး။ ရုတ္တရက္ဆိုေတာ့ ကေလးမေလးနွစ္ေယာက္က သူတို႔နာမည္လည္းသိ၊ သူတို႔အေမေတြနာမည္လည္းသိတဲ့ အသိမိတ္ေဆြ အေဒၚၾကီးတေယာက္လို႔ ထင္သြားျပီး ကေလးေတြးနဲ႔ ယံုသြားမိတာ ျဖစ္လိမ့္မယ္။ ဒါေၾကာင့္ ကားနဲ့ လိုက္သြားပံုရတယ္လို့ ရွင္းျပရပါတယ္။ ဒါဆိုရင္ သူတို့ကိုေခၚသြားျပီး ဘာလုပ္ၾကမွာလဲတဲ့ သမီးက ဆက္ေမးပါတယ္။ ကြ်န္ေတာ့္မွာ သမီးနား လည္ေအာင္ စိတ္မေကာင္းစြာနဲ့ဘဲ ဆက္ေျပာရပါတယ္။ သမီး လူကုန္ကူးမႈဇာတ္လမ္းေတြ တီဗီြမွာၾကည့္ရတယ္ မဟုတ္လား။ အဲသလိုလုပ္ၾကမွာ။ ကေလးမေလးနွစ္ ေယာက္ကို အလြန္အမင္း ထိတ္လန့္ေၾကာက္ရံြ႕လာ ေအာင္ရိုက္ႏွက္ႏိွပ္စက္မယ္။ စိတ္ၾကြမူးယစ္ေဆးေတြ တိုက္မယ္။ အၾကိမ္ၾကိမ္ အဓမၼက်င့္မယ္။ အဲသလိုနဲ့ ကေလးမေလးေတြရဲ႕ ပံုမွန္လူေကာင္းစိတ္ေတြ ေပ်ာက္ဆံုးသြားျပီး ေၾကာင္စီစီျဖစ္ကုန္ေတာ့တဲ့ အခိ်န္က်မွ တရုတ္ ျပည္ကို သြားေရာင္းမွာလို႔ ရွင္းျပရပါတယ္။ ေရာင္းေတာ့ ဘယ္ေလာက္ရမွာလဲလို႔ သမီးက ေမးျပန္ပါတယ္။ ဒီေတာ့ ကြ်န္ေတာ္က တရုတ္ျပည္မွာ ဗမာအမ်ဳိးသမီးရြက္ၾကမ္းေရက်ဳိတေယာက္ကို တရုတ္ေငြ ယြမ္ေျခာက္ ေထာင္(က်ပ္ေငြဆယ့္နွစ္သိန္း)နဲ႔ ေခ်ာတဲ့ အမ်ိဳးသမီးဆိုရင္ ယြမ္ႏွစ္ေသာင္း (က်ပ္ေငြသိန္းေလးဆယ္)ေလာက္ထိေပး၀ယ္ၾကေၾကာင္း၊ အရြယ္ မေရာက္ေသးတဲ့ ဗမာမိန္းကေလးငယ္ေခ်ာေခ်ာေလးေတြကိုေတာ့ တရုတ္ေငြ ယြမ္ေလးေသာင္းကေန ငါးေသာင္း (ေငြက်ပ္သိန္းရွစ္ဆယ္မွ သိန္းတရာ) ထိေပး၀ယ္ၾကေၾကာင္း ကြ်န္ေတာ္ေလ့လာထားမိသေလာက္ ရွင္းျပလိုက္ပါတယ္။ ကြ်န္ေတာ္ ရွင္းျပအျပီးမွာေတာ့ သမီးက စိတ္မေကာင္းစြာ ေကာက္ခ်က္ခ်ပါတယ္။ သူမ်ား သားပ်ဳိသမီးပ်ဳိေလးေတြကို ရက္စက္လိုက္ၾကတာတဲ့။

ဟုတ္ပါတယ္။ ကြ်န္ေတာ့္ သမီးေလးရဲ႕ ေကာက္ခ်က္က ေသြးထြက္ေအာင္မွန္ပါတယ္။ ရက္စက္လြန္းလွၾကပါ တယ္။ အကယ္၍ ကားတင္မယ့္သူေတြဟာ လူမ်ဳိးျခားမည္းမည္းသဲသဲၾကီးေတြသာျဖစ္ရင္ ကေလးမေလး ေတြက လိုက္မွာမဟုတ္ပါဘူး။ ျဖဴစပ္စပ္၊ နီစပ္စပ္လူေတြဆိုရင္လည္း ယံုမွာမဟုတ္ပါဘူး။ ရပ္ကြက္ထဲမွာ ေတြ႕ေနၾကရတဲ့ သူလိုကိုယ္လို ဦးေလးႀကီး၊ အေဒၚၾကီး (ဗမာလူမ်ဳိး)ေတြ ျဖစ္ေနၾကပါလိမ့္မယ္။ ဒါေၾကာင့္ အလြယ္တကူယံုသြားတာ ျဖစ္ပါလိမ့္မယ္။ ဘာပဲေျပာေျပာ ကြ်န္ေတာ္တို႔ သမီးေလးေတြရဲ႕ အကာအကြယ္မဲ့စြာ က်ေရာက္လာမယ့္ အႏၱရာယ္ေတြဟာ လမ္းေပၚမွာရိွေနပါျပီ။ (အိမ္နားကိုလည္း ေရာက္ေကာင္းေရာက္ေနျပီ ျဖစ္ပါလိမ့္မည္) ဒီလိုျဖစ္ရပ္မို်းဟာ ဟိုတုန္းက နယ္စြန္နယ္ဖ်ားေတြမွာပဲ ၾကားဖူးတာပါ။ လြန္ခဲ့တဲ့ သံုးနွစ္ ေလာက္က ကြ်န္ေတာ္ တာ၀န္က်ရာ မအူပင္ၿမိဳ႕မွာ ဆယ္တန္းေက်ာင္းသူေလးတေယာက္ ေန႔ခင္းေၾကာင္ ေတာင္ ေပ်ာက္သြားပါတယ္။ တၿမိဳ႕လံုး အုတ္ေအာ္ေသာင္းတင္းျဖစ္သြားရေပမယ့္ ကေန႔ထက္ထိ ျပန္မေတြ႔ ေတာ့ပါဘူး။ ဒီေန႔ကာလေတြမွာ ဆယ္တန္းေက်ာင္းသူေလးေတြ မနက္ခင္းမုန္႔ထြက္၀ယ္ရင္းေပ်ာက္သြားတာ။ ဒါမွမဟုတ္ ေက်ာင္းသြားရင္း ေပ်ာက္သြားတာ။ လိႈင္သာယာ၊ ေရႊျပည္သာ၊ ဘုရင့္ေနာင္စသည္တို႔မွာ ျဖစ္ၾကတဲ့အေၾကာင္း သတင္းစာေတြထဲ ဓာတ္ပံုနဲ႔တကြ လူေပ်ာက္ေၾကာ္ျငာေတြ ေတြ႕ေတြ႕ေနရတာ မၾကာ ခဏဆိုသလိုပါပဲ။ ျပီးခဲ့တဲ့လက တရုတ္ျပည္မွာ ကေလးျပည့္တန္ဆာခန္း ကို သတင္းအရ ရဲက ၀င္ဖမ္းပါတယ္။ ဖမ္းမိတဲ့ ဆယ့္သံုးေလးနွစ္အရြယ္ ခ်စ္စရာ ျပည့္တန္ဆာ မိန္းကေလးငယ္ကို ဓာတ္ပံုနဲ႔တကြ ဂ်ာနယ္မွာ ေဖာ္ျပပါတယ္။ အဲဒီသတင္းထဲမွာပဲ ကေလးျပည့္တန္ဆာနဲ႔ ေပ်ာ္ပါးသူ မည္သူ႔ကိုမဆို ေသဒဏ္အျပစ္ေပး မယ္လို႔ တရုတ္ျပည္က ကမၻာသိေၾကညာတာပါ ဖတ္လိုက္ရပါတယ္။ အဲဒီကိစၥေတြနဲ႔ ဆက္စပ္ၾကည့္လိုက္ ေတာ့ တရုတ္ျပည္ရဲ့ Child Prostitute ယႏၱရားလည္ပတ္ဖို႔ရာအတြက္ ကြ်န္ေတာ္တို႔ ရန္ကုန္ၿမိဳ႕ၾကီးရဲ့ တေနရာမွာ အရြယ္မေရာက္ေသးသူ အမို်းေကာင္းသမီး မိန္းကေလးငယ္ေလးေတြ သားေကာင္အျဖစ္ သက္ ဆင္းရမယ့္ ‘သားရဲတြင္းၾကီး’တခု အမွန္တကယ္ရိွေနျပီလို႔ သံုးသပ္နိုင္ပါတယ္။

ဒါတင္မကေသးပါဘူး။ စိတ္ၾကြရူးသြပ္မူးယစ္ေဆးထုတ္ဌာနၾကီးတခုလည္း ရန္ကုန္ၿမိဳ႕ေတာ္ၾကီးမွာရိွေန ေကာင္းရိွေနျပီလို့ ယူဆရင္ မမွားနိုင္ေလာက္ပါဘူး။ ဒါေတြကို ဘယ္လိုေျခရာခံၾကမွာပါလဲ။ က်ဳပ္တို႔ဆင္းရဲ သားနင္းျပားအိမ္ေတြကို ျခင္ေထာင္ထိ ဧည့္စာရင္း၀င္စစ္ရဲၾကတဲ့ ေမာင္မင္းၾကီးသား လူစြမ္းေကာင္းၾကီးမ်ား ဘာလုပ္ေနၾကပါသလဲ။ ရုပ္ရွင္ထဲက ဂ်က္ကီခ်န္းတို႔လို သာမန္ ရဲသားၾကီးငယ္ေတြ ပစၥတိုကိုယ္စီကိုင္ျပီး ရန္ကုန္ၿမိဳ႕ေတာ္ၾကီးမွာ ရိွေနျပီလို႔ ယူဆရတဲ့ လူေမွာင္ခိုဂိုဏ္းၾကီးေတြနဲ့ မူးယစ္ဂိုဏ္ၾကီးေတြ အပါအ၀င္ ဓားကိုင္ေသာင္းက်န္တဲ့ လူဆိုးလူမိုက္ေတြကိုပါ ေဖာ္ထုတ္နိွမ္နင္းၾကဖို႔ ေတြးရဲ၊ ေတြး၀ံ့၊ ေတြးတတ္ၾကဖို႔ သင့္ပါျပီ။ ဘာလုပ္စားမွန္းမသိဘဲ ေန့ခ်င္းညခ်င္း ခ်မ္းသာလာတဲ့ အထူးသျဖင့္ လူမို်းျခားသူေဌးၾကီးမ်ားရဲ႕ အိမ္ထဲကိုေရာ ဧည့္စာရင္း၀င္စစ္ဖူးၾကပါရဲ့လား။ သူတို႔ ဘယ္ပံုၾကြယ္၀လာတယ္ဆိုတာ စစ္တမ္းထုတ္ဖူးၾက ပါရဲ႕လား ”လြတ္ရင္စံမယ္၊ မိရင္ခံမယ္၊ လူစားထိုးမယ္၊ ေငြခင္းျပီး ေထာင္ထဲမွာ ဇိမ္နဲ႔ေနမယ္။ ဗမာျပည္မွာ စီးပြားရွာရတာ အင္မတန္လြယ္တယ္ . . .” ဆိုျပီး ေန႔ခ်င္းညခ်င္း ခ်မ္းသာလာၾကသူေတြကို တာ၀န္ရိွသူေတြ မသိ ေပမယ့္ ကြ်န္ေတာ္ သိပါတယ္။ ေတာၿမိဳ႕ကေလးေတြမွာေတာင္ ‘ေဆးျပား’ ေတြ ပ်ံ႕ေနပါျပီ။ ဒီလို အခင္း အက်င္းေတြၾကားမွာ ”ကိုယ့္သမီးေလးေတြကို မေပ်ာက္ပ်က္ေအာင္ ကိုယ္တိုင္ဂရုစိုက္။ ေပ်ာက္ရင္မရွာနဲ႔။ ေသာကေတြ တေပြ႕တပိုက္နဲ႔ မိဘေတြရင္က်ဳိးၾက။ သမီးေလးေတြ အရွင္လတ္လတ္ ငရဲက်။ ကံမေကာင္းလို႔ ျဖစ္ရတာ။ ၀ဋ္ေၾကြးရိွလို႔ခံရတာ”စသျဖင့္ေတြဟာ လူမဆန္တဲ့စကားေတြသာ ျဖစ္ပါတယ္။ အခု ျဖစ္ပ်က္သြားတဲ့ ေက်ာင္းသူေလးႏွစ္ေယာက္ရဲ႕ကိစၥကို သမၼတက တာ၀န္ယူမွာလား။ ျပည္ထဲေရး၀န္ၾကီးက တာ၀န္ယူမွာလား။ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး၀န္ၾကီးက တာ၀န္ယူမွာလား။ ဒီအတိုင္းပဲ ေအာက္ေျခနယ္ထိန္းရဲ ေလးေတြကပဲ တာ၀န္ယူျပီး ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္သြားမွာလား။ သူတပါးႏိုင္ငံေတြမွာဆိုရင္ ျဖစ္စဥ္ျဖစ္ရပ္ တခုအတြက္ ဘယ္သူ႔မွာ တာ၀န္ရိွသလဲ ရွာလိုက္ရင္ ရာထူးအၾကီးဆံုးလူ ျဖစ္ပါတယ္။ ကြ်န္ေတာ္တို႔ဆီမွာေတာ့ တာ၀န္အရိွဆံုးသူဟာ ရာထူးအငယ္ဆံုးသူျဖစ္ ျဖစ္ေနတာကလည္း ထူးျခားခ်က္တခုပါ။ မႈခင္းတခုရဲ႕ အေနအထား အတိမ္အနက္ျဖစ္နိုင္ေျခ အ၀င္အထြက္ အဖံုးအပိတ္ အေရွာင္အတိမ္း ျပစ္မႈကူ်းလြန္သူစတဲ့ ေတြးဆခ်က္ေတြကို သာမန္ရဲမွဴးတေယာက္ထက္ ျပည္ထဲေရး၀န္ၾကီးက ပိုျပီးေတြးေခၚ ေျမာ္ျမင္နိုင္စြမ္းရိွရပါမယ္။

အလ်ဥ္းသင့္လို႔ တင္ျပရမယ္ဆိုရင္ ကြ်န္ေတာ္တို႔နိုင္ငံအထက္ပိုင္းက ၿမိဳ႕တၿမိဳ႕မွာ အရြယ္မေရာက္ေသးသူ မိန္းကေလးငယ္တဦးကို အဓမၼ က်င့္မႈတခု ျဖစ္ပြားပါတယ္။ တရားရံုးက တရားခံကို မျဖစ္စေလာက္ ဒဏ္ခ်လို႔ ၿမိဳ႕လူထုက မေက်မနပ္ျဖစ္ျပီး ဆႏၵထုတ္ေဖာ္တာၾကားသိ ဖတ္ရႈရပါတယ္။ အဲဒီေနာက္ဆက္တဲြအေနနဲ့ ကေလးမေလးကို ခဲြစိတ္ကုသရၿပီး အနာမက်က္နိုင္လို႔ ေဆးရံုမၾကာခဏျပေနရတာေၾကာင့္ မိဘမ်ားခမ်ာ ေဆးဖိုး၀ါးခမတတ္ႏိုင္ေတာ့တာေၾကာင့္ အဓမၼက်င့္တဲ့လူဆီက ေဆးဖိုး၀ါးခရလိုေၾကာင္း တရားရံုးကိုသြားျပီး ေလွ်ာက္ထားပါသတဲ့။ အသည္းနာလိုက္တာဗ်ာ။ ကေလးငယ္တဦး ေသရာပါ စိတ္ဒဏ္ရာေရာ၊ ရုပ္ဒဏ္ရာပါ ရခဲ့ရတာကို ဥပေဒနဲ႔ တရားစီရင္ေရးက ထိုက္သင့္တဲ့ အကာအကြယ္၊ ဒါမွမဟုတ္ ကယ္ဆယ္ေစာင့္ေရွာက္မႈ ဘာတခုမွ် မေပးႏိုင္ခဲ့တဲ့ျဖစ္ရပ္ဟာ အၾကံပက္စက္ ဆန္ေကာေလာက္မွ ေဇာက္မနက္ ညံ့ဖ်င္းလိုက္တဲ့စနစ္နဲ႔ တိုင္းျပည္။ သံုးစားမရတဲ့ အခြင့္အာဏာရိွသူေတြလို႔သာ ကြ်န္ေတာ့္မွာ ရင္ထုမနာ ျဖစ္ရပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္မယ္ထင္ပါတယ္။ ဥပေဒ ပညာရွင္လႊတ္ေတာ္ကိုယ္စားလွယ္ၾကီး ဦးသိန္းညြန္႔က ကေလးသူငယ္ လံုၿခံဳေရးအတြက္ အရြယ္မေရာက္ေသးတဲ့ ကေလးသူငယ္ေတြအေပၚ အဓမၼျပဳက်င့္ရင္ ေသဒဏ္ျပစ္ဒဏ္ခ်ဖို႔ လႊတ္ေတာ္ၾကီးမွာ အဆိုတင္သြင္းတာ ေလးၾကိမ္ထက္မနည္းရိွခဲ့ပါသတဲ့။ ဒီအဆိုတင္သြင္း ပယ္ခ်/ကန္႔ကြက္ ခံရတာခ်ည္းပါပဲတဲ့ဗ်ာ။ အမတ္မင္းမ်ားဟာ ဘာကိုငဲ့ျပီးေတာ့မ်ား ဒီဥပေဒျပ႒ာန္းဖို႔ကို ဆန္႔က်င္ကန္႔ ကြက္ေနၾကတာပါလဲ။
အခုေတာ့ တာ၀န္ရိွျပည္သူ့ရဲအရာရိွေတြေတာင္ အခိ်န္မေရြး အသတ္ခံရနိုင္တဲ့ အေျခအေနထိ စည္းလြတ္ ၀ါးလြတ္ နိုင္ငံပ်က္ၾကီး ျဖစ္ေနပါျပီ။ ျပည္သူေတြက ဒီမိုကေရစီမရဘဲ သူခိုး၊ ဓားျပ၊ လူသတ္မႈ၊ မုဒိမ္းေကာင္ ေတြက ဒီမိုကေရစီ အျပည့္အ၀ရေနၾကပါျပီ။ ထိေရာက္ ျပတ္သားတဲ့ ျပစ္ဒဏ္မက်ခံရတဲအျပင္ လြတ္ျငိမ္းခ်မ္း သာခြင့္ဆိုတာၾကီးပါ ခံစားခြင့္ရေနၾကတာမို့ ေထာင္ထဲ၀င္ရဖို႔ မေၾကာက္ေတာ့ရံုမွ်မက ဒုစရိုက္မႈၾကီးေတြကိုပါ လြယ္ကူေပါ့ပါးစြာ လက္ရဲဇက္ရဲနဲ့ က်ဴးလြန္ၾကဖို႔ လြတ္ျငိမ္း ေထာင္ထြက္ေတြ ေနရာအနံွ့့ အရန္သင့္ရိွေနၾက ပါျပီ။ သမီးေလးတို႔ရဲ့ ေဖေဖနဲ့ ေမေမတို႔ခင္ဗ်ား သမီးေလးတို႔ ေရတိမ္မနစ္ရေလေအာင္ ကိုယ့္ဘာသာကိုယ္ မ်က္ျခည္မျပတ္ ေစာင့္ေရွာက္ေနၾကပါ။ နိုင္ငံေတာ္ၾကီးဟာ သူခိုးဓားျပ လူသတ္မုဒိမ္းေကာင္ေတြေလာက္ ကြ်န္ေတာ္တို႔ ျပည္သူေတြအေပၚ တန္ဖိုးမထားတာ ျမင္သာေနရျပီ မဟုတ္ပါလား။ အားလံုး က်န္းမာခ်မ္းသာ ၾကပါေစ။

ကိုမာေက်ာ

News Watch Journal
..........................................................
ကျွန်တော်ဟာ ဒီစာကို ရင်နာနာနဲ့ ရေးလိုက်တာပါ။ ကာယကံ ရှင်တွေဖတ်မိရင် ကျွန်တော့်ထက်ပိုပြီး ရင်နာကြရပြန်ဦးမှာစိုးလို့ မရေးဘူးလို့ နေတာပါ။ ဒါပေမဲ့ ဒီအကြောင်းက အချိန်တိုင်းလွှမ်းမိုးပြီး ရင်ထဲကို ငြောင့်ကြီးတငြောင့်စူးနေသလို ခံစားနေ ရတာမို့ မခံနိုင်တော့တာကြောင့် အားနာစွာနဲ့ ဇွတ်မှိတ်ပြီး ရေးလိုက်ရ ပါတယ်။ အကြောင်းကတော့ ရန်ကုန်မြို့ကြီးမှာ အထက်တန်းကျောင်း သူလေးနှစ်ယောက် ကျူရှင်သွားရင်း နေ့ခင်းကြောင်တောင် ပျောက်ဆုံးသွားတယ်ဆိုတဲ့ သတင်းဖတ်မိလိုက်လို့ပါ။ အဲဒီသတင်းကိုရေးတဲ့သူက သမီးလေးတွေရဲ့ အပြစ်ကင်းစင်တဲ့ ချစ်စဖွယ်ဓာတ်ပုံလေးတွေနဲ့တကွ ဖော်ပြလိုက်တော့ ကျွန်တော် အလွန် အမင်းတုန်လှုပ်သွားရပါတယ်။ ကျွန်တော့်မှာလည်း ဆယ်တန်းတက်နေတဲ့ သမီးလေးရှိပြီး ကျောင်းကို ဘတ်စ်ကားနဲ့သွားနေရတာပါ။ ကားမှတ်တိုင်နဲ့ အိမ်ကနည်းနည်းလှမ်းတဲ့အပြင် ကားမှတ်တိုင်နဲ့ ကျောင်း ကလည်း နည်းနည်းလှမ်းပါတယ်။ (ကျွန်တော်က မအူပင်တက္ကသိုလ်မှာ တာဝန်ကျနေတော့ စနေ၊ တနင်္ဂနွေမှ ရန်ကုန်ပြန်ရပြီး သမီးအမေက ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ နေထွက်ကနေဝင် တာဝန်ထမ်းဆောင် နေရတာမို့) ကျွန်တော့် သမီးလေးခမျာ အိမ်နဲ့ကျောင်းကို တယောက်တည်း သွားချည်ပြန်လှည့် လုပ်နေရ တာဖြစ်ပါတယ်။ သေသေချာချာ တွေးကြည့်တော့ နေ့စဉ်လို လိုအကာအကွယ်မဲ့စွာ ကျောင်းသွားကျောင်း ပြန်လုပ်ရင်း အန္တရာယ်ကြီးတခုကနေ ပွတ်ကာသီကာလွတ်နေတဲ့ သဘောဖြစ်တာကြောင့် ကျွန်တော် အလွန် အမင်း စိုးရိမ်လာမိပါတော့တယ်။

သမီးကို အရင်က တီတီစီမှာ ထားတာပါ။ အချိန်တွေ ကုန်သလောက်ထိရောက်တဲ့ သင်ကြားမှုမရှိဘဲ ဆရာမ တွေဟာ ကျူရှင်ပဲ သောင်းကျန်းနေကြတာကြောင့် ကိုးတန်းနှစ်ကစလို့ ကိုယ်ပိုင်အထက်တန်းကျောင်း တကျောင်းမှာပြောင်းထားလိုက်တာပါ။ ငွေကြေးအကုန်အကျများပေမယ့် ကျူရှင်လွတ်၊ ဂိုက်လွတ်၊ စည်းကမ်း ကောင်းစတာတွေကြောင့် စိတ်အေးရပါတယ်။ အဲဒီအပြင် ကျောင်းကားအကြိုှုအပို့ကလည်း အိမ်တိုင်ရာ ရောက်နီးပါးဖြစ်တာမို့ အတော်ကြီးကို အဆင် ပြေပါတယ်။ ဒါပေမဲ့ ဒီနှစ် ၁၀ တန်းရောက်တဲ့အခါမှာတော့ လုံးဝ ပြောင်းလဲသွားပါတယ်။ ကျောင်းချိန်ကို နံနက် ၆ နာရီခွဲကနေ မွန်းလွဲ ၁ နာရီခွဲထိ ပြောင်းလိုက်ပြီး ကျောင်းကား အကြိုအပို့မလုပ်တော့တာပါပဲ။ (လစဉ်ပေးသွင်းရတဲ့ ငွေထဲမှာတော့ ကြိုပို့ခ ပါပြီးသားပါ) ဆောင်းပါးအစမှာ ပြောခဲ့တဲ့ သတင်းဂျာနယ်လေးကိုပြပြီး ကလေးတွေ အကာအကွယ်မဲ့နေတဲ့အတွက် ကျွန်တော့်သမီးနဲ့ သူ့သူငယ်ချင်းကျောင်းသူ လေးကို ကားအကြိုအပို့လုပ်ပေးဖို့ ကျောင်းပိုင်ရှင်ကိုသွား မေတ္တာရပ်ခံရပါတယ်။ ဒီအခါမှာ ကျောင်းကားနဲ့လိုက်ချင်ရင် B ခန်းကို ပြောင်းမလားဆိုပြီး ကျွန်တော့်ကို ပိုင်ရှင်က ပြန်မေးပါတယ်။ သမီးနဲ့ သမီး သူငယ်ချင်းက A ခန်းကနေ မပြောင်းချင်ကြပါဘူး။ (A ခန်းက အခြား ကျောင်းသူ/သားတွေက ကိုယ်ပိုင်ကားနဲ့ တက်ကြပါတယ်) A ခန်းဆိုတာ ကိုးတန်းမှာ ဂုဏ်ထူးတွေနဲ့ အောင်တဲ့သူတွေကို စာစုံ- ရှယ် သင်ပေးတဲ့ အခန်းဖြစ်ပြီး B ခန်းကတော့ အမှတ်နည်းသူတွေကို စာစုံမဟုတ်ဘဲ လိုအပ်သလောက်ကွက်သင် တဲ့အခန်းလို့ သိရပါတယ်။ ဒီလိုနဲ့အဆင် မပြေတာကြောင့် သမီးနဲ့ သူ့သူငယ်ချင်းလေးကိုသာ ကြုံတွေ့လာနိုင်တဲ့ အန္တရာယ်နဲ့ အဲဒါကို ရှောင်ကွင်းနိုင်ဖို့သာ အသေအချာသင်ပေးရပါတော့တယ်။

မနက်လင်းအားကြီး ၆ နာရီဟာ လူသွားလူလာ သိပ်မစည်သေး အချိန်ပါ။ ဒါကြောင့် ဘတ်စ်ကားမှတ်တိုင်ကနေ ကျောင်းကို သွားချိန်မှာ နှစ်ယောက်သား နီးကပ်နေဖို့။ သမီးတို့အနားကို ကားတစီးစီး ဗြုန်းခနဲ ထိုးရပ်လာရင် လာကြပါဦး၊ ကယ်ကြပါဦးလို့ သံပြိုင်အော်ရင်း အတူတူ ထွက်ပြေးဖို့။ လူတယောက်က အဖေခေါ်ခိုင်းလို့၊ အမေခေါ်ခိုင်းလို့ စသဖြင့် ဘာလာပြောပြော စကားပြန်မပြောဖို့။ မြန်မြန်ထွက်ပြေးဖို့။ နောက်ဆုံးကုန်ကုန် ပြောရရင် သူငယ်ချင်းတယောက်က ဘယ်သွားမယ်၊ ညာသွားမယ်ဆိုရင်တောင် လိုက်မသွားကြဖို့။ ကျွန်တော့်မှာ စုံနေအောင် သင်ရပါတယ်။ (စနေနေ့ပါ ကျောင်းတက်ရတော့ ကျွန်တော်က ကျောင်း အထိ လိုက်ပို့ပါတယ်။ တနင်္လာနေ့မှာလည်း ကျွန်တော် မအူပင်ပြန်ရင်း သမီးတို့ကို ကျောင်းလိုက်ပို့ပါတယ်။ သမီးသူငယ်ချင်းနဲ့က ဘတ်စ်ကားမှတ်တိုင်မှာ ဆုံကြရတာဖြစ်ပါတယ်) အိမ်မှာတယောက်တည်းရတဲ့ အချိန်ဆို ရင်လည်း ပြတင်းပေါက်တွေပါ ပိတ်ထားဖို့။ ဘယ်သူလာ တံခါးခေါက်ခေါက်ဖွင့် မပေးဖို့။ ဘာပေးမယ်၊ ညာပေး မယ်ဆိုလည်း ဖွင့်ပြီးမယူဖို့။ စုံစေ့နေအောင်ပါ။ ကျွန်တော့်သမီးလေးက သူနဲ့ အရွယ်တူ၊ အတန်းတူဖြစ်တဲ့ ပျောက်သွားတဲ့ ကလေးမလေးနှစ်ယောက်ရဲ့ သတင်းကိုဖတ်ပြီး သူတို့ဘယ်လိုပျောက်သွားတာဖြစ်မလဲလို့ စိတ်ဝင်စားစွာ မေးပါတယ်။ ကျွန်တော်က နေ့ခင်း ၁ နာရီနဲ့ ၂ နာရီကြားမှာ ပျောက်သွားတာ။ ကျူရှင်ကနေ မုန့်သွားဝယ်စားရင်း ပျောက်သွားတာဆိုတော့ ကားနဲ့တင် ခေါ်သွားတာဖြစ်နိုင်ကြောင်း။ နေ့လယ် နေပူချိန်ဖြစ်တာမို့ လမ်းပေါ်မှာ လူသွားလူလာ ရှင်းနေနိုင်ကြောင်း။ ကလေးမလေးတွေကို ယုံအောင်ပြောပြီး (ကားမှန်တွေ စတစ်ကာ အမည်းကပ်ထားတဲ့ တက္ကစီလို)ကားနဲ့ တင်ခေါ်သွားတာ ဖြစ်နိုင်ကြောင်း။ ကလေး မလေးတွေ ကားပေါ်ရောက်မှ ကားကိုအမြန်မောင်းရင်း ကားနောက်ခန်းမှာ ပုန်းလိုက်လာတဲ့သူတယောက်နဲ့ ကားပေါ်မှာပါလာတဲ့ မိန်းမတယောက်က ကလေးမလေးတွေရဲ့ နှာခေါင်းတွေ၊ ပါးစပ်တွေကို မေ့ဆေးနဲ့အုပ်ပြီး မေ့သွားအောင် လုပ်လိုက်တာဖြစ်နိုင်ကြောင်း ရှင်းပြရပါတယ်။ အဲဒီတော့ ကျွန်တော့်သမီးက မှတ်ချက်ချ ပါတယ်။ ဆယ်တန်းတောင်ရောက်နေပြီဟာကို ကိုယ်မသိတဲ့လူတွေခေါ်တိုင်း လိုက်သွားစရာလားတဲ့။ ဒီတော့မှ ကျွန်တော်က – သမီး၊ ဖေဖေထင်တာတော့ လူယုတ်မာ တွေဟာ ကလေးမလေးတွေရဲ့ နာမည်နဲ့ သူတို့ မိဘတွေရဲ့အမည်တွေကို သိအောင် ကြိုတင်ပြီး အချိန်ယူလေ့လာထားလိမ့်မယ်။ ပြီးတော့ ကလေးမလေးတွေ ဘယ်အချိန်ဘယ်ကိုသွားတတ်သလဲဆိုတာပါ အချိန်ယူပြီး လေ့လာထားလိမ့်မယ်။ ပိုင်ပြီဆိုမှ ကွက်တိလှုပ်ရှားဖို့ သူတို့နှစ်ယောက်နားကိုကားရပ်ပြီး ကားထဲမှာပါလာတဲ့ မိန်းမက ဟဲ့၊ ညည်းတို့ဘယ်သူနဲ့ ဘယ်သူ မဟုတ်လား။ ညည်းတို့အမေတွေ ဘယ်သူတွေက ဘယ်ဆိုင်က စောင့်နေတယ်။ ညည်းတို့အတွက် ဘာဝယ်မှာမို့လို့ ခေါ်လာခဲ့ဖို့ အဒေါ်နဲ့ မှာလိုက်တယ်။ လာ-ကားပေါ်တက်၊ ဘာညာလုပ်လိမ့်မယ် သမီး။ ရုတ်တရက်ဆိုတော့ ကလေးမလေးနှစ်ယောက်က သူတို့နာမည်လည်းသိ၊ သူတို့အမေတွေနာမည်လည်းသိတဲ့ အသိမိတ်ဆွေ အဒေါ်ကြီးတယောက်လို့ ထင်သွားပြီး ကလေးတွေးနဲ့ ယုံသွားမိတာ ဖြစ်လိမ့်မယ်။ ဒါကြောင့် ကားနဲ့ လိုက်သွားပုံရတယ်လို့ ရှင်းပြရပါတယ်။ ဒါဆိုရင် သူတို့ကိုခေါ်သွားပြီး ဘာလုပ်ကြမှာလဲတဲ့ သမီးက ဆက်မေးပါတယ်။ ကျွန်တော့်မှာ သမီးနား လည်အောင် စိတ်မကောင်းစွာနဲ့ဘဲ ဆက်ပြောရပါတယ်။ သမီး လူကုန်ကူးမှုဇာတ်လမ်းတွေ တီဗွီမှာကြည့်ရတယ် မဟုတ်လား။ အဲသလိုလုပ်ကြမှာ။ ကလေးမလေးနှစ် ယောက်ကို အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့လာ အောင်ရိုက်နှက်နှိပ်စက်မယ်။ စိတ်ကြွမူးယစ်ဆေးတွေ တိုက်မယ်။ အကြိမ်ကြိမ် အဓမ္မကျင့်မယ်။ အဲသလိုနဲ့ ကလေးမလေးတွေရဲ့ ပုံမှန်လူကောင်းစိတ်တွေ ပျောက်ဆုံးသွားပြီး ကြောင်စီစီဖြစ်ကုန်တော့တဲ့ အချိန်ကျမှ တရုတ် ပြည်ကို သွားရောင်းမှာလို့ ရှင်းပြရပါတယ်။ ရောင်းတော့ ဘယ်လောက်ရမှာလဲလို့ သမီးက မေးပြန်ပါတယ်။ ဒီတော့ ကျွန်တော်က တရုတ်ပြည်မှာ ဗမာအမျိုးသမီးရွက်ကြမ်းရေကျိုတယောက်ကို တရုတ်ငွေ ယွမ်ခြောက် ထောင်(ကျပ်ငွေဆယ့်နှစ်သိန်း)နဲ့ ချောတဲ့ အမျိုးသမီးဆိုရင် ယွမ်နှစ်သောင်း (ကျပ်ငွေသိန်းလေးဆယ်)လောက်ထိပေးဝယ်ကြကြောင်း၊ အရွယ် မရောက်သေးတဲ့ ဗမာမိန်းကလေးငယ်ချောချောလေးတွေကိုတော့ တရုတ်ငွေ ယွမ်လေးသောင်းကနေ ငါးသောင်း (ငွေကျပ်သိန်းရှစ်ဆယ်မှ သိန်းတရာ) ထိပေးဝယ်ကြကြောင်း ကျွန်တော်လေ့လာထားမိသလောက် ရှင်းပြလိုက်ပါတယ်။ ကျွန်တော် ရှင်းပြအပြီးမှာတော့ သမီးက စိတ်မကောင်းစွာ ကောက်ချက်ချပါတယ်။ သူများ သားပျိုသမီးပျိုလေးတွေကို ရက်စက်လိုက်ကြတာတဲ့။

ဟုတ်ပါတယ်။ ကျွန်တော့် သမီးလေးရဲ့ ကောက်ချက်က သွေးထွက်အောင်မှန်ပါတယ်။ ရက်စက်လွန်းလှကြပါ တယ်။ အကယ်၍ ကားတင်မယ့်သူတွေဟာ လူမျိုးခြားမည်းမည်းသဲသဲကြီးတွေသာဖြစ်ရင် ကလေးမလေး တွေက လိုက်မှာမဟုတ်ပါဘူး။ ဖြူစပ်စပ်၊ နီစပ်စပ်လူတွေဆိုရင်လည်း ယုံမှာမဟုတ်ပါဘူး။ ရပ်ကွက်ထဲမှာ တွေ့နေကြရတဲ့ သူလိုကိုယ်လို ဦးလေးကြီး၊ အဒေါ်ကြီး (ဗမာလူမျိုး)တွေ ဖြစ်နေကြပါလိမ့်မယ်။ ဒါကြောင့် အလွယ်တကူယုံသွားတာ ဖြစ်ပါလိမ့်မယ်။ ဘာပဲပြောပြော ကျွန်တော်တို့ သမီးလေးတွေရဲ့ အကာအကွယ်မဲ့စွာ ကျရောက်လာမယ့် အန္တရာယ်တွေဟာ လမ်းပေါ်မှာရှိနေပါပြီ။ (အိမ်နားကိုလည်း ရောက်ကောင်းရောက်နေပြီ ဖြစ်ပါလိမ့်မည်) ဒီလိုဖြစ်ရပ်မိုျးဟာ ဟိုတုန်းက နယ်စွန်နယ်ဖျားတွေမှာပဲ ကြားဖူးတာပါ။ လွန်ခဲ့တဲ့ သုံးနှစ် လောက်က ကျွန်တော် တာဝန်ကျရာ မအူပင်မြို့မှာ ဆယ်တန်းကျောင်းသူလေးတယောက် နေ့ခင်းကြောင် တောင် ပျောက်သွားပါတယ်။ တမြို့လုံး အုတ်အော်သောင်းတင်းဖြစ်သွားရပေမယ့် ကနေ့ထက်ထိ ပြန်မတွေ့ တော့ပါဘူး။ ဒီနေ့ကာလတွေမှာ ဆယ်တန်းကျောင်းသူလေးတွေ မနက်ခင်းမုန့်ထွက်ဝယ်ရင်းပျောက်သွားတာ။ ဒါမှမဟုတ် ကျောင်းသွားရင်း ပျောက်သွားတာ။ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဘုရင့်နောင်စသည်တို့မှာ ဖြစ်ကြတဲ့အကြောင်း သတင်းစာတွေထဲ ဓာတ်ပုံနဲ့တကွ လူပျောက်ကြော်ငြာတွေ တွေ့တွေ့နေရတာ မကြာ ခဏဆိုသလိုပါပဲ။ ပြီးခဲ့တဲ့လက တရုတ်ပြည်မှာ ကလေးပြည့်တန်ဆာခန်း ကို သတင်းအရ ရဲက ၀င်ဖမ်းပါတယ်။ ဖမ်းမိတဲ့ ဆယ့်သုံးလေးနှစ်အရွယ် ချစ်စရာ ပြည့်တန်ဆာ မိန်းကလေးငယ်ကို ဓာတ်ပုံနဲ့တကွ ဂျာနယ်မှာ ဖော်ပြပါတယ်။ အဲဒီသတင်းထဲမှာပဲ ကလေးပြည့်တန်ဆာနဲ့ ပျော်ပါးသူ မည်သူ့ကိုမဆို သေဒဏ်အပြစ်ပေး မယ်လို့ တရုတ်ပြည်က ကမ္ဘာသိကြေညာတာပါ ဖတ်လိုက်ရပါတယ်။ အဲဒီကိစ္စတွေနဲ့ ဆက်စပ်ကြည့်လိုက် တော့ တရုတ်ပြည်ရဲ့ Child Prostitute ယန္တရားလည်ပတ်ဖို့ရာအတွက် ကျွန်တော်တို့ ရန်ကုန်မြို့ကြီးရဲ့ တနေရာမှာ အရွယ်မရောက်သေးသူ အမိုျးကောင်းသမီး မိန်းကလေးငယ်လေးတွေ သားကောင်အဖြစ် သက် ဆင်းရမယ့် ‘သားရဲတွင်းကြီး’တခု အမှန်တကယ်ရှိနေပြီလို့ သုံးသပ်နိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ စိတ်ကြွရူးသွပ်မူးယစ်ဆေးထုတ်ဌာနကြီးတခုလည်း ရန်ကုန်မြို့တော်ကြီးမှာရှိနေ ကောင်းရှိနေပြီလို့ ယူဆရင် မမှားနိုင်လောက်ပါဘူး။ ဒါတွေကို ဘယ်လိုခြေရာခံကြမှာပါလဲ။ ကျုပ်တို့ဆင်းရဲ သားနင်းပြားအိမ်တွေကို ခြင်ထောင်ထိ ဧည့်စာရင်းဝင်စစ်ရဲကြတဲ့ မောင်မင်းကြီးသား လူစွမ်းကောင်းကြီးများ ဘာလုပ်နေကြပါသလဲ။ ရုပ်ရှင်ထဲက ဂျက်ကီချန်းတို့လို သာမန် ရဲသားကြီးငယ်တွေ ပစ္စတိုကိုယ်စီကိုင်ပြီး ရန်ကုန်မြို့တော်ကြီးမှာ ရှိနေပြီလို့ ယူဆရတဲ့ လူမှောင်ခိုဂိုဏ်းကြီးတွေနဲ့ မူးယစ်ဂိုဏ်ကြီးတွေ အပါအဝင် ဓားကိုင်သောင်းကျန်တဲ့ လူဆိုးလူမိုက်တွေကိုပါ ဖော်ထုတ်နှိမ်နင်းကြဖို့ တွေးရဲ၊ တွေးဝံ့၊ တွေးတတ်ကြဖို့ သင့်ပါပြီ။ ဘာလုပ်စားမှန်းမသိဘဲ နေ့ချင်းညချင်း ချမ်းသာလာတဲ့ အထူးသဖြင့် လူမိုျးခြားသူဌေးကြီးများရဲ့ အိမ်ထဲကိုရော ဧည့်စာရင်းဝင်စစ်ဖူးကြပါရဲ့လား။ သူတို့ ဘယ်ပုံကြွယ်ဝလာတယ်ဆိုတာ စစ်တမ်းထုတ်ဖူးကြ ပါရဲ့လား ”လွတ်ရင်စံမယ်၊ မိရင်ခံမယ်၊ လူစားထိုးမယ်၊ ငွေခင်းပြီး ထောင်ထဲမှာ ဇိမ်နဲ့နေမယ်။ ဗမာပြည်မှာ စီးပွားရှာရတာ အင်မတန်လွယ်တယ် . . .” ဆိုပြီး နေ့ချင်းညချင်း ချမ်းသာလာကြသူတွေကို တာဝန်ရှိသူတွေ မသိ ပေမယ့် ကျွန်တော် သိပါတယ်။ တောမြို့ကလေးတွေမှာတောင် ‘ဆေးပြား’ တွေ ပျံ့နေပါပြီ။ ဒီလို အခင်း အကျင်းတွေကြားမှာ ”ကိုယ့်သမီးလေးတွေကို မပျောက်ပျက်အောင် ကိုယ်တိုင်ဂရုစိုက်။ ပျောက်ရင်မရှာနဲ့။ သောကတွေ တပွေ့တပိုက်နဲ့ မိဘတွေရင်ကျိုးကြ။ သမီးလေးတွေ အရှင်လတ်လတ် ငရဲကျ။ ကံမကောင်းလို့ ဖြစ်ရတာ။ ၀ဋ်ကြွေးရှိလို့ခံရတာ”စသဖြင့်တွေဟာ လူမဆန်တဲ့စကားတွေသာ ဖြစ်ပါတယ်။ အခု ဖြစ်ပျက်သွားတဲ့ ကျောင်းသူလေးနှစ်ယောက်ရဲ့ကိစ္စကို သမ္မတက တာဝန်ယူမှာလား။ ပြည်ထဲရေးဝန်ကြီးက တာဝန်ယူမှာလား။ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးက တာဝန်ယူမှာလား။ ဒီအတိုင်းပဲ အောက်ခြေနယ်ထိန်းရဲ လေးတွေကပဲ တာဝန်ယူပြီး မေ့မေ့ပျောက်ပျောက် ဖြစ်သွားမှာလား။ သူတပါးနိုင်ငံတွေမှာဆိုရင် ဖြစ်စဉ်ဖြစ်ရပ် တခုအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ ရှာလိုက်ရင် ရာထူးအကြီးဆုံးလူ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာတော့ တာဝန်အရှိဆုံးသူဟာ ရာထူးအငယ်ဆုံးသူဖြစ် ဖြစ်နေတာကလည်း ထူးခြားချက်တခုပါ။ မှုခင်းတခုရဲ့ အနေအထား အတိမ်အနက်ဖြစ်နိုင်ခြေ အဝင်အထွက် အဖုံးအပိတ် အရှောင်အတိမ်း ပြစ်မှုကူျးလွန်သူစတဲ့ တွေးဆချက်တွေကို သာမန်ရဲမှူးတယောက်ထက် ပြည်ထဲရေးဝန်ကြီးက ပိုပြီးတွေးခေါ် မြော်မြင်နိုင်စွမ်းရှိရပါမယ်။

အလျဉ်းသင့်လို့ တင်ပြရမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအထက်ပိုင်းက မြို့တမြို့မှာ အရွယ်မရောက်သေးသူ မိန်းကလေးငယ်တဦးကို အဓမ္မ ကျင့်မှုတခု ဖြစ်ပွားပါတယ်။ တရားရုံးက တရားခံကို မဖြစ်စလောက် ဒဏ်ချလို့ မြို့လူထုက မကျေမနပ်ဖြစ်ပြီး ဆန္ဒထုတ်ဖော်တာကြားသိ ဖတ်ရှုရပါတယ်။ အဲဒီနောက်ဆက်တွဲအနေနဲ့ ကလေးမလေးကို ခွဲစိတ်ကုသရပြီး အနာမကျက်နိုင်လို့ ဆေးရုံမကြာခဏပြနေရတာကြောင့် မိဘများခမျာ ဆေးဖိုးဝါးခမတတ်နိုင်တော့တာကြောင့် အဓမ္မကျင့်တဲ့လူဆီက ဆေးဖိုးဝါးခရလိုကြောင်း တရားရုံးကိုသွားပြီး လျှောက်ထားပါသတဲ့။ အသည်းနာလိုက်တာဗျာ။ ကလေးငယ်တဦး သေရာပါ စိတ်ဒဏ်ရာရော၊ ရုပ်ဒဏ်ရာပါ ရခဲ့ရတာကို ဥပဒေနဲ့ တရားစီရင်ရေးက ထိုက်သင့်တဲ့ အကာအကွယ်၊ ဒါမှမဟုတ် ကယ်ဆယ်စောင့်ရှောက်မှု ဘာတခုမျှ မပေးနိုင်ခဲ့တဲ့ဖြစ်ရပ်ဟာ အကြံပက်စက် ဆန်ကောလောက်မှ ဇောက်မနက် ညံ့ဖျင်းလိုက်တဲ့စနစ်နဲ့ တိုင်းပြည်။ သုံးစားမရတဲ့ အခွင့်အာဏာရှိသူတွေလို့သာ ကျွန်တော့်မှာ ရင်ထုမနာ ဖြစ်ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်မယ်ထင်ပါတယ်။ ဥပဒေ ပညာရှင်လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးသိန်းညွန့်က ကလေးသူငယ် လုံခြံုရေးအတွက် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေအပေါ် အဓမ္မပြုကျင့်ရင် သေဒဏ်ပြစ်ဒဏ်ချဖို့ လွှတ်တော်ကြီးမှာ အဆိုတင်သွင်းတာ လေးကြိမ်ထက်မနည်းရှိခဲ့ပါသတဲ့။ ဒီအဆိုတင်သွင်း ပယ်ချ/ကန့်ကွက် ခံရတာချည်းပါပဲတဲ့ဗျာ။ အမတ်မင်းများဟာ ဘာကိုငဲ့ပြီးတော့များ ဒီဥပဒေပြဋ္ဌာန်းဖို့ကို ဆန့်ကျင်ကန့် ကွက်နေကြတာပါလဲ။
အခုတော့ တာဝန်ရှိပြည်သူ့ရဲအရာရှိတွေတောင် အချိန်မရွေး အသတ်ခံရနိုင်တဲ့ အခြေအနေထိ စည်းလွတ် ၀ါးလွတ် နိုင်ငံပျက်ကြီး ဖြစ်နေပါပြီ။ ပြည်သူတွေက ဒီမိုကရေစီမရဘဲ သူခိုး၊ ဓားပြ၊ လူသတ်မှု၊ မုဒိမ်းကောင် တွေက ဒီမိုကရေစီ အပြည့်အဝရနေကြပါပြီ။ ထိရောက် ပြတ်သားတဲ့ ပြစ်ဒဏ်မကျခံရတဲအပြင် လွတ်ငြိမ်းချမ်း သာခွင့်ဆိုတာကြီးပါ ခံစားခွင့်ရနေကြတာမို့ ထောင်ထဲဝင်ရဖို့ မကြောက်တော့ရုံမျှမက ဒုစရိုက်မှုကြီးတွေကိုပါ လွယ်ကူပေါ့ပါးစွာ လက်ရဲဇက်ရဲနဲ့ ကျူးလွန်ကြဖို့ လွတ်ငြိမ်း ထောင်ထွက်တွေ နေရာအနှံ့့ အရန်သင့်ရှိနေကြ ပါပြီ။ သမီးလေးတို့ရဲ့ ဖေဖေနဲ့ မေမေတို့ခင်ဗျား သမီးလေးတို့ ရေတိမ်မနစ်ရလေအောင် ကိုယ့်ဘာသာကိုယ် မျက်ခြည်မပြတ် စောင့်ရှောက်နေကြပါ။ နိုင်ငံတော်ကြီးဟာ သူခိုးဓားပြ လူသတ်မုဒိမ်းကောင်တွေလောက် ကျွန်တော်တို့ ပြည်သူတွေအပေါ် တန်ဖိုးမထားတာ မြင်သာနေရပြီ မဟုတ်ပါလား။ အားလုံး ကျန်းမာချမ်းသာ ကြပါစေ။

ကိုမာကျော

News Watch Journal

No comments:

Post a Comment