Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 15, 2015

မေခ်ာစႏီၵထြန္းကို ရဲက ေနာက္ထပ္တစ္မႈ ထပ္မံတိုး

အသံဖိုင္ နားေထာင္ရန္နဲ႔ ရယူရန္နားေထာင္ရန္ အသံဖိုင္ယူရန္



NLD အဖြဲ႔ဝင္ မေခ်ာစႏီၵထြန္း ကိုေတြ႔ရစဥ္
ဓါတ္ပံု - ေခ်ာစႏၵီထြန္း (facebook)
ကာကြယ္ေရးဦးစီးခ်ဳပ္ကို လူမႈေရးကြန္ရက္ FB စာမ်က္ႏွာကေန သိကၡာခ်တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ေအာက္တိုဘာ လ ၁၃ ရက္ေန႔က အဖမ္းခံရတဲ့ မအူပင္ၿမိဳ႕က မေခ်ာစႏီၵထြန္းကို အီလက္ထေရာနစ္ဥပေဒနဲ႔ အေရးယူထားရာ က ေနာက္ထပ္ အသေရဖ်က္မူ (ပုဒ္မ ၅ဝဝ) ထပ္တိုးလိုက္တယ္လို႔ မေန႔က သမီးျဖစ္သူကို မအူပင္ေထာင္မွာ သြားေတြ႔စဥ္က မေခ်ာစႏီၵထြန္းက ေျပာဆိုေၾကာင္း မိခင္ ေဒၚအိစံက RFA ကုိေျပာပါတယ္။

မေခ်ာစႏီၵထြန္းကို   မအူပင္ေထာင္မွာ ခ်ဳပ္ေႏွာင္ထားတာျဖစ္ၿပီး ရမန္ ယူထားစဥ္မွာ စစ္ေဆး ေမးျမန္းတာမ်ိဳး လုပ္မွာ မဟုတ္ဘူးလို႔ ရဲတပ္ဖြဲ႔ကေျပာခဲ႔ေပမဲ႔ မေန႔က ၀န္ခံခ်က္ေတြ ဖိအားေပးၿပီး ထိုးခိုင္းခဲ႔တယ္လို႔  မိခင္ေဒၚအိစံက ေျပာပါတယ္။

"လူေတြဘာေတြ ရဲေတြဘာေတြြၿခံရံၿပီးေတာ့ ကိုယ့္ၿမိဳ႕နယ္မွဴး အဲ့လိုေပါ့ ၿခံရံၿပီးေတာ့ အထဲကိုေခၚသြားတာေတြ႔ တယ္၊ က်မတို႔ မေတြ႔ရဘူး၊ မနက္ ၁ဝ နာရီခြဲသြားေတာ့ေလ မေတြ႔ရဘူး၊ အဲ့ဒါ ညေန ၃ နာရီခြဲသြားတဲ့အခါ က်ေတာ့မွ သူ႔ကိုေတြ႔ခြင့္ရတယ္၊ ေတြ႔ခြင့္ရေတာ့ သူ႔ကိုရဲ ၁ဝ ေယာက္ေလာက္ကေပါ့ေနာ္ ေဘးနားမွာ ၿမိဳ႕နယ္မွဴး၊ စခန္းမွဴး၊ စစ္ဘက္ဆိုင္ရာေတြ႔ေတာ့ ပါမွာေပါ့၊ က်မတို႔လည္း ေသေသခ်ာခ်ာ သတိထားၿပီးေတာ့ မၾကည့္တာျဖစ္မယ္၊ သူ႔ကိုေတာက္ေလွ်ာက္ ဖိအားေပးၿပီးေတာ့ ေမးခြန္းေတြေမးတယ္ေပါ့၊ လက္မွတ္ေတြ သူ႔ကိုအတင္းထိုးခိုင္းတယ္၊ အဲ့ဒါေတြလုပ္ပါတယ္ ထြက္ခ်က္ေတြ သူတို႔ကလူမသိတဲ့ ယူေနတဲ့ပံုစံလုပ္ေနတာ၊ ပုဒ္မကို တိုးတယ္တဲ့ ၅ဝဝ တဲ့ က်မေရွ႕ေနကို က်မ မေျပာရေသးပါဘူး"

မိခင္ျဖစ္သူ အဆိုအရ မေခ်ာစႏီၵမွာ FB အေကာင့္ တစ္ခုမကရွိၿပီး သူ႔မိတ္ေဆြတခ်ိဳ႕က သူ႔နာမည္ယူၿပီး ဓါတ္ပံုနဲ႔ စာမ်ားကို တင္တာရွိလို႔  သူ႔မွာအျပစ္မရွိဘူးလို႔ ေျပာပါတယ္။

ေလာေလာဆယ္မွာ မေခ်ာစႏီၵထြန္းကို ရမန္ႏွစ္ပတ္ေပးထားၿပီး ဒုတိယအႀကိမ္ရံုးခ်ိန္းကို ေအာက္တိုဘာလ ၂၇ ရက္ေန႔မွာ ရုံးထုတ္မွာျဖစ္ပါတယ္။ သူ႔ရဲ႕အမႈကို လူ႔အခြင္႔အေရးေရွ႕ေန ဥိီးေရာဘတ္စန္းေအာင္က လိုက္ပါေဆာင္ရြက္မွာျဖစ္ပါတယ္။

မေခ်ာစႏီၵထြန္းရဲ႕မိခင္ ေဒၚအိစံကို ဦးတင္ေအာင္ခိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။
.........................
မချောစန္ဒီထွန်းကို ရဲက နောက်ထပ်တစ်မှု ထပ်မံတိုး

အသံဖိုင် နားထောင်ရန်နဲ့ ရယူရန်နားထောင်ရန်  အသံဖိုင်ယူရန်chawsanditun-620.jpg
NLD အဖွဲ့ဝင် မချောစန္ဒီထွန်း ကိုတွေ့ရစဉ်
ဓါတ်ပုံ - ချောစန္ဒီထွန်း (facebook)
ကာကွယ်ရေးဦးစီးချုပ်ကို လူမှုရေးကွန်ရက် FB စာမျက်နှာကနေ သိက္ခာချတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အောက်တိုဘာ လ ၁၃ ရက်နေ့က အဖမ်းခံရတဲ့ မအူပင်မြို့က မချောစန္ဒီထွန်းကို အီလက်ထရောနစ်ဥပဒေနဲ့ အရေးယူထားရာ က နောက်ထပ် အသရေဖျက်မူ (ပုဒ်မ ၅ဝဝ) ထပ်တိုးလိုက်တယ်လို့ မနေ့က သမီးဖြစ်သူကို မအူပင်ထောင်မှာ သွားတွေ့စဉ်က မချောစန္ဒီထွန်းက ပြောဆိုကြောင်း မိခင် ဒေါ်အိစံက RFA ကိုပြောပါတယ်။

မချောစန္ဒီထွန်းကို   မအူပင်ထောင်မှာ ချုပ်နှောင်ထားတာဖြစ်ပြီး ရမန် ယူထားစဉ်မှာ စစ်ဆေး မေးမြန်းတာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ရဲတပ်ဖွဲ့ကပြောခဲ့ပေမဲ့ မနေ့က ၀န်ခံချက်တွေ ဖိအားပေးပြီး ထိုးခိုင်းခဲ့တယ်လို့  မိခင်ဒေါ်အိစံက ပြောပါတယ်။

"လူတွေဘာတွေ ရဲတွေဘာတွွေခြံရံပြီးတော့ ကိုယ့်မြို့နယ်မှူး အဲ့လိုပေါ့ ခြံရံပြီးတော့ အထဲကိုခေါ်သွားတာတွေ့ တယ်၊ ကျမတို့ မတွေ့ရဘူး၊ မနက် ၁ဝ နာရီခွဲသွားတော့လေ မတွေ့ရဘူး၊ အဲ့ဒါ ညနေ ၃ နာရီခွဲသွားတဲ့အခါ ကျတော့မှ သူ့ကိုတွေ့ခွင့်ရတယ်၊ တွေ့ခွင့်ရတော့ သူ့ကိုရဲ ၁ဝ ယောက်လောက်ကပေါ့နော် ဘေးနားမှာ မြို့နယ်မှူး၊ စခန်းမှူး၊ စစ်ဘက်ဆိုင်ရာတွေ့တော့ ပါမှာပေါ့၊ ကျမတို့လည်း သေသေချာချာ သတိထားပြီးတော့ မကြည့်တာဖြစ်မယ်၊ သူ့ကိုတောက်လျှောက် ဖိအားပေးပြီးတော့ မေးခွန်းတွေမေးတယ်ပေါ့၊ လက်မှတ်တွေ သူ့ကိုအတင်းထိုးခိုင်းတယ်၊ အဲ့ဒါတွေလုပ်ပါတယ် ထွက်ချက်တွေ သူတို့ကလူမသိတဲ့ ယူနေတဲ့ပုံစံလုပ်နေတာ၊ ပုဒ်မကို တိုးတယ်တဲ့ ၅ဝဝ တဲ့ ကျမရှေ့နေကို ကျမ မပြောရသေးပါဘူး"

မိခင်ဖြစ်သူ အဆိုအရ မချောစန္ဒီမှာ FB အကောင့် တစ်ခုမကရှိပြီး သူ့မိတ်ဆွေတချို့က သူ့နာမည်ယူပြီး ဓါတ်ပုံနဲ့ စာများကို တင်တာရှိလို့  သူ့မှာအပြစ်မရှိဘူးလို့ ပြောပါတယ်။

လောလောဆယ်မှာ မချောစန္ဒီထွန်းကို ရမန်နှစ်ပတ်ပေးထားပြီး ဒုတိယအကြိမ်ရုံးချိန်းကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ ရုံးထုတ်မှာဖြစ်ပါတယ်။ သူ့ရဲ့အမှုကို လူ့အခွင့်အရေးရှေ့နေ ဥိီးရောဘတ်စန်းအောင်က လိုက်ပါဆောင်ရွက်မှာဖြစ်ပါတယ်။

မချောစန္ဒီထွန်းရဲ့မိခင် ဒေါ်အိစံကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

No comments:

Post a Comment