Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 15, 2015

ႏို႕ရည္နဲ႕ မ်က္ႏွာအသားေရ ႏူးညံေခ်ာ့ေမြ႕ျခင္းဟာ ဘယ္လို ဆက္စပ္မႈရွိေနလဲ

ႏို႔ရည္ဟာ အသားအေရအတြက္ ေကာင္းက်ိဳးမ်ားစြာေ ပးႏိုင္တဲ့အရာပါ။ မ်က္ႏွာအသားအေရအတြက္ ဆိုရင္လည္း အသားအေရေခ်ာေမြ႕ေစတဲ့အျပင္ toner အျဖစ္ပဲသံုးသံုး၊ အသားအေရ တြန္႔တာေတြမျဖစ္ေအာင္ ကာကြယ္ဖို႔ပဲသံုးသံုး သူဟာ အသံုး၀င္တာမို႔ ႏို႔ရည္ကေပးတဲ့ ေကာင္းတဲ့အခ်က္တစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ Cleanser အျဖစ္သံုးႏိုင္

သင္ဟာ sensitive ျဖစ္တဲ့ အသားအေရမ်ိဳး ပိုင္ဆုိင္ထားတယ္ဆုိရင္ေတာင္ ႏို႔ရည္ကို cleanser အျဖစ္အသံုးျပဳၿပီး သင့္အသားအေရ ပိုမိုေခ်ာေမြ႕ႏူးညံ႔ေအာင္ ထိန္းသိမ္းႏိုင္ပါတယ္တဲ့။ ႏို႔ရည္ဟာ မ်က္ႏွာအသားအေရကို ႏူးညံ႔ေစရံုသာမက မ်က္ႏွာေပၚကအဆီေတြ၊ မိတ္ကပ္ေတြကိုေတာင္ ဖယ္ရွားေပးႏိုင္ပါတယ္။

၂။Exfoliator အျဖစ္သံုးႏိုင္

ႏို႔ရည္မွာ alpha hydroxy အက္ဆစ္ဓာတ္အမ်ိဳးအစားျဖစ္တဲ့ လက္တစ္အက္ဆစ္ပါ၀င္တဲ့အတြက္ သင္သံုးေနက် Exfoliator အစား အသံုးျပဳေပးႏိုင္ပါတယ္။ ေကာင္းက်ိဳးကေတာ့ မ်က္ႏွာအသားအေရမွာ ျဖစ္ေလ့ရွိတဲ့ ပါးေရတြန္႔တာေတြ၊ အေရးအေၾကာင္းေပၚတာေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ခ်ည္သားအ၀တ္ ဒါမွမဟုတ္ တုိ႔ပတ္လုိဟာမ်ိဳးေလးကို ႏို႔ရည္ထဲစိမ္ၿပီး မ်က္ႏွာနဲ႔ လည္ပင္းတစ္ေလွ်ာက္ ေသခ်ာ တုိ႔တုိ႔ေပးပါ။ သူဟာ အျခား အသီးအႏွံမွာပါတဲ့ အက္ဆစ္ဓာတ္လို မျပင္းတဲ့အတြက္ စိတ္ခ်လက္ခ်မ်က္ႏွာေပၚ တင္ႏိုင္ပါတယ္။

၃။အသားအေရကို ပိုမုိႏူးညံ့ေစႏိုင္

အရင္တုန္းက ေျပာေနက် စကားျဖစ္တဲ့ ႏို႔ရည္နဲ႔ေရခ်ိဳးရင္ အသားအေရ ေခ်ာေမြ႔ၿပီး ႏူးညံ႔သြားေစဖုိ႔ ႏို႔ရည္ဂါလန္ေပါင္းမ်ားစြာကို ေရမေရာ ခ်ိဳးတာမ်ိဳးေတြ လုပ္ဖုိ႔မလိုပါဘူး။ တစ္ကိုယ္လံုး အသားအေရ ႏူးညံ႔ဖုိ႔ ေရေႏြးေႏြးေလးထဲကို ႏို႔ရည္တစ္ခြက္ ဒါမွမဟုတ္ ႏွစ္ခြက္ေလာက္ေရာၿပီး ခ်ိဳးလိုက္ရံုပါပဲ။ ခ်ိဳးၿပီးသြားတဲ့အခါ အသားအေရ ေခ်ာေမြ႕နူးညံ႕ေနတာ ေတြ႕ရပါလိမ့္မယ္။

၄။Mask အျဖစ္လည္း အသံုးျဖစ္ႏိုင္

ႏို႔ထြက္ပစၥည္းတစ္ခ်ိဳ႕ကလည္း အသားအေရအတြက္ ေကာင္းမြန္ေစပါတယ္။ အထူးသျဖင့္ ဒိန္ခ်ိန္နဲ႔ မ်က္ႏွာေပါင္းတင္တာမ်ိဳးလုပ္မယ္ဆုိရင္ အသားအေရႏူးညံ႕ေစရံုသာမက အေရးအေၾကာင္းေတြလည္း ေလ်ာ့ပါးေစပါတယ္။ ဒိန္ခ်ဥ္ကို မ်က္ႏွာေပၚ အလႊာပါးပါး သုတ္လိမ္းလိုက္ၿပီး ၅မိနစ္ကေန ၁၀မိနစ္အထိ ထားလိုက္ၿပီး ေရစင္ေအာင္ ေဆးေၾကာလိုက္ရံုနဲ႔ ေကာင္းမြန္တဲ့အေျဖတစ္ခုကို ရရွိပါလိမ့္မယ္။

၅။အစက္အေျပာက္ေတြ ကင္းသြားေစႏိုင္

ႏို႔မွာ လက္တစ္အက္ဆစ္ပါတာမုိ႔ အသားအေရကို ပိုေတာက္သြားေစႏိုင္တာ အထူးေျပာစရာ မလိုေတာ့ပါဘူး။ ဒါ့အျပင္ မ်က္ႏွာမွာ ထြက္ေနတဲ့ ၀က္ၿခံေၾကာင့္ စိတ္ညစ္ေနရသူေတြ၊ ၀က္ၿခံထြက္ၿပီး က်န္ခဲ့တဲ့ အစက္အေျပာက္ေတြေၾကာင့္ စိတ္ညစ္ေနရသူေတြ အတြက္ ကူညီေပးႏိုင္တဲ့ ဟိုက္ဒရိတ္ဓာတ္လည္း ပါတာမို႔ ႏို႔ရည္နဲ႔ဂ်ံဳမႈန္႔ နည္းနည္းေရာၿပီး မအိပ္ခင္ မ်က္ႏွာကို လိမ္းလိုက္ပါ။ ၿပီးရင္ တစ္ညလံုး ဒီအတုိင္းထားလိုက္ၿပီး မနက္ေရာက္တဲ့အခါ ေဆးေၾကာလိုက္ရံုပါပဲ။
Trendmyanmar
....................................
နို့ရည်နဲ့ မျက်နှာအသားရေ နူးညံချော့မွေ့ခြင်းဟာ ဘယ်လို ဆက်စပ်မှုရှိနေလဲ

နို့ရည်ဟာ အသားအရေအတွက် ကောင်းကျိုးများစွာေ ပးနိုင်တဲ့အရာပါ။ မျက်နှာအသားအရေအတွက် ဆိုရင်လည်း အသားအရေချောမွေ့စေတဲ့အပြင် toner အဖြစ်ပဲသုံးသုံး၊ အသားအရေ တွန့်တာတွေမဖြစ်အောင် ကာကွယ်ဖို့ပဲသုံးသုံး သူဟာ အသုံးဝင်တာမို့ နို့ရည်ကပေးတဲ့ ကောင်းတဲ့အချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Cleanser အဖြစ်သုံးနိုင်

သင်ဟာ sensitive ဖြစ်တဲ့ အသားအရေမျိုး ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် နို့ရည်ကို cleanser အဖြစ်အသုံးပြုပြီး သင့်အသားအရေ ပိုမိုချောမွေ့နူးညံ့အောင် ထိန်းသိမ်းနိုင်ပါတယ်တဲ့။ နို့ရည်ဟာ မျက်နှာအသားအရေကို နူးညံ့စေရုံသာမက မျက်နှာပေါ်ကအဆီတွေ၊ မိတ်ကပ်တွေကိုတောင် ဖယ်ရှားပေးနိုင်ပါတယ်။

၂။Exfoliator အဖြစ်သုံးနိုင်

နို့ရည်မှာ alpha hydroxy အက်ဆစ်ဓာတ်အမျိုးအစားဖြစ်တဲ့ လက်တစ်အက်ဆစ်ပါ၀င်တဲ့အတွက် သင်သုံးနေကျ Exfoliator အစား အသုံးပြုပေးနိုင်ပါတယ်။ ကောင်းကျိုးကတော့ မျက်နှာအသားအရေမှာ ဖြစ်လေ့ရှိတဲ့ ပါးရေတွန့်တာတွေ၊ အရေးအကြောင်းပေါ်တာတွေကို လျှော့ချပေးနိုင်ပါတယ်။ ချည်သားအဝတ် ဒါမှမဟုတ် တို့ပတ်လိုဟာမျိုးလေးကို နို့ရည်ထဲစိမ်ပြီး မျက်နှာနဲ့ လည်ပင်းတစ်လျှောက် သေချာ တို့တို့ပေးပါ။ သူဟာ အခြား အသီးအနှံမှာပါတဲ့ အက်ဆစ်ဓာတ်လို မပြင်းတဲ့အတွက် စိတ်ချလက်ချမျက်နှာပေါ် တင်နိုင်ပါတယ်။

၃။အသားအရေကို ပိုမိုနူးညံ့စေနိုင်

အရင်တုန်းက ပြောနေကျ စကားဖြစ်တဲ့ နို့ရည်နဲ့ရေချိုးရင် အသားအရေ ချောမွေ့ပြီး နူးညံ့သွားစေဖို့ နို့ရည်ဂါလန်ပေါင်းများစွာကို ရေမရော ချိုးတာမျိုးတွေ လုပ်ဖို့မလိုပါဘူး။ တစ်ကိုယ်လုံး အသားအရေ နူးညံ့ဖို့ ရေနွေးနွေးလေးထဲကို နို့ရည်တစ်ခွက် ဒါမှမဟုတ် နှစ်ခွက်လောက်ရောပြီး ချိုးလိုက်ရုံပါပဲ။ ချိုးပြီးသွားတဲ့အခါ အသားအရေ ချောမွေ့နူးညံ့နေတာ တွေ့ရပါလိမ့်မယ်။

၄။Mask အဖြစ်လည်း အသုံးဖြစ်နိုင်

နို့ထွက်ပစ္စည်းတစ်ချို့ကလည်း အသားအရေအတွက် ကောင်းမွန်စေပါတယ်။ အထူးသဖြင့် ဒိန်ချိန်နဲ့ မျက်နှာပေါင်းတင်တာမျိုးလုပ်မယ်ဆိုရင် အသားအရေနူးညံ့စေရုံသာမက အရေးအကြောင်းတွေလည်း လျော့ပါးစေပါတယ်။ ဒိန်ချဉ်ကို မျက်နှာပေါ် အလွှာပါးပါး သုတ်လိမ်းလိုက်ပြီး ၅မိနစ်ကနေ ၁၀မိနစ်အထိ ထားလိုက်ပြီး ရေစင်အောင် ဆေးကြောလိုက်ရုံနဲ့ ကောင်းမွန်တဲ့အဖြေတစ်ခုကို ရရှိပါလိမ့်မယ်။

၅။အစက်အပြောက်တွေ ကင်းသွားစေနိုင်

နို့မှာ လက်တစ်အက်ဆစ်ပါတာမို့ အသားအရေကို ပိုတောက်သွားစေနိုင်တာ အထူးပြောစရာ မလိုတော့ပါဘူး။ ဒါ့အပြင် မျက်နှာမှာ ထွက်နေတဲ့ ၀က်ခြံကြောင့် စိတ်ညစ်နေရသူတွေ၊ ၀က်ခြံထွက်ပြီး ကျန်ခဲ့တဲ့ အစက်အပြောက်တွေကြောင့် စိတ်ညစ်နေရသူတွေ အတွက် ကူညီပေးနိုင်တဲ့ ဟိုက်ဒရိတ်ဓာတ်လည်း ပါတာမို့ နို့ရည်နဲ့ဂျုံမှုန့် နည်းနည်းရောပြီး မအိပ်ခင် မျက်နှာကို လိမ်းလိုက်ပါ။ ပြီးရင် တစ်ညလုံး ဒီအတိုင်းထားလိုက်ပြီး မနက်ရောက်တဲ့အခါ ဆေးကြောလိုက်ရုံပါပဲ။
Trendmyanmar

No comments:

Post a Comment