CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, October 16, 2015
အေမရိကန္ရဲ့ အခ်က္အလက္ေတြ ခိုးယူသူ မေလးရွားမွာ ဖမ္းမိ
အေမရိကန္ လံုၿခံဳေရး ဝန္ထမ္းေတြရဲ့ ကိုယ္ေရး အခ်က္အလက္ ေတြကို ခိုးယူၿပီး IS အစၥလာမၼစ္ ႏိုင္ငံအဖြဲ႕ဆီ ေပးပို႔တယ္ ဆိုတဲ့ ကိုဆိုဗို ႏြယ္ဖြား လူငယ္ တစ္ေယာက္ကို မေလးရွား ႏိုင္ငံမွာ ဖမ္းမိ လိုက္ပါတယ္။
ကိုဆိုဗို ေဒသဖြား အသက္ ၂၀ ေက်ာ္ အရြယ္ အဲဒီ လူကို စက္တင္ဘာ ၁၅ ရက္ေန႔က ဖမ္းမိခဲ့တာလို႔ မေလးရွား ရဲတပ္ဖြဲ႕က ေၾကညာခ်က္ ထုတ္ျပန္ ခဲ့ပါတယ္။
အေမရိကန္ကေတာ့ အဲဒီလူဟာ ကိုဆိုဗို ဟက္ကာ လံုၿခံဳေရး လို႔ေခၚတဲ့ (KHS) အဖြဲ႕ရဲ့ ေခါင္းေဆာင္ အာဒစ္ ဖာရီဇီ Ardit Ferizi ဆိုသူ ျဖစ္တယ္လို႔ သီးျခား ေဖာ္ျပ ပါတယ္။
မစၥတာ ဖာရီဇီကို အေမရိကန္ ျပည္ေထာင္စုဆီ ျပန္လည္ လြွဲေျပာင္းေပးမွာ ျဖစ္ပါတယ္။
အေမရိကန္ တရားေရး ဌာနရဲ့ ထုတ္ျပန္ခ်က္မွာေတာ့ မစၥတာ ဖာရီဇီဟာ အေမရိကန္ စစ္တပ္နဲ႔ အစိုးရ ဝန္ထမ္း ၁၃၅၁ ဦးရဲ့ ကိုယ္ေရး အခ်က္အလက္ေတြကို ရယူဖို႔ အေမရိကန္ ကုမၷဏီ တစ္ခုရဲ့ အခ်က္အလက္ သိုေလွာင္ေရး စနစ္ထဲကို ခ်ိဳးေဖာက္ ဝင္ေရာက္ ခဲ့တယ္လို႔ ေဖာ္ျပ ထားပါတယ္။
သူ႔ကို ကြန္ပ်ဴတာေတြထဲ ခ်ိဳးေဖာက္ ဝင္ေရာက္မႈ၊ ကိုယ္ေရးအခ်က္ေတြ ခိုးယူမႈ ေတြနဲ႔ စြဲဆိုသြားဖို႔ ရွိၿပီး ေထာင္ဒဏ္ ၃၅ ႏွစ္အထိ က်ခံရႏိုင္တယ္လို႔ အဲဒီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပ ပါတယ္။
BBC Burmese
http://www.bbc.com/burmese
...................................
အမေရိကန် လုံခြုံရေး ဝန်ထမ်းတွေရဲ့ ကိုယ်ရေး အချက်အလက် တွေကို ခိုးယူပြီး IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ဆီ ပေးပို့တယ် ဆိုတဲ့ ကိုဆိုဗို နွယ်ဖွား လူငယ် တစ်ယောက်ကို မလေးရှား နိုင်ငံမှာ ဖမ်းမိ လိုက်ပါတယ်။
ကိုဆိုဗို ဒေသဖွား အသက် ၂၀ ကျော် အရွယ် အဲဒီ လူကို စက်တင်ဘာ ၁၅ ရက်နေ့က ဖမ်းမိခဲ့တာလို့ မလေးရှား ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။
အမေရိကန်ကတော့ အဲဒီလူဟာ ကိုဆိုဗို ဟက်ကာ လုံခြံုရေး လို့ခေါ်တဲ့ (KHS) အဖွဲ့ရဲ့ ခေါင်းဆောင် အာဒစ် ဖာရီဇီ Ardit Ferizi ဆိုသူ ဖြစ်တယ်လို့ သီးခြား ဖော်ပြ ပါတယ်။
မစ္စတာ ဖာရီဇီကို အမေရိကန် ပြည်ထောင်စုဆီ ပြန်လည် လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။
အမေရိကန် တရားရေး ဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မစ္စတာ ဖာရီဇီဟာ အမေရိကန် စစ်တပ်နဲ့ အစိုးရ ဝန်ထမ်း ၁၃၅၁ ဦးရဲ့ ကိုယ်ရေး အချက်အလက်တွေကို ရယူဖို့ အမေရိကန် ကုမ္နဏီ တစ်ခုရဲ့ အချက်အလက် သိုလှောင်ရေး စနစ်ထဲကို ချိုးဖောက် ဝင်ရောက် ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။
သူ့ကို ကွန်ပျူတာတွေထဲ ချိုးဖောက် ဝင်ရောက်မှု၊ ကိုယ်ရေးအချက်တွေ ခိုးယူမှု တွေနဲ့ စွဲဆိုသွားဖို့ ရှိပြီး ထောင်ဒဏ် ၃၅ နှစ်အထိ ကျခံရနိုင်တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။
BBC Burmese
http://www.bbc.com/burmese
အေမရိကန္ရဲ့ အခ်က္အလက္ေတြ ခိုးယူသူ မေလးရွားမွာ ဖမ္းမိ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
October 16, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment