Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 12, 2015

ဗီဒီယို အႀကိဳခံစားျခင္း ဖူးစာနကၡတ္


- ဒီေန႔ရဲ႕ဗီဒီယုိအၫႊန္းက႑မွာေတာ့ လူငယ္ အခ်စ္ဟာသကားေလး တစ္ကားအေၾကာင္းကို ၫႊန္းေပးလိုက္ပါတယ္။

ရဲလင္းထက္က အကဝါသနာပါတဲ့သူပါ။ သူ႔ရဲ႕ရည္မွန္းခ်က္ကလည္း ျမန္မာအကသမားတစ္ေယာက္ အေနနဲ႔ ႏိုင္ငံတကာကို သြားဖို႔ဆိုၿပီး ရည္ရြယ္ထားတာပါ။

ေနာက္ၿပီး ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ အကေလ့က်င့္ေနေလ့ရွိပါတယ္။ သူ႔အေမကေတာ့ သူ႔ကို အိမ္ေထာင္ျပဳေစခ်င္ေနပါတယ္။ အဲဒါေၾကာင့္ သူနဲ႔ ရင္းႏွီးတဲ့ မိတ္ေဆြတစ္ေယာက္ရဲ႕ သမီးနဲ႔ အိမ္ေထာင္ခ်ေပးဖို႔စီစဥ္ပါတယ္။ ဒါေပမဲ့ အဲဒီေကာင္မေလးက မိုး ကုတ္ကပါ။

အဲဒါေၾကာင့္ ရဲလင္းထက္ကို မုိးျမင့္စံရဲ႕ဖုန္းနံပါတ္ေမးၿပီး ရင္းႏွီးေအာင္ လုပ္ခိုင္းခဲ့ပါတယ္။

ရဲလင္းထက္နဲ႔ မုိးျမင့္စံက ေတာ့ ဖုန္းဆက္တဲ့အခ်ိန္ကတည္း က ဘုေဘာက္က်ခဲ့ပါတယ္။ ေနာက္ၿပီး တစ္ေယာက္နဲ႔ တစ္ ေယာက္  ဓာတ္ပံုေတြကို ဗိုက္ဘာ ကေန ပို႔ဖို႔ ေျပာခဲ့ပါတယ္။ ရဲလင္းထက္က သူ႔ရဲ႕သူငယ္ခ်င္းမိန္းမ လ်ာတစ္ေယာက္ရဲ႕ပံုကို ဓာတ္ပံု႐ိုက္ၿပီး ပို႔ခဲ့သလို မုိးျမင့္စံကလည္းသူ႔အနားမွာရွိတ့ဲ အစ္မ တစ္ ေယာက္ရဲ႕ပံုကို ဓာတ္ပံု႐ိုက္ၿပီး ပို႔ခဲ့ပါတယ္။

အဲဒီ ဓာတ္ပံုကိစၥကို သူ႔အ ေမသိသြားတဲ့အခ်ိန္မွာေတာ့ ရဲ လင္းထက္ကို ရည္းစားမရွိရင္ သူ စီစဥ္တာလက္ခံရမယ္လုိ႔ေျပာခဲ့ ပါတယ္။ အဲဒါေၾကာင့္ ရဲလင္း ထက္ရည္းစားရွာပံုေတာ္ဖြင့္ခဲ့ပါ တယ္။ သူ႔ရဲ႕ သူငယ္ခ်င္း မိန္းမလ်ာက နတ္ကေတာ္ အလုပ္ လည္း လုပ္တာေၾကာင့္ ရဲလင္း ထက္ရည္စားကို ႀကိဳၿပီး ေဟာ ကိန္းထုတ္ခဲ့ပါတယ္။ ပထမဆံုး ေဟာကိန္းထုတ္တာကေတာ့ ၾကာသပေတးသမီးနဲ႔ ဖူးစာဆံုမယ္လို႔ ေဟာကိန္းထုတ္ခဲ့တာပါ။ ေနာက္ ၿပီး အဲဒီေကာင္မေလးနဲ႔ဆံုမယ့္ အေၾကာင္းအရာေတြကိုပါ ေျပာ ျပခဲ့တာပါ။

သူ႔သူငယ္ခ်င္း ေျပာတဲ့အ တုိင္း ရဲလင္းထက္ ဖူးပြင့္ဆိုတဲ့ ေကာင္မေလးနဲ႔ဆံုခဲ့ပါတယ္။ ဖူး ပြင့္က သူနဲ႔ ဝါသနာလည္းတူပါ တယ္။ ဒါေပမဲ့ ဖူးပြင့္မွာ မေကာင္းတဲ့အက်င့္တစ္ခုက စပ္စုတာပါ။ တစ္ခုခုဆို စပ္စုတတ္တာေၾကာင့္ ျပႆနာတက္ေလ့ရွိပါတယ္။ အဲ ဒါေၾကာင့္ ေနာက္ဆံုးမွာေတာ့ ဖူး ပြင့္ဆီကေန ရဲလင္းထက္ေရွာင္ ေျပးခဲ့ပါတယ္။

 ေနာက္တစ္ေယာက္က ေတာ့ ေငြသြန္းဆက္ပါ။ သူ႔သူငယ္ခ်င္းရဲ႕စကားကိုယံုၿပီး လိုက္လုပ္ ေလ့ရွိတဲ့ ရဲလင္းထက္ သူ႔သူငယ္ ခ်င္းေျပာတဲ့အတုိင္း အဆင္ေျပ သြားမလား။ ေငြသြန္းဆက္နဲ႔ေကာ အဆင္ေျပမွာလား။ ေနာက္ထပ္ ေကာင္မေလး ဘယ္ႏွေယာက္ ထပ္ရွာဦးမွာလဲ ဆိုတာေတြကို ေတာ့ ေရႊေတာင္ရတနာ ထုတ္ လုပ္ေရးက ျဖန္႔ခ်ိေပးထားတဲ့ဖူး စာနကၡတ္ဆိုတဲ့ဇာတ္ကားေလး မွာ ဆက္လက္႐ႈစားေပးပါ။

ဒီဇာတ္ကားမွာ ရဲလင္းထက္ အျဖစ္ ေအာင္ရဲလင္း၊ မုိးျမင့္စံ အျဖစ္ မုိးယုစံ၊ ဖူးပြင့္အျဖစ္ ဖူးပြင့္သခင္၊ ေငြသြန္းဆက္အျဖစ္ သြန္း ဆက္တို႔က ပါဝင္သ႐ုပ္ေဆာင္ ထားၿပီး ကိုေက်ာ္ရဲ႕ ဇာတ္လမ္း ဇာတ္ၫႊန္းကို ဒါ႐ိုက္တာေက်ာ္ ေဇာလင္း(အေတြးပံုရိပ္)က ႐ိုက္ ကူးပံုေဖာ္ထားပါတယ္။
http://7daydaily.com/story/48455
..............
ဗီဒီယို အကြိုခံစားခြင်း

ဖူးစာနက္ခတ်

On  Mon, 2015-10-12 06:30Issue No.No.884 Monday, October 12, 2015

- ဒီနေ့ရဲ့ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ လူငယ် အချစ်ဟာသကားလေး တစ်ကားအကြောင်းကို ညွှန်းပေးလိုက်ပါတယ်။

ရဲလင်းထက်က အကဝါသနာပါတဲ့သူပါ။ သူ့ရဲ့ရည်မှန်းချက်ကလည်း မြန်မာအကသမားတစ်ယောက် အနေနဲ့ နိုင်ငံတကာကို သွားဖို့ဆိုပြီး ရည်ရွယ်ထားတာပါ။

နောက်ပြီး ဘယ်အချိန်ပဲဖြစ်ဖြစ် အကလေ့ကျင့်နေလေ့ရှိပါတယ်။ သူ့အမေကတော့ သူ့ကို အိမ်ထောင်ပြုစေချင်နေပါတယ်။ အဲဒါကြောင့် သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ သမီးနဲ့ အိမ်ထောင်ချပေးဖို့စီစဉ်ပါတယ်။ ဒါပေမဲ့ အဲဒီကောင်မလေးက မိုး ကုတ်ကပါ။

အဲဒါကြောင့် ရဲလင်းထက်ကို မိုးမြင့်စံရဲ့ဖုန်းနံပါတ်မေးပြီး ရင်းနှီးအောင် လုပ်ခိုင်းခဲ့ပါတယ်။

ရဲလင်းထက်နဲ့ မိုးမြင့်စံက တော့ ဖုန်းဆက်တဲ့အချိန်ကတည်း က ဘုဘောက်ကျခဲ့ပါတယ်။ နောက်ပြီး တစ်ယောက်နဲ့ တစ် ယောက်  ဓာတ်ပုံတွေကို ဗိုက်ဘာ ကနေ ပို့ဖို့ ပြောခဲ့ပါတယ်။ ရဲလင်းထက်က သူ့ရဲ့သူငယ်ချင်းမိန်းမ လျာတစ်ယောက်ရဲ့ပုံကို ဓာတ်ပုံရိုက်ပြီး ပို့ခဲ့သလို မိုးမြင့်စံကလည်းသူ့အနားမှာရှိတဲ့ အစ်မ တစ် ယောက်ရဲ့ပုံကို ဓာတ်ပုံရိုက်ပြီး ပို့ခဲ့ပါတယ်။

အဲဒီ ဓာတ်ပုံကိစ္စကို သူ့အ မေသိသွားတဲ့အချိန်မှာတော့ ရဲ လင်းထက်ကို ရည်းစားမရှိရင် သူ စီစဉ်တာလက်ခံရမယ်လို့ပြောခဲ့ ပါတယ်။ အဲဒါကြောင့် ရဲလင်း ထက်ရည်းစားရှာပုံတော်ဖွင့်ခဲ့ပါ တယ်။ သူ့ရဲ့ သူငယ်ချင်း မိန်းမလျာက နတ်ကတော် အလုပ် လည်း လုပ်တာကြောင့် ရဲလင်း ထက်ရည်စားကို ကြိုပြီး ဟော ကိန်းထုတ်ခဲ့ပါတယ်။ ပထမဆုံး ဟောကိန်းထုတ်တာကတော့ ကြာသပတေးသမီးနဲ့ ဖူးစာဆုံမယ်လို့ ဟောကိန်းထုတ်ခဲ့တာပါ။ နောက် ပြီး အဲဒီကောင်မလေးနဲ့ဆုံမယ့် အကြောင်းအရာတွေကိုပါ ပြော ပြခဲ့တာပါ။

သူ့သူငယ်ချင်း ပြောတဲ့အ တိုင်း ရဲလင်းထက် ဖူးပွင့်ဆိုတဲ့ ကောင်မလေးနဲ့ဆုံခဲ့ပါတယ်။ ဖူး ပွင့်က သူနဲ့ ဝါသနာလည်းတူပါ တယ်။ ဒါပေမဲ့ ဖူးပွင့်မှာ မကောင်းတဲ့အကျင့်တစ်ခုက စပ်စုတာပါ။ တစ်ခုခုဆို စပ်စုတတ်တာကြောင့် ပြဿနာတက်လေ့ရှိပါတယ်။ အဲ ဒါကြောင့် နောက်ဆုံးမှာတော့ ဖူး ပွင့်ဆီကနေ ရဲလင်းထက်ရှောင် ပြေးခဲ့ပါတယ်။

 နောက်တစ်ယောက်က တော့ ငွေသွန်းဆက်ပါ။ သူ့သူငယ်ချင်းရဲ့စကားကိုယုံပြီး လိုက်လုပ် လေ့ရှိတဲ့ ရဲလင်းထက် သူ့သူငယ် ချင်းပြောတဲ့အတိုင်း အဆင်ပြေ သွားမလား။ ငွေသွန်းဆက်နဲ့ကော အဆင်ပြေမှာလား။ နောက်ထပ် ကောင်မလေး ဘယ်နှယောက် ထပ်ရှာဦးမှာလဲ ဆိုတာတွေကို တော့ ရွှေတောင်ရတနာ ထုတ် လုပ်ရေးက ဖြန့်ချိပေးထားတဲ့ဖူး စာနက္ခတ်ဆိုတဲ့ဇာတ်ကားလေး မှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ရဲလင်းထက် အဖြစ် အောင်ရဲလင်း၊ မိုးမြင့်စံ အဖြစ် မိုးယုစံ၊ ဖူးပွင့်အဖြစ် ဖူးပွင့်သခင်၊ ငွေသွန်းဆက်အဖြစ် သွန်း ဆက်တို့က ပါဝင်သရုပ်ဆောင် ထားပြီး ကိုကျော်ရဲ့ ဇာတ်လမ်း ဇာတ်ညွှန်းကို ဒါရိုက်တာကျော် ဇောလင်း(အတွေးပုံရိပ်)က ရိုက် ကူးပုံဖော်ထားပါတယ်။

No comments:

Post a Comment