အီးအိုင္ေအက ဖြင့္ခ်လိုက္တဲ့ တ႐ုတ္-ျမန္မာ တရားမ၀င္သစ္ကုန္သြယ္မႈ – ေမာင္သုတ(2 in 1)
ယူနန္ျပည္နယ္ဟာ သူတို႔စီးပြားေရးေကာင္းမြန္ဖို႔၊ ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ ျမန္မာႏိုင္ငံက သယံဇာတ၊ ရွိသမွ် အရင္းအျမစ္ေတြကို ကုပ္ေသြးစုပ္ယူေန … ျမန္မာျပည္ကထြက္တဲ့ သစ္ေတြ ဟာ ယူနန္ျပည္နယ္ေရာက္တဲ့အခါ တန္ဖိုးျမင့္ပစၥည္းေတြ၊ ကုန္ေခ်ာေတြျဖစ္ သြားၾကလို႔ စီးပြားေရးအရ တြက္ေျခကိုက္ၿပီး မ်ားစြာအျမတ္ထြက္ခဲ့ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ၿဗိတိန္ႏိုင္ငံမွ နာမည္ေက်ာ္ The Economist အပတ္စဥ္ထုတ္ စီးပြားေရး သတင္းစာက တ႐ုတ္ ကုမၸဏီေတြ ျမန္မာႏိုင္ငံမွ သစ္ေတြ ခိုးယူေနဆဲျဖစ္ေၾကာင္း ဖြင့္ခ်လိုက္ၿပီးေနာက္ စက္တင္ဘာလ ၂၂ရက္မွာ လန္ဒန္ အေျခစိုက္ သဘာ၀ပတ္၀န္းက်င္ စံုစမ္းစစ္ေဆးေရး အဖဲြ႕(EIA)က ျမန္မာသစ္ေတြ တ႐ုတ္ႏိုင္ငံထဲကို တရား မ၀င္တင္သြင္းရာမွာ တ႐ုတ္သစ္ ေမွာင္ခိုဂိုဏ္းကထိန္းခ်ဳပ္ထားေၾကာင္း ထုတ္ေဖာ္လိုက္လို႔ ဟိုးေလး တေက်ာ္ ေက်ာ္ျဖစ္သြားတယ္။ ဒီအခ်က္ေပၚမွာ ျမန္မာအစိုးရက တ႐ုတ္ႏုိင္ငံသား တရားမ၀င္သစ္ခိုးထုတ္သူ ၁၅၀ ေက်ာ္ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးခဲ့တာကို ထပ္ျဖည့္လိုက္ရင္ အေတာ္ေလး လူေျပာမ်ားမယ့္ အေၾကာင္း အရာျဖစ္သြားတယ္။…
မွတ္တမ္းေတြအရ တ႐ုတ္-ျမန္မာနယ္စပ္ တရားမ၀င္ သစ္ေမွာင္ခိုေစ်းကြက္က န၀တအစိုးရတက္လာၿပီး ၁၉၉၀ ျပည့္ႏွစ္မွာ စတင္ေပၚေပါက္ခဲ့လို႔ သက္တမ္းအားျဖင့္ ၂၅ႏွစ္ေလာက္ ၾကာျမင့္ေနပါၿပီ။ ဒီကာလ တစ္ေလွ်ာက္ ျမန္မာႏုိင္ငံအေနနဲ႔ နစ္နာဆံုး႐ံႈးခဲ့ရတဲ့ အခြန္အေကာက္ေတြကို ေတြးမိေလ ရင္ထုမနာျဖစ္မိမွာ မလဲြဧကန္ပါ။ အၾကမ္းဖ်င္း ပံုေဖာ္လိုက္မယ္ဆိုရင္ EIA အဖဲြ႕ကထုတ္ျပန္တဲ့ အစီရင္ခံစာအရ ၂၀၁၄ ခုႏွစ္ အတြင္း တ႐ုတ္ႏုိင္ငံမွာ အေရာင္းအ၀ယ္ျပဳလုပ္ခဲ့တဲ့ ျမန္မာ တမလန္း သစ္အမ်ိဳးအစား တစ္ခုတည္းကပဲ ေဒၚလာ ၃ ဘီလီယံကေန ၄ ဒသမ ၆ ဘီလီယံ ၾကားရွိေပမယ့္ ျမန္မာႏိုင္ငံျပန္ရတဲ့ဟာက ေဒၚလာသန္း ၄၀၀ ခန္႔သာရွိတယ္။ ဒီပမာဏက ၂၀၁၄ ခုတစ္ႏွစ္တည္းအတြက္သာျဖစ္ၿပီး ၂၅ ႏွစ္အတြင္းမွာ ျမန္မာဘက္က အႀကီးအက်ယ္ နစ္နာဆံုး႐ံႈးခဲ့ရတယ္ဆိုတာကို မီးေမာင္းထိုးျပေနတယ္။
EIA အစီရင္ခံစာမွာ ေဖာ္ျပထားတဲ့ အခ်က္ေတြကို ၾကည့္လိုက္ရင္ တ႐ုတ္-ျမန္မာနယ္စပ္ သစ္ေမွာင္ခိုးထုတ္မႈ ကို ႏွိမ္နင္းဖို႔ အေတာ္ခက္ခဲမယ္ဆိုတာ ေပၚလြင္ေနတယ္။
– ျပည္ပသို႔ သစ္အလံုးလိုက္ တင္ပို႔မႈ တားျမစ္ထားေပမယ့္ တ႐ုတ္-ျမန္မာ နယ္စပ္တြင္ တရားမ၀င္ သစ္အလံုး လိုက္တင္ပို႔မႈမ်ားရွိေနျခင္း၊
– သစ္ခိုးတင္သြင္းမႈကို တ႐ုတ္ေမွာင္ခိုဂိုဏ္းတစ္ခုက ထိန္းခ်ဳပ္ထားျခင္း၊
– သစ္ေရာင္း၀ယ္မႈတြင္ ေငြစကၠဴအတု အသံုးျပဳမႈ ျမင့္တက္လာျခင္းေၾကာင့္ ေရႊေခ်ာင္းမ်ားေပး၍ လာဘ္ထိုး ျခင္းအပါအ၀င္ ျခစားမႈမ်ားရွိေနျခင္း၊
– ယူနန္ျပည္နယ္အတြင္းရွိ ေရႊလီအပါအ၀င္ ၿမိဳ႕ ၃ၿမိဳ႕တြင္ ျမန္မာႏိုင္ငံမွ ၀င္ေရာက္လာေသာ သစ္မ်ားကို လြတ္ လပ္စြာ ကုန္သြယ္မႈျပဳလုပ္ျခင္း၊
– တ႐ုတ္-ျမန္မာ ႏွစ္ႏုိင္ငံအစိုးရမ်ားအေနျဖင့္ တရားမ၀င္သစ္တင္သြင္းေရာင္းခ်မႈကို ထိေရာက္ေသာ တားဆီး မႈမ်ားခ်က္ခ်င္းလုပ္ေဆာင္ရန္ လိုအပ္ျခင္း၊
– ျမန္မာႏုိင္ငံမွ ၀င္ေရာက္လာေသာ သစ္မ်ားကို သြင္းကုန္ခြန္ေဆာင္ေနသမွ် ကာလပတ္လံုး တ႐ုတ္ႏုိင္ငံက ကုန္သြယ္ေရးႏွင့္ ျဖန္႔ခ်ိေရးကို ခြင့္ျပဳထားျခင္း၊
– ျမန္မာႏိုင္ငံမွ တ႐ုတ္ႏုိင္ငံသို႔ ပိေတာက္ႏွင့္ တမလန္းသစ္မ်ားကို အဓိက တရားမ၀င္တင္သြင္းေနျခင္းကို မတားဆီးႏုိင္ပါက လာမည့္ ၁၀ႏွစ္အတြင္း ျမန္မာတမလန္းသစ္ မ်ိဳးတုန္းေပ်ာက္ကြယ္သြား ဖြယ္ရွိေနျခင္း၊
– ၂၀၁၄ ခုႏွစ္အတြင္း တ႐ုတ္ႏုိင္ငံ၌ ေဒၚလာ ၂၅ဘီလီယံခန္႔ သစ္ေရာင္း၀ယ္ခဲ့ရာတြင္ ျမန္မာတမလန္းသစ္မွာ ၁၂ရာခိုင္ႏႈန္းခန္႔ရွိသျဖင့္ ေဒၚလာ ၃ဘီလီယံမွ ၄ဒသမ ၆ဘီလီယံၾကား ရွိေသာ္လည္း ျမန္မာႏုိင္ငံဘက္မွ ေဒၚလာသန္း ၄၀၀ခန္႔သာ ျပန္လည္ရရွိျခင္း၊
တကယ္ေတာ့ ျမန္မာႏိုင္ငံက သစ္ေတြကို နယ္စပ္ျဖတ္ေက်ာ္ တရားမ၀င္လမ္းေၾကာင္းက တစ္ဆင့္ တ႐ုတ္ ဘက္သို႔ ေမွာင္ခိုထုတ္ေနတာကို သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး၀ါဒီေတြက ေတာက္ေလွ်ာက္ သတိေပး ခဲ့ေပမယ့္ အေလးဂ႐ုစိုက္မႈ နည္းပါးခဲ့တယ္။
ဒါေပမဲ့ ၿပီးခဲ့တဲ့လမ်ားအတြင္း ျမန္မာႏိုင္ငံအႏွံ႔အျပား ေရႀကီးေရလွ်ံျဖစ္ခဲ့ရာမွာ အဓိကအေၾကာင္းရင္းက သစ္ ေတြကိုအဆမတန္ခုတ္လဲွရာမွ သစ္ေတာျပဳန္းတီးမႈေၾကာင့္လို႔ “လက္ညႇိဳးထိုး” လာၾကတဲ့အခါ သစ္ေမွာင္ခို ကိစၥကို မျဖစ္မေနကိုင္တြယ္ဖို႔ အေၾကာင္းဖန္လာပါတယ္။
စီးပြားေရး ႐ႈေထာင့္ကၾကည့္ရင္ သစ္ေတြခုတ္လွဲေရာင္းခ်လိုက္လို႔ ရလာတဲ့ေငြနဲ႔ “မကာမိ”ဘဲ သစ္ေတာျပဳန္း တီးမႈေၾကာင့္ ျမန္မာႏိုင္ငံအႏွံ႔ ေရႀကီးခဲ့တဲ့အခါ ထိခိုက္ပ်က္စီးဆံုး႐ံႈးမႈက အဆေပါင္းမ်ားစြာ ကြာျခားေနတယ္။ ေရေဘးေၾကာင့္ ထိခိုက္ဆံုး႐ံႈးမႈ အနည္းဆံုး က်ပ္ေငြဘီလီယံေပါင္း ၁၆၀အထက္မွာရွိတယ္။ စိုက္ဧကေပါင္း ၁ ဒသမ ၄သန္းေက်ာ္ေရျမဳပ္ခဲ့ၿပီး လူေပါင္း ၁ဒသမ၆သန္းေက်ာ္ ေရေဘးသင့္ခဲ့တယ္လို႔ အစိုးရက တရား၀င္ ထုတ္ျပန္ခဲ့တယ္။
ငါးပုစြန္ကန္ဧက ၃၆,၀၀၀၊ ကၽြဲႏြား ေကာင္ေရ ၂၀,၀၀၀ေက်ာ္ ပ်က္စီးဆံုး ႐ံႈးခဲ့တယ္။ ဒါ့အျပင္ေရႀကီး နစ္ျမဳပ္မႈ ေၾကာင့္ ပ်က္စီးသြားတဲ့ သီးႏွံစိုက္ဧက ၉သိန္းနီးပါးအနက္ ၆၀ ရာခိုင္ႏႈန္းက ျပန္လည္စိုက္ပ်ိဳးလို႔ မရေတာ့သလို တခ်ိဳ႕ေဒသေတြမွာ သီးႏွံေတြ အခ်ိန္မီျပန္စိုက္ၿပီးခါမွ ဒုတိယအႀကိမ္ ေရျပန္တက္လာလို႔ လယ္သမား မိသားစု ႀကီးမားစြာ ဒုကၡေရာက္ခဲ့တယ္။
ဒီလို ေရႀကီးမႈေၾကာင့္ နစ္နာဆံုး႐ံႈးခဲ့ရတာကို အရင္းစစ္လိုက္တဲ့အခါ သစ္ေတြကို အဆမတန္ ခုတ္လွဲမႈေၾကာင့္၊ သစ္ေတာ ျပဳန္းတီးမႈေၾကာင့္၊ ျမန္မာႏိုင္ငံအႏံွ႔အျပားက သစ္ေတြ တ႐ုတ္ျပည္ကို ေမွာင္ခိုထုတ္မႈ ေတြေၾကာင့္ပဲ မဟုတ္ပါလား။
၂၅ ႏွစ္ေလာက္ ၾကာျမင့္ေနၿပီျဖစ္တဲ့ တ႐ုတ္-ျမန္မာ သစ္ေမွာင္ခိုထုတ္မႈက သမၼတဦးသိန္းစိန္ အစိုးရတက္ လာၿပီးေနာက္ ၂၀၁၃ ခုႏွစ္မွာ အျမင့္ဆံုးစံခ်ိန္တင္သြားၿပီး ကုဗမီတာ ၁ ဒသမ ၇ သန္းရွိလို႔ ဒီႏႈန္းအတိုင္း ဆက္ သြားေနရင္ ေနာင္ ၁၀ႏွစ္ေလာက္ၾကာရင္ ျမန္မာႏိုင္ငံမွာ တမလန္းသစ္မ်ဳိးသုဥ္း ေပ်ာက္ကြယ္မယ္လို႔ EIA က ထုတ္ေဖာ္ေျပာဆိုလိုက္တယ္။
EIA က ေစာဒကတက္လို႔ တ႐ုတ္ဘက္က တရားမ၀င္ သစ္တင္သြင္းေရာင္း၀ယ္မႈကို စက္တင္ဘာလမွ ဒီဇင္ ဘာလအထိ ၄ လပိတ္ပင္မယ္လို႔ ဆိုပါတယ္။ တစ္ဖက္ကလည္း ၂၀၁၅ ေရြးေကာက္ပဲြရလဒ္နဲ႔ ေရြးေကာက္ပဲြ လြန္ အစိုးရသေဘာထား၊ တုံ႔ျပန္မႈေတြကို တီးေခါက္လိုတဲ့ သေဘာမ်ိဳးနဲ႔ ၂၀၁၅ ခုႏွစ္ကုန္အထိ ၄လသာ တား ျမစ္ထားတယ္။
တကယ္ေတာ့ ျမန္မာႏိုင္ငံကသစ္ေတြ တ႐ုတ္ႏုိင္ငံထဲကို တရားမ၀င္ ေမွာင္ခိုထုတ္ေနတာ ကာလၾကာျမင့္လာ တဲ့အေလ်ာက္ တျဖည္းျဖည္းႀကီးထြားလာတဲ့ သေဘာရွိတယ္။
ႏုိင္ငံတကာ သဘာ၀ပတ္၀န္းက်င္ ေစာင့္ၾကည့္ေရးအဖဲြ႕ျဖစ္တဲ့ Global Witness ရဲ႕ ခန္႔မွန္းခ်က္အရ ၂၀၀၆ ခုႏွစ္မတိုင္မီ ျမန္မာႏိုင္ငံမွ တ႐ုတ္ႏုိင္ငံ၊ ယူနန္ျပည္နယ္ကို တရားမ၀င္လမ္းေၾကာင္းက တစ္ဆင့္ သစ္ခိုးထုတ္မႈ ပမာဏကတစ္ႏွစ္ကို တန္ခ်ိန္တစ္သန္း၀န္းက်င္ ရွိေနတယ္။
၂၀၀၆ ခုေနာက္ပိုင္းမွာ နယ္စပ္လမ္းေၾကာင္းက သစ္ေမွာင္ခိုထုတ္မႈ က်ဆင္းသြားေပမယ့္ ရန္ကုန္ဆိပ္ ကမ္း ကေန သစ္တင္ပို္႔မႈမ်ားျပားလာတာေၾကာင့္ သစ္ေတာျပဳန္းတီးမႈကေတာ့ ျမင့္မားေနဆဲပါ။ ဒါေပမဲ့ ၂၀၁၁ ခု ေနာက္ပိုင္းမွာ တရားမ၀င္ သစ္ခိုးထုတ္မႈ ျပန္လည္ျမင့္တက္လာတယ္လို႔ သတင္းေတြက ဆိုပါတယ္။ ဒီ ေနရာမွာ အစိုးရ တရား၀င္ထုတ္ျပန္ခ်က္နဲ႔ ႏုိင္ငံတကာမွာ လက္ခံထားတဲ့ ကိန္းဂဏန္းေတြအၾကားမွာ ႏႈိင္း ယွဥ္စရာ ျဖစ္လာတယ္။
သမၼတဦးသိန္းစိန္းအစိုးရ လက္ထက္မွာ ၄ ႏွစ္အတြင္း ကၽြန္းႏွင့္သစ္မာတန္ခ်ိန္ ၅ ဒသမ ၇ သန္း ထုတ္ခြင့္ျပဳခဲ့ ေၾကာင္း ျမန္မာ့သစ္လုပ္ငန္း အခ်က္အလက္ေတြအရ သိရတယ္။
၂၀၁၁-၁၂ ဘ႑ာႏွစ္ – ၂ ဒသမ ၃ သန္း
၂၀၁၂-၁၃ ဘ႑ာႏွစ္ – ၁ ဒသမ ၇ သန္း
၂၀၁၃-၁၄ ဘ႑ာႏွစ္ – ၁ သန္း
၂၀၁၄-၀၅ ဘ႑ာႏွစ္ – ၀ ဒသမ ၇ သန္း
ဒါေပမဲ့ လန္ဒန္အေျခစိုက္ သဘာ၀ပတ္၀န္းက်င္ဆိုင္ရာ စံုစမ္းစစ္ေဆးေရး ေအဂ်င္စီ(EIA)က ၂၀၁၅ ခု၊ မတ္လ ၂၅ ရက္မွာထုတ္ျပန္တဲ့ အစီရင္ခံစာအရ ျမန္မာႏုိင္ငံက သစ္လံုးတင္ပုိ႔မႈနဲ႔ပတ္သက္ၿပီး တရား၀င္ထုတ္ျပန္လိုက္ တဲ့ ကိန္းဂဏန္းဟာ ႏိုင္ငံတကာမွာ လက္ခံထားတဲ့ ကိန္းဂဏန္းေတြရဲ႕ ၂၈ရာခိုင္ႏႈန္းသာရွိေၾကာင္း ေဖာ္ျပထား တယ္။ ၂၀၀၀ျပည့္ႏွစ္မွ ၂၀၁၃ ခုႏွစ္အထိ ၁၃ႏွစ္အတြင္း တရားမ၀င္သစ္ခိုးထုတ္မႈက ေဒၚလာသန္းေပါင္း ၅၇၀၀ နီးပါးရွိလို႔ ၂၀၁၃-၁၄ ဘ႑ာႏွစ္ ျမန္မာတစ္ျပည္လံုး ပညာေရးနဲ႔ က်န္းမာေရးအသံုးစရိတ္စုစုေပါင္းရဲ႕ ၄ ဆနဲ႔ညီမွ်ေၾကာင္း ေဖာ္ျပထားတယ္။ ၂၀၁၅ခု၊ မတ္လ၂၅ရက္မွာ ထုတ္ျပန္ခဲ့တဲ့ EIA အစီရင္ခံစာက ၁၃ႏွစ္ အတြင္းမွာ တရား၀င္ခြင့္ျပဳခ်က္မရွိဘဲ ကုဗမီတာ ၁၆ ဒသမ ၅သန္းခန္႔ရွိတဲ့ သစ္လံုးေတြ ခိုးထုတ္ခဲ့တယ္လို႔ ဆိုပါတယ္။
ျမန္မာ့ကၽြန္းသစ္ထုတ္လုပ္မႈက႑မွာ ဥပေဒနဲ႔ မညီညြတ္မႈေတြ၊ အက်င့္ပ်က္ျခစားမႈေတြ အခိုင္အမာရွိေနၿပီး သစ္ခိုးထုတ္မႈမွရရွိတဲ့ ေဒၚလာ သန္းေပါင္းမ်ားစြာက ႏုိင္ငံေတာ္ဘ႑ာထဲသို႔ ေရာက္ရွိမလာဘဲ ဘာေၾကာင့္ ေပ်ာက္ဆံုးေနတာလဲလို႔ EIA အစီရင္ခံစာထဲမွာ တစ္ဆက္တည္း ေမးခြန္းထုတ္ထားတယ္။ တစ္ဖက္ကလည္း တ႐ုတ္-ျမန္မာ နယ္စပ္သစ္ေမွာင္ခိုးထုတ္မႈကို ထိထိေရာက္ေရာက္ ကိုင္တြယ္မယ္ဆိုရင္ ႀကီးမားတဲ့ အဟန္႔ အတားေတြရင္ဆိုင္ရမွာ ျဖစ္ပါတယ္။
အဓိကျပႆနာက ျမန္မာႏိုင္ငံနဲ႔ထိစပ္ေနတဲ့ ယူနန္ျပည္နယ္ဟာ ကုန္းတြင္းပိတ္ေဒသ ျဖစ္ေနၿပီး တ႐ုတ္ႏိုင္ငံ ရွိျပည္နယ္ေတြထဲမွာ စီးပြားေရး၊ ဖြံ႕ၿဖိဳးတိုးတက္မႈ အနိမ့္ဆံုးစာရင္းထဲ ေရာက္ေနသလို ပညာ တတ္ေျမာက္ မႈနည္းပါးၿပီး ရာဇ၀တ္မႈထူေျပာတဲ့ ျပည္နယ္ျဖစ္ေနတယ္။
အဆိုးရြားဆံုးအခ်က္က ယူနန္ျပည္နယ္ဟာ သူတို႔စီးပြားေရးေကာင္းမြန္ဖို႔၊ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ျမန္မာ ႏိုင္ငံက သယံဇာတ၊ ရွိသမွ် အရင္းအျမစ္ေတြကို ကုပ္ေသြးစုပ္ယူေနျခင္းပဲ ျဖစ္ပါတယ္။ ျမန္မာျပည္က ထြက္တဲ့ သစ္ေတြဟာ ယူနန္ျပည္နယ္ ေရာက္တဲ့အခါ တန္ဖိုးျမင့္ပစၥည္းေတြ၊ ကုန္ေခ်ာေတြျဖစ္သြားၾကလို႔ စီးပြားေရး အရတြက္ေျခကိုက္ၿပီး မ်ားစြာအျမတ္ထြက္ခဲ့တယ္။
– ကုန္ၾကမ္းကို ကုန္ေခ်ာထုတ္လုပ္ႏိုင္မွာျဖစ္လို႔ လုပ္ငန္းေတြရရွိတယ္။
– အျမတ္အစြန္း ႀကီးႀကီးမားမားရတယ္။
– သူတို႔ႏိုင္ငံသားအတြက္ အလုပ္အကိုင္၊ အခြင့္အလမ္း ျဖစ္ထြန္းေပၚေပါက္တယ္။
– လႊစာမႈန္႔၊ သစ္တိုသစ္စအစရွိတဲ့ ေဘးထြက္ပစၥည္းေတြကို နည္းပညာအကူအညီနဲ႔ ႀကိတ္သားဗီ႐ို၊ ႐ံုးသံုး ပစၥည္း၊ စားပဲြကုလားထိုင္ အစရွိတဲ့ ပရိေဘာဂအမ်ိဳးမ်ိဳး ျပန္လည္ထုတ္လုပ္ၿပီး ျမန္မာႏိုင္ငံလို ဆင္းရဲၿပီး နည္း ပညာေနာက္က်ေနတဲ့ႏုိင္ငံေတြကို ျပန္လည္တင္ပို႔ ေရာင္းခ်တယ္။ ငါးၾကင္းဆီနဲ႔ ငါးၾကင္းျပန္ေၾကာ္တာျဖစ္လို႔ အက်ိဳးအျမတ္မ်ားစြာ ရွိတယ္။
ျမန္မာျပည္ကထြက္တဲ့ သယံဇာတေတြကို “ေအာက္ေစ်း”နဲ႔ရေန လို႔ ျမိဳးၿမိဳး ျမက္ျမက္ကေလး စားေန၀ါးေနရ တယ္။ ဒါေၾကာင့္ နယ္စပ္ျဖတ္ေက်ာ္ တရားမ၀င္ သစ္ေရာင္း၀ယ္ေဖာက္ကားမႈေတြ ကို ျမန္မာဘက္က ႏွိမ္နင္း ခ်င္ရင္ေတာင္ “အရသာသိ”ေနၿပီျဖစ္တဲ့ ယူနန္ဘက္ေတြက လက္ခံပါ့မလား၊ ျမန္မာအစိုးရဘက္က ဘယ္ ေလာက္အထိ စြမ္းေဆာင္ႏုိင္မလဲ၊ ထိေရာက္ျပတ္သားစြာ ကိုင္တြယ္ႏိုင္ပါ့မလား ဆိုတာ ေမးခြန္းထုတ္စရာေတြ ရွိလာတယ္။
တစ္ဖက္မွာလည္း ျမန္မာႏိုင္ငံမွာ အဂတိလိုက္စားမႈ၊ အက်င့္ပ်က္ျခစားမႈေတြရွိေနေတာ့ ကိုယ့္ျပႆနာနဲ႔ကိုယ္ လံုးေထြးေနၿပီး ကိုယ့္ပုဆိုးကိုယ္ျပန္နင္းမိမွာလည္း ထည့္တြက္ရေသးတယ္။ ယူနန္ဘက္ကလည္း ဒီအားနည္း ခ်က္ကို “အပိုင္ကိုင္”ၿပီး တရားမ၀င္ကုန္သြယ္မႈ ဆက္လက္ျပဳလုပ္ဖို႔အတြက္ “ေသြးတိုးစမ္း” မွာေတာ့ အေသ အခ်ာပါ။
ျမန္မာသံေတာ္ဆင့္သတင္းဌာန- http://www.facebook.com/myanmarherald
..........................................
Myanmartandawsint Newspaper
အီးအိုင်အေက ဖွင့်ချလိုက်တဲ့ တရုတ်-မြန်မာ တရားမဝင်သစ်ကုန်သွယ်မှု – မောင်သုတ(2 in 1)
ယူနန်ပြည်နယ်ဟာ သူတို့စီးပွားရေးကောင်းမွန်ဖို့၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာနိုင်ငံက သယံဇာတ၊ ရှိသမျှ အရင်းအမြစ်တွေကို ကုပ်သွေးစုပ်ယူနေ … မြန်မာပြည်ကထွက်တဲ့ သစ်တွေ ဟာ ယူနန်ပြည်နယ်ရောက်တဲ့အခါ တန်ဖိုးမြင့်ပစ္စည်းတွေ၊ ကုန်ချောတွေဖြစ် သွားကြလို့ စီးပွားရေးအရ တွက်ခြေကိုက်ပြီး များစွာအမြတ်ထွက်ခဲ့ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗြိတိန်နိုင်ငံမှ နာမည်ကျော် The Economist အပတ်စဉ်ထုတ် စီးပွားရေး သတင်းစာက တရုတ် ကုမ္ပဏီတွေ မြန်မာနိုင်ငံမှ သစ်တွေ ခိုးယူနေဆဲဖြစ်ကြောင်း ဖွင့်ချလိုက်ပြီးနောက် စက်တင်ဘာလ ၂၂ရက်မှာ လန်ဒန် အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အဖွဲ့(EIA)က မြန်မာသစ်တွေ တရုတ်နိုင်ငံထဲကို တရား မဝင်တင်သွင်းရာမှာ တရုတ်သစ် မှောင်ခိုဂိုဏ်းကထိန်းချုပ်ထားကြောင်း ထုတ်ဖော်လိုက်လို့ ဟိုးလေး တကျော် ကျော်ဖြစ်သွားတယ်။ ဒီအချက်ပေါ်မှာ မြန်မာအစိုးရက တရုတ်နိုင်ငံသား တရားမဝင်သစ်ခိုးထုတ်သူ ၁၅၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာကို ထပ်ဖြည့်လိုက်ရင် အတော်လေး လူပြောများမယ့် အကြောင်း အရာဖြစ်သွားတယ်။…
မှတ်တမ်းတွေအရ တရုတ်-မြန်မာနယ်စပ် တရားမဝင် သစ်မှောင်ခိုစျေးကွက်က နဝတအစိုးရတက်လာပြီး ၁၉၉၀ ပြည့်နှစ်မှာ စတင်ပေါ်ပေါက်ခဲ့လို့ သက်တမ်းအားဖြင့် ၂၅နှစ်လောက် ကြာမြင့်နေပါပြီ။ ဒီကာလ တစ်လျှောက် မြန်မာနိုင်ငံအနေနဲ့ နစ်နာဆုံးရှုံးခဲ့ရတဲ့ အခွန်အကောက်တွေကို တွေးမိလေ ရင်ထုမနာဖြစ်မိမှာ မလွဲဧကန်ပါ။ အကြမ်းဖျင်း ပုံဖော်လိုက်မယ်ဆိုရင် EIA အဖွဲ့ကထုတ်ပြန်တဲ့ အစီရင်ခံစာအရ ၂၀၁၄ ခုနှစ် အတွင်း တရုတ်နိုင်ငံမှာ အရောင်းအဝယ်ပြုလုပ်ခဲ့တဲ့ မြန်မာ တမလန်း သစ်အမျိုးအစား တစ်ခုတည်းကပဲ ဒေါ်လာ ၃ ဘီလီယံကနေ ၄ ဒသမ ၆ ဘီလီယံ ကြားရှိပေမယ့် မြန်မာနိုင်ငံပြန်ရတဲ့ဟာက ဒေါ်လာသန်း ၄၀၀ ခန့်သာရှိတယ်။ ဒီပမာဏက ၂၀၁၄ ခုတစ်နှစ်တည်းအတွက်သာဖြစ်ပြီး ၂၅ နှစ်အတွင်းမှာ မြန်မာဘက်က အကြီးအကျယ် နစ်နာဆုံးရှုံးခဲ့ရတယ်ဆိုတာကို မီးမောင်းထိုးပြနေတယ်။
EIA အစီရင်ခံစာမှာ ဖော်ပြထားတဲ့ အချက်တွေကို ကြည့်လိုက်ရင် တရုတ်-မြန်မာနယ်စပ် သစ်မှောင်ခိုးထုတ်မှု ကို နှိမ်နင်းဖို့ အတော်ခက်ခဲမယ်ဆိုတာ ပေါ်လွင်နေတယ်။
– ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှု တားမြစ်ထားပေမယ့် တရုတ်-မြန်မာ နယ်စပ်တွင် တရားမဝင် သစ်အလုံး လိုက်တင်ပို့မှုများရှိနေခြင်း၊
– သစ်ခိုးတင်သွင်းမှုကို တရုတ်မှောင်ခိုဂိုဏ်းတစ်ခုက ထိန်းချုပ်ထားခြင်း၊
– သစ်ရောင်းဝယ်မှုတွင် ငွေစက္ကူအတု အသုံးပြုမှု မြင့်တက်လာခြင်းကြောင့် ရွှေချောင်းများပေး၍ လာဘ်ထိုး ခြင်းအပါအဝင် ခြစားမှုများရှိနေခြင်း၊
– ယူနန်ပြည်နယ်အတွင်းရှိ ရွှေလီအပါအဝင် မြို့ ၃မြို့တွင် မြန်မာနိုင်ငံမှ ၀င်ရောက်လာသော သစ်များကို လွတ် လပ်စွာ ကုန်သွယ်မှုပြုလုပ်ခြင်း၊
– တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရများအနေဖြင့် တရားမဝင်သစ်တင်သွင်းရောင်းချမှုကို ထိရောက်သော တားဆီး မှုများချက်ချင်းလုပ်ဆောင်ရန် လိုအပ်ခြင်း၊
– မြန်မာနိုင်ငံမှ ၀င်ရောက်လာသော သစ်များကို သွင်းကုန်ခွန်ဆောင်နေသမျှ ကာလပတ်လုံး တရုတ်နိုင်ငံက ကုန်သွယ်ရေးနှင့် ဖြန့်ချိရေးကို ခွင့်ပြုထားခြင်း၊
– မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပိတောက်နှင့် တမလန်းသစ်များကို အဓိက တရားမဝင်တင်သွင်းနေခြင်းကို မတားဆီးနိုင်ပါက လာမည့် ၁၀နှစ်အတွင်း မြန်မာတမလန်းသစ် မျိုးတုန်းပျောက်ကွယ်သွား ဖွယ်ရှိနေခြင်း၊
– ၂၀၁၄ ခုနှစ်အတွင်း တရုတ်နိုင်ငံ၌ ဒေါ်လာ ၂၅ဘီလီယံခန့် သစ်ရောင်းဝယ်ခဲ့ရာတွင် မြန်မာတမလန်းသစ်မှာ ၁၂ရာခိုင်နှုန်းခန့်ရှိသဖြင့် ဒေါ်လာ ၃ဘီလီယံမှ ၄ဒသမ ၆ဘီလီယံကြား ရှိသော်လည်း မြန်မာနိုင်ငံဘက်မှ ဒေါ်လာသန်း ၄၀၀ခန့်သာ ပြန်လည်ရရှိခြင်း၊
တကယ်တော့ မြန်မာနိုင်ငံက သစ်တွေကို နယ်စပ်ဖြတ်ကျော် တရားမဝင်လမ်းကြောင်းက တစ်ဆင့် တရုတ် ဘက်သို့ မှောင်ခိုထုတ်နေတာကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒီတွေက တောက်လျှောက် သတိပေး ခဲ့ပေမယ့် အလေးဂရုစိုက်မှု နည်းပါးခဲ့တယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့လများအတွင်း မြန်မာနိုင်ငံအနှံ့အပြား ရေကြီးရေလျှံဖြစ်ခဲ့ရာမှာ အဓိကအကြောင်းရင်းက သစ် တွေကိုအဆမတန်ခုတ်လှဲရာမှ သစ်တောပြုန်းတီးမှုကြောင့်လို့ “လက်ညှိုးထိုး” လာကြတဲ့အခါ သစ်မှောင်ခို ကိစ္စကို မဖြစ်မနေကိုင်တွယ်ဖို့ အကြောင်းဖန်လာပါတယ်။
စီးပွားရေး ရှုထောင့်ကကြည့်ရင် သစ်တွေခုတ်လှဲရောင်းချလိုက်လို့ ရလာတဲ့ငွေနဲ့ “မကာမိ”ဘဲ သစ်တောပြုန်း တီးမှုကြောင့် မြန်မာနိုင်ငံအနှံ့ ရေကြီးခဲ့တဲ့အခါ ထိခိုက်ပျက်စီးဆုံးရှုံးမှုက အဆပေါင်းများစွာ ကွာခြားနေတယ်။ ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ကျပ်ငွေဘီလီယံပေါင်း ၁၆၀အထက်မှာရှိတယ်။ စိုက်ဧကပေါင်း ၁ ဒသမ ၄သန်းကျော်ရေမြုပ်ခဲ့ပြီး လူပေါင်း ၁ဒသမ၆သန်းကျော် ရေဘေးသင့်ခဲ့တယ်လို့ အစိုးရက တရားဝင် ထုတ်ပြန်ခဲ့တယ်။
ငါးပုစွန်ကန်ဧက ၃၆,၀၀၀၊ ကျွဲနွား ကောင်ရေ ၂၀,၀၀၀ကျော် ပျက်စီးဆုံး ရှုံးခဲ့တယ်။ ဒါ့အပြင်ရေကြီး နစ်မြုပ်မှု ကြောင့် ပျက်စီးသွားတဲ့ သီးနှံစိုက်ဧက ၉သိန်းနီးပါးအနက် ၆၀ ရာခိုင်နှုန်းက ပြန်လည်စိုက်ပျိုးလို့ မရတော့သလို တချို့ဒေသတွေမှာ သီးနှံတွေ အချိန်မီပြန်စိုက်ပြီးခါမှ ဒုတိယအကြိမ် ရေပြန်တက်လာလို့ လယ်သမား မိသားစု ကြီးမားစွာ ဒုက္ခရောက်ခဲ့တယ်။
ဒီလို ရေကြီးမှုကြောင့် နစ်နာဆုံးရှုံးခဲ့ရတာကို အရင်းစစ်လိုက်တဲ့အခါ သစ်တွေကို အဆမတန် ခုတ်လှဲမှုကြောင့်၊ သစ်တော ပြုန်းတီးမှုကြောင့်၊ မြန်မာနိုင်ငံအနှံ့အပြားက သစ်တွေ တရုတ်ပြည်ကို မှောင်ခိုထုတ်မှု တွေကြောင့်ပဲ မဟုတ်ပါလား။
၂၅ နှစ်လောက် ကြာမြင့်နေပြီဖြစ်တဲ့ တရုတ်-မြန်မာ သစ်မှောင်ခိုထုတ်မှုက သမ္မတဦးသိန်းစိန် အစိုးရတက် လာပြီးနောက် ၂၀၁၃ ခုနှစ်မှာ အမြင့်ဆုံးစံချိန်တင်သွားပြီး ကုဗမီတာ ၁ ဒသမ ရ သန်းရှိလို့ ဒီနှုန်းအတိုင်း ဆက် သွားနေရင် နောင် ၁၀နှစ်လောက်ကြာရင် မြန်မာနိုင်ငံမှာ တမလန်းသစ်မျိုးသုဉ်း ပျောက်ကွယ်မယ်လို့ EIA က ထုတ်ဖော်ပြောဆိုလိုက်တယ်။
EIA က စောဒကတက်လို့ တရုတ်ဘက်က တရားမဝင် သစ်တင်သွင်းရောင်းဝယ်မှုကို စက်တင်ဘာလမှ ဒီဇင် ဘာလအထိ ၄ လပိတ်ပင်မယ်လို့ ဆိုပါတယ်။ တစ်ဖက်ကလည်း ၂၀၁၅ ရွေးကောက်ပွဲရလဒ်နဲ့ ရွေးကောက်ပွဲ လွန် အစိုးရသဘောထား၊ တုံ့ပြန်မှုတွေကို တီးခေါက်လိုတဲ့ သဘောမျိုးနဲ့ ၂၀၁၅ ခုနှစ်ကုန်အထိ ၄လသာ တား မြစ်ထားတယ်။
တကယ်တော့ မြန်မာနိုင်ငံကသစ်တွေ တရုတ်နိုင်ငံထဲကို တရားမဝင် မှောင်ခိုထုတ်နေတာ ကာလကြာမြင့်လာ တဲ့အလျောက် တဖြည်းဖြည်းကြီးထွားလာတဲ့ သဘောရှိတယ်။
နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Global Witness ရဲ့ ခန့်မှန်းချက်အရ ၂၀၀၆ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို တရားမဝင်လမ်းကြောင်းက တစ်ဆင့် သစ်ခိုးထုတ်မှု ပမာဏကတစ်နှစ်ကို တန်ချိန်တစ်သန်းဝန်းကျင် ရှိနေတယ်။
၂၀၀၆ ခုနောက်ပိုင်းမှာ နယ်စပ်လမ်းကြောင်းက သစ်မှောင်ခိုထုတ်မှု ကျဆင်းသွားပေမယ့် ရန်ကုန်ဆိပ် ကမ်း ကနေ သစ်တင်ပို့်မှုများပြားလာတာကြောင့် သစ်တောပြုန်းတီးမှုကတော့ မြင့်မားနေဆဲပါ။ ဒါပေမဲ့ ၂၀၁၁ ခု နောက်ပိုင်းမှာ တရားမဝင် သစ်ခိုးထုတ်မှု ပြန်လည်မြင့်တက်လာတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒီ နေရာမှာ အစိုးရ တရားဝင်ထုတ်ပြန်ချက်နဲ့ နိုင်ငံတကာမှာ လက်ခံထားတဲ့ ကိန်းဂဏန်းတွေအကြားမှာ နှိုင်း ယှဉ်စရာ ဖြစ်လာတယ်။
သမ္မတဦးသိန်းစိန်းအစိုးရ လက်ထက်မှာ ၄ နှစ်အတွင်း ကျွန်းနှင့်သစ်မာတန်ချိန် ၅ ဒသမ ရ သန်း ထုတ်ခွင့်ပြုခဲ့ ကြောင်း မြန်မာ့သစ်လုပ်ငန်း အချက်အလက်တွေအရ သိရတယ်။
၂၀၁၁-၁၂ ဘဏ္ဍာနှစ် – ၂ ဒသမ ၃ သန်း
၂၀၁၂-၁၃ ဘဏ္ဍာနှစ် – ၁ ဒသမ ရ သန်း
၂၀၁၃-၁၄ ဘဏ္ဍာနှစ် – ၁ သန်း
၂၀၁၄-၀၅ ဘဏ္ဍာနှစ် – ၀ ဒသမ ရ သန်း
ဒါပေမဲ့ လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီ(EIA)က ၂၀၁၅ ခု၊ မတ်လ ၂၅ ရက်မှာထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံက သစ်လုံးတင်ပို့မှုနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်လိုက် တဲ့ ကိန်းဂဏန်းဟာ နိုင်ငံတကာမှာ လက်ခံထားတဲ့ ကိန်းဂဏန်းတွေရဲ့ ၂၈ရာခိုင်နှုန်းသာရှိကြောင်း ဖော်ပြထား တယ်။ ၂၀၀၀ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အထိ ၁၃နှစ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှုက ဒေါ်လာသန်းပေါင်း ၅၇၀၀ နီးပါးရှိလို့ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် မြန်မာတစ်ပြည်လုံး ပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ်စုစုပေါင်းရဲ့ ၄ ဆနဲ့ညီမျှကြောင်း ဖော်ပြထားတယ်။ ၂၀၁၅ခု၊ မတ်လ၂၅ရက်မှာ ထုတ်ပြန်ခဲ့တဲ့ EIA အစီရင်ခံစာက ၁၃နှစ် အတွင်းမှာ တရားဝင်ခွင့်ပြုချက်မရှိဘဲ ကုဗမီတာ ၁၆ ဒသမ ၅သန်းခန့်ရှိတဲ့ သစ်လုံးတွေ ခိုးထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာ့ကျွန်းသစ်ထုတ်လုပ်မှုကဏ္ဍမှာ ဥပဒေနဲ့ မညီညွတ်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ အခိုင်အမာရှိနေပြီး သစ်ခိုးထုတ်မှုမှရရှိတဲ့ ဒေါ်လာ သန်းပေါင်းများစွာက နိုင်ငံတော်ဘဏ္ဍာထဲသို့ ရောက်ရှိမလာဘဲ ဘာကြောင့် ပျောက်ဆုံးနေတာလဲလို့ EIA အစီရင်ခံစာထဲမှာ တစ်ဆက်တည်း မေးခွန်းထုတ်ထားတယ်။ တစ်ဖက်ကလည်း တရုတ်-မြန်မာ နယ်စပ်သစ်မှောင်ခိုးထုတ်မှုကို ထိထိရောက်ရောက် ကိုင်တွယ်မယ်ဆိုရင် ကြီးမားတဲ့ အဟန့် အတားတွေရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အဓိကပြဿနာက မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ ယူနန်ပြည်နယ်ဟာ ကုန်းတွင်းပိတ်ဒေသ ဖြစ်နေပြီး တရုတ်နိုင်ငံ ရှိပြည်နယ်တွေထဲမှာ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးစာရင်းထဲ ရောက်နေသလို ပညာ တတ်မြောက် မှုနည်းပါးပြီး ရာဇဝတ်မှုထူပြောတဲ့ ပြည်နယ်ဖြစ်နေတယ်။
အဆိုးရွားဆုံးအချက်က ယူနန်ပြည်နယ်ဟာ သူတို့စီးပွားရေးကောင်းမွန်ဖို့၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ နိုင်ငံက သယံဇာတ၊ ရှိသမျှ အရင်းအမြစ်တွေကို ကုပ်သွေးစုပ်ယူနေခြင်းပဲ ဖြစ်ပါတယ်။ မြန်မာပြည်က ထွက်တဲ့ သစ်တွေဟာ ယူနန်ပြည်နယ် ရောက်တဲ့အခါ တန်ဖိုးမြင့်ပစ္စည်းတွေ၊ ကုန်ချောတွေဖြစ်သွားကြလို့ စီးပွားရေး အရတွက်ခြေကိုက်ပြီး များစွာအမြတ်ထွက်ခဲ့တယ်။
– ကုန်ကြမ်းကို ကုန်ချောထုတ်လုပ်နိုင်မှာဖြစ်လို့ လုပ်ငန်းတွေရရှိတယ်။
– အမြတ်အစွန်း ကြီးကြီးမားမားရတယ်။
– သူတို့နိုင်ငံသားအတွက် အလုပ်အကိုင်၊ အခွင့်အလမ်း ဖြစ်ထွန်းပေါ်ပေါက်တယ်။
– လွှစာမှုန့်၊ သစ်တိုသစ်စအစရှိတဲ့ ဘေးထွက်ပစ္စည်းတွေကို နည်းပညာအကူအညီနဲ့ ကြိတ်သားဗီရို၊ ရုံးသုံး ပစ္စည်း၊ စားပွဲကုလားထိုင် အစရှိတဲ့ ပရိဘောဂအမျိုးမျိုး ပြန်လည်ထုတ်လုပ်ပြီး မြန်မာနိုင်ငံလို ဆင်းရဲပြီး နည်း ပညာနောက်ကျနေတဲ့နိုင်ငံတွေကို ပြန်လည်တင်ပို့ ရောင်းချတယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တာဖြစ်လို့ အကျိုးအမြတ်များစွာ ရှိတယ်။
မြန်မာပြည်ကထွက်တဲ့ သယံဇာတတွေကို “အောက်စျေး”နဲ့ရနေ လို့ မြိုးမြိုး မြက်မြက်ကလေး စားနေဝါးနေရ တယ်။ ဒါကြောင့် နယ်စပ်ဖြတ်ကျော် တရားမဝင် သစ်ရောင်းဝယ်ဖောက်ကားမှုတွေ ကို မြန်မာဘက်က နှိမ်နင်း ချင်ရင်တောင် “အရသာသိ”နေပြီဖြစ်တဲ့ ယူနန်ဘက်တွေက လက်ခံပါ့မလား၊ မြန်မာအစိုးရဘက်က ဘယ် လောက်အထိ စွမ်းဆောင်နိုင်မလဲ၊ ထိရောက်ပြတ်သားစွာ ကိုင်တွယ်နိုင်ပါ့မလား ဆိုတာ မေးခွန်းထုတ်စရာတွေ ရှိလာတယ်။
တစ်ဖက်မှာလည်း မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုတွေရှိနေတော့ ကိုယ့်ပြဿနာနဲ့ကိုယ် လုံးထွေးနေပြီး ကိုယ့်ပုဆိုးကိုယ်ပြန်နင်းမိမှာလည်း ထည့်တွက်ရသေးတယ်။ ယူနန်ဘက်ကလည်း ဒီအားနည်း ချက်ကို “အပိုင်ကိုင်”ပြီး တရားမဝင်ကုန်သွယ်မှု ဆက်လက်ပြုလုပ်ဖို့အတွက် “သွေးတိုးစမ်း” မှာတော့ အသေ အချာပါ။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
Organised Chaos(ကခ်င္ျပည္နယ္-ျမန္မာ၊တရုတ္နယ္စပ္)လက္ႏွစ္ဖက္ေလာက္ရွိတဲ့သစ္လုံးၾကီးေတြ၊လက္တစ္ဖက္ေလာက္ရွိတဲ့သစ္လံုးၾကီးေတြ...
Posted by The Melting Pot 4 U on Thursday, 24 September 2015
No comments:
Post a Comment