Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 5, 2015

တိုင္ဖြန္း မူဂ်ီေဂးေၾကာင့္ တရုတ္မွာ လူ ၆ ဦးေသဆုံး


တရုတ္ႏိုင္ငံေတာင္ပိုင္း ဂြမ္ေဒါင္းျပည္နယ္မွာ တနဂၤေႏြေန႔က တုိက္ခတ္ခဲ့တဲ့ တုိင္ဖြန္းမုန္တိုင္း မူဂ်ီေဂးေၾကာင့္ အနည္းဆုံး လူ ၆ ဦးေသဆုံးၿပီး ၂၁၅ ဦး ထိခိုက္ဒဏ္ရာရရိွသြားေၾကာင္း တရုတ္သတင္းမီဒီယာက ဆိုပါတယ္။

က်န္ဂ်င္းၿမိဳ႕ကုိ တိုင္ဖြန္း၀င္ေရာက္ခဲ့ၿပီး ေလျပင္းနဲ႔အတူ မိုးသည္းထန္စြာ ရြာသြန္းခဲ့ပါတယ္။

ဒိေနာက္မွာေတာ့ မူဂ်ီေဂးမုန္တိုင္းဟာ အားေပ်ာ့သြားၿပီး ကြမ္ဇီျပည္နယ္ဘက္ကို ေရြ႕လ်ားသြားခဲ့ပါတယ္။

ကိုရီးယားလို သက္တန္႔လို႔ အဓိပၸါယ္ရတဲ့ အဆိုပါ မုန္တုိင္းဟာ က်န္ဂ်င္းၿမိဳ႕ကို တနဂၤေႏြေန႔က တနာရီ ၁၁၂ မိုင္ႏႈန္းနဲ႔ တိုက္ခတ္ခဲ့တဲ့အတြက္ ေနရာအေတာ္မ်ားမ်ားမွာ လွ်ပ္စစ္မီးနဲ႔ ေရျပတ္ေတာက္မႈေတြ ႀကံဳခဲ့ရတယ္လို႔ ဆင္ဟြာ သတင္းဌာနက ေျပာပါတယ္။

တရုတ္ျပည္ေတာင္ပိုင္း ကမ္းရိုးတန္းက အခ်ိဳ႕ၿမိဳ႕ေတြမွာ ေလယာဥ္နဲ႔ ရထားခရီးစဥ္ေတြ ရပ္ဆုိင္းခဲ့ရပါတယ္။   

BBC Burmese
https://www.facebook.com/bbcburmese
..........................................

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်မှာ တနင်္ဂနွေနေ့က တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း မူဂျီဂေးကြောင့် အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး ၂၁၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း တရုတ်သတင်းမီဒီယာက ဆိုပါတယ်။

ကျန်ဂျင်းမြို့ကို တိုင်ဖွန်းဝင်ရောက်ခဲ့ပြီး လေပြင်းနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။

ဒိနောက်မှာတော့ မူဂျီဂေးမုန်တိုင်းဟာ အားပျော့သွားပြီး ကွမ်ဇီပြည်နယ်ဘက်ကို ရွေ့လျားသွားခဲ့ပါတယ်။

ကိုရီးယားလို သက်တန့်လို့ အဓိပ္ပါယ်ရတဲ့ အဆိုပါ မုန်တိုင်းဟာ ကျန်ဂျင်းမြို့ကို တနင်္ဂနွေနေ့က တနာရီ ၁၁၂ မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့အတွက် နေရာအတော်များများမှာ လျှပ်စစ်မီးနဲ့ ရေပြတ်တောက်မှုတွေ ကြုံခဲ့ရတယ်လို့ ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။

တရုတ်ပြည်တောင်ပိုင်း ကမ်းရိုးတန်းက အချို့မြို့တွေမှာ လေယာဉ်နဲ့ ရထားခရီးစဉ်တွေ ရပ်ဆိုင်းခဲ့ရပါတယ်။  

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment