Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 21, 2015

စစ်သား တဦးရဲ့မတရားပြု ကျင့် ခံရသော ရခိုင်သမီးငယ်လေး သေဆုံးသွားပြီ။

မူရင်း သတင်း အတိုချုပ်
------------------
လူမဆန်သက်ငယ်မုဒိန်းကျင့်ခံရသူမဌေးဌေးစံ(စစ်တွေ)အသက် ၈ နှစ် ကွယ်လွန်
ရခိုင်ပြည်နယ်စစ်တွေမြို့ ဓညဝတီရပ်ကွက်မှ အသက် ၈ နှစ်အရွယ် သူငယ်တန်းကျောင်းသူ(မဌေးဌေးစံ)သည် ရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံတွင် အရေးပေါ်ဆေးကုနေရမှ
၂၁-၁၀-၂၀၁၅(ဗုဒ္ဓဟူးနေ့)နေ့လည် ၁ နာရီ ၅ မီနှစ်တွင်ကွယ်လွန်အနိစ္စရောက်ရှိသွားပြီးဖြစ်ပါသည်။
၂၁-၁၀-၂၀၁၅(ရန်ကုန်)

credit photos>> မူရင်း ပို့စ်နှင့် ကော်မန့်ပိုင်ရှင်များသို့
လင်း ယုန် မာန်

................................................






ကျနော်တို့လူ့ဘောင် လောကမှာ ဒီလို သတင်း တွေကြား ရနေရတာ ရင်နာလှပါတယ်။
ခံရသူက ရခိုင်လူမျိုး၊ လုပ်သွားတာက စစ်တပ်က ဆိုတော့ ၀မ်းသာ အားရ သတင်း တင်တယ် ဖြစ်မှာ စိုးလို့ သတင်းတွေပဲ လိုက်ဖတ်ခဲ့ဖြစ်တယ်။
ဖေ့ဘုတ် စာမျက်နာ တွေမှာ လိုက်ဖတ်ကြည့်တော့ ကလေးငယ်မလေးရဲ့ မချိမဆန့်
ခံစား နေရတဲ့ မျက်နာ ကို မြင်တဲ့အခါမှာ တော့ တခြား ကလေးငယ်များ အတွက်
ဒီသတင်း ကို တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။
(၁) ကလေး သူငယ်စောင့်ရှောက်ရေး အဖွဲ့တွေလည်း ဒီ ထက်တိုးပြီး ထိရောက်စွာ အလုပ်ပိုလုပ်သင့်ပါပြီ။
(၂) မြန်မာ ပြည် အစိုးရကလည်း NGO INGO တွေနဲ့ တိရောက်စွာ ပူးပေါင်းပညာပေး လုပ်ငန်း၊ ကာကွယ်မှု လုပ်ငန်းများ လုပ်သင့်ပါပြီ။
(၃) ရက်ကွက်တိုင်း၊ မြို့ရွာ တိုင်းမှာ ကလေးသူငယ်များကို စောင့်ရှောက်တဲ့ ပညာပေး အဖွဲ့ငယ်တွေကိုလည်း volunteer များ အနေနဲ့ ဖွဲ့ထားသင့်ပါပြီ။
(၄) ကျေးဇူးရှင် တပ်မတော်ကြီးဟု ခံယူထားသော စစ်တပ်ကလည်း မိမိလက်အောက်ငယ်သားများရဲ့ လိင်ပြသနာ များကို ထိရောက်စွာ ဖြေရှင်းသင့်ပါပြီ။
ဖြစ်ပေါ်လာသော မုဒိန်းမှု များ ကို လည်း ထိရောက်စွာ ဖြေရှင်း ပေးသင့်ပါသည်။ ( ယခင် ၂၀၀၈ခု ဖေ့ဘုတ်ခေတ်မစားခင်က ဟိုပုန်းမြို က ကွန်ပြူ တာ စစ်တက္ကသိုလ်ရှိ လက်ဝှေ့ ကစားသူ စစ်သား တဦးသည် ကိုယ်ဝန်သည် တဦးကို လမ်းဘေး ၀ါးရုံ ထဲ တွန်းပြီး အတူပါလာသော သားငယ်ရှေ့မှာ တင် မတရားပြု ကျင့်ခဲ့ပါသည်။
ထိုအမျိုးသမီးက ကျောင်းသို့သွား တိုင်ခဲ့သည့် အခါ တာဝန်ရှိသူများက တန်းစီ ပြီး
မည်သူဖြစ်သည်ကို လက်ညိုး ထိုးခိုင်းပါသည်။ တရားခံကို လက်ညိုး ညွန်ပြ နိုင်သော်လည်း စစ်တပ် မှ အရေး ယူမည် ဟု ဆိုပြီး ဘယ်လို အရေးယူလိုက်သည်ကို ဒီနေ့ ထိ ဒေသခံများ မသိရ၍ တော်တော်လေး ခံပြင်းကြပါသည်) ။ တပ်တွင်းအုပ်ချုပ်သူများက ဒီလို လျော့ရဲစွာ စီရင်သောကြောင့် တပ်စည်းကမ်း ကို မကြောက်သူများက ဒီလို အတင့်ရဲလာခြင်းဖြစ်ပါသည်။
(မှတ်ချက်။ ။ မုဒိန်းမှု သည် စစ်တပ်တွင် မဟုတ် နေရာတိုင်းမှာ ဖြစ်နိုင်သည်ကို သိပါသည်)
မည်သူ မပြု မိမိ မှု ဆိုသလိုပါပဲ။ မိမိ သားသမီး၊ မိမိပတ်ဝန်းကျင်၊ မိမိ ရပ်၇ွာ လေးကို
ကိုယ်တိုင်ကာကွယ် စောင့်ရှောက်ကြပါ။ မုဒိန်းကောင် သည် ဂျို မပါသည် ကို သတိထားကြစေလိုပါတယ်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးသော ကလေးငယ်များကို တတ်နိုင်သလောက် ၀ိုင်းဝန်း စောင့်ရှောက်ပေးကြပါလို့ ပဲအားလုံးကို တိုက်တွန်း နိုးဆော်လိုပါသည်။
===============================

No comments:

Post a Comment