Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 3, 2015

ေအာ္ရီဂြန္ေကာလိပ္ ပစ္ခတ္မႈ တရားခံတြင္ ေသနတ္ ၁၃ လက္ထိ ပိုင္ဆိုင္ထား

အေမရိကန္ႏုိင္ငံ၊ ေအာ္ရီဂြန္ျပည္နယ္ရွိ ေကာလိပ္တစ္ခုတြင္ ျဖစ္ပြားေသာ ပစ္ခတ္မႈ၌ ျပစ္မႈက်ဴးလြန္သူ ေသနတ္သမားသည္ လက္နက္အမ်ားအျပားကို စုေဆာင္း ဝယ္ယူထားေၾကာင္း ရဲတပ္ဖြဲ႕က ေဖာ္ထုတ္ ေတြ႕ရွိခဲ့သည္။

ေအာက္တိုဘာ ၁ ရက္ နံနက္ အေစာပိုင္းက ေသနတ္သမား ခရစ္ ဟာပါ မာဆာသည္ Umqua ကြန္ျမဴနတီ ေကာလိပ္ထဲတြင္ ဝင္ေရာက္ပစ္ခတ္ရာ လူ ၉ ဦး ေသဆံုးခဲ့ၿပီး ၎ကို လံုၿခံဳေရး တပ္ဖြဲ႕မ်ားက ပစ္ခတ္ သုတ္သင္ခဲ့ရသည္။ အခင္းျဖစ္ခ်ိန္တြင္ မာဆာသည္ က်ည္ကာ ဂ်ာကင္ တစ္ထည္ကို ဝတ္ဆင္ကာ ေသနတ္ ၆ လက္ သယ္ေဆာင္လာေၾကာင္း သိရသည္။

၎ကို ရဲတပ္ဖဲြ႕က ပစ္ခတ္ သုတ္သင္ၿပီးေနာက္ ေနအိမ္ကို သြားေရာက္ ရွာေဖြရာ ေနာက္ထပ္ ေသနတ္ ၇ လက္ကိုပါ ေတြ႕ရွိခဲ့သည္။ အဆိုပါ ေသနတ္ ၁၃ လက္စလံုးသည္ တရားဝင္ ဝယ္ယူထားျခင္း ျဖစ္သည္။

ရဲတပ္ဖြဲ႕က ေသဆံုးသူမ်ား၏ အမည္စာရင္းကို ထုတ္ျပန္ေၾကညာရာ အသက္ ၁၈ ႏွစ္မွ ၆၇ ႏွစ္ထိ အရြယ္အမ်ိဳးမ်ိဳး ပါဝင္ၿပီး အသက္အႀကီးဆံုးမွာ ေကာလိပ္မွ ဆရာတစ္ဥိးဟု သိရသည္။

ယခုျဖစ္ရပ္ အၿပီးတြင္ အေမရိကန္ သမၼတ ဘာရတ္အိုဘားမားက ႏုိင္ငံအတြင္း လက္နက္ကိုင္ေဆာင္ခြင့္ ထိန္းခ်ဳပ္ေရး ဥပေဒကို ျပင္ဆင္ ၾကပ္မတ္ေရး ပိုမို အေလးအနက္ထား လုပ္ေဆာင္သင့္ေၾကာင္း တိုက္တြန္း ေျပာၾကားခဲ့သည္။

မာဆာသည္ ၂၀၀၈ ခုႏွစ္က စစ္တပ္သို႔ ဝင္ေရာက္ခဲ့ေသာ္လည္း တစ္လမွ်အၾကာ အေျခခံ ေလ့က်င့္ခန္း ကာလတြင္ပင္ အေၾကာင္းရင္း မသိဘဲ ျပန္လည္ ႏုတ္ထြက္သြားသည္။ ေအာ္ရီဂြန္ ေကာလိပ္ကို ၎ဝင္ေရာက္ တိုက္ခိုက္သည့္ အဓိက လံႈ႕ေဆာ္မႈကိုလည္း အေျဖရွာမရေသးေခ်။ အျခားေသာ သတင္းမ်ားအရ မာဆာသည္ ၎ဝင္ေရာက္ ပစ္ခတ္ခဲ့သည့္ ေကာလိပ္တြင္လည္း တက္ေရာက္ခဲ့ဖူးေၾကာင္း သိရွိရသည္။
7day daily
......................................
အော်ရီဂွန်ကောလိပ် ပစ်ခတ်မှု တရားခံတွင် သေနတ် ၁၃ လက်ထိ ပိုင်ဆိုင်ထား

အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်ရှိ ကောလိပ်တစ်ခုတွင် ဖြစ်ပွားသော ပစ်ခတ်မှု၌ ပြစ်မှုကျူးလွန်သူ သေနတ်သမားသည် လက်နက်အများအပြားကို စုဆောင်း ဝယ်ယူထားကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ် တွေ့ရှိခဲ့သည်။

အောက်တိုဘာ ၁ ရက် နံနက် အစောပိုင်းက သေနတ်သမား ခရစ် ဟာပါ မာဆာသည် Umqua ကွန်မြူနတီ ကောလိပ်ထဲတွင် ဝင်ရောက်ပစ်ခတ်ရာ လူ ၉ ဦး သေဆုံးခဲ့ပြီး ၎င်းကို လုံခြုံရေး တပ်ဖွဲ့များက ပစ်ခတ် သုတ်သင်ခဲ့ရသည်။ အခင်းဖြစ်ချိန်တွင် မာဆာသည် ကျည်ကာ ဂျာကင် တစ်ထည်ကို ဝတ်ဆင်ကာ သေနတ် ၆ လက် သယ်ဆောင်လာကြောင်း သိရသည်။

၎င်းကို ရဲတပ်ဖွဲ့က ပစ်ခတ် သုတ်သင်ပြီးနောက် နေအိမ်ကို သွားရောက် ရှာဖွေရာ နောက်ထပ် သေနတ် ရ လက်ကိုပါ တွေ့ရှိခဲ့သည်။ အဆိုပါ သေနတ် ၁၃ လက်စလုံးသည် တရားဝင် ဝယ်ယူထားခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့က သေဆုံးသူများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာရာ အသက် ၁၈ နှစ်မှ ၆၇ နှစ်ထိ အရွယ်အမျိုးမျိုး ပါဝင်ပြီး အသက်အကြီးဆုံးမှာ ကောလိပ်မှ ဆရာတစ်ဥိးဟု သိရသည်။

ယခုဖြစ်ရပ် အပြီးတွင် အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက နိုင်ငံအတွင်း လက်နက်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး ဥပဒေကို ပြင်ဆင် ကြပ်မတ်ရေး ပိုမို အလေးအနက်ထား လုပ်ဆောင်သင့်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

မာဆာသည် ၂၀၀၈ ခုနှစ်က စစ်တပ်သို့ ဝင်ရောက်ခဲ့သော်လည်း တစ်လမျှအကြာ အခြေခံ လေ့ကျင့်ခန်း ကာလတွင်ပင် အကြောင်းရင်း မသိဘဲ ပြန်လည် နုတ်ထွက်သွားသည်။ အော်ရီဂွန် ကောလိပ်ကို ၎င်းဝင်ရောက် တိုက်ခိုက်သည့် အဓိက လှုံ့ဆော်မှုကိုလည်း အဖြေရှာမရသေးချေ။ အခြားသော သတင်းများအရ မာဆာသည် ၎င်းဝင်ရောက် ပစ်ခတ်ခဲ့သည့် ကောလိပ်တွင်လည်း တက်ရောက်ခဲ့ဖူးကြောင်း သိရှိရသည်။
7day daily

No comments:

Post a Comment