Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 21, 2015

အငြိမ်းစား ပါမောက္ခချုပ်နှစ်ဦး၏ မတူညီသော နိုင်ငံရေး ခြေလှမ်း


အမျိုးသားပညာရေးဥပဒေမူကြမ်းရေးဆွဲရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် (အငြိမ်းစား)နှင့် မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်(အငြိမ်းစား)တို့သည် ပြိုင်ဘက်ပါတီနှစ်ခုတွင် ကိုယ်စားပြု၍ ရွေးကောက်ပွဲ ဝင်ကြမည်ဖြစ်သည်။  ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်(အငြိမ်းစား) ဒေါက်တာအောင်သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မန္တလေး တက္ကသိုလ်ပါမောက္ခချုပ်  (အငြိမ်းစား) ဒေါက်တာမောင်သင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနမှ အငြိမ်းစားယူခဲ့ပြီးနောက် ပြိုင်ဘက်ပါတီနှစ်ခု၏ ကိုယ်စားလှယ်များအဖြစ် နိုင်ငံရေးနယ်ပယ်သို့ ကူးပြောင်းလာခဲ့သည့် ဒေါက်တာအောင်သူနှင့် ဒေါက်တာမောင်သင်းတို့အား မေးမြန်းထားမှုကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ဒေါက်တာအောင်သူ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်-၆)

ဒေါက်တာအောင်သူ
ပညာရေးနယ်ပယ်ကနေ အငြိမ်းစားယူပြီးတဲ့နောက် နိုင်ငံရေးနယ်ပယ်မှာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခံဖို့ ဆုံးဖြတ်ဖြစ်ပုံကို ပြောပြပေးပါ။
အငြိမ်းစားယူတဲ့ကာလမှာ ကိုယ်တတ်ထားတဲ့ ပညာနဲ့ တိုင်းပြည်ကို အကျိုးပြုဦးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်တာပါ။ ဒီပညာရပ်နဲ့ ပတ်သက်လို့ ဆရာအချိန်ပိုင်း နည်းပြဘဝကနေ တွက်မယ်ဆို ၃၇ နှစ်ကြာ ရင်းနှီးပြီးတော့ ရခဲ့တဲ့ အသိပညာ၊ အတတ်ပညာနဲ့ နိုင်ငံကို အကျိုးပြုဦးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက်ခဲ့တာပါ။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြပေးပါ။
ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ အဆင့်မြင့်ပညာဥပဒေရေးဆွဲရေး ကော်မတီမှာ အဖွဲ့ဝင်အဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် ပြန်လည်ထူထောင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌပဲ။ ဒီလိုအတူ လက်တွဲပြီးတော့ လုပ်ဖြစ်ခဲ့တယ်။ ဆရာပင်စင်ယူခါနီးဆဲဆဲမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖိတ်ခေါ်တယ်။ အဲဒီလိုကြောင့် ဝင်ရောက်ရွေးချယ်ခံတာပါ။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရမယ်ဆိုရင် ပြည်သူအတွက် ဘာတွေဆောင်ရွက်မှာပါလဲ။
ဒါကတော့ ကိုယ့်ပါတီရဲ့ အောင်မြင်မှုအပေါ်မှာ မူတည်တယ်။ လွှတ်တော်မှာဆိုရင်လည်း အဆိုပြုချက်တွေ တင်မယ်။ ပြီးရင် အဆိုပြုချက်တွေကို ဆွေးနွေးတာတွေရှိမယ်။ ဆရာ့ကို ဘာစိတ်ဝင်စားလဲမေးတော့ ကိုယ်တစ်သက်လုံး ပညာရေးနဲ့ ကြီးပြင်းလာတဲ့အတွက် ပညာရေးမြှင့်တင်ရေး ကော်မတီမှာ ပါဝင်ဖို့ စိတ်ဝင်စားတယ်လို့ ပြောခဲ့ပါတယ်။
ပညာရေးကဏ္ဍအတွက် ဘယ်လိုမျိုးဆောင်ရွက်ပေးဖို့ စဉ်းစားထားပါသလဲ။
ပညာရေးဌာနမှာ ကဏ္ဍအလိုက် အားနည်းချက်တွေရှိတယ်။ ပုံသေသတ်မှတ်ပြီးတော့ ဆောင်ရွက်ပေးလို့မရဘူး။ အားလုံးလိုက်လျောညီထွေရှိအောင် ဆောင်ရွက်ပေးရမယ်။ InclusiveEducation ဖြစ်ဖို့အတွက် သင်ယူတဲ့ ကျောင်းသားတွေသာမက သင်ကြားပေးတဲ့ ဆရာတွေကိုပါပံ့ပိုးပေးရမယ်။ ကျောင်းသားတွေအတွက် လိုအပ်တဲ့သင်ထောက်ကူပစ္စည်းတွေ၊ အဆောက်အအုံတွေ လိုအပ်မယ်။ နောက်ပြီးတော့ ကျန်းမာရေး (Health)၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့ (Social Develop-ment)တွေ လုပ်ဆောင်ပေးဖို့ လိုပါမယ်။
ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါဦး။
ဆရာက တက္ကသိုလ်က လာတာဖြစ်တဲ့အတွက် သုတေသနတွေကို အခြေခံပြီးတော့ ပညာရေးတစ်ခုတည်းတင် မဟုတ်ပါဘူး။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးကိစ္စတွေကအစ ပညာရှင်တွေနဲ့ သုတေသနတွေလုပ်ပြီးတော့ ဖြေရှင်းမယ်။ ဥပမာ TrafficJam (ယာဉ်ကြောကျပ်တည်းမှု)ဖြစ်တဲ့ ကိစ္စတွေဆိုရင် ပညာရှင်တွေရဲ့ ကဏ္ဍက နိုင်ငံမှာ ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာကို တက္ကသိုလ်တွေမှာ ရှိတဲ့ ပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ဖြေရှင်းဖို့ လုပ်ချင်ပါတယ်။
ဒေါက်တာမောင်သင်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမဲဆန္ဒနယ်)

ဒေါက်တာမောင်သင်း
ပညာရေးနယ်ပယ်ကနေ အငြိမ်းစားယူပြီးတဲ့နောက် နိုင်ငံရေးနယ်ပယ်မှာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခံဖို့ ဆုံးဖြတ်ဖြစ်ပုံကို ပြောပြပေးပါ။
ရွေးကောက်ပွဲဝင်တဲ့သူအားလုံးက နိုင်ငံကို ဖွံ့ဖြိုးအောင်၊ တိုးတက်အောင် တည်ဆောက်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ကြတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတကာအတွေ့အကြုံလည်းရှိတယ်။စီမံခန့်ခွဲရေးမှာ ညွှန်ကြားရေးမှူး နဲ့အထက်ဖြစ်တဲ့ ဝန်ထမ်းအကြီးအကဲအဖြစ် အလုပ်လုပ်လာတာ (၁၅) နှစ်လောက်ရှိပြီဆိုတော့ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ ကိုယ့်ပတ်ဝန်းကျင်ဖွံ့ဖြိုးရေး၊ ထို့အပြင်အမျိုးသား ပညာရေးဥပဒေမှာလည်း ကိုယ်တိုင်ကိုယ်ကျ ရှေ့ဆုံးက ပါဝင်ရေးဆွဲခဲ့တဲ့အတွက် အဲ့ဒီလိုလူမျိုးတွေရှိရင် ပိုကောင်းတယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် ရွေးကောက်ပွဲ ဝင်တာပါ။
၂၀၁၅အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီးတော့ဝင်ရောက် ယှဉ်ပြိုင်ဖြစ်ခဲ့တဲ့ အကြောင်းကို ပြောပြပေးပါ။
အသင်းစဖွဲ့တဲ့အချိန်တုန်းက ကိုယ်တို့တက္ကသိုလ်ကို အသင်းလာဖွဲ့တဲ့အချိန်မှာ နိုင်ငံတကာအတွေ့အကြုံရှိတဲ့ ကျွန်တော်တို့လည်း ပါဝင်သင့်တယ်ဆိုပြီးတော့ အဲဒီအထဲက ဝင်ခဲ့တာပါ။ နောက်ပိုင်းမှာ ပါတီအသွင်ပြောင်းသွားတော့ ဝန်ထမ်းက ပါတီနိုင်ငံရေးကင်းရှင်းရမယ်ဆိုလို့ ကင်းကင်း ရှင်းရှင်းနေခဲ့ပါတယ်။ ပင်စင်ယူတဲ့အချိန်မှာ ပါတီရဲ့ ဆောင်ရွက်မှုတွေ ပြန်ကြည့်ပြီးတော့ ပါတီက လာရောက်စည်းရုံးတဲ့အချိန်မှာ ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်အရွေးချယ်ခံရမယ်ဆိုရင် ပြည်သူအတွက် ဘာတွေဆောင်ရွက်မှာပါလဲ။
ပညာရေးမြှင့်တင်မှုလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်။ ပညာရေးမြှင့်တင်မှုကော်မတီမှာ ပါဝင်ဆောင်ရွက်မယ်။ မြန်မာနိုင်ငံမှာ အမျိုးသားဥပဒေပဲရှိသေးတယ်၊ နိုင်ငံအတွက် လိုအပ်တဲ့ နောက်ထပ်ဆင့်ပွားဥပဒေတွေ ရေးဆွဲတဲ့နေရာမှာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်မယ်။
ပညာရေးကဏ္ဍအတွက် ဘယ်လိုမျိုးဆောင်ရွက်ပေးဖို့ စဉ်းစားထားပါသလဲ။
ပညာရေးပြုပြင်ပြောင်းလဲရေးက အများကြီးရှိတယ်။ ပထမတစ်ခုအနေနဲ့ ဆရာတွေရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ အရေးကြီးတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံမှာ အရင်တုန်းက တစ်လမ်းသွားပဲ ရှိခဲ့တယ်။ အဲဒီမှာ လေးတန်းပြီးရင်ဖြစ်ဖြစ်၊ ရှစ်တန်းပြီးရင် ဖြစ်ဖြစ်မသင်ချင်လို့ မသင်နိုင်တော့တဲ့ ကလေးတွေကို သင်ပေးနိုင်မယ့် အသက်မွေးဝမ်းကျောင်းကဏ္ဍတွေ ဖွံ့ဖြိုးအောင်ဆောင်ရွက်မယ်။ နောက်တစ်ခုက မြန်မာနိုင်ငံမှာ မူလတန်းပြီးတော့ အလယ်တန်းကို မရောက်ဘဲနဲ့ တစ်ဝက်နီးပါးက ပြုတ်ကျသွားတယ်။ DropOut (ကျောင်းထွက်)ဖြစ်သွားတဲ့ကလေးတွေကို တတ်နိုင်သမျှနည်းအောင် ဆောင်ရွက်မယ်။
ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါဦး။
ပြည်သူ့လွှတ်တော်မှာ တတ်သိပြီး အတွေ့အကြုံရှိသူတွေ ပါဝင်သင့်တယ်။ တစ်ယောက်နဲ့ တစ်ယောက်ယှဉ်ပြိုင်ရွေးရင် ပညာအရည်အချင်းကို အရင်ကြည့်ပါ။ ပြီးရင် အဲဒီလူတွေက စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု၊ ကျေးရွာဖွံ့ဖြိုးမှုတွေကို ဘယ်လောက်ဆောင်ရွက်ခဲ့လဲဆိုတဲ့ အတွေ့အကြုံကို ယှဉ်ကြည့်ပါ။ ပြီးရင် ပါတီချင်း ယှဉ်ကြည့်ပါ။ တိုင်းပြည်ရဲ့ အမျိုးသားရေးဖြစ်တဲ့ အမျိုးဘာသာသာသနာကို အမြဲတမ်းဘယ်လောက်စောင့်ရှောက်ခဲ့လဲဆိုတဲ့ အတွေ့အကြုံတွေကို နှိုင်းယှဉ်ပြီးတော့ ရွေးချယ်သင့်ပါတယ်။ ကျွန်တော်တို့ ထက်သာတဲ့ ကောင်းတဲ့သူရှိရင် တစ်သီးပုဂ္ဂလပဲဖြစ်ဖြစ်၊ ဘယ်ပါတီကပဲဖြစ်ဖြစ် တိုင်းပြည်ကောင်းကျိုးကိုဆောင်ရွက်မယ့်လူကို ဦးစားပေးရွေးချယ်ကြပါ။
http://www.7daydaily.com/story/49139
......................................................................................

အငြိမ်းစား ပါမောက္ခခ်ုပ်နွစ်ဦး၏ မတူညီသော နိုင်ငံရေးျေခလွမ်း

Byဇ္မောိုးလှိုင်
အမိုးသားပညာရေးဥပေဒမူကြမ်းရေးဆြဲရာတြင် ပါဝင်ဆောင်ြရက္ခဲ့ကြေသာ ရန္ကုန္တက္ကသိုလ္ပါမောက္ခခ်ုပ် (အငြိမ်းစား)နွင့် မန္တလေးတက္ကသိုလ္ပါမောက္ခခ်ုပ်(အငြိမ်းစား)တို့သည် ပြိုင္ဘက္ပါတီနွစ္ခုတြင် ကိုယ္စာျးပု၍ ရြေးကောက္ပြဲ ဝင်ကြမည်ျဖစ်သည်။  ရန္ကုန္တက္ကသိုလ္ပါမောက္ခခ်ုပ်(အငြိမ်းစား) ဒေါက္တာအောင်သူသည် အမိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ် ကိုယ္စာျးပု၍ ဝင်ရောက်ယွဉ်ပြိုင္မည်ျဖစ်ပြီး မန္တလေး တက္ကသိုလ္ပါမောက္ခခ်ုပ်  (အငြိမ်းစား) ဒေါက္တာမောင်သင်းသည်ျပည်ထောင္စုကြံ့ခိုင်ရေးနွင့် ဖြံ့ဖြိုးရေးပါတီ ကိုယ္စာျးပု ဝင်ရောက်ယွဉ်ပြိုင္မည်ျဖစ်သည်။ ပညာရေးဝန်ကြီးဌာနမွ အငြိမ်းစားယူခဲ့ပြီးနောက် ပြိုင္ဘက္ပါတီနွစ္ခု၏ ကိုယ္စားလွယ္မ်ားအျဖစ် နိုင်ငံရေးနယ္ပယ်သို့ ကူျးေပာင်းလာခဲ့သည့် ဒေါက္တာအောင်သူနွင့် ဒေါက္တာမောင်သင်းတို့အား မေျးမန်းထားမှုကို ကောက်နုတ်ဖော်ျပလိုက္ပါသည်။

ပညာရေးနယ္ပယ္ကေန အငြိမ်းစားယူပြီးတဲ့နောက် နိုင်ငံရေးနယ္ပယ္မွာ ကိုယ္စားလွယ်လောင်းအျဖစ် ဝင်ရောက်ရြေးခ်ယ္ခံဖို့ ဆုံျးဖတ်ျဖစ္ပုံကိုျေပျာပေပးပါ။

အငြိမ်းစားယူတဲ့ကာလမွာ ကိုယ္တတ္ထားတဲ့ ပညာနဲ့ တိုင်ျးပည္ကို အကိုျးပုဦးမယ္ဆိုတဲ့ ရည်ြရယ္ခ်က္နဲ့ ဝင္တာပါ။ ဒီပညာရပ္နဲ့ ပတ်သက္လို့ ဆရာအခိန္ပိုင်း နည်ျးပဘဝကေန တြက္မယ္ဆို ၃၇ နွစ်ကြာ ရင်းနွီးပြီးတော့ ရခဲ့တဲ့ အသိပညာ၊ အတတ္ပညာနဲ့ နိုင်ငံကို အကိုျးပုဦးမယ္ဆိုတဲ့ ရည်ြရယ္ခ်က္နဲ့ ဝင်ရောက္ခဲ့တာပါ။

၂၀၁၅ အေထြေထြေရြးကောက္ပြဲမွာ အမိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ္ပါတီ ကိုယ္စာျးပုပြီးတော့ ဝင်ရောက်ယွဉ်ပြိုင်ျဖစ္ခဲ့တဲ့အေကြာင်းကိုျေပျာပေပးပါ။

ဒေါ်အောင္ဆန်းစုကြည်ဥက္ကဋ္ဌအျဖစ် ဆောင်ြရက္တဲ့ အဆင့်ျမင့်ပညာဥပေဒေရးဆဲရြေး က္မောတီမွာ အဖြဲ့ဝင်အျဖစ္ပါတယ်။ ရန္ကုန္တက္ကသိုလ်ျပန္လည္ထူထောင်ရေးမွာ ဒေါ်အောင္ဆန်းစုကြည္က ဥက္ကဋ္ဌပဲ။ ဒီလိုအတူ လက္တြဲပြီးတော့ လုပ်ျဖစ္ခဲ့တယ်။ ဆရာပင္စင်ယူခါနီးဆဲဆဲမွာလည်း အမိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ္က ဖိတ်ခေါ်တယ်။ အဲဒီလိုကြောင့် ဝင်ရောက်ရြေးခ်ယ္ခံတာပါ။

အမိုးသားလွှတ်တ္ကောိုယ္စားလွယ်အျဖစ် အေရြးခ်ယ္ခံရမယ္ဆိုရင်ျပည်သူအတြက် ဘာတြေဆာင်ြရက္မွာပါလဲ။

ဒါကေတာ့ ကိုယ့်ပါတီရဲ့ အောင်ျမင္မှုအေပ်ါမွာ မူတည္တယ်။ လွှတ်တ္မေွာာဆိုရင္လည်း အဆျိုပုခ်က်တြေ တင္မယ်။ ပြီးရင် အဆျိုပုခ်က်တြေကို ဆြေးနြေးတာတြေရွိမယ်။ ဆရာ့ကို ဘာစိတ်ဝင္စားလဲမေးတော့ ကိုယ္တစ်သက္လုံး ပညာရေးနဲ့ ကြီျးပင်းလာတဲ့အတြက် ပညာရေျးမှင့်တင်ရေး က္မောတီမွာ ပါဝင္ဖို့ စိတ်ဝင္စားတယ္လို့ျေပာခဲ့ပါတယ်။

ပညာရေးကဏ္ဍအတြက် ဘယ္လိုမိုးဆောင်ြရက်ပေးဖို့ စဉ်းစားထားပါသလဲ။

ပညာရေးဌာနမွာ ကဏ္ဍအလိုက် အားနည်းခ်က်တြေရွိတယ်။ ပုံသေသတ္မွတ်ပြီးတော့ ဆောင်ြရက်ပေးလို့မရဘူး။ အားလုံးလိုက်လော်ညီထြေရွိအောင် ဆောင်ြရက်ပေးရမယ်။ InclusiveEducationျဖစ္ဖို့အတြက် သင်ယူတဲ့ ကော်င်းသားတြေသာမက သင်ကြားပေးတဲ့ ဆရာတြေကိုပါပံ့ပိုးပေးရမယ်။ ကော်င်းသားတြေအတြက် လိုအပ္တဲ့သင်ထောက္ကူပစ္စည်းတြေ၊ အေဆာက်အအုံတြေ လိုအပ္မယ်။ နောက်ပြီးတော့ က်န်းမာရေး (Health)၊ လူမှုဘဝဖြံ့ဖြိုးတိုးတက္ဖို့ (Social Develop-ment)တြေ လုပ်ဆောင်ပေးဖို့ လိုပါမယ်။

ျဖည့်စြက်ျေပာခ်င္တာရွိရင်ျေပျာပေပးပါဦး။

ဆရာက တက္ကသိုလ္က လာတျာဖစ္တဲ့အတြက် သုတေသနေတြကို အျေခခံပြီးတော့ ပညာရေးတစ္ခုတည်းတင် မဟုတ္ပါဘူး။ နိုင်ငံရေး၊ လူမှုရေး၊ စီးပြားရေး၊ က်န်းမာရေးကိစ္စတြေကအစ ပညာရွင်တြေနဲ့ သုတေသနေတြလုပ်ပြီးတော့ျေဖရွင်းမယ်။ ဥပမာ TrafficJam (ယာဉ်ကြောက်ပ္တည်းမှု)ျဖစ္တဲ့ ကိစ္စတြေဆိုရင် ပညာရွင်တြေရဲ့ ကဏ္ဍက နိုင်ငံမွာ ဘယ္လိုျေဖရွင်းနိုင္မလဲဆိုတာကို တက္ကသိုလ်တြေမွာ ရွိတဲ့ ပညာရွင်တြေနဲ့ ပူးပေါင်းပြီးတော့ျေဖရွင်းဖို့ လုပ္ခ်င္ပါတယ်။

ပညာရေးနယ္ပယ္ကေန အငြိမ်းစားယူပြီးတဲ့နောက် နိုင်ငံရေးနယ္ပယ္မွာ ကိုယ္စားလွယ်လောင်းအျဖစ် ဝင်ရောက်ရြေးခ်ယ္ခံဖို့ ဆုံျးဖတ်ျဖစ္ပုံကိုျေပျာပေပးပါ။
ရြေးကောက္ပြဲဝင္တဲ့သူအားလုံးက နိုင်ငံကို ဖြံ့ဖြိုးအောင်၊ တိုးတက်အောင် တည်ဆောက်ကြမယ္ဆိုတဲ့ ရည်ြရယ္ခ်က္နဲ့ ဝင်ကြတယ်။ ကျြန်တော့်အေနနဲ့ နိုင်ငံတကာအေတြ့အကြုံလည်းရွိတယ်။စီမံခန့်ခြဲရေးမွာ ညွှန်ကြားရေးမွူး နဲ့အထက်ျဖစ္တဲ့ ဝန္ထမ်းအကြီးအကဲအျဖစ် အလုပ္လုပ္လာတာ (၁၅) နွစ်လောက်ရွိပြီဆိုတော့ စီမံခန့်ခြဲရေး၊ အုပ္ခ်ုပ်ရေး၊ ကိုယ့်ပတ်ဝန်းက်င္ဖြံ့ဖြိုးရေး၊ ထို့အျပင်အမိုးသား ပညာရေးဥပေဒမွာလည်း ကိုယ္တိုင္ကိုယ္က် ရွေ့ဆုံးက ပါဝင်ရေးဆြဲခဲ့တဲ့အတြက် အဲ့ဒီလိုလူမိုးတြေရွိရင် ပိုကောင်းတယ္ဆိုတဲ့ ရည်ြရယ္ခ်က်ကြောင့် ရြေးကောက္ပြဲ ဝင္တာပါ။
၂၀၁၅အေထြေထြေရြးကောက္ပြဲမျွာပည်ထောင္စုကြံ့ခိုင်ရေးနွင့် ဖြံ့ဖြိုးရေးပါတီ ကိုယ္စာျးပုပြီးတော့ဝင်ရောက် ယွဉ်ပြိုင်ျဖစ္ခဲ့တဲ့ အေကြာင်းကိုျေပျာပေပးပါ။
အသင်းစဖြဲ့တဲ့အခိန္တုန်းက ကိုယ္တို့တက္ကသိုလ္ကို အသင်းလာဖြဲ့တဲ့အခိန္မွာ နိုင်ငံတကာအေတြ့အကြုံရွိတဲ့ က်ြန်တ္တောို့လည်း ပါဝင်သင့်တယ္ဆိုပြီးတော့ အဲဒီအထဲက ဝင္ခဲ့တာပါ။ နောက္ပိုင်းမွာ ပါတီအသြင်ျေပာင်းသြားတော့ ဝန္ထမ်းက ပါတီနိုင်ငံရေးကင်းရွင်းရမယ္ဆိုလို့ ကင်းကင်း ရွင်းရွင်းနေခဲ့ပါတယ်။ ပင္စင်ယူတဲ့အခိန္မွာ ပါတီရဲ့ ဆောင်ြရက္မှုတျြေပန်ကြည့်ပြီးတော့ ပါတီက လာရောက္စည်းရုံးတဲ့အခိန္မွာ ဝင်ရောက္ချဲ့ခင်ျးဖစ္ပါတယ်။
ျပည်သူ့လွှတ်တ္ကောိုယ္စားလွယ် အျဖစ်ေအရြးခ်ယ္ခံရမယ္ဆိုရင်ျပည်သူအတြက် ဘာတြေဆာင်ြရက္မွာပါလဲ။
ပညာရေျးမှင့်တင္မှုလုပ်ငန်းတြေ ဆောင်ြရက်ြသားမယ်။ ပညာရေျးမှင့်တင္မှုက္မောတီမွာ ပါဝင်ဆောင်ြရက္မယ်။ျမန္မာနိုင်ငံမွာ အမိုးသားဥပေဒပဲရွိသေးတယ်၊ နိုင်ငံအတြက် လိုအပ္တဲ့ နောက္ထပ္ဆင့်ပြားဥပေဒေတြ ရေးဆြဲတဲ့နေရာမွာ တက္တက်ကြကြပါဝင်ဆောင်ြရက္မယ်။
ပညာရေးကဏ္ဍအတြက် ဘယ္လိုမိုးဆောင်ြရက်ပေးဖို့ စဉ်းစားထားပါသလဲ။
ပညာရေျးပျုပင်ျေပာင်းလဲရေးက အမ်ားကြီးရွိတယ်။ ပထမတစ္ခုအေနနဲ့ ဆရာတြေရဲ့ အရည်ေအသြးကျိုမှင့်တင္ဖို့ အေရးကြီးတယ်။ နောက္တစ္ခုကျမန္မာနိုင်ငံမွာ အရင္တုန်းက တစ္လမ်းသြားပဲ ရွိခဲ့တယ်။ အဲဒီမွာ လေးတန်းပြီးရင်ျဖစ်ျဖစ်၊ ရွစ္တန်းပြီးရင်ျဖစ်ျဖစ္မသင္ခ်င္လို့ မသင်နိုင်တော့တဲ့ ကေလးတြေကို သင်ပေးနိုင္မယ့် အသက်မြေးဝမ်းကော်င်းကဏ္ဍတြေ ဖြံ့ဖြိုးအောင်ဆောင်ြရက္မယ်။ နောက္တစ္ခုကျမန္မာနိုင်ငံမွာ မူလတန်းပြီးတော့ အလယ္တန်းကို မေရာက္ဘဲနဲ့ တစ်ဝက္နီးပါးကျပုတ္က်သြားတယ်။ DropOut (ကော်င်းထြက်)ျဖစ်ြသားတဲ့ကေလးတြေကို တတ်နိုင်သမ်ွနည်းအောင် ဆောင်ြရက္မယ်။
ျဖည့်စြက်ျေပာခ်င္တာရွိရင်ျေပျာပေပးပါဦး။
ျပည်သူ့လွှတ်တ္မေွာာ တတ်သိပြီး အေတြ့အကြုံရွိသူတြေ ပါဝင်သင့်တယ်။ တစ်ယောက္နဲ့ တစ်ယောက်ယွဉ်ပြိုင်ရြေးရင် ပညာအရည်အခ်င်းကို အရင်ကြည့်ပါ။ ပြီးရင် အဲဒီလူတြေက စီမံခန့်ခြဲမှု၊ အုပ္ခ်ုပ္မှု၊ ကေ်းရြာဖြံ့ဖြိုးမှုတြေကို ဘယ်လောက်ဆောင်ြရက္ခဲ့လဲဆိုတဲ့ အေတြ့အကြုံကို ယွဉ်ကြည့်ပါ။ ပြီးရင် ပါတီခ်င်း ယွဉ်ကြည့်ပါ။ တိုင်ျးပည်ရဲ့ အမိုးသားရေျးဖစ္တဲ့ အမိုးဘာသာသာသနာကို အမြဲတမ်းဘယ်လောက်စောင့်ရွောက္ခဲ့လဲဆိုတဲ့ အေတြ့အကြုံတြေကို နှိုင်းယွဉ်ပြီးတော့ ရြေးခ်ယ်သင့်ပါတယ်။ ကျြန်တ္တောို့ ထက်သာတဲ့ ကောင်းတဲ့သူရွိရင် တစ်သီးပုဂ္ဂလပျဲဖစ်ျဖစ်၊ ဘယ္ပါတီကပျဲဖစ်ျဖစ် တိုင်ျးပည်ကောင်းကိုးကိုဆောင်ြရက္မယ့်လူကို ဦးစားပေးရြေးခ်ယ်ကြပါ။
http://www.7daydaily.com/story/49139

No comments:

Post a Comment