CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, October 10, 2015
ချက်ပြုတ်ပြီး၊ စားသောက်နေတုန်းမှာ အသက်ပြန်ဝင်လာတဲ့ တရုတ်နိုင်ငံက ငါးချိုချဉ်ဟင်း
တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ခုမှာ ၊ ဗိုက်ဆာနေတဲ့ စားသုံးသူတွေဟာ မှာထားတဲ့ဟင်းကို အပီအပြင်လွေးနေချိန်မှာပဲ ပန်းကန်ပြားပေါ်မှာ တည်ခင်းထားတဲ့ ငါးချိုချဉ်ဟင်းက အသက်ဝင်လာ ခဲ့ပါတယ်။
ခဲအရင့်ရောင်ခေါင်းကို ပန်ကန်းပြားအစွန်းမှာ ပုံစံမပျက်တည်ခင်းထားကာ ကိုယ်ပိုင်းကိုတော့ ပြုတ်ချက်ချက်ခံထားရပေမယ့် ဒီငါးဟာ စားနေစဉ်မှာပဲ စတင်လှုပ်ရှားလာခဲ့ပါတယ်။
ဗိုက်ဆာနေတဲ့စားသုံးသူတွေဟာ အညိုရောင်ဆော့အနှစ်တွေနဲ့ အသီးအရွက်တွေ ဖုံးထားတဲ့ ငါးရဲ့ ပန်းရောင်သမ်းနေတဲ့အသားဖြူဖြူကို တူနဲ့ ဂရုတစိုက်ရွေးစားလိုက်တိုင်းမှာ ငါးဟာ ဆန့် ငင်ဆန့် သင် ဖြစ်နေတာကို ဗီဒီယိုမှာ တွေ့ ရပါတယ်။
ဒီ ထူးဆန်းတဲ့ဗီဒီယိုကို တရုတ်နိုင်ငံ၊ Yuexiu ခရိုင်က စားသောက်ဆိုင်တစ်ဆိုင်မှာ ရိုက်ကူးထားတာ ဖြစ်တယ်လို့ ယူဆရပါတယ်။
ငါးဟာ သူ့ အသားအတုံးအတစ်တွေကို ယူစားခံရချိန်မှာ၊ ပန်းကန်ပြားအစွန်းပေါ်မှာ တွန့် လိမ် လှုပ်ခါ နေပါတယ်။ မီးခိုးရောင်ဆူးတောင်တွေဟာ နာကျင်မှုကြောင့် တဖျပ်ဖျပ်ခတ်နေတာကို တွေ့ ရတာကြောင့် ဟင်းပွဲစားနေသူက တူနဲ့ သူ့ ကိုယ်ထဲ တူးဆွနေချိန်မှာ ငါးဟာ အသက်ရှိနေသေးတယ်လို့ ယူဆရပါတယ်။
ပန်းကန်ပြားပေါ်က ငါးတဖျပ်ဖျပ်လူးနေပေမယ့်လည်း၊ ဗိုက်ဆာနေတဲ့စားသောက်သူဟာ ချိုချဉ်ဟင်းအနှစ် တွေနဲ့ ငါးဟင်းကို စားရတာ အာရုံပျက်သွားပုံမပေါ်ပါဘူး။
ဒီဗီဒီယိုကို ဘယ်တုန်းက ရိုက်ထားလဲဆိုတာမသိရပေမယ့် ငါးသေနေရာကနေ ပြန်အသက်ဝင်ပြီး တွန့် လိမ် လှုပ်ရှားတာပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ အမျိုးသမီးတစ်ယောက်ဟာ ငါးအကြေးခွံခွာနေတုန်းမှာ ခေါင်းဖြတ်ထားတဲ့ငါးက သူမလက်ထဲမှာ စတင်လှုပ်ရှားလူးလွန့် လာတဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်ခဲ့သေးပါတယ်။
( Ye Wint )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref: Dailymail
ချက်ပြုတ်ပြီး၊ စားသောက်နေတုန်းမှာ အသက်ပြန်ဝင်လာတဲ့ တရုတ်နိုင်ငံက ငါးချိုချဉ်ဟင်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 10, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment