Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 8, 2015

မဲ မထပ္ေအာင္ ေကာ္မရွင္ အစီအစဥ္ လုပ္ထား

မဲစာရင္းၾကည့္ရႈ႕ေနတဲ့ျပည္သူမ်ား။ 
 ႀကိဳတင္မဲေပးၿပီး သူေတြ အေနနဲ႔ ေနာက္တခါ ထပ္မံ မဲမေပးႏိုင္ေအာင္ ႀကိဳတင္ မဲေပးသူ နာမည္ေတြကို ၿမိဳ႕နယ္ေရြးေကာက္ပြဲ ေကာ္ မရွင္ေတြမွာ ကပ္ထားမွာျဖစ္ တယ္လို႔ ေရြးေကာက္ပြဲေကာ္မရွင္ကေျပာပါတယ္။ ဒီျပင္ ႀကိဳတင္မဲေပးသူ နာမည္ေတြကို ေရြး ေကာက္ပြဲက်င္းပခ်ိန္မွာ မဲေပးမယ့္စာရင္းထဲမွာ ဖ်က္ထားၿပီး ႀကိဳတင္မဲေပးၿပီးေၾကာင္းတခါထဲေရးသြင္းထားမယ္ လို႔လဲေျပာပါ တယ္။ ဒီသတင္း အျပည္႔အစံုကို ဗီြအိုေအျမန္မာပိုင္း ကေမခကေပးပို႔ထားပါတယ္။

ႀကိဳတင္မဲေတြနဲ႔ပတ္သတ္ၿပီး ႀကိဳတင္မဲေပးသူေတြအေနနဲ႔ ၂ခါျပန္မဲေပးႏိုင္ တယ္လို႔ ေဝဖန္ေနၾကတဲ့အေပၚ ေရြးေကာက္ပြဲေကာ္မ ရွင္က ဒီလိုေဝဖန္ေနမႈေတြအေပၚ အခုလို ေျပာဆိုလိုက္ပါတယ္။

“ႀကိဳတင္မဲေပးတဲ့လူေတြရဲ႕ ၁(၁) ပံုစံ၊ ၁(၂) ပံုစံ၊ ၁(၃) ပံုစံ ေတြကို မဲရံုေတြမွာ ကပ္ထားပါတယ္။ မဲရံုမွဴးေတြက အဲဒါေတြကို ႀကိဳတင္မဲေပးၿပီးသားဆိုတဲ့အေၾကာင္းေတြကို မဲစာရင္းေတြမွာ မွတ္ထားပါတယ္။ လာေရာက္လို႔ရွိရင္ ဖမ္းၿပီးေတာ့ အေရးယူပါ့မယ္။ ႏွစ္ခါေပးတဲ့ အတြက္ေၾကာင့္ ျမင္သာစြာ က်ေနာ္တို႔ လုပ္ထားပါတယ္။ မရွင္းတဲ့ပါတီရွိရင္ က်ေနာ့္ဆီကို လာေမးပါလို႔ လမ္းညႊန္လိုက္ပါ ။ ျပည္ပကို ႀကိဳတင္မဲလက္မွတ္ေတြ ထုတ္ေပးၿပီးပါၿပီ။ ၃၄,၀၀၀ ေက်ာ္ ခန္႔မွန္းေျခရွိပါတယ္။ ၃၇ ႏိုင္ငံကေန ေတာင္းခံထားပါတယ္။ ပံုစံ ၁(၃) နဲ႔ စနစ္တက် သက္ဆိုင္ရာၿမိဳ႕နယ္ေတြမွာ ျပဳစုထားပါတယ္။ ပံုစံ ၁ (၃) မွာ ပါတဲ့ စာရင္းအတိုင္းပဲ၊ မဲလက္မွတ္ေတြကို ထုတ္ေပးေနပါၿပီ။”

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကညႊန္ၾကားေရးမႈး ဦးျမင့္ႏိုင္က ႀကိဳတင္မဲနဲ႔ပတ္သတ္ၿပီး ခုလိုေျပာျပခဲ့တာပါ။

ႀကိဳတင္မဲေပးတာမွာ အပိုင္း ၃ပိုင္းခြဲထား ပါတယ္။ ေဆးရံုတက္ေနရ သူမ်ား၊ ေထာင္က်ခံေနရသူမ်ားနဲ႔ ခရီးသြားမည္႔သူေတြ အတြက္ ပံုစံ ၁-၁ နဲ႔ျဖည္႔မွာျဖစ္ၿပီး ေရွ႕တန္းေရာက္တပ္မေတာ္သား၊ ရဲတပ္ဖြဲ႔ဝင္ေတြနဲ႔သူတို႔မိသားစုေတြကိုေတာ့ ပံုစံ ၁-၂နဲ႔ျဖည္႔ ရမွာျဖစ္ပါတယ္။

ျပည္ပေရာက္ေနသူေတြအတြက္ ပံုစံ ၁-၃နဲ႔ျဖည္႔ရမွာ ျဖစ္တယ္ လို႔ ေရြးေကာက္ပြဲေကာ္မရွင္ကေျပာပါတယ္။ ျပည္ တြင္းေနႀကိဳတင္မဲေတြနဲ႔ ပတ္သတ္ၿပီး ဦးျမင့္ႏိုင္က ခုလိုေျပာပါတယ္။

“က်န္တဲ့ တျပည္လံုးအတိုင္းအတာနဲ႔ကေတာ့ ေဆးရံုတက္ေနတာေတြ၊ သင္တန္းတက္ေနရတာေတြ၊ အခ်ဳပ္က်ေနရတာေတြ ဒါေတြကေတာ့ ေရြးေကာက္ပြဲလည္း ေ၀းေသးတဲ့အခါက်ေတာ့ ႀကိဳတင္မဲေတြေလွ်ာက္ပါၿပီ။ တခ်ိဳ႕ေရြးေကာက္ပြဲနီးတဲ့အခါက်ရင္ ေဆးရံုကေန ဆင္းသြားမွာျဖစ္တယ္။ တခ်ိဳ႕အခ်ဳပ္က လႊတ္သြားမွာျဖစ္တယ္။ ဒါေတြနဲ႔ဆိုေတာ့ စာရင္းအတိအက်ခန္႔မွန္းလို႔မရေသးပါ။ မၾကာခင္က်ေနာ္တို႔ အၾကမ္းဖ်င္းသိရမွာပါ။ မၾကာခင္ ေၾကညာကပ္ထားမွာပါ။ တပ္မွာေရာက္ေနတဲ့ တပ္မေတာ္သားေတြနဲ႔ အတူေနမိသားစုေတြနဲ႔ ပံုစံ ၁(၂) နဲ႔ ျပဳစုထားမွာပါ။

မဲရုံေတြနဲ႔ ေကာ္မရွင္ရံုးေတြမွာ ျမင္သာထင္သာေအာင္ ေသေသခ်ာခ်ာကပ္ထားပါ့မယ္။ ၁(၁) ပံုစံ၊ ၁(၂) ပံုစံ၊ ၁(၃) ပံုစံေတြကို ၾကည့္ျခင္းအားျဖင့္ ႀကိဳတင္မဲ ဘယ္သူေတြေပးႏိုင္သလဲဆိုတာကို ထင္ထင္ရွားရွားျမင္ႏိုင္ပါတယ္။ ဘာမွ လွ်ိဳ႕၀ွက္ထားျခင္းမရွိပါဘူး။”

ႀကိဳတင္မဲေတြ မဲရံုေတြကို ေပးပို႔မွာနဲ႔ပတ္သတ္ၿပီးလုပ္ေဆာင္ေနတဲ့အေပၚ ရန္ကုန္တိုင္းေဒသႀကီး အေရွ႕ပိုင္းခရိုင္က ေကာ္မရွင္ ဥကၠဌ ဦးခင္ေမာင္ေက်ာ္က ခုလိုေျပာျပပါတယ္။

“ႀကိဳတင္မဲမွာ ၂ ပိုင္းရွိတယ္။ မဲဆႏၵနယ္ ျပင္ျပေရာက္တဲ့လူေတြက မဲေပးမယ့္ေန႔ ညေန ၄ နာရီ ၿပီးရင္ က်ေနာ္တို႔ လက္ခံေပးလို႔ရတယ္။ ရပ္ကြက္မွာေနတဲ့လူေတြက မဲဆႏၵနယ္အတြင္းမွာ ရွိတဲ့လူေတြ။ ေနမေကာင္းလို႔ သြားမထည့္ႏိုင္သူေတြ ၊ ေနာက္ ဗိုက္ႀကီးတာတို႔ ၊ နဲနဲက်န္းမာေရးမေကာင္းတဲ့လူေတြက ခရီးသြားစရာရွိတဲ့လူေတြက ရပ္ကြက္အတြင္းက ရပ္ကြက္ေကာ္မရွင္ရံုးမွာ တင္တဲ့လူေတြက မဲရံုမဖြင့္ခင္ သူတို႔က ေပးရတယ္။ မဲရံုဖြင့္တဲ့အခ်ိန္အားလံုးေရွ႕မွာ မဲပံုးထဲ ထည့္ၿပီးတာနဲ႔ ေနာက္ထပ္ လက္မခံေတာ့ဘူးခင္ဗ်ာ။ ေပးတဲ့လူရဲ႕ အမည္စာရင္းေတြလည္း ကပ္ေပးထားမယ္ ခင္ဗ်ာ။ အေရအတြက္ ဘယ္ေလာက္ရွိသလဲ၊ ဘယ္သူေတြေပးသလဲ စစ္ေဆးႏိုင္ေအာင္လို႔ ကပ္ထားေပးမယ္ ခင္ဗ်ာ။ က်ေနာ္တို႔ မဲစာရင္းထဲမွာ ဖ်က္ထားၿပီးေတာ့ ေဘးကေနၿပီးေတာ့ ႀကိဳတင္မဲလို႔ က်ေနာ္တို႔က မွတ္ထားမယ္ ခင္ဗ်ာ။”

ႀကိဳတင္မဲေပးလိုသူေတြအေနနဲ႔ ပံုစံ ၁၅နဲ႔ ေလွ်ာက္ရမွာပါ။ ေလွ်ာက္ရမယ့္ပံုစံကို ဦးခင္ေမာင္ေက်ာ္က ခုလိုရွင္းျပခဲ့ပါေသးတယ္။

“ႀကိဳတင္မဲလိုခ်င္လို႔ရွိရင္ က်ေနာ္တို႔ကို အေၾကာင္းၾကားၿပီးေတာ့ ပံုစံ ၁၅ ေတာင္းရမွာပါ ခင္ဗ်ာ။ ပံုစံ ၁၅ က အဓိကေျပာရရင္ ကိုယ္တိုင္လက္မွတ္ပါရမယ္။ ၿပီးရင္ ဌာနဆိုင္ရာအႀကီးအကဲ လက္မွတ္ပါရမယ္။ ကိုယ္တိုင္ပဲ လက္မွတ္ထိုးေလွ်ာက္မွ ရမယ္။”

လက္ရွိမွာ ႀကိဳတင္မဲေပးလိုသူေတြ အေနနဲ႔ ေရြးေကာက္ပြဲေကာ္မရွင္ရံုးေတြ မွာ ေလွ်ာက္ထားႏိုင္ၿပီျဖစ္ပါတယ္။ ႏိုင္ငံျပင္ပေရာက္ေနတဲ့ မဲဆႏၵရွင္ေတြအတြက္ ႀကိဳတင္ဆႏၵမဲလက္မွတ္ေတြကို ႔ ေအာက္တိုဘာလ ၃ ရက္ေန႔က စတင္ၿပီးေတာ့ ၿမိဳ႕နယ္ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔ခြဲေတြကေန ႏုိင္ငံျခားေရးဝန္ႀကီးဌာနကို လႊဲေျပာင္းေပးေနပါတယ္။ ဒီလႊဲ ေျပာင္း၊ လက္ခံျခင္း ေဆာင္ရြက္ခ်က္ေတြကို သက္ဆုိင္ရာႏုိင္ငံေရးပါတီေတြနဲ႔ ျပည္တြင္းျပည္ပ ေရြးေကာက္ပြဲ ေစာင့္ၾကည့္ ေလ့လာေရး အဖြဲ႔ေတြ လာေရာက္ ေလ့လာႏုိင္တယ္ လို႔ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ဖိတ္ေခၚထားပါတယ္။

ဒါေပမယ့္ ပါတီေတြနဲ႔ ေရြးေကာက္ပြဲေလ့လာသူေတြက ေတာ့ ႀကိဳတင္မဲကေန မဲမသာမႈလုပ္ေဆာင္လာႏိုင္တာေတြရွိတယ္လို႔ ေထာက္ျပေဝဖန္မႈေတြရွိေနပါတယ္။

 ေမခ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.....................

မဲစာရင်းကြည့်ရှု့နေတဲ့ပြည်သူများ။
 ကြိုတင်မဲပေးပြီး သူတွေ အနေနဲ့ နောက်တခါ ထပ်မံ မဲမပေးနိုင်အောင် ကြိုတင် မဲပေးသူ နာမည်တွေကို မြို့နယ်ရွေးကောက်ပွဲ ကော် မရှင်တွေမှာ ကပ်ထားမှာဖြစ် တယ်လို့ ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။ ဒီပြင် ကြိုတင်မဲပေးသူ နာမည်တွေကို ရွေး ကောက်ပွဲကျင်းပချိန်မှာ မဲပေးမယ့်စာရင်းထဲမှာ ဖျက်ထားပြီး ကြိုတင်မဲပေးပြီးကြောင်းတခါထဲရေးသွင်းထားမယ် လို့လဲပြောပါ တယ်။ ဒီသတင်း အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း ကမေခကပေးပို့ထားပါတယ်။

ကြိုတင်မဲတွေနဲ့ပတ်သတ်ပြီး ကြိုတင်မဲပေးသူတွေအနေနဲ့ ၂ခါပြန်မဲပေးနိုင် တယ်လို့ ဝေဖန်နေကြတဲ့အပေါ် ရွေးကောက်ပွဲကော်မ ရှင်က ဒီလိုဝေဖန်နေမှုတွေအပေါ် အခုလို ပြောဆိုလိုက်ပါတယ်။

“ကြိုတင်မဲပေးတဲ့လူတွေရဲ့ ၁(၁) ပုံစံ၊ ၁(၂) ပုံစံ၊ ၁(၃) ပုံစံ တွေကို မဲရုံတွေမှာ ကပ်ထားပါတယ်။ မဲရုံမှူးတွေက အဲဒါတွေကို ကြိုတင်မဲပေးပြီးသားဆိုတဲ့အကြောင်းတွေကို မဲစာရင်းတွေမှာ မှတ်ထားပါတယ်။ လာရောက်လို့ရှိရင် ဖမ်းပြီးတော့ အရေးယူပါ့မယ်။ နှစ်ခါပေးတဲ့ အတွက်ကြောင့် မြင်သာစွာ ကျနော်တို့ လုပ်ထားပါတယ်။ မရှင်းတဲ့ပါတီရှိရင် ကျနော့်ဆီကို လာမေးပါလို့ လမ်းညွှန်လိုက်ပါ ။ ပြည်ပကို ကြိုတင်မဲလက်မှတ်တွေ ထုတ်ပေးပြီးပါပြီ။ ၃၄,၀၀၀ ကျော် ခန့်မှန်းခြေရှိပါတယ်။ ၃၇ နိုင်ငံကနေ တောင်းခံထားပါတယ်။ ပုံစံ ၁(၃) နဲ့ စနစ်တကျ သက်ဆိုင်ရာမြို့နယ်တွေမှာ ပြုစုထားပါတယ်။ ပုံစံ ၁ (၃) မှာ ပါတဲ့ စာရင်းအတိုင်းပဲ၊ မဲလက်မှတ်တွေကို ထုတ်ပေးနေပါပြီ။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကညွှန်ကြားရေးမှုး ဦးမြင့်နိုင်က ကြိုတင်မဲနဲ့ပတ်သတ်ပြီး ခုလိုပြောပြခဲ့တာပါ။

ကြိုတင်မဲပေးတာမှာ အပိုင်း ၃ပိုင်းခွဲထား ပါတယ်။ ဆေးရုံတက်နေရ သူများ၊ ထောင်ကျခံနေရသူများနဲ့ ခရီးသွားမည့်သူတွေ အတွက် ပုံစံ ၁-၁ နဲ့ဖြည့်မှာဖြစ်ပြီး ရှေ့တန်းရောက်တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့သူတို့မိသားစုတွေကိုတော့ ပုံစံ ၁-၂နဲ့ဖြည့် ရမှာဖြစ်ပါတယ်။

ပြည်ပရောက်နေသူတွေအတွက် ပုံစံ ၁-၃နဲ့ဖြည့်ရမှာ ဖြစ်တယ် လို့ ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။ ပြည် တွင်းနေကြိုတင်မဲတွေနဲ့ ပတ်သတ်ပြီး ဦးမြင့်နိုင်က ခုလိုပြောပါတယ်။

“ကျန်တဲ့ တပြည်လုံးအတိုင်းအတာနဲ့ကတော့ ဆေးရုံတက်နေတာတွေ၊ သင်တန်းတက်နေရတာတွေ၊ အချုပ်ကျနေရတာတွေ ဒါတွေကတော့ ရွေးကောက်ပွဲလည်း ဝေးသေးတဲ့အခါကျတော့ ကြိုတင်မဲတွေလျှောက်ပါပြီ။ တချို့ရွေးကောက်ပွဲနီးတဲ့အခါကျရင် ဆေးရုံကနေ ဆင်းသွားမှာဖြစ်တယ်။ တချို့အချုပ်က လွှတ်သွားမှာဖြစ်တယ်။ ဒါတွေနဲ့ဆိုတော့ စာရင်းအတိအကျခန့်မှန်းလို့မရသေးပါ။ မကြာခင်ကျနော်တို့ အကြမ်းဖျင်းသိရမှာပါ။ မကြာခင် ကြေညာကပ်ထားမှာပါ။ တပ်မှာရောက်နေတဲ့ တပ်မတော်သားတွေနဲ့ အတူနေမိသားစုတွေနဲ့ ပုံစံ ၁(၂) နဲ့ ပြုစုထားမှာပါ။

မဲရုံတွေနဲ့ ကော်မရှင်ရုံးတွေမှာ မြင်သာထင်သာအောင် သေသေချာချာကပ်ထားပါ့မယ်။ ၁(၁) ပုံစံ၊ ၁(၂) ပုံစံ၊ ၁(၃) ပုံစံတွေကို ကြည့်ခြင်းအားဖြင့် ကြိုတင်မဲ ဘယ်သူတွေပေးနိုင်သလဲဆိုတာကို ထင်ထင်ရှားရှားမြင်နိုင်ပါတယ်။ ဘာမှ လျှို့ဝှက်ထားခြင်းမရှိပါဘူး။”

ကြိုတင်မဲတွေ မဲရုံတွေကို ပေးပို့မှာနဲ့ပတ်သတ်ပြီးလုပ်ဆောင်နေတဲ့အပေါ် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်က ကော်မရှင် ဥက္ကဌ ဦးခင်မောင်ကျော်က ခုလိုပြောပြပါတယ်။

“ကြိုတင်မဲမှာ ၂ ပိုင်းရှိတယ်။ မဲဆန္ဒနယ် ပြင်ပြရောက်တဲ့လူတွေက မဲပေးမယ့်နေ့ ညနေ ၄ နာရီ ပြီးရင် ကျနော်တို့ လက်ခံပေးလို့ရတယ်။ ရပ်ကွက်မှာနေတဲ့လူတွေက မဲဆန္ဒနယ်အတွင်းမှာ ရှိတဲ့လူတွေ။ နေမကောင်းလို့ သွားမထည့်နိုင်သူတွေ ၊ နောက် ဗိုက်ကြီးတာတို့ ၊ နဲနဲကျန်းမာရေးမကောင်းတဲ့လူတွေက ခရီးသွားစရာရှိတဲ့လူတွေက ရပ်ကွက်အတွင်းက ရပ်ကွက်ကော်မရှင်ရုံးမှာ တင်တဲ့လူတွေက မဲရုံမဖွင့်ခင် သူတို့က ပေးရတယ်။ မဲရုံဖွင့်တဲ့အချိန်အားလုံးရှေ့မှာ မဲပုံးထဲ ထည့်ပြီးတာနဲ့ နောက်ထပ် လက်မခံတော့ဘူးခင်ဗျာ။ ပေးတဲ့လူရဲ့ အမည်စာရင်းတွေလည်း ကပ်ပေးထားမယ် ခင်ဗျာ။ အရေအတွက် ဘယ်လောက်ရှိသလဲ၊ ဘယ်သူတွေပေးသလဲ စစ်ဆေးနိုင်အောင်လို့ ကပ်ထားပေးမယ် ခင်ဗျာ။ ကျနော်တို့ မဲစာရင်းထဲမှာ ဖျက်ထားပြီးတော့ ဘေးကနေပြီးတော့ ကြိုတင်မဲလို့ ကျနော်တို့က မှတ်ထားမယ် ခင်ဗျာ။”

ကြိုတင်မဲပေးလိုသူတွေအနေနဲ့ ပုံစံ ၁၅နဲ့ လျှောက်ရမှာပါ။ လျှောက်ရမယ့်ပုံစံကို ဦးခင်မောင်ကျော်က ခုလိုရှင်းပြခဲ့ပါသေးတယ်။

“ကြိုတင်မဲလိုချင်လို့ရှိရင် ကျနော်တို့ကို အကြောင်းကြားပြီးတော့ ပုံစံ ၁၅ တောင်းရမှာပါ ခင်ဗျာ။ ပုံစံ ၁၅ က အဓိကပြောရရင် ကိုယ်တိုင်လက်မှတ်ပါရမယ်။ ပြီးရင် ဌာနဆိုင်ရာအကြီးအကဲ လက်မှတ်ပါရမယ်။ ကိုယ်တိုင်ပဲ လက်မှတ်ထိုးလျှောက်မှ ရမယ်။”

လက်ရှိမှာ ကြိုတင်မဲပေးလိုသူတွေ အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးတွေ မှာ လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ နိုင်ငံပြင်ပရောက်နေတဲ့ မဲဆန္ဒရှင်တွေအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်တွေကို ့ အောက်တိုဘာလ ၃ ရက်နေ့က စတင်ပြီးတော့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေကနေ နိုင်ငံခြားရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးနေပါတယ်။ ဒီလွှဲ ပြောင်း၊ လက်ခံခြင်း ဆောင်ရွက်ချက်တွေကို သက်ဆိုင်ရာနိုင်ငံရေးပါတီတွေနဲ့ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့တွေ လာရောက် လေ့လာနိုင်တယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖိတ်ခေါ်ထားပါတယ်။

ဒါပေမယ့် ပါတီတွေနဲ့ ရွေးကောက်ပွဲလေ့လာသူတွေက တော့ ကြိုတင်မဲကနေ မဲမသာမှုလုပ်ဆောင်လာနိုင်တာတွေရှိတယ်လို့ ထောက်ပြဝေဖန်မှုတွေရှိနေပါတယ်။

 မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment