Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 8, 2015

အမုန္းတရားသင္တဲ့ ေက်ာင္းကို ပိတ္ခ်မယ္

ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ ေဒးဗစ္ ကင္မရြန္ (Credit: AFP) 
 ၿဗိတိန္ႏိုင္ငံ ​ဝန္ႀကီးခ်ဳပ္က ​အစြန္းေရာက္ဝါဒီေတြ ​သင္ၾကားေပးတဲ့ ​စာသင္ေက်ာင္းေတြကို ​ပိတ္ခ်ပစ္မယ္လို႔ ​ေျပာဆိုလိုက္ပါတယ္။

ကြန္ဆာေဗးတစ္ပါတီ ​ညီလာခံမွာ ​ဝန္ႀကီးခ်ဳပ္ ​ေဒးဗစ္ကင္မရြန္က ​အမုန္းတရားအေၾကာင္း ​သင္ၾကားတဲ့ ​ဘာသာေရးေက်ာင္း ​မွန္သမွ်ကို ​ပိတ္ခ်ပစ္မယ္လို႔ ​ေျပာပါတယ္။

ကေလးေတြကို ​တျခားဘာသာေတြနဲ႔ ​မေပါင္းသင့္ဘူးလို႔ ​သင္ၾကားတဲ့ ​ေက်ာင္းေတြ၊ ​ကေလးေတြကို ​ရိုက္တဲ့ေက်ာင္းေတြနဲ႔ ​မတူကြဲျပားမႈကို ​သီးမခံတဲ့အရာေတြကို ​သင္ၾကားေပးရင္ေတာ့ ​ပိတ္ခ်တာကို ​ခံရမယ္လို႔ ​ေျပာသြားခဲ့တာပါ။ ​

ၿဗိတိန္ႏုိင္ငံက ​ဘာသာေရးေက်ာင္းေတြကို ​အစိုးရက ​ဝင္ေရာက္စစ္ေဆးရင္ ​တံခါးကို ​လွဳိက္လွဳိက္လွဲလွဲ ​ဖြင့္ေပးတဲ့ ​ေက်ာင္းေတြ ​အမ်ားစု ​ျဖစ္တယ္လို႔ ​ေျပာၿပီး ​ၿဗိတိန္အစိုးရအေနနဲ႔ ​ေစာင့္ၾကည့္သြားမယ္လို႔ ​ေျပာပါတယ္။

ၾသစေၾတးလ်ႏုိင္ငံမွာလည္း ​လူငယ္ေတြ ​အစြန္းေရာက္ဝါဒီေတြ ​ကိုင္စြဲလာတာေၾကာင့္ ​အစိုးရက ​လူမႈအဖြဲ႔အစည္းေတြမွာ ​အစြန္းေရာက္ဝါဒီေတြ ​တိုက္ဖ်က္ႏိုင္ေအာင္ ​ရံပုံေငြေတြ ​ခ်ေပးထားပါတယ္။

လူငယ္ေတြနဲ႔ ​အလုပ္လုပ္ေနတဲ့ ​Sarkis ​Achmar ​က ​စိတ္ေလေနတဲ့ ​လူငယ္ေတြကို ​လုပ္စရာအလုပ္ေတြ၊ ​ကစားစရာ ​အားကစားေတြ၊ ​ေက်ာင္းေတြ ​ပို႔ထားႏိုင္ေပမယ့္ ​ညအခ်ိန္ေရာက္လို႔ ​သူတို႔အိမ္ကို ​ျပန္သြားတဲ့အခါမွာ ​သူတို႔ေခါင္းထဲ ​ေတြးတဲ့ ​အေတြးေတြအထိ ​ေကာင္းမြန္မႈေတြ ​လုပ္ေအာင္ ​တိုက္တြန္းဖို႔ ​လိုတယ္လို႔ ​ေျပာပါတယ္။ ​အဲလိုမွ ​မလုပ္ႏိုင္ရင္ ​လူငယ္ေတြက ​သူတို႔ကို ​အၿမဲတမ္းလက္ခံ ​ႀကိဳဆိုတဲ့ ​ေနရာေတြ၊ ​အဖြဲ႔ေတြဆီကို ​ေရာက္သြားႏိုင္ၿပီး ​IS ​အဖြဲ႔က ​အဲဒီလို ​နည္းနဲ႔ ​ဆြဲေဆာင္ေနတာလို႔ ​ေျပာပါတယ္။

လူငယ္ေတြ ​အထီးမက်န္ေအာင္ ​သူတို႔ကို ​လက္ခံတဲ့ ​အဖြဲ႔ေတြ၊ ​သူတို႔ကို ​ေပ်ာ္ရႊင္မႈေပးတဲ့ ​အဖြဲ႔ေတြ၊ ​ေနရာေတြကို ​ဖန္တီးေပးရမယ္လို႔ ​ေျပာသြားခဲ့ပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese
..............

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် (Credit: AFP)
 ဗြိတိန်နိုင်ငံ ​ဝန်ကြီးချုပ်က ​အစွန်းရောက်ဝါဒီတွေ ​သင်ကြားပေးတဲ့ ​စာသင်ကျောင်းတွေကို ​ပိတ်ချပစ်မယ်လို့ ​ပြောဆိုလိုက်ပါတယ်။

ကွန်ဆာဗေးတစ်ပါတီ ​ညီလာခံမှာ ​ဝန်ကြီးချုပ် ​ဒေးဗစ်ကင်မရွန်က ​အမုန်းတရားအကြောင်း ​သင်ကြားတဲ့ ​ဘာသာရေးကျောင်း ​မှန်သမျှကို ​ပိတ်ချပစ်မယ်လို့ ​ပြောပါတယ်။

ကလေးတွေကို ​တခြားဘာသာတွေနဲ့ ​မပေါင်းသင့်ဘူးလို့ ​သင်ကြားတဲ့ ​ကျောင်းတွေ၊ ​ကလေးတွေကို ​ရိုက်တဲ့ကျောင်းတွေနဲ့ ​မတူကွဲပြားမှုကို ​သီးမခံတဲ့အရာတွေကို ​သင်ကြားပေးရင်တော့ ​ပိတ်ချတာကို ​ခံရမယ်လို့ ​ပြောသွားခဲ့တာပါ။ ​

ဗြိတိန်နိုင်ငံက ​ဘာသာရေးကျောင်းတွေကို ​အစိုးရက ​ဝင်ရောက်စစ်ဆေးရင် ​တံခါးကို ​လှိုက်လှိုက်လှဲလှဲ ​ဖွင့်ပေးတဲ့ ​ကျောင်းတွေ ​အများစု ​ဖြစ်တယ်လို့ ​ပြောပြီး ​ဗြိတိန်အစိုးရအနေနဲ့ ​စောင့်ကြည့်သွားမယ်လို့ ​ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာလည်း ​လူငယ်တွေ ​အစွန်းရောက်ဝါဒီတွေ ​ကိုင်စွဲလာတာကြောင့် ​အစိုးရက ​လူမှုအဖွဲ့အစည်းတွေမှာ ​အစွန်းရောက်ဝါဒီတွေ ​တိုက်ဖျက်နိုင်အောင် ​ရံပုံငွေတွေ ​ချပေးထားပါတယ်။

လူငယ်တွေနဲ့ ​အလုပ်လုပ်နေတဲ့ ​Sarkis ​Achmar ​က ​စိတ်လေနေတဲ့ ​လူငယ်တွေကို ​လုပ်စရာအလုပ်တွေ၊ ​ကစားစရာ ​အားကစားတွေ၊ ​ကျောင်းတွေ ​ပို့ထားနိုင်ပေမယ့် ​ညအချိန်ရောက်လို့ ​သူတို့အိမ်ကို ​ပြန်သွားတဲ့အခါမှာ ​သူတို့ခေါင်းထဲ ​တွေးတဲ့ ​အတွေးတွေအထိ ​ကောင်းမွန်မှုတွေ ​လုပ်အောင် ​တိုက်တွန်းဖို့ ​လိုတယ်လို့ ​ပြောပါတယ်။ ​အဲလိုမှ ​မလုပ်နိုင်ရင် ​လူငယ်တွေက ​သူတို့ကို ​အမြဲတမ်းလက်ခံ ​ကြိုဆိုတဲ့ ​နေရာတွေ၊ ​အဖွဲ့တွေဆီကို ​ရောက်သွားနိုင်ပြီး ​IS ​အဖွဲ့က ​အဲဒီလို ​နည်းနဲ့ ​ဆွဲဆောင်နေတာလို့ ​ပြောပါတယ်။

လူငယ်တွေ ​အထီးမကျန်အောင် ​သူတို့ကို ​လက်ခံတဲ့ ​အဖွဲ့တွေ၊ ​သူတို့ကို ​ပျော်ရွှင်မှုပေးတဲ့ ​အဖွဲ့တွေ၊ ​နေရာတွေကို ​ဖန်တီးပေးရမယ်လို့ ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

No comments:

Post a Comment