Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 5, 2015

အစိုးရ စစ္အင္အား အလုံးအရင္း ကခ်င္ျပည္နယ္သို႔ ေရလမ္း ရထားလမ္းျဖင့္ သယ္ပို႔ေန

ကခ်င္ျပည္နယ္ ေရွ႕တန္းသို႔ တက္လာေသာ အစိုးရစစ္သားမ်ား
  တႏိုင္ငံလုံးအပစ္အခတ္ရပ္စဲေရး စာခ်ဳပ္ NCA ကို တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕ အားလုံး လက္မွတ္ေရးထိုးရန္ က်ဆုံးၿပီးေနာက္ ျမန္မာအစိုးရ စစ္အင္အား အလုံးအရင္း ကခ်င္ျပည္နယ္သို႔ ေရလမ္း ရထားလမ္းျဖင့္ သယ္ပို႔ေနပါသည္။

တပ္မ(၅၅) စစ္သားမ်ား တင္ေဆာင္ထားေသာ သေဘၤာ(၂)စီး ယမန္ေန႔ည စစ္ကိုင္းတိုင္း ကခ်င္ျပည္နယ္ နယ္စပ္ ေရႊကူ ဧရာ၀တီျမစ္ဆိပ္ကမ္းသို႔ ဆိုဒ္ေရာက္လာေၾကာင္း ေလ့လာသူမ်ားေျပာသည္။

၎ သေဘာၤ(၂)စီးႏွင့္ စစ္သားမ်ား ယေန႔ ကခ်င္ျပည္နယ္သို႔ ဆက္လက္ထြက္ခြာသြားျခင္း ရိွ မရိွ မသိရ ေသးပါ။

ၿပီးခဲ့ေသာ သုံးရက္ကလည္း ျမစ္ၾကီးနားျမိဳ႕သို႔ ရထားျဖင့္ အစိုးရစစ္သားမ်ား သယ္ပို႔ခဲ့ေၾကာင္း ေဒသခံမ်ားဆိုသည္။

ယခုခ်ိန္ အစိုးရတပ္ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ၾကား တိုက္ပြဲျဖစ္ပြားေနေသာ ကခ်င္ျပည္နယ္ေတာင္ပိုင္း မံစီျမိဳ႕ ပတ္၀န္းက်င္မွာ အစိုးရတပ္ လက္နက္ၾကီးမ်ား ထပ္ျဖည့္ထားျခင္းႏွင့္ စစ္ျမည္းမ်ား ကား(၄)စီးျဖင့္ လြန္ခဲ့ေသာအပတ္အတြင္း သယ္ပို႔ထားခဲ့သည္ဟု KIA အရာရိွမ်ားေျပာသည္။
  
ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO အပါအ၀င္ အဓိက တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕မ်ားမွ NCA စာခ်ဳပ္ လက္မွတ္ေရးထိုးရန္ “အဆင္သင့္ မျဖစ္ေသးဟု” ဆုိၿပီး လြန္ခဲ့ေသာအပတ္က ျငင္းဆန္ခဲ့သည္။

ျမန္မာအစိုးရ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရးလုပ္ငန္းေကာ္မတီ UPWC အဖြဲ႕ ဒုတိယ ဥကၠဌ ျပည္ေထာင္စု၀န္ၾကီး ဦးေအာင္မင္း က လက္မွတ္မထုိးေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔မ်ားကို လက္မွတ္မထိုးေသာေၾကာင့္ ဆိုၿပီး ထိုးစစ္ဆင္မွာ မဟုတ္ေၾကာင္း ယမန္ေန႔ ျမန္မာသတင္းမီဒီယာမ်ားကို ေျပာၾကားခဲ့သည္။

ယခုေနာက္ဆုံး အစိုးရ စစ္အင္အား အလုံးအရင္း ကခ်င္ျပည္နယ္သို႔ သယ္ပို႔မႈသည္ KIO အား ထပ္မံ ထိုးစစ္ဆင္ရန္ ျပင္ဆင္မႈ ျဖစ္ႏိုင္ၿပီး အျမဲတမ္း အစိုးရ၏ ‘အေျပာႏွင့္ အလုပ္’ တျခားစီျဖစ္ေနကာ ယုံ၍မရေၾကာင္း KIO အရာရိွမ်ားဆိုသည္။

Kachinnews
http://kachin.kachinnews.com
................................

ကချင်ပြည်နယ် ရှေ့တန်းသို့ တက်လာသော အစိုးရစစ်သားများ
  တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် NCA ကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အားလုံး လက်မှတ်ရေးထိုးရန် ကျဆုံးပြီးနောက် မြန်မာအစိုးရ စစ်အင်အား အလုံးအရင်း ကချင်ပြည်နယ်သို့ ရေလမ်း ရထားလမ်းဖြင့် သယ်ပို့နေပါသည်။

တပ်မ(၅၅) စစ်သားများ တင်ဆောင်ထားသော သင်္ဘော(၂)စီး ယမန်နေ့ည စစ်ကိုင်းတိုင်း ကချင်ပြည်နယ် နယ်စပ် ရွှေကူ ဧရာဝတီမြစ်ဆိပ်ကမ်းသို့ ဆိုဒ်ရောက်လာကြောင်း လေ့လာသူများပြောသည်။

၎င်း သဘောင်္(၂)စီးနှင့် စစ်သားများ ယနေ့ ကချင်ပြည်နယ်သို့ ဆက်လက်ထွက်ခွာသွားခြင်း ရှိ မရှိ မသိရ သေးပါ။

ပြီးခဲ့သော သုံးရက်ကလည်း မြစ်ကြီးနားမြို့သို့ ရထားဖြင့် အစိုးရစစ်သားများ သယ်ပို့ခဲ့ကြောင်း ဒေသခံများဆိုသည်။

ယခုချိန် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲဖြစ်ပွားနေသော ကချင်ပြည်နယ်တောင်ပိုင်း မံစီမြို့ ပတ်ဝန်းကျင်မှာ အစိုးရတပ် လက်နက်ကြီးများ ထပ်ဖြည့်ထားခြင်းနှင့် စစ်မြည်းများ ကား(၄)စီးဖြင့် လွန်ခဲ့သောအပတ်အတွင်း သယ်ပို့ထားခဲ့သည်ဟု KIA အရာရှိများပြောသည်။
 
ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် အဓိက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များမှ NCA စာချုပ် လက်မှတ်ရေးထိုးရန် “အဆင်သင့် မဖြစ်သေးဟု” ဆိုပြီး လွန်ခဲ့သောအပတ်က ငြင်းဆန်ခဲ့သည်။

မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC အဖွဲ့ ဒုတိယ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က လက်မှတ်မထိုးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လက်မှတ်မထိုးသောကြောင့် ဆိုပြီး ထိုးစစ်ဆင်မှာ မဟုတ်ကြောင်း ယမန်နေ့ မြန်မာသတင်းမီဒီယာများကို ပြောကြားခဲ့သည်။

ယခုနောက်ဆုံး အစိုးရ စစ်အင်အား အလုံးအရင်း ကချင်ပြည်နယ်သို့ သယ်ပို့မှုသည် KIO အား ထပ်မံ ထိုးစစ်ဆင်ရန် ပြင်ဆင်မှု ဖြစ်နိုင်ပြီး အမြဲတမ်း အစိုးရ၏ ‘အပြောနှင့် အလုပ်’ တခြားစီဖြစ်နေကာ ယုံ၍မရကြောင်း KIO အရာရှိများဆိုသည်။

Kachinnews
http://kachin.kachinnews.com

No comments:

Post a Comment