Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 20, 2015

ထိုင္း​ျမန္​မာ​နယ္​စပ္ ​ဒု​ကၡ​သည္​ေတြ ​ေန​ရပ္​ျပန္​ေရး ​ေဆြး​ေႏြး

 ​ျမန္​မာ​ႏိုင္​ငံ​ဘက္​မွာ ​အ​ေျခ​အ​ေန ​တိုး​တက္ ​လာ​တာ​ေၾကာင့္​ဒု​ကၡ​သည္​ေတြ ​ေန​ရပ္​ျပန္​ေရး ​ဦး​စား​ေပး ​ေဆာင္​ရြက္ ​သင့္​ေၾကာင္း ​ျမန္​မာ​ႏိုင္​ငံ​ဆိုင္​ရာ ​ၾသ​စ​ေၾတး​လ် ​သံ​အ​မတ္​ေျပာ
​ျမန္​မာ​ႏိုင္​ငံ​မွာ ​အ​ပစ္​အ​ခတ္ ​ရပ္​စဲ​ေရး ​လက္​မွတ္​ထိုး​ၿပီး​တဲ့​ေနာက္ ​က​ရင္ ​ျပည္​နယ္​နဲ႔ ​ထိ​စပ္​ေန​တဲ့ ​ထိုင္း​ျမန္​မာ ​နယ္​စပ္ ​ျမန္​မာ​ဖက္​ဘက္​ျခမ္း​မွာ ​အ​ေျခ​အ​ေန ​တိုး​တက္ ​ေကာင္း​မြန္​လာ​ၿပီ​မို႔ ​ဒု​ကၡ​သည္​ေတြ ​ေန​ရပ္​ရင္း ​ျပန္​တဲ့​ကိ​စၥ​ကို ​ဦး​စား​ေပး ​ေဆာင္​ရြက္​ဖို႔ ​လို​ၿပီ​လို႔ ​တာ့ခ္​ခ​႐ိုင္ ​ဒု​တိ​ယ ​အုပ္​ခ်ဳပ္​ေရး​မႉး​နဲ႔ ​ေတြ႕​ဆံု​အ​ၿပီး​မွာ ​ျမန္​မာ​ႏိုင္​ငံ ​ဆိုင္​ရာ ​ၾသ​စ​ေၾတး​လ် ​သံ​အ​မတ္​ႀကီး​က ​ေအာက္​တို​ဘာ​လ ၂၀​ရက္​ေန႔​က ​ေျပာ​ပါ​တယ္။

​ၾသ​စ​ေၾတး​လ် ​ႏိုင္​ငံ​ဟာ ​ထိုင္း ​ျမန္​မာ ​နယ္​စပ္​က ​ျမန္​မာ​ႏိုင္​ငံ​သား ​ဒု​ကၡ​သည္​ေတြ​ကို ​ေထာက္​ပံ့​ေန​တဲ့ ​ႏိုင္​ငံ​ေတြ​ထဲ​မွာ ​အ​ဓိ​က ​အ​လႉ​ရွင္​ႏိုင္​ငံ ​တ​ႏိုင္​ငံ ​ျဖစ္​ၿပီး ​ဆယ္​စု​ႏွစ္​နဲ႔​ခ်ီ ​ေထာက္​ပံ့​လာ​တာ ​ျဖစ္​ပါ​တယ္။

​ဒါ့​အ​ျပင္ ​ေသာင္း​နဲ႔​ခ်ီ​တဲ့ ​ျမန္​မာ​ႏိုင္​ငံ​သား ​ဒု​ကၡ​သည္​ေတြ​ကို​လည္း ​ၾသ​စ​ေၾတး​လ်​မွာ ​ေန​ရာ​ခ် ​ထား​ေပး​ခဲ့​ပါ​တယ္။

​အ​ခု ​ျမန္​မာ​ႏိုင္​ငံ​မွာ ​အ​ပစ္​အ​ခတ္ ​ရပ္​စဲ​ေရး ​လက္​မွတ္ ​ထိုး​ၿပီး​ေနာက္ ​လို​အပ္​တာ​ေတြ​ကို ​ေဆာင္​ရြက္​ဖို႔ ​ျမန္​မာ​ႏိုင္​ငံ ​က​ရင္​ျပည္​နယ္​နဲ႔ ​ထိ​စပ္​ေန​တဲ့ ​ထိုင္း​ႏိုင္​ငံ ​တာ့ခ္​ခ​႐ိုင္​ထဲ​က ​ဒု​ကၡ​သည္​ေတြ ​ကိ​စၥ​ကို ​ထိုင္း​ႏိုင္​ငံ​ဆိုင္​ရာ ​ၾသ​စ​ေၾတး​လ် ​သံ​အ​မတ္​ႀကီး​နဲ႔ ​ျမန္​မာ​ႏိုင္​ငံ​ဆိုင္​ရာ ​ၾသ​စ​ေၾတး​လ် ​သံ​အ​မတ္​ႀကီး​တို႔​က ​တာ့ခ္​ခ​႐ိုင္ ​ဒု​တိ​ယ ​အုပ္​ခ်ဳပ္​ေရး​မႉး​နဲ႔ ​မဲ​ေဆာက္​မွာ ​ေတြ႕​ဆံု ​ေဆြး​ေႏြး​ခဲ့​ၾက​ပါ​တယ္။

​ထိုင္း​ႏိုင္​ငံ​ဆိုင္​ရာ ​ၾသ​စ​ေၾတး​လ် ​သံ​အ​မတ္​ႀကီး​က ​ၾသ​စ​ေၾတး​လ် ​ႏိုင္​ငံ​ဟာ ​ျမန္​မာ ​ဒု​ကၡ​သည္​ေတြ ​အ​တြက္ ​ႏွစ္​ရွည္ ​ေထာက္​ပံ့​ခဲ့​သ​လို ​သူ​တို႔​ႏိုင္​ငံ​မွာ​လည္း ​ျပန္​လည္ ​ေန​ရာ​ခ်​ထား​ေပး​ၿပီး ​ျဖစ္​ေၾကာင္း၊ ​အ​ခု​အ​ခါ ​တ​ျခား​ႏိုင္​ငံ​ေတြ​ကို ​အ​လွည့္​ေပး​ဖို႔ ​အ​ခ်ိန္​ေရာက္​ၿပီ ​ျဖစ္​ေၾကာင္း ​ေျပာ​ပါ​တယ္။

​ျမန္​မာ​ႏိုင္​ငံ​ဆိုင္​ရာ ​ၾသ​စ​ေၾတး​လ် ​သံ​အ​မတ္​ႀကီး ​မ​စၥ​တာ Nicholas Coppel ​က​လည္း ​အ​ပစ္​အ​ခတ္ ​ရပ္​စဲ​ေရး ​လက္​မွတ္​ထိုး​ၿပီး​တဲ့ ​ေနာက္​ပိုင္း​မွာ ​ျမန္​မာ​ႏိုင္​ငံ ​အ​ေျခ​အ​ေန ​တိုး​တက္ ​ေကာင္း​မြန္​လာ​တယ္​လို႔ ​ယူ​ဆ​ေၾကာင္း၊ ​ျမန္​မာ​ဖက္​နယ္​စပ္​က ​အ​ေျခ​အ​ေန ​တိုး​တက္​မႈ​ေၾကာင့္ ​ေန​ရပ္​ရင္း ​ျပန္​ဖို႔ ​ဆ​ႏၵ​ရွိ​သူ​ေတြ၊ ​ကိုယ့္​ႏိုင္​ငံ ​ျပန္​ခ်င္​သူ​ေတြ ​အ​တြက္ ​ျပန္​ဖို႔ ​လြယ္​ကူ​သြား​ေစ​ေၾကာင္း၊ ​ဒါ​ေၾကာင့္ ​သူ​တို႔ ​အိမ္​ျပန္​တာ​ကို ​ေဆာင္​ရြက္​ေပး​ဖို႔ ​ဦး​စား​ေပး​သင့္​ေၾကာင္း ​ေျပာ​သြား​ပါ​တယ္။

​လူ​သစ္​ေတြ​ကို ​လက္​ခံ​တာ ​မ​ေတြ႕​ရ​ေပ​မယ့္ ​လက္​ရွိ ​ၾသ​စ​ေၾတး​လ်​ကို ​ေရာက္​ေန​သူ ​ျမန္​မာ​ႏိုင္​ငံ​သား ​ဒု​ကၡ​သည္​ေတြ​ရဲ့ ​က်န္​ေန​တဲ့ ​မိ​သား​စု​ဝင္​ေတြ​က​ေတာ့ ​မိ​သား​စု ​ျပန္​လည္ ​ေပါင္း​စည္း​ေရး ​အ​စီ​အ​စဥ္​အ​ေန​နဲ႔ ​သြား​လို႔ ​ရ​ေန​ေသး​တယ္​လို႔ ​သိ​ရ​ပါ​တယ္။

​တာ့ခ္​ခ​႐ိုင္​ထဲ​က ​မယ္​လ၊ ​အုန္း​ျပန္႔​နဲ႔ ​ႏို႔​ဖိုး ​ဒု​ကၡ​သည္​စ​ခန္း​ေတြ ​အ​ထဲ​မွာ ​လက္​ရွိ ​တ​သိန္း​နီး​ပါး ​ရွိ​တဲ့ ​ျမန္ ​မာ​ႏိုင္​ငံ​သား ​ဒု​ကၡ​သည္​ေတြ​ထဲ​မွာ ​တ​တိ​ယ​ႏိုင္​ငံ​ကို ​သြား​ၿပီး ​အ​ေျခ​ခ်​ခ်င္​သူ​ေတြ ​ရွိ​သ​လို ​တ​ခ်ိဳ႕​က ​ထိုင္း​ႏိုင္​ငံ​မွာ​ပဲ ​ဆက္​ေန​ခ်င္​ၿပီး ​တ​ခ်ိဳ႕​က​ေတာ့ ​ျမန္​မာ​ႏိုင္​ငံ ​ေန​ရပ္​ရင္း​ကို ​ျပန္​ခ်င္​သူ​ေတြ ​ရွိ​ပါ​တယ္။

​အ​ခု​အ​ခါ ​တ​တိ​ယ​ႏိုင္​ငံ​ကို ​သြား​ၿပီး ​အ​ေျခ​ခ်​မယ့္ ​အ​စီ​အ​စဥ္​က ​ရပ္​ဆိုင္း​ေန​ၿပီ ​ျဖစ္​တာ​ေၾကာင့္ ​တ​တိ​ယ​ႏိုင္​ငံ​ကို ​သြား​ခ်င္​တဲ့ ​ဒု​ကၡ​သည္​ေတြ​နဲ႔ ​ထိုင္း​ႏိုင္​ငံ​မွာ ​ေန​ခ်င္​တဲ့ ​ဒု​ကၡ​သည္​ေတြ ​ကိ​စၥ​ကို ​ထိုင္း​ႏိုင္​ငံ​နဲ႔ ​ႏိုင္​ငံ​တ​ကာ ​အ​သိုင္း​အ​ဝိုင္း​က ​ဘယ္​လို ​ကိုင္​တြယ္​မ​လဲ ​ဆို​တာ ​သဲ​သဲ​ကြဲ​ကြဲ ​မ​သိ​ရ​ေသး​ဘူး​လို႔ ​မဲ​ေဆာက္​က ​ဘီ​ဘီ​စီ ​သ​တင္း​ေထာက္​က ​သ​တင္း​ေပး​ပို႔​ထား​ပါ​တယ္။

BBC Burmese
http://www.bbc.com/burmese
..........................

 ​မြန်​မာ​နိုင်​ငံ​ဘက်​မှာ ​အ​ခြေ​အ​နေ ​တိုး​တက် ​လာ​တာ​ကြောင့်​ဒု​က္ခ​သည်​တွေ ​နေ​ရပ်​ပြန်​ရေး ​ဦး​စား​ပေး ​ဆောင်​ရွက် ​သင့်​ကြောင်း ​မြန်​မာ​နိုင်​ငံ​ဆိုင်​ရာ ​သြ​စ​တြေး​လျ ​သံ​အ​မတ်​ပြော
​မြန်​မာ​နိုင်​ငံ​မှာ ​အ​ပစ်​အ​ခတ် ​ရပ်​စဲ​ရေး ​လက်​မှတ်​ထိုး​ပြီး​တဲ့​နောက် ​က​ရင် ​ပြည်​နယ်​နဲ့ ​ထိ​စပ်​နေ​တဲ့ ​ထိုင်း​မြန်​မာ ​နယ်​စပ် ​မြန်​မာ​ဖက်​ဘက်​ခြမ်း​မှာ ​အ​ခြေ​အ​နေ ​တိုး​တက် ​ကောင်း​မွန်​လာ​ပြီ​မို့ ​ဒု​က္ခ​သည်​တွေ ​နေ​ရပ်​ရင်း ​ပြန်​တဲ့​ကိ​စ္စ​ကို ​ဦး​စား​ပေး ​ဆောင်​ရွက်​ဖို့ ​လို​ပြီ​လို့ ​တာ့ခ်​ခ​ရိုင် ​ဒု​တိ​ယ ​အုပ်​ချုပ်​ရေး​မှူး​နဲ့ ​တွေ့​ဆုံ​အ​ပြီး​မှာ ​မြန်​မာ​နိုင်​ငံ ​ဆိုင်​ရာ ​သြ​စ​တြေး​လျ ​သံ​အ​မတ်​ကြီး​က ​အောက်​တို​ဘာ​လ ၂၀​ရက်​နေ့​က ​ပြော​ပါ​တယ်။

​သြ​စ​တြေး​လျ ​နိုင်​ငံ​ဟာ ​ထိုင်း ​မြန်​မာ ​နယ်​စပ်​က ​မြန်​မာ​နိုင်​ငံ​သား ​ဒု​က္ခ​သည်​တွေ​ကို ​ထောက်​ပံ့​နေ​တဲ့ ​နိုင်​ငံ​တွေ​ထဲ​မှာ ​အ​ဓိ​က ​အ​လှူ​ရှင်​နိုင်​ငံ ​တ​နိုင်​ငံ ​ဖြစ်​ပြီး ​ဆယ်​စု​နှစ်​နဲ့​ချီ ​ထောက်​ပံ့​လာ​တာ ​ဖြစ်​ပါ​တယ်။

​ဒါ့​အ​ပြင် ​သောင်း​နဲ့​ချီ​တဲ့ ​မြန်​မာ​နိုင်​ငံ​သား ​ဒု​က္ခ​သည်​တွေ​ကို​လည်း ​သြ​စ​တြေး​လျ​မှာ ​နေ​ရာ​ချ ​ထား​ပေး​ခဲ့​ပါ​တယ်။

​အ​ခု ​မြန်​မာ​နိုင်​ငံ​မှာ ​အ​ပစ်​အ​ခတ် ​ရပ်​စဲ​ရေး ​လက်​မှတ် ​ထိုး​ပြီး​နောက် ​လို​အပ်​တာ​တွေ​ကို ​ဆောင်​ရွက်​ဖို့ ​မြန်​မာ​နိုင်​ငံ ​က​ရင်​ပြည်​နယ်​နဲ့ ​ထိ​စပ်​နေ​တဲ့ ​ထိုင်း​နိုင်​ငံ ​တာ့ခ်​ခ​ရိုင်​ထဲ​က ​ဒု​က္ခ​သည်​တွေ ​ကိ​စ္စ​ကို ​ထိုင်း​နိုင်​ငံ​ဆိုင်​ရာ ​သြ​စ​တြေး​လျ ​သံ​အ​မတ်​ကြီး​နဲ့ ​မြန်​မာ​နိုင်​ငံ​ဆိုင်​ရာ ​သြ​စ​တြေး​လျ ​သံ​အ​မတ်​ကြီး​တို့​က ​တာ့ခ်​ခ​ရိုင် ​ဒု​တိ​ယ ​အုပ်​ချုပ်​ရေး​မှူး​နဲ့ ​မဲ​ဆောက်​မှာ ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​ကြ​ပါ​တယ်။

​ထိုင်း​နိုင်​ငံ​ဆိုင်​ရာ ​သြ​စ​တြေး​လျ ​သံ​အ​မတ်​ကြီး​က ​သြ​စ​တြေး​လျ ​နိုင်​ငံ​ဟာ ​မြန်​မာ ​ဒု​က္ခ​သည်​တွေ ​အ​တွက် ​နှစ်​ရှည် ​ထောက်​ပံ့​ခဲ့​သ​လို ​သူ​တို့​နိုင်​ငံ​မှာ​လည်း ​ပြန်​လည် ​နေ​ရာ​ချ​ထား​ပေး​ပြီး ​ဖြစ်​ကြောင်း၊ ​အ​ခု​အ​ခါ ​တ​ခြား​နိုင်​ငံ​တွေ​ကို ​အ​လှည့်​ပေး​ဖို့ ​အ​ချိန်​ရောက်​ပြီ ​ဖြစ်​ကြောင်း ​ပြော​ပါ​တယ်။

​မြန်​မာ​နိုင်​ငံ​ဆိုင်​ရာ ​သြ​စ​တြေး​လျ ​သံ​အ​မတ်​ကြီး ​မ​စ္စ​တာ Nicholas Coppel ​က​လည်း ​အ​ပစ်​အ​ခတ် ​ရပ်​စဲ​ရေး ​လက်​မှတ်​ထိုး​ပြီး​တဲ့ ​နောက်​ပိုင်း​မှာ ​မြန်​မာ​နိုင်​ငံ ​အ​ခြေ​အ​နေ ​တိုး​တက် ​ကောင်း​မွန်​လာ​တယ်​လို့ ​ယူ​ဆ​ကြောင်း၊ ​မြန်​မာ​ဖက်​နယ်​စပ်​က ​အ​ခြေ​အ​နေ ​တိုး​တက်​မှု​ကြောင့် ​နေ​ရပ်​ရင်း ​ပြန်​ဖို့ ​ဆ​န္ဒ​ရှိ​သူ​တွေ၊ ​ကိုယ့်​နိုင်​ငံ ​ပြန်​ချင်​သူ​တွေ ​အ​တွက် ​ပြန်​ဖို့ ​လွယ်​ကူ​သွား​စေ​ကြောင်း၊ ​ဒါ​ကြောင့် ​သူ​တို့ ​အိမ်​ပြန်​တာ​ကို ​ဆောင်​ရွက်​ပေး​ဖို့ ​ဦး​စား​ပေး​သင့်​ကြောင်း ​ပြော​သွား​ပါ​တယ်။

​လူ​သစ်​တွေ​ကို ​လက်​ခံ​တာ ​မ​တွေ့​ရ​ပေ​မယ့် ​လက်​ရှိ ​သြ​စ​တြေး​လျ​ကို ​ရောက်​နေ​သူ ​မြန်​မာ​နိုင်​ငံ​သား ​ဒု​က္ခ​သည်​တွေ​ရဲ့ ​ကျန်​နေ​တဲ့ ​မိ​သား​စု​ဝင်​တွေ​က​တော့ ​မိ​သား​စု ​ပြန်​လည် ​ပေါင်း​စည်း​ရေး ​အ​စီ​အ​စဉ်​အ​နေ​နဲ့ ​သွား​လို့ ​ရ​နေ​သေး​တယ်​လို့ ​သိ​ရ​ပါ​တယ်။

​တာ့ခ်​ခ​ရိုင်​ထဲ​က ​မယ်​လ၊ ​အုန်း​ပြန့်​နဲ့ ​နို့​ဖိုး ​ဒု​က္ခ​သည်​စ​ခန်း​တွေ ​အ​ထဲ​မှာ ​လက်​ရှိ ​တ​သိန်း​နီး​ပါး ​ရှိ​တဲ့ ​မြန် ​မာ​နိုင်​ငံ​သား ​ဒု​က္ခ​သည်​တွေ​ထဲ​မှာ ​တ​တိ​ယ​နိုင်​ငံ​ကို ​သွား​ပြီး ​အ​ခြေ​ချ​ချင်​သူ​တွေ ​ရှိ​သ​လို ​တ​ချို့​က ​ထိုင်း​နိုင်​ငံ​မှာ​ပဲ ​ဆက်​နေ​ချင်​ပြီး ​တ​ချို့​က​တော့ ​မြန်​မာ​နိုင်​ငံ ​နေ​ရပ်​ရင်း​ကို ​ပြန်​ချင်​သူ​တွေ ​ရှိ​ပါ​တယ်။

​အ​ခု​အ​ခါ ​တ​တိ​ယ​နိုင်​ငံ​ကို ​သွား​ပြီး ​အ​ခြေ​ချ​မယ့် ​အ​စီ​အ​စဉ်​က ​ရပ်​ဆိုင်း​နေ​ပြီ ​ဖြစ်​တာ​ကြောင့် ​တ​တိ​ယ​နိုင်​ငံ​ကို ​သွား​ချင်​တဲ့ ​ဒု​က္ခ​သည်​တွေ​နဲ့ ​ထိုင်း​နိုင်​ငံ​မှာ ​နေ​ချင်​တဲ့ ​ဒု​က္ခ​သည်​တွေ ​ကိ​စ္စ​ကို ​ထိုင်း​နိုင်​ငံ​နဲ့ ​နိုင်​ငံ​တ​ကာ ​အ​သိုင်း​အ​ဝိုင်း​က ​ဘယ်​လို ​ကိုင်​တွယ်​မ​လဲ ​ဆို​တာ ​သဲ​သဲ​ကွဲ​ကွဲ ​မ​သိ​ရ​သေး​ဘူး​လို့ ​မဲ​ဆောက်​က ​ဘီ​ဘီ​စီ ​သ​တင်း​ထောက်​က ​သ​တင်း​ပေး​ပို့​ထား​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment