Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 1, 2015

၂ဝ၁၅-၂ဝ၁၆ ဘ႑ာႏွစ္ ပထမ ငါးလပတ္ ကုန္သြယ္မႈ လုိေငြ အေမရိကန္ ေဒၚလာ ၂၁၉၄. ၃၁ သန္းရွိ


    ရန္ကုန္၊ ေအာက္တိုဘာ ၁ ရက္ (ဆင္ဟြာ)

    ၂ဝ၁၅-၂ဝ၁၆ ဘ႑ာႏွစ္ ပထမ ငါးလပတ္ အတြင္း ျမန္မာႏုိင္ငံ၏ စုစုေပါင္း ကုန္သြယ္မႈ လုိေငြမွာ အေမရိကန္ ေဒၚလာ ၂၁၉၄. ၃၁ သန္း ျဖစ္ေပၚခဲ့ေၾကာင္း ဗဟို စာရင္းအင္း အဖြဲ႕မွ လစဥ္ တင္ျပေသာ ပို႔ကုန္၊ သြင္းကုန္ အေျခအေန အစီရင္ခံစာအရ သိရွိရသည္။

၂ဝ၁၅-၂ဝ၁၆ ခုႏွစ္ ဧၿပီလမွ ၾသဂုတ္လ ၃၀ ရက္ေန႔အထိ ျမန္မာႏုိင္ငံ၏ ပံုမွန္ ပို႔ကုန္ တန္ဖိုးမွာ အေမရိကန္ ေဒၚလာ ၂,၈၃၅ .၉၅ သန္း၊ နယ္စပ္ ပို႔ကုန္ တန္ဖုိးမွာ အေမရိကန္ ေဒၚလာ ၁,၇၆၈.ဝ၂ သန္းႏွင့္ စုစုေပါင္း ပို႔ကုန္တန္ဖိုးမွာ အေမရိကန္ ေဒၚလာ ၄,၆ဝ၃. ၉၇ သန္းျဖစ္ၿပီး ပံုမွန္ သြင္းကုန္ တန္ဖိုးမွာ အေမရိကန္ ေဒၚလာ ၅,၇၅၁.၇၇ သန္း၊ နယ္စပ္ သြင္းကုန္တန္ဖိုးမွာ အေမရိကန္ေဒၚလာ ၁,ဝ၄၆ . ၅၁ သန္းႏွင့္ စုစုေပါင္း သြင္းကုန္ တန္ဖိုးမွာ အေမရိကန္ ေဒၚလာ ၆,၇၉၈.၂၈ သန္းျဖစ္သျဖင့္ ၂ဝ၁၅-၂ဝ၁၆ ခုႏွစ္ ဧၿပီလမွ ၾသဂုတ္လ အတြင္း စုစုေပါင္း ကုန္သြယ္မႈ ပမာဏမွာ အေမရိကန္ ေဒၚလာ ၁၁,၄ဝ၂ . ၂၅ ရွိခဲ႔ၿပီး စုစုေပါင္း ကုန္သြယ္မႈ လုိေငြမွာ အေမရိကန္ ေဒၚလာ ၂,၁၉၄.၃၁ သန္း ျဖစ္ေပၚခဲ့ေၾကာင္း ဗဟို စာရင္းအင္းအဖြဲ႕မွ ၎တို႔၏ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

၂ဝ၁၅-၂ဝ၁၆ ဘ႑ာႏွစ္ ၾသဂုတ္လ အတြင္းတြင္  ျမန္မာႏုိင္ငံ၏ ပံုမွန္ ပို႔ကုန္ တန္ဖိုးမွာ အေမရိကန္ ေဒၚလာ ၅၃၃.ဝ၉ သန္း၊ နယ္စပ္ ပို႔ကုန္ တန္ဖုိးမွာ အေမရိကန္ ေဒၚလာ ၄ဝ၈ . ၅ဝ သန္း ႏွင့္ စုစုေပါင္း ပို႔ကုန္ တန္ဖိုးမွာ အေမရိကန္ ေဒၚလာ ၉၄၁. ၅၉ သန္းျဖစ္ၿပီး ပံုမွန္ သြင္းကုန္ တန္ဖိုးမွာ အေမရိကန္ ေဒၚလာ ၁ဝ၅ဝ. ၉၄ သန္း၊ နယ္စပ္ သြင္းကုန္တန္ဖိုး မွာ အေမရိကန္ ေဒၚလာ ၂ဝ၈. ၈၃ သန္းႏွင့္ စုစုေပါင္း သြင္းကုန္တန္ဖိုးမွာ အေမရိကန္ ေဒၚလာ ၁၂၅၉ .၇၇ သန္းျဖစ္သျဖင့္ ၂ဝ၁၅-၂ဝ၁၆ ခုႏွစ္ ၾသဂုတ္လ အတြက္ စုစုေပါင္း ကုန္သြယ္မႈ လိုေငြမွာ အေမရိကန္ ေဒၚလာ ၃၁၈ .၁၈ သန္း ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

 (Xinhua)
http://www.xinhuamyanmar.com/business
.......................

    ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

    ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ပထမ ငါးလပတ် အတွင်း မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန် ဒေါ်လာ ၂၁၉၄. ၃၁ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟို စာရင်းအင်း အဖွဲ့မှ လစဉ် တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေ အစီရင်ခံစာအရ သိရှိရသည်။

၂ဝ၁၅-၂ဝ၁၆ ခုနှစ် ဧပြီလမှ သြဂုတ်လ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံ၏ ပုံမှန် ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂,၈၃၅ .၉၅ သန်း၊ နယ်စပ် ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁,၇၆၈.ဝ၂ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄,၆ဝ၃. ၉၇ သန်းဖြစ်ပြီး ပုံမှန် သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၅,၇၅၁.၇၇ သန်း၊ နယ်စပ် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁,ဝ၄၆ . ၅၁ သန်းနှင့် စုစုပေါင်း သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆,၇၉၈.၂၈ သန်းဖြစ်သဖြင့် ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ဧပြီလမှ သြဂုတ်လ အတွင်း စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၁,၄ဝ၂ . ၂၅ ရှိခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန် ဒေါ်လာ ၂,၁၉၄.၃၁ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟို စာရင်းအင်းအဖွဲ့မှ ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် သြဂုတ်လ အတွင်းတွင်  မြန်မာနိုင်ငံ၏ ပုံမှန် ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၅၃၃.ဝ၉ သန်း၊ နယ်စပ် ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄ဝ၈ . ၅ဝ သန်း နှင့် စုစုပေါင်း ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၉၄၁. ၅၉ သန်းဖြစ်ပြီး ပုံမှန် သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁ဝ၅ဝ. ၉၄ သန်း၊ နယ်စပ် သွင်းကုန်တန်ဖိုး မှာ အမေရိကန် ဒေါ်လာ ၂ဝ၈. ၈၃ သန်းနှင့် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၂၅၉ .၇၇ သန်းဖြစ်သဖြင့် ၂ဝ၁၅-၂ဝ၁၆ ခုနှစ် သြဂုတ်လ အတွက် စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန် ဒေါ်လာ ၃၁၈ .၁၈ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com/business

No comments:

Post a Comment