Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 10, 2015

ႀကံ့ခိုင္ေရးမွာ သမၼတ လုပ္ႏုိင္သူ မ်ားစြာရွိ အခ်င္းခ်င္း ရန္ျဖစ္မည္စိုး၍ ထုတ္မေျပာဟု ဦးေ႒းဦးဆို

အဓိက အတုိက္အခံ ပါတီႀကီး NLD က သမၼတေလာင္းကို ထုတ္ေဖၚေျပာဆိုျခင္းမရွိေသးခ်ိန္၊ သမၼတ တင္ေျမႇာက္ရန္ အကန္႔အသတ္မ်ား ျဖစ္ေနခ်ိန္တြင္ ၿပိဳင္ဘက္ ပါတီျဖစ္ေသာ ႀကံ့ခိုင္ေရးပါတီ၏ ပူးတြဲဥကၠ႒ ျဖစ္သူ ဦးေ႒းဦးက သူဦးေဆာင္သည့္ ပါတီတြင္ သမၼတ လုပ္ႏုိင္သူ မ်ားစြာရွိေနသည္ဟု ေျပာဆိုလုိက္သည္။

“ကၽြန္ေတာ္တုိ႔ဘက္မွာကေတာ့ အားသာခ်က္ရွိတယ္။ အဲ့ဒီအားသာခ်က္က ဘာလည္းဆိုရင္ တစ္ေယာက္ထက္မကရွိတယ္” ဟု သမၼတေနရာကို ရည္ညႊန္းၿပီး ပါတီ၏ ဒုတိယဥကၠဌ(ပူးတြဲဥကၠဌ)ဦးေဌးဦးက ေအာက္တိုဘာ ၁၀ရက္တြင္ ေျပာသည္။

ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္ရွိ သမိုင္းဝင္ရန္ေအာင္ျမင္ေရႊလက္လွေစတီတြင္ ကပ္ႀကီးသံုးပါး ေက်းလႊားႏုိင္ရန္ဟူေသာ အဓိဌာန္ျဖင့္ ဦးေဌးဦးႏွင့္ ၎၏ဇနီးတို႔ ဦးေဆာင္ျပဳလုပ္ေသာ စတုဒီသာအလွဴပြဲတြင္ မဇၩိမ၏ ေမးျမန္းမႈအေပၚ ယင္းကဲ့သို႔ ေျဖၾကားခဲ့ျခင္းျဖစ္သည္။ ပါတီတြင္ သမၼတလုပ္ႏုိင္သူအမ်ားအျပားရွိသည္ဟုဆိုေသာ ဦးေဌးဦးက ၎ကိုယ္တိုင္မွာမူ သမၼတတာဝန္ယူ ရန္ ဆႏၵမရွိဟု ထုတ္ေဖာ္ေျပာဆိုသည္။

“ကၽြန္ေတာ့ဆႏၵကေတာ့ မလုပ္္ခ်င္ဘူး။ ကၽြန္ေတာ့ဟာကၽြန္ေတာ္ လူေတြၾကားထဲမွာ လြတ္လြတ္လပ္လပ္ ေနရတာ ပိုၿပီးေကာင္းတယ္။ လူေတြၾကားထဲမွာ ေပ်ာ္တယ္။ သို႔ေသာ္လည္းပဲ တာဝန္ေပးလို႔ လုပ္ရမယ္ဆိုရင္ လည္း က်န္တဲ့သူေတြလုပ္မွာေပါ့။ လုပ္ႏိုင္တဲ့သူေတြ အမ်ားအျပားရွိပါတယ္” ဟု ၎က ဆိုသည္။

ဝါရင့္အတုိက္အခံပါတီႀကီးျဖစ္သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(NLD)ပါတီကလည္း သမၼတေလာင္းကို ထုတ္ေဖာ္ေျပာဆိုျခင္းမရွိေသးသလို လက္ရွိ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံုအေျခခံဥပေဒအရ ပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္မွာလည္း သမၼတျဖစ္ခြင့္ မရွိေပ။

အေၾကာင္းမွာ ဖြဲ႔စည္းပံုအေျခခံဥပေဒပုဒ္မ ၅၉(စ)သည္ ႏိုင္ငံျခားသား ခင္ပြန္းႏွင့္ သားႏွစ္ေယာက္ရွိေသာ ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္ခြင့္ကို ကန္႔သတ္ထားျခင္းေၾကာင့္ျဖစ္သည္။

အတိုက္အခံေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကမူ ေရြးေကာက္ပြဲတြင္ NLDပါတီ အႏုိင္ရၿပီး အစိုးရဖြဲ႔ႏုိင္ပါက အဆိုပါအစိုးရအဖြဲ႔ကို ဦးေဆာင္ပဲ့ကိုင္မည္ဟု ၿပီးခဲ့သည့္ရက္ပိုင္းက သြားေရာက္ခဲ့သည့္ ကခ်င္ျပည္နယ္စည္း႐ံုးေရးခရီးစဥ္တြင္ ေျပာဆိုထားသည္။

သမၼတတာဝန္ကိုထမ္းေဆာင္ႏုိင္သူ မ်ားစြာရွိသည္ဆိုေသာ ျပည္ေထာင္စုႀကံ့ခိုင္ေရးပါတီ၏ ဥကၠဌမွာ လက္ရွိသမၼတဦးသိန္းစိန္ျဖစ္ၿပီး ျပင္ဆင္ဖြဲ႔စည္းလိုက္သည့္ ပါတီအႀကီးအကဲစာရင္းတြင္ ဒုတိယဥကၠ႒(ပူးတြဲဥကၠ႒)အျဖစ္ ဦးေဌးဦးႏွင့္ အေထြေထြအတြင္းေရးမွဴးအျဖစ္ ဦးတင္ႏုိင္သိန္းတို႔က တာဝန္ယူထားသည္။

ထို႔ျပင္ ပါတီ၏ဗဟိုအလုပ္အမႈေဆာင္မ်ားအျဖစ္ တပ္မေတာ္အႀကီးအကဲေဟာင္းမ်ားျဖစ္ေသာ ဦးလွေဌးဝင္း၊ သူရဦးသက္ေဆြ၊ ဦးေဝလြင္၊ ဦးျမင့္စိုးႏွင့္ ဦးျမတ္ဟိန္းတို႔ကိုလည္း အသီးသီး တာဝန္ေပးထားသည္။

လက္ရွိတြင္မူ သမၼတတာဝန္ယူရန္ ပါတီတြင္ ေရြးခ်ယ္ထားျခင္းမရွိေသးဘဲ ေရြးေကာက္ပြဲအႏုိင္ရမွသာ ေရြးခ်ယ္မည္ဟု ဦးေဌးဦးက မဇၩိမကို ေျပာသည္။ “မႏုိင္ခင္ ဟိုလူကလုပ္မယ္၊ ဒီလူက လုပ္မယ္ဆို ဘယ့္ႏွယ္လုပ္မလဲ၊ အခ်င္းခ်င္းရန္ျဖစ္ေနမွာေပါ့” ဟု ဦးေဌးဦးက ဆိုသည္။
- See more at: http://mizzimaburmese.com/article/5866#sthash.REQxVoC5.dpuf
..........................................
ကြံ့ခိုင်ရေးမှာ သမ္မတ လုပ်နိုင်သူ များစွာရှိ အချင်းချင်း ရန်ဖြစ်မည်စိုး၍ ထုတ်မပြောဟု ဦးဋ္ဌေးဦးဆို

အဓိက အတိုက်အခံ ပါတီကြီး NLD က သမ္မတလောင်းကို ထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးချိန်၊ သမ္မတ တင်မြှောက်ရန် အကန့်အသတ်များ ဖြစ်နေချိန်တွင် ပြိုင်ဘက် ပါတီဖြစ်သော ကြံ့ခိုင်ရေးပါတီ၏ ပူးတွဲဥက္ကဋ္ဌ ဖြစ်သူ ဦးဋ္ဌေးဦးက သူဦးဆောင်သည့် ပါတီတွင် သမ္မတ လုပ်နိုင်သူ များစွာရှိနေသည်ဟု ပြောဆိုလိုက်သည်။

“ကျွန်တော်တို့ဘက်မှာကတော့ အားသာချက်ရှိတယ်။ အဲ့ဒီအားသာချက်က ဘာလည်းဆိုရင် တစ်ယောက်ထက်မကရှိတယ်” ဟု သမ္မတနေရာကို ရည်ညွှန်းပြီး ပါတီ၏ ဒုတိယဥက္ကဌ(ပူးတွဲဥက္ကဌ)ဦးဌေးဦးက အောက်တိုဘာ ၁၀ရက်တွင် ပြောသည်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ သမိုင်းဝင်ရန်အောင်မြင်ရွှေလက်လှစေတီတွင် ကပ်ကြီးသုံးပါး ကျေးလွှားနိုင်ရန်ဟူသော အဓိဌာန်ဖြင့် ဦးဌေးဦးနှင့် ၎င်း၏ဇနီးတို့ ဦးဆောင်ပြုလုပ်သော စတုဒီသာအလှူပွဲတွင် မဇ္ဈိမ၏ မေးမြန်းမှုအပေါ် ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ ပါတီတွင် သမ္မတလုပ်နိုင်သူအများအပြားရှိသည်ဟုဆိုသော ဦးဌေးဦးက ၎င်းကိုယ်တိုင်မှာမူ သမ္မတတာဝန်ယူ ရန် ဆန္ဒမရှိဟု ထုတ်ဖော်ပြောဆိုသည်။

“ကျွန်တော့ဆန္ဒကတော့ မလုပ််ချင်ဘူး။ ကျွန်တော့ဟာကျွန်တော် လူတွေကြားထဲမှာ လွတ်လွတ်လပ်လပ် နေရတာ ပိုပြီးကောင်းတယ်။ လူတွေကြားထဲမှာ ပျော်တယ်။ သို့သော်လည်းပဲ တာဝန်ပေးလို့ လုပ်ရမယ်ဆိုရင် လည်း ကျန်တဲ့သူတွေလုပ်မှာပေါ့။ လုပ်နိုင်တဲ့သူတွေ အများအပြားရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ဝါရင့်အတိုက်အခံပါတီကြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကလည်း သမ္မတလောင်းကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသလို လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း သမ္မတဖြစ်ခွင့် မရှိပေ။

အကြောင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)သည် နိုင်ငံခြားသား ခင်ပွန်းနှင့် သားနှစ်ယောက်ရှိသော ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားခြင်းကြောင့်ဖြစ်သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကမူ ရွေးကောက်ပွဲတွင် NLDပါတီ အနိုင်ရပြီး အစိုးရဖွဲ့နိုင်ပါက အဆိုပါအစိုးရအဖွဲ့ကို ဦးဆောင်ပဲ့ကိုင်မည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက သွားရောက်ခဲ့သည့် ကချင်ပြည်နယ်စည်းရုံးရေးခရီးစဉ်တွင် ပြောဆိုထားသည်။

သမ္မတတာဝန်ကိုထမ်းဆောင်နိုင်သူ များစွာရှိသည်ဆိုသော ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ၏ ဥက္ကဌမှာ လက်ရှိသမ္မတဦးသိန်းစိန်ဖြစ်ပြီး ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ပါတီအကြီးအကဲစာရင်းတွင် ဒုတိယဥက္ကဋ္ဌ(ပူးတွဲဥက္ကဋ္ဌ)အဖြစ် ဦးဌေးဦးနှင့် အထွေထွေအတွင်းရေးမှူးအဖြစ် ဦးတင်နိုင်သိန်းတို့က တာဝန်ယူထားသည်။

ထို့ပြင် ပါတီ၏ဗဟိုအလုပ်အမှုဆောင်များအဖြစ် တပ်မတော်အကြီးအကဲဟောင်းများဖြစ်သော ဦးလှဌေးဝင်း၊ သူရဦးသက်ဆွေ၊ ဦးဝေလွင်၊ ဦးမြင့်စိုးနှင့် ဦးမြတ်ဟိန်းတို့ကိုလည်း အသီးသီး တာဝန်ပေးထားသည်။

လက်ရှိတွင်မူ သမ္မတတာဝန်ယူရန် ပါတီတွင် ရွေးချယ်ထားခြင်းမရှိသေးဘဲ ရွေးကောက်ပွဲအနိုင်ရမှသာ ရွေးချယ်မည်ဟု ဦးဌေးဦးက မဇ္ဈိမကို ပြောသည်။ “မနိုင်ခင် ဟိုလူကလုပ်မယ်၊ ဒီလူက လုပ်မယ်ဆို ဘယ့်နှယ်လုပ်မလဲ၊ အချင်းချင်းရန်ဖြစ်နေမှာပေါ့” ဟု ဦးဌေးဦးက ဆိုသည်။
- See more at: http://mizzimaburmese.com/article/5866#sthash.REQxVoC5.dpuf

No comments:

Post a Comment