Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 29, 2015

မြန်မာ့အင်တာနက် လွတ်လပ်ခွင့် ကျဆင်း

Freedom House အစီရင်ခံစာသစ်မှာ မြန်မာ အင်တာနက် လွတ်လပ်ခွင့် ကျဆင်းနေ 
 မြန်မာနိုင်ငံမှာ အင်တာနက် လွတ်လပ်ခွင့်ဟာ ဒီနှစ်ထဲ ထပ်မံကျဆင်းသွားခဲ့တယ်လို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Freedom House ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။ အင်တာနက် လွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံများ စာရင်းမှာ ထည့်သွင်းခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေနဲ့ အွန်လိုင်းအသုံးပြုသူတွေအပေါ် ထိန်းချုပ်မှုတွေ ရှိနေတယ်လို့လည်း မြန်မာမီဒီယာသမားတွေ၊ ကွန်ပြူတာ ပညာရှင်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ လုပ်လာခဲ့တဲ့ လွန်ခဲ့တဲ့ ၄ နှစ်ကစလို့ အင်တာနက်သုံးစွဲသူ ပိုများလာပေမဲ့ လွတ်လပ်ခွင့်တော့ မရှိသေးဘူးလို့ Freedom House အဖွဲ့ရဲ့ ၂၀၁၅ အင်တာနက် လွတ်လပ်ခွင့် အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ အင်တာနက် သုံးစွဲနိုင်တဲ့ အခက်အခဲတွေ ရှိနေတာ၊ အွန်လိုင်းစာမျက်နှာတွေမှာ အကန့်အသတ်တွေ ရှိနေတာ၊ အဆိုးဆုံးအဖြစ်နဲ့ အင်တာနက် သုံးစွဲသူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တာတွေ ပိုများလာတယ်ဆိုပြီး၊ ပြီးခဲ့တဲ့နှစ်မှာ တစိတ်တပိုင်း လွတ်လပ်ခွင့်ရှိတဲ့ အဆင့်ကနေ ဒီနှစ်မှာတော့ လွတ်လပ်ခွင့် မရှိတဲ့အဆင့်ကို ပြောင်းလဲ သတ်မှတ်ခဲ့တာပါ။ မြန်မာနိုင်ငံ ကွန်ပြူတာ လုပ်ငန်းရှင်များအသင်း (မန္တလေး) ရဲ့ နာယက ကိုရဲမြတ်သူ ကတော့ အရင်တုန်းကလို အင်တာနက် သုံးစွဲသူတွေကို စောင့်ကြည့်တာ၊ အရေးယူတာမျိုး သိသိသာသာ မရှိတော့ပေမဲ့လည်း၊ အင်တာနက်သုံးစွဲသူ ပိုများလာတာနဲ့အမျှ ပုံစံအမျိုးမျိုးနဲ့ အရေးယူခံရတဲ့ သူတွေလည်း ပိုများလာတယ်လို့ ပြောပါတယ်။

“အင်တာနက်မှာ ကျနော်တို့ ကြည့်ရင် ၊ ကျနော်တို့ကို စောင့်ကြည့်တဲ့လူတွေရှိတယ်။ ကျနော်တို့ကို နောက်က trail လိုက်တာတွေရှိတယ်။ ကိုယ့် email တွေကို ၀င်ဖတ်တာတွေရှိတယ်။ ကျနော်တို့နဲ့ ပက်သက်တဲ့ အင်တာနက် လွတ်လပ်ခွင့်တွေကို ၀င်ပြီးတော့ ကျနော်တို့ ရဲ့ privacy ကိုထိတာတွေ ရှိတယ်။ အဲဒီဟာတွေကိုတော်တော်များများ အခုကျနော်တို့ Telenor သုံးတဲ့အခါမှာ ပျောက်သွားပြီ။ ကျနော်တို့အနေနဲ့က အင်တာနက်လွတ်လပ်ခွင့်ကြီးက ပိုကျပ်လာတာမဟုတ်ဘူး။ အင်တာနက် website က ပိုကောင်းလာတယ်။ ဒါပေမယ့် အင်တာနက်ပေါ်မှာ သုံးတဲ့လူတွေက အရမ်းများလာတဲ့အတွက်ကြောင့် မှုခင်းတွေကများလာတဲ့အတွက် အဲဒါတွေအကုန်လုံးမှာ မူတည်ပြီးတော့ တချို့ကိစ္စတွေမှာ ဖမ်းတဲ့ ကိစ္စတွေ ခေါင်းစဉ်တွေများသွားတာ။ ကျနော်တို့က ပိုလည်းကောင်းမလာသလို ၊ ပိုလည်း ဆိုးမလာဘူးလေ။ အင်တာနက်ရဲ့ ပေတံနဲ့တိုင်းရင် ပိုဆိုးမလာဘူးလို့ ကျနော်ကပြောတာ။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ အင်တာနက် တယ်လီဖုန်းသုံးနေတဲ့လူ ၃၂ သန်းလောက်ရှိသွားတယ်။ အရင်တုန်းကဆိုရင် ပြီးခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်က ၅ သန်းလောက်ပဲရှိတာ။ အဲဒီအချိန်မှာ တ၀က်လောက်က အင်တာနက်သုံးနေတယ်။ ၇၀ ရာခိုင်နှုန်းက စမတ်ဖုန်းတွေသုံးနေတယ်။ အဲဒီအနေအထားမှာ အမှုအခင်းရှိတဲ့အခါကျတော့ အမှုအခင်း ၇ ခုရှိတယ်ဆိုရင် အဲဒါနဂိုအတိုင်းပဲ။ ဟို လျှော့ချပေးတာမဟုတ်သလို၊ freedom ဖြစ်သွားတာလည်း မဟုတ်ဘူး။ သူတို့ process တွေအကုန်လုံးက မီဒီယာနဲ့ ပက်သက်တာတွေပဲ။ အင်တာနက်နဲ့ ပက်သက်တာတွေလည်း နဂိုအတိုင်းပဲ။”

လက်ကိုင်ဖုန်းတွေ ဖောဖောသီသီ သုံးစွဲခွင့်ရလာတာနဲ့အမျှ အင်တာနက်ကို အသုံးများလာပေမဲ့ ဆက်သွယ်နိုင်မှု အရည်အသွေး ကတော့ ကမ္ဘာမှာ အနိမ့်ဆုံးအဆင့်မှာ ရှိနေတုန်းပဲလို့လည်း Freedom House ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ အင်တာနက် စာမျက်နှာတွေကို ဆင်ဆာဖြတ်တောက်တာ၊ ပိတ်ပင်တာမျိုး မရှိပေမဲ့ ထိလွယ်ရှလွယ် နိုင်ငံရေးကိစ္စမျိုးတွေကိုတော့ ဖော်ပြသင့်သလောက် ဖော်ပြတာမျိုး မရှိဘူးလို့လည်း ပြောပါတယ်။ စစ်တပ်လို အဖွဲ့အစည်းမျိုးတွေက ဂုဏ်သိက္ခာထိခိုက်မှာ စိုးတာကြောင့် အင်တာနက် သုံးစွဲတဲ့သူတွေကို ဖိအားပေးတာမျိုးတွေလို အွန်လိုင်းပေါ်က အကြောင်းအရာတွေကို ကန့်သတ်မှုတွေ ရှိတာကိုလည်း အစီရင်ခံစာက ထောက်ပြခဲ့တာပါ။ မြန်မာသတင်းသမားများကွန်ယက် အဖွဲ့ရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမြင့်ကျော် ကတော့ မကြာသေးခင်ကပဲ Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြခဲ့တာတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးမှုတွေ ရှိခဲ့တာလို အင်တာနက်သုံးသူတွေအပေါ် ပုံစံတမျိုးနဲ့ ဖိနှိပ်မှုတွေ ရှိနေတာဟာ စိုးရိမ်စရာကောင်းတယ်လို့ ပြောပါတယ်။

“ကျနော့်အမြင်မှာပေါ့လေ။ website တွေ ပိတ်ပင်တာတွေတော့ ဘာမှ မရှိဘူးပေါ့လေ။ ၂၀၁၁ နောက်ပိုင်းမှာ လျှော့ချလိုက်တဲ့နောက်။ သို့သော် ဒီမှာအများဆုံးသုံးတဲ့ မီဒီယာကနေ ရေးသားတဲ့ဟာတွေက အစိုးရတို့၊ နိုင်ငံတော် တပ်တို့ ကို ရေးသားတာမျိုးတွေမှာ သူတို့က အသရေပျက်စေတဲ့အတွက် ရေးသားတဲ့ဟာတွေက ဒီလပိုင်းတွေမှ ဖမ်းဆီးတာတွေ ၊ ဒီနှစ်အတွင်းမှာလည်း ဖမ်းဆီးတာတွေရှိလာတယ်။ သူတို့ကို ပုဂ္ဂိုလ်ရေးရာ ဝေဖန်တာတွေလည်းဖြစ်ဖြစ် ၊ အဖွဲ့အစည်းပေါ့နော်၊ တပ်တို့ ဘာတို့ကို ဝေဖန်တာတွေကို သီးခံမှာ မဟုတ်ဘူးဆိုတာတွေ ပြလာတယ်ပေါ့။ ဒီလပိုင်းမှာဆိုရင် ပိုတောင် ဆိုးဆိုးဖြစ်လာတယ်။ တယောက်ပြီးတယောက် ဖမ်းတာတွေကို တွေ့ရတယ်။”

ကမ္ဘာပေါ်က နိုင်ငံပေါင်း ၆၅ နိုင်ငံက အင်တာနက် လွတ်လပ်ခွင့် အခြေအနေနဲ့ ပတ်သက်လို့ Freedom House အဖွဲ့က ဗုဒ္ဓဟူးနေ့က အစီရင်ခံစာ ထုတ်ပြန်ရာမှာ ၆ နှစ်မြောက်ဖြစ်တဲ့ ဒီနှစ်မှာတော့ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၃၂ နိုင်ငံမှာ ကျဆင်းမှုတွေ တွေ့ခဲ့ရတယ်လို့ ဖော်ပြခဲ့တာပါ။ ၅ နှစ်ဆက်တိုက် ကမ္ဘာတ၀ှမ်း အင်တာနက်လွတ်လပ်ခွင့်တွေ ကျဆင်းလာနေတဲ့အထဲ ဒီနှစ်မှာ အဆိုးဆုံးကတော့ တရုတ်နိုင်ငံ ဖြစ်တယ်လို့လည်း ဖော်ပြထားသလို၊ အမေရိကန်ကိုတော့ လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံတနိုင်ငံအဖြစ်နဲ့ အစီရင်ခံစာက သတ်မှတ်ထားခဲ့ပါတယ်။

ကိုအောင်လွင်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
....................
 Freedom House အစီရင္ခံစာသစ္မျွာမန္မာ အင္တာနက် လြတ္လပ္ခြင့် က်ဆင်းနေ
ျမန္မာနိုင်ငံမွာ အင္တာနက် လြတ္လပ္ခြင့်ဟာ ဒီနွစ္ထဲ ထပ္မံက်ဆင်းသြားခဲ့တယ္လို့ အေမရိကန် အျေခစိုက် လူ့အခြင့်အေရး လှုပ်ရွားမှုအဖြဲ့ Freedom House ရဲ့ အစီရင္ခံစာသစ္က ဖော်ျပလိုက္ပါတယ်။ အင္တာနက် လြတ္လပ္ခြင့္မရွိတဲ့ နိုင်ငံမ်ား စာရင်းမွာ ထည့်သြင်းခံခဲ့ရတျဲ့မန္မာနိုင်ငံမွာ သတင်းမီဒီယာတြေနဲ့ အြန္လိုင်းအသုံျးပုသူတြေအေပါ် ထိန်းခ်ုပ္မှုတြေ ရွိနေတယ္လို့လည်ျးမန္မာမီဒီယာသမားတြေ၊ ကြန်ျပူတာ ပညာရွင်တြေကျေပာပါတယ်။ အျပည့်အစုံကိုတော့ ဆက်ြသယ် စုံစမ်းထားတဲ့ ကိုအောင္လြင်ဦးက တင်ျပထားပါတယ်။

ျမန္မာနိုင်ငံမွာ အျေပာင်းအလဲတြေ လုပ္လာခဲ့တဲ့ လြန္ခဲ့တဲ့ ၄ နွစ္ကစလို့ အင္တာနက်သုံးစဲသြူ ပိုမ်ားလာပေမဲ့ လြတ္လပ္ခြင့်တော့ မရွိသေးဘူးလို့ Freedom House အဖြဲ့ရဲ့ ၂၀၁၅ အင္တာနက် လြတ္လပ္ခြင့် အစီရင္ခံစာက ဖော်ျပခဲ့တာပါ။ အင္တာနက် သုံးစဲနြိုင္တဲ့ အခက်အခဲတြေ ရွိနေတာ၊ အြန္လိုင်းစာမ်က်နွာတြေမွာ အကန့်အသတ်တြေ ရွိနေတာ၊ အဆိုးဆုံးအျဖစ္နဲ့ အင္တာနက် သုံးစဲသြူတြေရဲ့ အခြင့်အေရးကို ခိုးဖောက္တာတြေ ပိုမ်ားလာတယ္ဆိုပြီး၊ ပြီးခဲ့တဲ့နွစ္မွာ တစိတ္တပိုင်း လြတ္လပ္ခြင့်ရွိတဲ့ အဆင့်ကေန ဒီနွစ္မွာတော့ လြတ္လပ္ခြင့် မရွိတဲ့အဆင့္ကိုျေပာင်းလဲ သတ္မွတ္ခဲ့တာပါ။ျမန္မာနိုင်ငံ ကြန်ျပူတာ လုပ်ငန်းရွင္မ်ားအသင်း (မန္တလေး) ရဲ့ နာယက ကိုရျဲမတ်သူ ကေတာ့ အရင္တုန်းကလို အင္တာနက် သုံးစဲသြူတြေကို စောင့်ကြည့္တာ၊ အေရးယူတာမိုး သိသိသာသာ မရွိတော့ပေမဲ့လည်း၊ အင္တာနက်သုံးစဲသြူ ပိုမ်ားလာတာနဲ့အမွ် ပုံစံအမိုးမိုးနဲ့ အေရးယူခံရတဲ့ သူတြေလည်း ပိုမ်ားလာတယ္လို့ျေပာပါတယ်။

“အင္တာနက္မွာ က်န္တောို့ ကြည့်ရင် ၊ က်န္တောို့ကို စောင့်ကြည့်တဲ့လူတြေရွိတယ်။ က်န္တောို့ကို နောက္က trail လိုက္တာတြေရွိတယ်။ ကိုယ့် email တြေကို ၀င္ဖတ္တာတြေရွိတယ်။ က်န္တောို့နဲ့ ပက်သက္တဲ့ အင္တာနက် လြတ္လပ္ခြင့်တြေကို ၀င်ပြီးတော့ က်န္တောို့ ရဲ့ privacy ကိုထိတာတြေ ရွိတယ်။ အဲဒီဟာတြေကိုတော်တ္မော်ားမ်ား အခုက်န္တောို့ Telenor သုံးတဲ့အခါမွာ ပော်က်ြသားပြီ။ က်န္တောို့အေနနဲ့က အင္တာနက္လြတ္လပ္ခြင့်ကြီးက ပိုက်ပ္လာတာမဟုတ္ဘူး။ အင္တာနက် website က ပိုကောင်းလာတယ်။ ဒါပေမယ့် အင္တာနက်ပေါ်မွာ သုံးတဲ့လူတြေက အရမ်းမ်ားလာတဲ့အတြက်ကြောင့် မှုခင်းတြေကမ်ားလာတဲ့အတြက် အဲဒါတြေအကုန္လုံးမွာ မူတည်ပြီးတော့ တခို့ကိစ္စတြေမွာ ဖမ်းတဲ့ ကိစ္စတြေ ခေါင်းစဉ်တြေမ်ားသြားတာ။ က်န္တောို့က ပိုလည်းကောင်းမလာသလို ၊ ပိုလည်း ဆိုးမလာဘူးလေ။ အင္တာနက်ရဲ့ ပေတံနဲ့တိုင်းရင် ပိုဆိုးမလာဘူးလို့ က်နော်ကျေပာတာ။ ဘျာဖစ္လို့လဲဆိုတော့ အခုအခိန္မွာ အင္တာနက် တယ္လီဖုန်းသုံးနေတဲ့လူ ၃၂ သန်းလောက်ရွိသြားတယ်။ အရင္တုန်းကဆိုရင် ပြီးခဲ့တဲ့ ၂ နွစ်၊ ၃ နွစ္က ၅ သန်းလောက္ပဲရွိတာ။ အဲဒီအခိန္မွာ တ၀က်လောက္က အင္တာနက်သုံးနေတယ်။ ၇၀ ရာခိုင်နွုန်းက စမတ္ဖုန်းတြေသုံးနေတယ်။ အဲဒီအေနအထားမွာ အမှုအခင်းရွိတဲ့အခါက်တော့ အမှုအခင်း ၇ ခုရွိတယ္ဆိုရင် အဲဒါနဂိုအတိုင်းပဲ။ ဟို လွော့်ခ်ပေးတာမဟုတ်သလို၊ freedomျဖစ်ြသားတာလည်း မဟုတ္ဘူး။ သူတို့ process တြေအကုန္လုံးက မီဒီယာနဲ့ ပက်သက္တာတြေပဲ။ အင္တာနက္နဲ့ ပက်သက္တာတြေလည်း နဂိုအတိုင်းပဲ။”

လက္ကိုင္ဖုန်းတြေ ဖောဖောသီသီ သုံးစဲခြင့်ရလာတာနဲ့အမွ် အင္တာနက္ကို အသုံးမ်ားလာပေမဲ့ ဆက်ြသယ်နိုင္မှု အရည်ေအသြး ကေတာ့ ကမ္ဘာမွာ အနိမ့်ဆုံးအဆင့်မွာ ရွိနေတုန်းပဲလို့လည်း Freedom House ရဲ့ အစီရင္ခံစာက ဖော်ျပထားပါတယ်။ အင္တာနက် စာမ်က်နွာတြေကို ဆင္ဆျာဖတ်တောက္တာ၊ ပိတ္ပင္တာမိုး မရွိပေမဲ့ ထိလြယ်ရွလြယ် နိုင်ငံရေးကိစ္စမိုးတြေကိုတော့ ဖော်ျပသင့်သေလာက် ဖော်ျပတာမိုး မရွိဘူးလို့လည်းျေပာပါတယ်။ စစ္တပ္လို အဖြဲ့အစည်းမိုးတြေက ဂုဏ်သိက္ခာထိခိုက္မွာ စိုးတာကြောင့် အင္တာနက် သုံးစဲတြဲ့သူတြေကို ဖိအားပေးတာမိုးတြေလို အြန္လိုင်းပေါ်က အေကြာင်းအရာတြေကို ကန့်သတ္မှုတြေ ရွိတာကိုလည်း အစီရင္ခံစာက ထောက်ျပခဲ့တာပါ။ျမန္မာသတင်းသမားမ်ားကြန်ယက် အဖြဲ့ရဲ့ အလုပ်အမှုဆောင်အဖြဲ့ဝင် ဦျးမင့်ကော်် ကေတာ့ မကြာသေးခင္ကပဲ Facebook အင္တာနက် စာမ်က်နွာမွာ ဖော်ျပခဲ့တာတြေနဲ့ ဆက်နယ်ြပြီး ဖမ်းဆီးမှုတြေ ရွိခဲ့တာလို အင္တာနက်သုံးသူတြေအေပါ် ပုံစံတမိုးနဲ့ ဖိနွိပ္မှုတြေ ရွိနေတာဟာ စိုးရိမ္စရာကောင်းတယ္လို့ျေပာပါတယ်။

“က်နော့်အျမင္မွာပေါ့လေ။ website တြေ ပိတ္ပင္တာတြေတာ့ ဘာမွ မရွိဘူးပေါ့လေ။ ၂၀၁၁ နောက္ပိုင်းမွာ လွော့်ခ်လိုက္တဲ့နောက်။ သို့သော် ဒီမွာအမ်ားဆုံးသုံးတဲ့ မီဒီယာကေန ရေးသားတဲ့ဟာတြေက အစိုးရတို့၊ နိုင်ငံတော် တပ္တို့ ကို ရေးသားတာမိုးတြေမွာ သူတို့က အသေရပ်က်စေတဲ့အတြက် ရေးသားတဲ့ဟာတြေက ဒီလပိုင်းတြေမွ ဖမ်းဆီးတာတြေ ၊ ဒီနွစ်အတြင်းမွာလည်း ဖမ်းဆီးတာတြေရွိလာတယ်။ သူတို့ကို ပုဂ္ဂိုလ်ရေးရာ ဝေဖန္တာတြေလည်ျးဖစ်ျဖစ် ၊ အဖြဲ့အစည်းပေါ့နော်၊ တပ္တို့ ဘာတို့ကို ဝေဖန္တာတြေကို သီးခံမွာ မဟုတ္ဘူးဆိုတာတျြေပလာတယ်ပေါ့။ ဒီလပိုင်းမွာဆိုရင် ပိုတောင် ဆိုးဆိုျးဖစ္လာတယ်။ တေယာက်ပြီးတေယာက် ဖမ်းတာတြေကို တြေ့ရတယ်။”

ကမ္ဘာပေါ်က နိုင်ငံပေါင်း ၆၅ နိုင်ငံက အင္တာနက် လြတ္လပ္ခြင့် အျေခအေနနဲ့ ပတ်သက္လို့ Freedom House အဖြဲ့က ဗုဒ္ဓဟူးနေ့က အစီရင္ခံစာ ထုတ်ျပန်ရာမွာ ၆ နွစ်ျေမာက်ျဖစ္တဲ့ ဒီနွစ္မွာတေျာ့မန္မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၃၂ နိုင်ငံမွာ က်ဆင်းမှုတြေ တြေ့ခဲ့ရတယ္လို့ ဖော်ျပခဲ့တာပါ။ ၅ နွစ္ဆက္တိုက် ကမ္ဘာတ၀ွမ်း အင္တာနက္လြတ္လပ္ခြင့်တြေ က်ဆင်းလာနေတဲ့အထဲ ဒီနွစ္မွာ အဆိုးဆုံးကေတာ့ တရုတ်နိုင်ငျံဖစ္တယ္လို့လည်း ဖော်ျပထားသလို၊ အေမရိကန္ကိုတော့ လြတ္လပ္ခြင့်ရွိတဲ့ နိုင်ငံတနိုင်ငံအျဖစ္နဲ့ အစီရင္ခံစာက သတ္မွတ္ထားခဲ့ပါတယ်။

ကိုအောင္လြင်ဦး / ဗြီအိုအေ (ျမန္မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment