Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 12, 2015

လိပ္ကြ်န္းလူသတ္မႈ စြပ္စြဲခံ ကို၀င္းေဇာ္ထြန္း လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံခဲ့ရဟု ဆို

ထိုင္းႏိုင္ငံေတာင္ပိုင္း လိပ္ကြ်န္း လူသတ္မႈႏွင့္ ပတ္သက္ၿပီး စြပ္စြဲ ဖမ္းဆီးခံထားရသူ ၂ ဦး အနက္ တဦးျဖစ္သူ ကုိ၀င္းေဇာ္ထြန္း သည္ ဖမ္းဆီးစစ္ေဆးခံရစဥ္က လိင္ပိုင္းဆိုင္ရာ ေစာ္ကားျခင္းခံခဲ့ရသည္ဟု ထြက္ဆိုေၾကာင္း ယင္းအမႈအား လုိက္ပါ ေဆာင္ရြက္ ေနသူ ေရွ႕ေန ဦးေအာင္မ်ိဳးသန္႔က ဧရာ၀တီသို႔ ေျပာသည္။

ဖမ္းဆီးစစ္ေဆးခဲ့စဥ္က ကို၀င္းေဇာ္ထြန္းအား အ၀တ္အစားမ်ားကုိ ခြ်တ္၍ အေအးခန္းတခုသို႔ ထည့္၍ စစ္ေဆးခဲ့ေၾကာင္း၊ စစ္ေဆး သည့္ ထိုင္းရဲတခ်ဳိ႕ ကို၀င္းေဇာ္ထြန္း၏ အမ်ဳိးသား လိင္အဂၤါအား ေစာ္ကားမႈ ျပဳလုပ္ခဲ့သည္ဟု ကို၀င္းေဇာ္ထြန္းက ေအာက္တိုဘာ လ ၁၁ ရက္က ေကာ့စေမြခ႐ိုင္ တရား႐ုံး၌ ထြက္ဆိုခဲ့ေၾကာင္း သိရသည္။

ေရွ႕ေန ဦးေအာင္မ်ိဳးသန္႔က“အေအးခန္းထဲမွာ ကုိယ္တုံးလုံးခြ်တ္ၿပီးေတာ့ စစ္ေဆးတာေတြ၊ လက္ထိပ္တန္းလန္း ျဖစ္ေနတဲ့အခ်ိန္မွာ လိင္ပိုင္း ဆိုင္ရာ ေစာ္ကားခံခဲ့ရတာေတြကုိ ၀င္းေဇာ္ထြန္းက ထြက္ဆိုခဲ့ပါတယ္။ က်ေနာ္တို႔ ေရွ႕ေနေတြဘက္ကလည္းပဲ ဒီကိစၥေတြကုိ တရား ႐ံုးေတာ္ကုိ တင္ျပထားပါတယ္”ဟု ေျပာျပသည္။

လိပ္ကြ်န္း လူသတ္မႈျဖင့္ စြပ္စြဲ ဖမ္းဆီးခံထားရသည့္ ကိုေဇာ္လင္းႏွင့္ ကို၀င္းေဇာ္ထြန္းတို႔အား ေအာက္တိုဘာလ ၁၀ ရက္ႏွင့္ ၁၁ ရက္ ေန႔တို႔၌ အၿပီးသတ္ စစ္ေဆးၿပီးျဖစ္၍ ေနာက္ဆုံး အၿပီးသတ္ စီရင္ခ်က္ကုိ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ ၂၄ ရက္ေန႔တြင္ ခ်မွတ္ မည္ဟု ေကာ့စေမြ ခ႐ိုင္ တရား႐ံုးက သတ္မွတ္လိုက္ေၾကာင္း သိရသည္။

ကိုေဇာ္လင္းအား ေအာက္တိုဘာလ ၁၀ ရက္ေန႔က စစ္ေဆးခဲ့ရာတြင္လည္း လူသတ္မႈ က်ဴးလြန္သည္ဟု ယခင္က ၀န္ခံထားသည့္ အေၾကာင္းအရာမ်ားကုိသာ တရားလိုျပေရွ႕ေနမ်ားက ေမးျမန္းခဲ့ေၾကာင္း၊ လူသတ္မႈ က်ဴးလြန္သည္ဟု ယခင္က ၀န္ခံခဲ့ရျခင္းသည္ ညႇဥ္းပန္း ႏွိပ္စက္ခံရမႈေၾကာင့္သာ ၀န္ခံခဲ့ရျခင္း ျဖစ္သည္ဟု ကိုေဇာ္လင္းက ျပန္လည္ ေျဖဆိုခဲ့ေၾကာင္း ဦးေအာင္မ်ဳိးသန္႔က ရွင္းျပ သည္။

အဓိက သက္ေသ အေထာက္အထားအျဖစ္ တရားလိုဘက္က တင္ျပထားသည့္ မ်ဳိးဗီဇ(DNA)သည္လည္း ကုိ၀င္းေဇာ္ထြန္းႏွင့္ ကုိေဇာ္လင္း တို႔၏ DNA ႏွင့္ ကိုက္ညီမႈ မရွိေတာ့သည့္အတြက္ တရားလိုျပ ေရွ႕ေနမ်ားဘက္က လူသတ္မႈ က်ဴးလြန္ခဲ့သည္ဟု ၀န္ခံ ထားသည့္အေပၚ၌သာ အတင္းအက်ပ္ ျပန္လွန္ ေမးျမန္းျခင္းျဖစ္သည္ဟု ယူဆေၾကာင္း ေရွ႕ေနဦးေအာင္မ်ဳိးသန္႔က ဆက္ေျပာ သည္။

၎က“လူသတ္မႈမွာ အဓိကျဖစ္တဲ့ DNA က လုံး၀ မတူေတာ့ အမႈက ခိုင္လုံမႈ အားနည္းသြားၿပီေလ။ အဲဒါေၾကာင့္ပဲ အရင္က ၀န္ခံခဲ့ တာကုိ ဖိနင္းၿပီးေတာ့ ေမးတယ္။ ကေလးေတြကလည္းပဲ သူတို႔ ၀န္ခံခဲ့ရတာဟာ ႏွိပ္စက္မႈေတြေၾကာင့္ပါ ဆိုတာကုိ ေျဖဆိုၾက တယ္။ ဒီလို ေသဒဏ္ေပးႏိုင္တဲ့ အမႈႀကီးမွာ ခိုင္လုံတဲ့ အေထာက္အထားမရွိတဲ့အတြက္ ကြင္းလုံးကြ်တ္ လႊတ္ေပးဖို႔ပဲ ရွိေတာ့တယ္” ဟုလည္း ေျပာဆိုသည္။

ကိုေဇာ္လင္းႏွင့္ကို၀င္းေဇာ္ထြန္းတို႔သည္ ေနာက္ဆုံး အၿပီးသတ္ စစ္ေဆးၿပီးခ်ိန္တြင္ မိမိတို႔ လြတ္ေျမာက္မည္ဟု ယုံၾကည္မႈ အျပည့္အ၀ ရွိေနၾကပုံရေၾကာင္း၊ ၎တို႔၏ မိခင္မ်ားကလည္း စစ္ေဆးမႈမ်ားအေပၚ အားရေက်နပ္မႈ ရွိသည္ဟု ေမွ်ာ္လင့္ခ်က္ အျပည့္ျဖင့္ ေျပာဆိုေနၾကေၾကာင္း ဦးေအာင္မ်ဳိးသန္႔က ရွင္းျပသည္။

၎က“ကေလးေတြရဲ႕ အေမ ႏွစ္ေယာက္စလုံးကေတာ့ သူတို႔သားေတြ မၾကာခင္ လြတ္ေျမာက္ေတာ့မယ္လို႔ အျပည့္အ၀ ယုံၾကည္ ေနၾကၿပီ”ဟု ဆိုသည္။

ထို႔အတူ အမႈအား ကူညီေဆာင္ရြက္ေပးခဲ့ၾကသည့္ ထိုင္းႏိုင္ငံ ေရွ႕ေနမ်ားေကာင္စီမွ ေရွ႕ေနႀကီးမ်ားကလည္း အေျခအေနအေပၚ အားရ ေက်နပ္မႈရွိၿပီး ေကာင္းမြန္သည့္ ရလဒ္ ထြက္ေပၚလာမည္ဟု ေမွ်ာ္လင့္ထားၾကေၾကာင္း သိရသည္။

လိပ္ကြ်န္း လူသတ္မႈႏွင့္ ပတ္သက္၍ တရားလိုျပ သက္ေသ ၃၅ ဦးႏွင့္ တရားခံျပ သက္ေသ ၁၄ ဦး အပါအ၀င္ ကို၀င္းေဇာ္ထြန္း၊ ကိုေဇာ္လင္း စသည္တို႔ကုိ စစ္ေဆးခဲ့ျခင္း ျဖစ္သည္။

တရားလိုျပ သက္ေသမ်ားအား စစ္ေဆးခဲ့ရာတြင္ အမႈစစ္ ရဲအရာရွိမ်ား၊ မႈခင္း ဆရာ၀န္မ်ား စသည္တို႔ ပါ၀င္ခဲ့ၿပီး ခိုင္မာသည့္ သက္ေသ အေထာက္အထားမရွိခဲ့ဟု တရားခံဘက္က ေရွ႕ေနမ်ားက ေျပာဆိုခဲ့သည္။

တရားခံဟု စြပ္စြဲခံရသူ ျမန္မာ အလုုပ္သမားမ်ားဘက္မွ ထိုင္းႏိုင္ငံ၏ နာမည္ႀကီး မႈခင္း ဆရာ၀န္မႀကီး ေဒါက္တာ ဖြန္ထစ္ ကိုယ္တိုင္ တရား႐ုံး၌ သက္ေသ ထြက္ဆိုေပးခဲ့သည္။

လိပ္ကြ်န္းလူသတ္မႈသည္ ၂၀၁၄ ခုႏွစ္ စက္တင္ဘာလ ၁၅ ရက္တြင္ ျဖစ္ပြားခဲ့ၿပီး ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ ၂၄ ရက္ေန႔တြင္ အၿပီး သတ္ စီရင္ခ် ခ်မွတ္မည္ျဖစ္သျဖင့္ ထိုအမႈသည္ ကမာၻတ၀န္းက စိတ္၀င္စားေနသည့္ အမႈျဖစ္ၿပီး မည္သို႔ စီရင္ခ်က္ ခ်မွတ္မည္ကုိ လည္း ေစာင့္ၾကည့္ေနၾကသည္ဟု သိရသည္။

irrawaddy
......................
လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ ကိုဝင်းဇော်ထွန်း လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရဟု ဆို

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်ပြီး စွပ်စွဲ ဖမ်းဆီးခံထားရသူ ၂ ဦး အနက် တဦးဖြစ်သူ ကို၀င်းဇော်ထွန်း သည် ဖမ်းဆီးစစ်ဆေးခံရစဉ်က လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းခံခဲ့ရသည်ဟု ထွက်ဆိုကြောင်း ယင်းအမှုအား လိုက်ပါ ဆောင်ရွက် နေသူ ရှေ့နေ ဦးအောင်မျိုးသန့်က ဧရာဝတီသို့ ပြောသည်။

ဖမ်းဆီးစစ်ဆေးခဲ့စဉ်က ကိုဝင်းဇော်ထွန်းအား အဝတ်အစားများကို ချွတ်၍ အအေးခန်းတခုသို့ ထည့်၍ စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေး သည့် ထိုင်းရဲတချို့ ကိုဝင်းဇော်ထွန်း၏ အမျိုးသား လိင်အင်္ဂါအား စော်ကားမှု ပြုလုပ်ခဲ့သည်ဟု ကိုဝင်းဇော်ထွန်းက အောက်တိုဘာ လ ၁၁ ရက်က ကော့စမွေခရိုင် တရားရုံး၌ ထွက်ဆိုခဲ့ကြောင်း သိရသည်။

ရှေ့နေ ဦးအောင်မျိုးသန့်က“အအေးခန်းထဲမှာ ကိုယ်တုံးလုံးချွတ်ပြီးတော့ စစ်ဆေးတာတွေ၊ လက်ထိပ်တန်းလန်း ဖြစ်နေတဲ့အချိန်မှာ လိင်ပိုင်း ဆိုင်ရာ စော်ကားခံခဲ့ရတာတွေကို ၀င်းဇော်ထွန်းက ထွက်ဆိုခဲ့ပါတယ်။ ကျနော်တို့ ရှေ့နေတွေဘက်ကလည်းပဲ ဒီကိစ္စတွေကို တရား ရုံးတော်ကို တင်ပြထားပါတယ်”ဟု ပြောပြသည်။

လိပ်ကျွန်း လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား အောက်တိုဘာလ ၁၀ ရက်နှင့် ၁၁ ရက် နေ့တို့၌ အပြီးသတ် စစ်ဆေးပြီးဖြစ်၍ နောက်ဆုံး အပြီးသတ် စီရင်ချက်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ချမှတ် မည်ဟု ကော့စမွေ ခရိုင် တရားရုံးက သတ်မှတ်လိုက်ကြောင်း သိရသည်။

ကိုဇော်လင်းအား အောက်တိုဘာလ ၁၀ ရက်နေ့က စစ်ဆေးခဲ့ရာတွင်လည်း လူသတ်မှု ကျူးလွန်သည်ဟု ယခင်က ၀န်ခံထားသည့် အကြောင်းအရာများကိုသာ တရားလိုပြရှေ့နေများက မေးမြန်းခဲ့ကြောင်း၊ လူသတ်မှု ကျူးလွန်သည်ဟု ယခင်က ၀န်ခံခဲ့ရခြင်းသည် ညှဉ်းပန်း နှိပ်စက်ခံရမှုကြောင့်သာ ၀န်ခံခဲ့ရခြင်း ဖြစ်သည်ဟု ကိုဇော်လင်းက ပြန်လည် ဖြေဆိုခဲ့ကြောင်း ဦးအောင်မျိုးသန့်က ရှင်းပြ သည်။

အဓိက သက်သေ အထောက်အထားအဖြစ် တရားလိုဘက်က တင်ပြထားသည့် မျိုးဗီဇ(DNA)သည်လည်း ကို၀င်းဇော်ထွန်းနှင့် ကိုဇော်လင်း တို့၏ DNA နှင့် ကိုက်ညီမှု မရှိတော့သည့်အတွက် တရားလိုပြ ရှေ့နေများဘက်က လူသတ်မှု ကျူးလွန်ခဲ့သည်ဟု ၀န်ခံ ထားသည့်အပေါ်၌သာ အတင်းအကျပ် ပြန်လှန် မေးမြန်းခြင်းဖြစ်သည်ဟု ယူဆကြောင်း ရှေ့နေဦးအောင်မျိုးသန့်က ဆက်ပြော သည်။

၎င်းက“လူသတ်မှုမှာ အဓိကဖြစ်တဲ့ DNA က လုံးဝ မတူတော့ အမှုက ခိုင်လုံမှု အားနည်းသွားပြီလေ။ အဲဒါကြောင့်ပဲ အရင်က ၀န်ခံခဲ့ တာကို ဖိနင်းပြီးတော့ မေးတယ်။ ကလေးတွေကလည်းပဲ သူတို့ ၀န်ခံခဲ့ရတာဟာ နှိပ်စက်မှုတွေကြောင့်ပါ ဆိုတာကို ဖြေဆိုကြ တယ်။ ဒီလို သေဒဏ်ပေးနိုင်တဲ့ အမှုကြီးမှာ ခိုင်လုံတဲ့ အထောက်အထားမရှိတဲ့အတွက် ကွင်းလုံးကျွတ် လွှတ်ပေးဖို့ပဲ ရှိတော့တယ်” ဟုလည်း ပြောဆိုသည်။

ကိုဇော်လင်းနှင့်ကိုဝင်းဇော်ထွန်းတို့သည် နောက်ဆုံး အပြီးသတ် စစ်ဆေးပြီးချိန်တွင် မိမိတို့ လွတ်မြောက်မည်ဟု ယုံကြည်မှု အပြည့်အဝ ရှိနေကြပုံရကြောင်း၊ ၎င်းတို့၏ မိခင်များကလည်း စစ်ဆေးမှုများအပေါ် အားရကျေနပ်မှု ရှိသည်ဟု မျှော်လင့်ချက် အပြည့်ဖြင့် ပြောဆိုနေကြကြောင်း ဦးအောင်မျိုးသန့်က ရှင်းပြသည်။

၎င်းက“ကလေးတွေရဲ့ အမေ နှစ်ယောက်စလုံးကတော့ သူတို့သားတွေ မကြာခင် လွတ်မြောက်တော့မယ်လို့ အပြည့်အဝ ယုံကြည် နေကြပြီ”ဟု ဆိုသည်။

ထို့အတူ အမှုအား ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ထိုင်းနိုင်ငံ ရှေ့နေများကောင်စီမှ ရှေ့နေကြီးများကလည်း အခြေအနေအပေါ် အားရ ကျေနပ်မှုရှိပြီး ကောင်းမွန်သည့် ရလဒ် ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားကြကြောင်း သိရသည်။

လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေ ၃၅ ဦးနှင့် တရားခံပြ သက်သေ ၁၄ ဦး အပါအဝင် ကိုဝင်းဇော်ထွန်း၊ ကိုဇော်လင်း စသည်တို့ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

တရားလိုပြ သက်သေများအား စစ်ဆေးခဲ့ရာတွင် အမှုစစ် ရဲအရာရှိများ၊ မှုခင်း ဆရာဝန်များ စသည်တို့ ပါ၀င်ခဲ့ပြီး ခိုင်မာသည့် သက်သေ အထောက်အထားမရှိခဲ့ဟု တရားခံဘက်က ရှေ့နေများက ပြောဆိုခဲ့သည်။

တရားခံဟု စွပ်စွဲခံရသူ မြန်မာ အလုုပ်သမားများဘက်မှ ထိုင်းနိုင်ငံ၏ နာမည်ကြီး မှုခင်း ဆရာဝန်မကြီး ဒေါက်တာ ဖွန်ထစ် ကိုယ်တိုင် တရားရုံး၌ သက်သေ ထွက်ဆိုပေးခဲ့သည်။

လိပ်ကျွန်းလူသတ်မှုသည် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် အပြီး သတ် စီရင်ချ ချမှတ်မည်ဖြစ်သဖြင့် ထိုအမှုသည် ကမ္ဘာတဝန်းက စိတ်ဝင်စားနေသည့် အမှုဖြစ်ပြီး မည်သို့ စီရင်ချက် ချမှတ်မည်ကို လည်း စောင့်ကြည့်နေကြသည်ဟု သိရသည်။

irrawaddy

No comments:

Post a Comment