Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 8, 2015

ဦးေဌးဦးကို ေရြးေကာက္ပြဲေကာ္မရွင္ ေခၚယူသတိေပးမည္


အမ်ဳိးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္အား ေ၀ဖန္ေျပာဆိုခဲ့သည့္ ျပည္ခိုင္ၿဖိဳးပါတီ ပူးတြဲဥကၠ႒ ဦးေဌးဦးကို ေခၚယူသတိေပးေျပာဆိုမႈမ်ား ေဆာင္ရြက္သြားမည္ဟု ဟသၤာတခ႐ိုင္ ေရြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ ဦး၀င္းေမာင္က The Messenger Media သို႔ ေျပာသည္။

“အတိုင္ခံရတဲ့ဘက္နဲ႔ တိုင္တဲ့ဘက္ ႏွစ္ဖက္ေတြ႕ဆံုၿပီးေတာ့ ညိႇႏႈိင္းေပးမယ္၊ ေခၚယူ သတိေပးမွာေပါ့။ အဲဒီလို လုပ္လိုက္ရင္ေတာ့ ေနာက္အေျပာအဆိုလည္း ဆင္ျခင္သြားမွာေပါ့”ဟု ၎က ဆိုသည္။

ေအာက္တိုဘာလ (၅)ရက္ေန႔က “အိုဘားမား ႏွစ္ႀကိမ္လာေတာ့ ႏွစ္ႀကိမ္ အနမ္းခံရတာေပါ့”ဟု ျပည္ခိုင္ၿဖိဳးပါတီ ပူးတြဲဥကၠ႒ ဦးေဌးဦး ေျပာဆိုၿပီး၊ ဟသၤာတၿမိဳ႕နယ္ ရဲကြင္းေက်းရြာ မဲဆြယ္စည္း႐ံုးမႈမ်ား ျပဳခဲ့သည္ဟု Daily Eleven သတင္းစာတြင္ ေဖာ္ျပပါရွိသည္။

ဦးေဌးဦး၏ ေျပာစကားတြင္ ပါ၀င္ေသာ “ႏွစ္ႀကိမ္ အနမ္းခံရတာေပါ့”ဟူ သည့္ ေျပာဆိုခ်က္သည္ အေမရိကန္ သမၼတ အိုဘားမား ျမန္မာႏိုင္ငံသို႔ လာေရာက္သည့္ ခရီးစဥ္အတြင္း အမ်ဳိးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သီးျခားေတြ႕ဆံုခဲ့စဥ္ ႏႈတ္ဆက္ခဲ့ျခင္းကို ရည္ညႊန္းခဲ့ျခင္း ျဖစ္ပါသည္ဟု ယင္းသတင္းစာတြင္ ဆက္လက္ ေဖာ္ျပထားသည္။

ယင္းကဲ့သုိ႔ ေျပာဆိုခဲ့မႈအား အေထာက္အထားမ်ား ရယူကာ သက္ဆိုင္ရာ ေကာ္မရွင္မ်ားထံ တင္ျပတိုင္ၾကားသြားမည္ ျဖစ္ေၾကာင္းလည္း ဟသၤာတၿမိဳ႕နယ္၊ အမ်ဳိးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ကိုယ္စားျပဳ ျပည္သူ႔လႊတ္ေတာ္တြင္ ၀င္ေရာက္ ယွဥ္ၿပိဳင္မည့္ ဦးခင္ေမာင္ရီက ေျပာသည္။

ယင္းကဲ့သို အျငင္းပြားမႈ ျပႆနာ တစ္စံုတစ္ရာ ျဖစ္လာပါက ေျဖရွင္းေဆာင္ရြက္ရန္ ခ႐ိုင္ေရြးေကာက္ပြဲ ဆိုင္ရာ ေစ့စပ္ညိႇႏႈိင္း ေရးေကာ္မတီကို ၀င္ေရာက္ ယွဥ္ၿပိဳင္မည့္ ပါတီမ်ားမွ ပါတီကုိယ္စားလွယ္မ်ားျဖင့္ ဖြဲ႕စည္းထားသည္ဟု ခ႐ိုင္ေရြးေကာက္ပြဲ ေကာ္မရွင္မွ သိရသည္။

“ေစ့စပ္ညိႇႏႈိင္းေရး ေကာ္မတီ အေနျဖင့္ေတာ့ အမႈဖြင့္တာတု႔ိ အေရးယူတာတို႔ေတာ့ လုပ္ပိုင္ခြင့္မရွိဘူး ကြန္ပလိန္းတက္ရင္ ေစ့စပ္ညိႇႏႈိင္းေရး အဖြဲ႕ကေန ေျပေျပလည္လည္ ျဖစ္ေအာင္ ညိႇႏႈိင္းေျဖရွင္းေပးမယ္။ ညိႇႏႈိင္းေျဖရွင္းလို႔ မရရင္ေတာ့ Record လုပ္ထားမယ္။ ကၽြန္ေတာ္တို ့ေျဖရွင္းတာကို လက္မခံရင္ ကၽြန္ေတာ္တို ထက္ တစ္ဆင့္ျမင့္တာကို တင္ျပေပါ့။ ေနာက္ဆံုး Authority ကေတာ့ ယူအီးစီမွာ ရွိတာေပါ့”ဟု ခ႐ိုင္ေရြးေကာက္ပြဲ ေစ့စပ္ညိႇႏႈိင္းေရး ေကာ္မတီ၀င္ တစ္ဦးက ေျပာသည္။

“ၿပိဳင္ဘက္ ပါတီမ်ားႏွင့္ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းမ်ား၏ ဂုဏ္သိကၡာကုိ ညိႇဳးႏြမ္းေစေသာ ပုဂၢိဳလ္ေရး တိုက္ခိုက္မႈ၊ အၾကမ္းဖက္မႈမ်ား၊ အမုန္းပြားမႈမ်ားကို ျဖစ္ေပၚေစသည့္ အေျပာအဆို အျပဳအမူ အသြင္ျပင္မ်ားမွ ေဆာင္ရြက္ျခင္းကို ေရွာင္ၾကဥ္ရန္ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္မွ သတိေပးတား ျမစ္ထားၿပီး၊ ေဖာက္ဖ်က္ က်ဴးလြန္ျခင္းမ်ား ေတြ႕ရွိပါက တည္ဆဲဥပေဒမ်ားအရ အေရးယူျခင္းခံရမည္”ဟု ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္၏ ၁/၂၀၁၄ ထုတ္ ျပန္ခ်က္တား ျမစ္ခ်က္ ၁၄ (ဆ)တြင္ ေဖာ္ျပထားသည္။

ႏုိ၀င္ဘာလ (၈)ရက္ေန႔တြင္ က်င္းပမည့္ ေရြးေကာက္ပြဲတြင္ ျပည္ခိုင္ၿဖိဳးပါတီ ပူးတြဲဥကၠ႒ ဦးေဌးဦး ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ ဟသၤတၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္တြင္ အားၿပိဳင္မႈမ်ား ဆက္လက္ ျပင္းထန္လာႏိုင္သည္ဟု ဦး၀င္းေမာင္က ခန္႔မွန္း ေျပာဆိုသည္။
messenger news journal
..................
ဦးဌေးဦးကို ရွေးကောက်ပွဲကော်မရှင် ခေါ်ယူသတိပေးမည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ပြောဆိုခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးကို ခေါ်ယူသတိပေးပြောဆိုမှုများ ဆောင်ရွက်သွားမည်ဟု ဟင်္သာတခရိုင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမောင်က The Messenger Media သို့ ပြောသည်။

“အတိုင်ခံရတဲ့ဘက်နဲ့ တိုင်တဲ့ဘက် နှစ်ဖက်တွေ့ဆုံပြီးတော့ ညှိနှိုင်းပေးမယ်၊ ခေါ်ယူ သတိပေးမှာပေါ့။ အဲဒီလို လုပ်လိုက်ရင်တော့ နောက်အပြောအဆိုလည်း ဆင်ခြင်သွားမှာပေါ့”ဟု ၎င်းက ဆိုသည်။

အောက်တိုဘာလ (၅)ရက်နေ့က “အိုဘားမား နှစ်ကြိမ်လာတော့ နှစ်ကြိမ် အနမ်းခံရတာပေါ့”ဟု ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦး ပြောဆိုပြီး၊ ဟင်္သာတမြို့နယ် ရဲကွင်းကျေးရွာ မဲဆွယ်စည်းရုံးမှုများ ပြုခဲ့သည်ဟု Daily Eleven သတင်းစာတွင် ဖော်ပြပါရှိသည်။

ဦးဌေးဦး၏ ပြောစကားတွင် ပါ၀င်သော “နှစ်ကြိမ် အနမ်းခံရတာပေါ့”ဟူ သည့် ပြောဆိုချက်သည် အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားတွေ့ဆုံခဲ့စဉ် နှုတ်ဆက်ခဲ့ခြင်းကို ရည်ညွှန်းခဲ့ခြင်း ဖြစ်ပါသည်ဟု ယင်းသတင်းစာတွင် ဆက်လက် ဖော်ပြထားသည်။

ယင်းကဲ့သို့ ပြောဆိုခဲ့မှုအား အထောက်အထားများ ရယူကာ သက်ဆိုင်ရာ ကော်မရှင်များထံ တင်ပြတိုင်ကြားသွားမည် ဖြစ်ကြောင်းလည်း ဟင်္သာတမြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ဦးခင်မောင်ရီက ပြောသည်။

ယင်းကဲ့သို အငြင်းပွားမှု ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာပါက ဖြေရှင်းဆောင်ရွက်ရန် ခရိုင်ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်း ရေးကော်မတီကို ၀င်ရောက် ယှဉ်ပြိုင်မည့် ပါတီများမှ ပါတီကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်ဟု ခရိုင်ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။

“စေ့စပ်ညှိနှိုင်းရေး ကော်မတီ အနေဖြင့်တော့ အမှုဖွင့်တာတို့ အရေးယူတာတို့တော့ လုပ်ပိုင်ခွင့်မရှိဘူး ကွန်ပလိန်းတက်ရင် စေ့စပ်ညှိနှိုင်းရေး အဖွဲ့ကနေ ပြေပြေလည်လည် ဖြစ်အောင် ညှိနှိုင်းဖြေရှင်းပေးမယ်။ ညှိနှိုင်းဖြေရှင်းလို့ မရရင်တော့ Record လုပ်ထားမယ်။ ကျွန်တော်တို ့ဖြေရှင်းတာကို လက်မခံရင် ကျွန်တော်တို ထက် တစ်ဆင့်မြင့်တာကို တင်ပြပေါ့။ နောက်ဆုံး Authority ကတော့ ယူအီးစီမှာ ရှိတာပေါ့”ဟု ခရိုင်ရွေးကောက်ပွဲ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင် တစ်ဦးက ပြောသည်။

“ပြိုင်ဘက် ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု၊ အကြမ်းဖက်မှုများ၊ အမုန်းပွားမှုများကို ဖြစ်ပေါ်စေသည့် အပြောအဆို အပြုအမူ အသွင်ပြင်များမှ ဆောင်ရွက်ခြင်းကို ရှောင်ကြဉ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတိပေးတား မြစ်ထားပြီး၊ ဖောက်ဖျက် ကျူးလွန်ခြင်းများ တွေ့ရှိပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ၁/၂၀၁၄ ထုတ် ပြန်ချက်တား မြစ်ချက် ၁၄ (ဆ)တွင် ဖော်ပြထားသည်။

နို၀င်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦး ၀င်ရောက်ယှဉ်ပြိုင်မည့် ဟင်္သတမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အားပြိုင်မှုများ ဆက်လက် ပြင်းထန်လာနိုင်သည်ဟု ဦးဝင်းမောင်က ခန့်မှန်း ပြောဆိုသည်။
messenger news journal

No comments:

Post a Comment