Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 21, 2015

ေဒါင္းေယာင္ေဆာင္ေသာက်ီးမ စာသားနွင့္ ေဒၚေအာင္ဆန္းစုၾကည္ကို ပုဂၢိဳလ္ေရးတိုက္ခိုက္သည့္ ဗီနိုင္းခ်ိတ္ဆြဲမႈမ်ား မႏၱေလးတြင္ ျဖစ္ပြား


“မနက္ပိုင္းကေတြ႔လို႔ ျဖဳတ္သိမ္းျပီး NLD ပါတီကို အေၾကာင္းၾကားလိုက္တာ။ တနိုင္ငံလံုးမွာ “ရဲ”ေနတာဆိုေတာ့ ပုတ္ခတ္တာလို႔ ထင္တယ္. . ."

မႏၱေလးျမိဳ႕တြင္ ျမိဳ႕နယ္ ၂ ခု၌ ေဒါင္းေယာင္ေဆာင္ေသာ က်ီးမ ဟူေသာ စာသားနွင့္ ဓါတ္ပံုမ်ားပါရွိသည့္ ဗီနိုင္း မ်ားခ်ိတ္ဆြဲခဲ့ရာတြင္ ရဟန္းစီး ဘိနပ္တရံ ထားရွိခဲ့ျခင္းေၾကာင့္ သံဃာမ်ားနွင့္ အထင္အျမင္လြဲမွားေအာင္လုပ္ ေဆာင္ျခင္းျဖစ္ျပီး ေကာ္မရွင္သို႔ အေၾကာင္းၾကား သြားမည္ျဖစ္ေၾကာင္း မန္းတိုင္း NLD ေအာင္နိုင္ေရးဥကၠဌ ဦးေရြလွက ေျပာသည္။

ေအာင္ေျမသာစံျမိဳနယ္၊ ၂၆-လမ္းက်ံဳးေဘးသံဇကာတြင္ တခ်ပ္နွင့္ မဟာေအာင္ေျမျမိဳ႕နယ္၊ လမ္း ၄၀၊ ၆၉ လမ္း×လမ္း ၇၀ မဟာျမိဳင္ရပ္ကြက္၊ ထေနာင္းပင္တြင္ ကပ္ထားသည့္ ဗိနိုင္းတခ်ပ္ျဖစ္ျပီး ၄င္းအနီးရဟန္း စီးဖိနပ္တရံ ေတြ႔ရွိရသည္ဟုဆိုသည္။

“ရဟန္းစီးဖိနပ္တရံခ်ထားေတာ့ ျမိဳ႕ေပၚသံဃာမ်ားနဲ႔ အထင္အျမင္လြဲေအာင္၊ အမုန္းပြားေအာင္ တမင္ အ ကြက္ဆင္တာလို႔ ျမင္တယ္။ လက္ရွိျဖစ္ေနတာက ပါတီဆိုင္းဘုတ္အဖ်က္ခံရတာ ပိုစတာအဖ်က္ခံရတာ၊ အဖြဲ႕ ခ်ဳပ္ကို ထိပါးပုတ္ခတ္ေရးသားတာေတြကို ေကာ္မရွင္ကုိ အေၾကာင္းၾကားသြားမယ္”ဟု ၄င္းကေျပာသည္။

မဟာျမိဳင္မွ ဗီနိုင္းကိုေတြ႔ရွိခဲ့သူကေျပာရာတြင္ "မနက္ပိုင္းက ေတြ႔လို႔ ျဖဳတ္သိမ္းျပီး NLD ပါတီကို အေၾကာင္းၾကားလိုက္တာ။ တနိုင္ငံလံုးမွာ “ရဲ”ေနတာဆိုေတာ့ ပုတ္ခတ္တာလို႔ ထင္တယ္"ဟု ဆိုသည္။

ပါတီအေပၚ အထင္အျမင္လြဲေစမည့္ စာသားမ်ားခ်ိတ္ဆြဲျခင္းအား သက္ဆိုင္ရာျမိဳ႕နယ္ေကာ္မရွင္အဖြဲ႔ခြဲ၊ ျမိဳ႕နယ္ ရဲစခန္းကို အေၾကာင္းၾကားျပီး အေရးယူေဆာင္ရြက္ရန္မွာ ရဲအေရးမပိုင္ျခင္းနွင့္ ယခုျဖစ္စဥ္တြင္ ခ်ိတ္ဆြဲသြား သူကို တိတိက်က် ထုတ္ေဖၚနိုင္ျခင္းမရွိေသး၍ အမွဳဖြင့္ရန္ အခက္အခဲက္ရွိနိုင္သည္ဟု ဆိုသည္။

“မဟာျမိဳင္က ဗိနိုင္းကို လူငယ္တေယာက္ေတြ႔ျပီး အေၾကာင္းၾကားလာလို႔ အဲဒီဗီနိုင္းကို သိမ္းထား။ ထူးတာက ဗီနိုင္းခ်ိတ္တဲ႔ေနရာနားမွာ ဘုန္းၾကီးစီးဖိနပ္တရံ ခ်ထားတယ္။ ဆရာေတာ္ေတြကိုလည္း ေလွ်ာက္ထားျပီးပါျပီ။ ပထမအဆင့္ အေၾကာင္းၾကားမယ္”ဟု NLD ပါတီမွ တိုင္းေဒသၾကီးလႊတ္ေတာ္ကိုယ္ စားလွယ္ေလာင္း ဦးေဇာ္ေဇာ္ေအာင္က ေျပာသည္။

၄င္းတို႔အေနျဖင့္ အဆိုပါ ဗီနိုင္းကိစၥအား ဖြင့္မဖြင့္ကို အမွဳေဆာင္အဖြဲ႔နွင့္ တိုင္ပင္မည္ျဖစ္ေၾကာင္း၊ မဟာျမိဳင္ ၂ ရပ္ကြက္မွ ဗီနိုင္းမွာ ညပိုင္းအခ်ိန္က ျပဳလုပ္ခဲ့သည္ဟု ထင္ျမင္ေၾကာင္း ၎က ဆက္လက္ေျပာဆိုသည္။

ခိုင္ဆက္ေ၀
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.....................

“မနက်ပိုင်းကတွေ့လို့ ဖြုတ်သိမ်းပြီး NLD ပါတီကို အကြောင်းကြားလိုက်တာ။ တနိုင်ငံလုံးမှာ “ရဲ”နေတာဆိုတော့ ပုတ်ခတ်တာလို့ ထင်တယ်. . ."

မန္တလေးမြို့တွင် မြို့နယ် ၂ ခု၌ ဒေါင်းယောင်ဆောင်သော ကျီးမ ဟူသော စာသားနှင့် ဓါတ်ပုံများပါရှိသည့် ဗီနိုင်း များချိတ်ဆွဲခဲ့ရာတွင် ရဟန်းစီး ဘိနပ်တရံ ထားရှိခဲ့ခြင်းကြောင့် သံဃာများနှင့် အထင်အမြင်လွဲမှားအောင်လုပ် ဆောင်ခြင်းဖြစ်ပြီး ကော်မရှင်သို့ အကြောင်းကြား သွားမည်ဖြစ်ကြောင်း မန်းတိုင်း NLD အောင်နိုင်ရေးဥက္ကဌ ဦးရွေလှက ပြောသည်။

အောင်မြေသာစံမြိုနယ်၊ ၂၆-လမ်းကျုံးဘေးသံဇကာတွင် တချပ်နှင့် မဟာအောင်မြေမြို့နယ်၊ လမ်း ၄၀၊ ၆၉ လမ်း×လမ်း ရ၀ မဟာမြိုင်ရပ်ကွက်၊ ထနောင်းပင်တွင် ကပ်ထားသည့် ဗိနိုင်းတချပ်ဖြစ်ပြီး ၄င်းအနီးရဟန်း စီးဖိနပ်တရံ တွေ့ရှိရသည်ဟုဆိုသည်။

“ရဟန်းစီးဖိနပ်တရံချထားတော့ မြို့ပေါ်သံဃာများနဲ့ အထင်အမြင်လွဲအောင်၊ အမုန်းပွားအောင် တမင် အ ကွက်ဆင်တာလို့ မြင်တယ်။ လက်ရှိဖြစ်နေတာက ပါတီဆိုင်းဘုတ်အဖျက်ခံရတာ ပိုစတာအဖျက်ခံရတာ၊ အဖွဲ့ ချုပ်ကို ထိပါးပုတ်ခတ်ရေးသားတာတွေကို ကော်မရှင်ကို အကြောင်းကြားသွားမယ်”ဟု ၄င်းကပြောသည်။

မဟာမြိုင်မှ ဗီနိုင်းကိုတွေ့ရှိခဲ့သူကပြောရာတွင် "မနက်ပိုင်းက တွေ့လို့ ဖြုတ်သိမ်းပြီး NLD ပါတီကို အကြောင်းကြားလိုက်တာ။ တနိုင်ငံလုံးမှာ “ရဲ”နေတာဆိုတော့ ပုတ်ခတ်တာလို့ ထင်တယ်"ဟု ဆိုသည်။

ပါတီအပေါ် အထင်အမြင်လွဲစေမည့် စာသားများချိတ်ဆွဲခြင်းအား သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ် ရဲစခန်းကို အကြောင်းကြားပြီး အရေးယူဆောင်ရွက်ရန်မှာ ရဲအရေးမပိုင်ခြင်းနှင့် ယခုဖြစ်စဉ်တွင် ချိတ်ဆွဲသွား သူကို တိတိကျကျ ထုတ်ဖေါ်နိုင်ခြင်းမရှိသေး၍ အမှုဖွင့်ရန် အခက်အခဲက်ရှိနိုင်သည်ဟု ဆိုသည်။

“မဟာမြိုင်က ဗိနိုင်းကို လူငယ်တယောက်တွေ့ပြီး အကြောင်းကြားလာလို့ အဲဒီဗီနိုင်းကို သိမ်းထား။ ထူးတာက ဗီနိုင်းချိတ်တဲ့နေရာနားမှာ ဘုန်းကြီးစီးဖိနပ်တရံ ချထားတယ်။ ဆရာတော်တွေကိုလည်း လျှောက်ထားပြီးပါပြီ။ ပထမအဆင့် အကြောင်းကြားမယ်”ဟု NLD ပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်လောင်း ဦးဇော်ဇော်အောင်က ပြောသည်။

၄င်းတို့အနေဖြင့် အဆိုပါ ဗီနိုင်းကိစ္စအား ဖွင့်မဖွင့်ကို အမှုဆောင်အဖွဲ့နှင့် တိုင်ပင်မည်ဖြစ်ကြောင်း၊ မဟာမြိုင် ၂ ရပ်ကွက်မှ ဗီနိုင်းမှာ ညပိုင်းအချိန်က ပြုလုပ်ခဲ့သည်ဟု ထင်မြင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment