Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 18, 2015

ဆံုးရႈံးခဲ့သည့္မဲမ်ား ျပန္ေပးႏိုင္ရန္ စင္ကာပူသံရံုးမွ ေထာက္ခံစာ ထုတ္ေပးမည္


Sunday, October 18, 2015
ႀကိဳတင္ဆႏၵမဲေပးခြင့္ မရခဲ့သည့္ စင္ကာပူႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ား အေနႏွင့္ ေရြးေကာက္ပြဲ က်င္းပမည့္ေန႔ရက္၌ နစ္နာခဲ့သည့္ ဆႏၵမဲမ်ား ျပန္ထည့္ႏိုင္ရန္ ေထာက္ခံစာမ်ား ထုတ္ေပးသြားမည္ ျဖစ္ေၾကာင္း စင္ကာပူႏိုင္ငံရွိ ျမန္မာသံရံုးမွ ယေန႔ (ေအာက္တိုဘာလ ၁၈ ရက္) ေန႔စြဲျဖင့္ ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္လိုက္သည္။
အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ဆႏၵမဲေပးခြင့္ မရရွိခဲ့သည့္ သူမ်ား၏ မွတ္တမ္းႏွင့္ ကိုယ္ေရးတိုင္ၾကားစာ မ်ားကို စုစည္းထားရွိၿပီး ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္သို႔ ေပးအပ္သြားမည္ ျဖစ္ေၾကာင္း၊ နစ္နာခဲ့သည့္ ဆႏၵမဲမ်ား ျပန္လည္ထည့္ဝင္ႏိုင္ရန္ အတြက္ ေအာက္တိုဘာလ ၂၆ ရက္ေန႔မွ စ၍ ေထာက္ခံစာမ်ား ထုတ္ေပးသြားမည္ ျဖစ္ေၾကာင္း အဆိုပါ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။
The Voice Weekly
...............................
ဆုံးရှုံးခဲ့သည့်မဲများ ပြန်ပေးနိုင်ရန် စင်ကာပူသံရုံးမှ ထောက်ခံစာ ထုတ်ပေးမည်
Sunday, October 18, 2015
ကြိုတင်ဆန္ဒမဲပေးခွင့် မရခဲ့သည့် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေနှင့် ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်၌ နစ်နာခဲ့သည့် ဆန္ဒမဲများ ပြန်ထည့်နိုင်ရန် ထောက်ခံစာများ ထုတ်ပေးသွားမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးမှ ယနေ့ (အောက်တိုဘာလ ၁၈ ရက်) နေ့စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
အကြောင်း အမျိုးမျိုးကြောင့် ဆန္ဒမဲပေးခွင့် မရရှိခဲ့သည့် သူများ၏ မှတ်တမ်းနှင့် ကိုယ်ရေးတိုင်ကြားစာ များကို စုစည်းထားရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ပေးအပ်သွားမည် ဖြစ်ကြောင်း၊ နစ်နာခဲ့သည့် ဆန္ဒမဲများ ပြန်လည်ထည့်ဝင်နိုင်ရန် အတွက် အောက်တိုဘာလ ၂၆ ရက်နေ့မှ စ၍ ထောက်ခံစာများ ထုတ်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
The Voice Weekly

No comments:

Post a Comment