Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 15, 2015

ကာခ်ဳပ္ႀကီးကို ဖိနပ္နဲ႔နင္းတဲ့ ဓါတ္ပံု ေဝမွ်သူ အဖမ္းခံရ

အသံဖိုင္ နားေထာင္ရန္နဲ႔ ရယူရန္နားေထာင္ရန္  အသံဖိုင္ယူရန္patrick-kum-jaa-lee-620.JPG
ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ရဲ႕ ဓါတ္ပံုေပၚမွာ ဖိနပ္နဲ႔နင္းထားတဲ့ပံုကို ေဖ့ဆ္ဘြတ္လူမႈေရး စာမ်က္ႏွာမွာ ထပ္ဆင့္ေဝငွခဲ့တဲ့ ဦးပက္ထရစ္ခြန္ဂ်ာလီ ကိုေတြ႔ရစဥ္
Photo:Patrick Kum Jaa Lee(facebook)
ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ရဲ႕ ဓါတ္ပံုေပၚမွာ ဖိနပ္နဲ႔နင္းထားတဲ့ပံုကို ေဖ့ဘြတ္လူမႈေရး စာမ်က္ႏွာမွာ ထပ္ဆင့္ေဝငွထားလို႔ဆိုၿပီး ရန္ကုန္ၿမိဳ႕က ကခ်င္အမ်ိဳးသားတစ္ဦးျဖစ္တဲ့ ဦးပက္ထရစ္ခြန္ဂ်ာလီ  ကို လိႈင္ၿမိဳ႕နယ္ရဲစခန္း တာဝန္ရွိသူေတြက မေန႔က ေအာက္တိုဘာလ ၁၄ ရက္ေန႔ ညေန ၇ နာရီေက်ာ္ေလာက္ မွာ ေနအိမ္ကေန ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ သိရပါတယ္။

ဦးပက္ထရစ္ခြန္ဂ်ာလီကို လာဖမ္းတဲ့အခါ ဖမ္းဝရမ္းျပတာမ်ိဳးမရွိဘဲ အဆင့္သင့္ပံုႏွိပ္ထုတ္ယူလာတဲ့ ဓါတ္ပံုတစ္ပံုျပ ၿပီးေခၚသြားတာျဖစ္တယ္လို႔ သမီးျဖစ္တဲ့ မအဖန္ က RFA ကိုေျပာပါတယ္။

ဦးခြန္ဂ်ာလီရဲ႕ ဇနီးသည္ဟာ ကခ်င္အမ်ိဳးသမီး ၿငိမ္းခ်မ္းေရးကြန္ရက္က လူ႔အခြင့္အေရးလႈပ္ရွား သူ ေဒၚေမစံပယ္ျဖဴျဖစ္ၿပီး၊ အခုရက္ပိုင္းမွာ ဥေရာပနိုင္ငံေတြကို ေရာက္ေနပါတယ္။

ဒါေၾကာင့္ သူတို႔မိသားအိမ္မွာ အဖြားအိုတစ္ေယာက္နဲ႔ သားသမီးေတြပဲ က်န္ရစ္ခဲ့ပါတယ္။ မိတ္ေဆြတခ်ိဳ႕က ရဲစခန္းကိုလိုက္သြားေပမယ့္ စစ္ေဆးေရးကာလျဖစ္လို႔ ေတြ႔ခြင့္မျပဳနိုင္ဘူးလို႔ ရဲအရာရွိေတြကေျပာတယ္လို႔လည္း သိရပါတယ္။

ဦးပက္ထရစ္ခြန္ဂ်ာလီ အေၾကာင္းနဲ႔ပတ္သက္လို႔ သမီးျဖစ္သူ မအဖန္ (Ah Pan) ကို RFA ဝိုင္းေတာ္သား ကိုေနရိန္ေက်ာ္ ဆက္သြယ္ေမးျမန္းထားတာ နားဆင္နိုင္ပါၿပီ။
http://www.rfa.org/burmese/news/patrick-kum-Jaa-lee-arrested-10152015005338.html
........................
ကာချုပ်ကြီးကို ဖိနပ်နဲ့နင်းတဲ့ ဓါတ်ပုံ ဝေမျှသူ အဖမ်းခံရ

အသံဖိုင် နားထောင်ရန်နဲ့ ရယူရန်နားထောင်ရန်  အသံဖိုင်ယူရန်patrick-kum-jaa-lee-620.JPG
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံပေါ်မှာ ဖိနပ်နဲ့နင်းထားတဲ့ပုံကို ဖေ့ဆ်ဘွတ်လူမှုရေး စာမျက်နှာမှာ ထပ်ဆင့်ဝေငှခဲ့တဲ့ ဦးပက်ထရစ်ခွန်ဂျာလီ ကိုတွေ့ရစဉ်
Photo:Patrick Kum Jaa Lee(facebook)
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံပေါ်မှာ ဖိနပ်နဲ့နင်းထားတဲ့ပုံကို ဖေ့ဘွတ်လူမှုရေး စာမျက်နှာမှာ ထပ်ဆင့်ဝေငှထားလို့ဆိုပြီး ရန်ကုန်မြို့က ကချင်အမျိုးသားတစ်ဦးဖြစ်တဲ့ ဦးပက်ထရစ်ခွန်ဂျာလီ  ကို လှိုင်မြို့နယ်ရဲစခန်း တာဝန်ရှိသူတွေက မနေ့က အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ရ နာရီကျော်လောက် မှာ နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဦးပက်ထရစ်ခွန်ဂျာလီကို လာဖမ်းတဲ့အခါ ဖမ်းဝရမ်းပြတာမျိုးမရှိဘဲ အဆင့်သင့်ပုံနှိပ်ထုတ်ယူလာတဲ့ ဓါတ်ပုံတစ်ပုံပြ ပြီးခေါ်သွားတာဖြစ်တယ်လို့ သမီးဖြစ်တဲ့ မအဖန် က RFA ကိုပြောပါတယ်။

ဦးခွန်ဂျာလီရဲ့ ဇနီးသည်ဟာ ကချင်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက်က လူ့အခွင့်အရေးလှုပ်ရှား သူ ဒေါ်မေစံပယ်ဖြူဖြစ်ပြီး၊ အခုရက်ပိုင်းမှာ ဥရောပနိုင်ငံတွေကို ရောက်နေပါတယ်။

ဒါကြောင့် သူတို့မိသားအိမ်မှာ အဖွားအိုတစ်ယောက်နဲ့ သားသမီးတွေပဲ ကျန်ရစ်ခဲ့ပါတယ်။ မိတ်ဆွေတချို့က ရဲစခန်းကိုလိုက်သွားပေမယ့် စစ်ဆေးရေးကာလဖြစ်လို့ တွေ့ခွင့်မပြုနိုင်ဘူးလို့ ရဲအရာရှိတွေကပြောတယ်လို့လည်း သိရပါတယ်။

ဦးပက်ထရစ်ခွန်ဂျာလီ အကြောင်းနဲ့ပတ်သက်လို့ သမီးဖြစ်သူ မအဖန် (Ah Pan) ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
http://www.rfa.org/burmese/news/patrick-kum-Jaa-lee-arrested-10152015005338.html

No comments:

Post a Comment