Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 11, 2015

လိပ္ကၽြန္းလူသတ္မႈ တရား႐ံုး စစ္ေဆးမႈ ၿပီးဆံုး

ထိုင္းႏုိင္ငံမွာ လူသတ္မႈနဲ႔ စြပ္စဲြၿပီး ဖမ္းဆီးခံထားရသူ ျမန္မာ အလုပ္သမားႏွစ္ဦးျဖစ္တဲ့ ကိုေဇာ္လင္း (ဝဲ) နဲ႔ ကိုဝင္းေဇာ္ထြန္း (ယာ) 
 တစ္ႏွစ္ေက်ာ္ ၾကာလာၿပီျဖစ္တဲ့ ထုိင္းႏိုင္ငံ၊ ေကာ့ေတာင္ကၽြန္းလို႔ေခၚတဲ့ လိပ္ကၽြန္းမွာ ၿဗိတိန္ ကမၻာလွည့္ခရီးသြားႏွစ္ဦး အသတ္ခံရတဲ့ အမႈနဲ႔ ပတ္သက္လို႔ တရား႐ံုးကေန တရားခံေတြ ဘက္ကိုေရာ၊ တရားလိုဘက္ကိုပါ စစ္ေဆးေမးျမန္းခ်က္ေတြ ကေတာ့ ေအာက္တိုဘာလ ၁၁ ရက္ ေန႔မွာ ၿပီးဆံုးသြားပါၿပီ။ လာမယ့္ ဒီဇင္ဘာလ ၂၄ ရက္ေန႔မွာ အမႈကို စီရင္ခ်က္ခ်မွာ ျဖစ္ေၾကာင္း တရား႐ံုးက ဆံုးျဖတ္ခဲ့ပါတယ္။ အျပည့္ အစံုကို ဆက္သြယ္စံုစမ္းထားတဲ့ ထုိင္း အေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

လိပ္ကၽြန္းလူသတ္မႈနဲ႔ပတ္သက္လို႔ ေအာက္တိုဘာလ ၁၀ ရက္ေန႔နဲ႔ ၁၁ ရက္ေန႔ေတြမွာ ေကာ့စေမြတရား႐ံုးကေန တရားခံအျဖစ္ စြပ္စြဲခံထားရသူ ျမန္မာ လူငယ္ႏွစ္ဦးရဲ႕အမႈကို အၿပီးသတ္ စစ္ေဆးခဲ့ပါတယ္။ စစ္ေဆးမႈၿပီးဆံုးခဲ့ၿပီး ဒီဇင္ဘာ ၂၄ ရက္ေန႔မွာ စီရင္ခ်က္ခ်ဖို႔ တရား႐ံုးက ဆံုးျဖတ္ ခဲ့ေၾကာင္း တရားခံအျဖစ္ စြပ္စြဲခံရသူႏွစ္ဦးရဲ႕ အက်ဳိးေဆာင္ေရွ႕ေန ဦးေအာင္မ်ဳိးသန္႔က ေျပာပါတယ္။

“၂၄ ရက္၊ ၁၂ လ၊ ၂၀၁၅ မွာ ေနာက္ဆံုးအမိန္႔ခ်မယ္။ ေဝၿဖိဳး (ေခၚ) ဝင္းေဇာ္ထြန္းေလးကို ၿပီးေအာင္စစ္လိုက္ရတယ္ေပါ့။ ႏွစ္ခ်က္ကေတာ့ သူတို႔ ကိုယ္တုိင္၊ ကေလးေတြကိုယ္တုိင္က ျပစ္မႈက်ဴးလြန္တာ မဟုတ္တဲ့အခါက်ေတာ့ သူတို႔ရဲ႕ျဖစ္ရပ္မွန္ကို တရားခြင္မွာ စီကာပတ္ကုံးနဲ႔ အမွန္အတိုင္း ထြက္ဆိုသြားႏိုင္ၾကပါတယ္။ ဒါေပမယ့္ အစိုးရေရွ႕ေနဘက္ကေတာ့ DNA တူတဲ့ကိစၥလည္း သိပ္မေမးေတာ့ပါဘူး။ ၿပီးေတာ့ CCTV ပံုရိပ္ေတြ အေၾကာင္းလည္း သိပ္မေမးေတာ့ပါဘူး။ အခုေမးတာကေတာ့ ဝန္ခံတဲ့အခ်က္နဲ႔ပတ္သက္ၿပီးေတာ့ ၁၀ ရက္၊ ၁၀ လ၊ ၂၀၁၄ က ဝန္ခံခ်က္နဲ႔ ၆ ရက္၊ ၁၁ လ၊ ၂၀၁၄ က ဝန္ခံခ်ိန္မွာလည္း အက်ဥ္းဦးစီးထဲမွာေရာက္ေနရဲ႕သားနဲ႔ ဝန္ခံတယ္ဆိုတဲ့အခ်က္ေတြကို သတိထားၿပီးေတာ့ ေမးသြားတာျဖစ္ပါတယ္။”

ဒီအမႈနဲ႔ပတ္သက္လို႔ စြပ္စဲြခံရသူ ျမန္မာလူငယ္ဘက္က တရားခံျပသက္ေသေတြအျဖစ္ ထုိင္းလူ႔အခြင့္အေရးအဖြဲ႔က တာဝန္ရွိသူေတြ၊ ထုိင္းႏုိင္ငံ အမ်ဳိးသားမႈခင္း စစ္ေဆးေရးဌာန တာဝန္ရွိသူေတြ၊ ျမန္မာသံ႐ံုးက တာဝန္ရွိသူေတြ၊ ထုိင္းႏုိင္ငံ လူ႔အခြင့္အေရးလႈပ္ရွားသူေတြက ထြက္ဆိုခ်က္ အသီးသီးေပးအၿပီးမွာ ျမန္မာလူငယ္ႏွစ္ဦးက ဒီလူသတ္မႈကို က်ဴးလြန္းခဲ့ျခင္းမရွိဘူးဆိုတာ အေထာက္အထားေတြနဲ႔ သက္ေသျပႏုိင္ခဲ့တာေၾကာင့္ အမႈသြားအမႈလာ အေျခအေနေကာင္းမြန္တယ္လို႔ ေရွ႕ေန ဦးေအာင္မ်ဳိးသန္႔က ေျပာပါတယ္။

“ဥပေဒနားလည္တဲ့ တရားစစ္အဖြဲ႔က စြဲဆိုထားတဲ့အခ်က္က ႏွစ္ခ်က္ရွိပါတယ္။ တစ္ခ်က္ကေတာ့ ဝန္ခံခ်က္ေပးတယ္ဆိုတဲ့အခ်က္၊ ေနာက္ ဒုတိယအခ်က္ကေတာ့ DNA တူတယ္ဆိုတဲ့အခ်က္။ ဒါေတြနဲ႔ေပါင္းၿပီးေတာ့ CCTV ကပံုေတြနဲ႔ တရားခံေတြကို တရားစြဲခဲ့တာပါ။ အဲဒီေတာ့ ဒီအခ်က္ေတြနဲ႔ပတ္သက္လို႔လည္း အမႈတဲြေတာက္ေလွ်ာက္မွာ တရားခံျပသက္ေသစစ္ၿပီးတဲ့အခါမွာ DNA ကိစၥဆိုတာ ရွင္းသြားပါၿပီ။ လူသတ္ လက္နက္ျဖစ္တဲ့ေပါက္တူး႐ိုးေပၚမွာ DNA ေတြ႔တယ္။ သို႔ေသာ္ တရားခံေတြရဲ႕ DNA မဟုတ္ဘူးဆိုတာေၾကာင့္ DNA နဲ႔ပတ္သက္လို႔ ရွင္းသြားပါၿပီ။ CCTV နဲ႔ပတ္သက္လို႔ ေျပာမယ္ဆုိရင္ ကေလးေတြရဲ႕ပံုဟာ တရားလိုဘက္က ေဝၿဖိဳးပံုပါ-လို႔ ေျပာခ်င္တယ္။ ဒါေပမယ့္ CCTV ရဲ႕မိတၱဴကို ျမန္မာႏိုင္ငံက technician ပညာရွင္ေတြနဲ႔ စစ္ေဆးၾကည့္တဲ့အခါမွာ ေဝၿဖိဳးမဟုတ္ဘူးဆိုတဲ့ ၂၅ ရက္၊ ၉ လ၊ ၂၀၁၅ ထြက္ဆို ခ်က္ပါ …ဆိုရင္ ဒီအခ်က္ကလည္း ရွင္းသြားပါၿပီ။ ၿပီးေတာ့ ဝန္ခံခ်က္နဲ႔ပတ္သက္လို႔လည္း ဒီအခ်ိန္မွာ ေရွ႕ေနမရွိဘူး။ ေနာက္တရားခံေတြရဲ႕ ေဆြမ်ဳိးသားခ်င္းမရွိဘူး၊ ဒါေၾကာင့္မို႔လို႔ တရားမဝင္ဘူးလို႔ ေျပာခဲ့တယ္။ ဒါတင္မကေသးဘူး၊ တရား႐ံုးကိုေရာက္ေတာ့ ဒီ (၆) ခ်က္ကို ျပန္ၿပီးေတာ့ တရားဝင္ … ဆိုတာ ရွင္းသြားပါတယ္။”

ျမန္မာေရႊ႕ေျပာင္းအလုပ္သမား (၄) ေထာင္ခန္႔ အလုပ္လုပ္ေနတဲ့ လိပ္ကၽြန္းမွာ ၂၀၁၄ ခုႏွစ္၊ စက္တင္ဘာ ၁၅ ရက္ေန႔က လူသတ္မႈျဖစ္ခဲ့ၿပီး ရက္ပိုင္း အတြင္း တရားခံေတြအျဖစ္ လက္ရွိ စြပ္စြဲခံရသူ ကိုဝင္းေဇာ္ထြန္းနဲ႔ ကိုေဇာ္လင္းတို႔ကို တျခား ေရႊ႕ေျပာင္းအလုပ္သမားေတြနဲ႔အတူ သံသယရွိသူေတြအျဖစ္ ရဲေတြက DNA ရယူ စစ္ေဆးခဲ့တာပါ။ အဲဒီအခ်ိန္တုန္းက DNA တူညီမႈမရွိဘူးဆိုၿပီး ျပန္လႊတ္ေပးခဲ့ၿပီးမွ သီတင္းႏွစ္ပတ္ၾကာၿပီးတဲ့ေနာက္ ၂၀၁၄ ခုႏွစ္၊ စက္တင္ဘာလကုန္ပိုင္းမွာ ကိုဝင္းေဇာ္ထြန္းနဲ႔ ကိုေဇာ္လင္းတို႔ႏွစ္ေယာက္ကို လူသတ္မႈနဲ႔ျပန္လည္ဖမ္းဆီးၿပီး တရားစဲြဆိုခဲ့တာျဖစ္ပါတယ္။ တရားခံအျဖစ္ စြပ္စြဲခံထားရသူ ျမန္မာလူငယ္ႏွစ္ဦးကေတာ့ လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္ကစလို႔ အခုခ်ိန္ထိ ထုိင္းႏိုင္ငံ၊ ေကာ့စေမြအက်ဥ္းေထာင္ထဲမွာ ခ်ဳပ္ေႏွာင္ခံထားရၿပီး ဒီအမႈကို ရင္ဆုိင္ေနၾကရတာလည္း ျဖစ္ပါတယ္။

မေအးေအးမာ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.......................

ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ စွပ်စွဲပြီး ဖမ်းဆီးခံထားရသူ မြန်မာ အလုပ်သမားနှစ်ဦးဖြစ်တဲ့ ကိုဇော်လင်း (ဝဲ) နဲ့ ကိုဝင်းဇော်ထွန်း (ယာ)
 တစ်နှစ်ကျော် ကြာလာပြီဖြစ်တဲ့ ထိုင်းနိုင်ငံ၊ ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန် ကမ္ဘာလှည့်ခရီးသွားနှစ်ဦး အသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်လို့ တရားရုံးကနေ တရားခံတွေ ဘက်ကိုရော၊ တရားလိုဘက်ကိုပါ စစ်ဆေးမေးမြန်းချက်တွေ ကတော့ အောက်တိုဘာလ ၁၁ ရက် နေ့မှာ ပြီးဆုံးသွားပါပြီ။ လာမယ့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ အမှုကို စီရင်ချက်ချမှာ ဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ အပြည့် အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်း အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို့ အောက်တိုဘာလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ ကော့စမွေတရားရုံးကနေ တရားခံအဖြစ် စွပ်စွဲခံထားရသူ မြန်မာ လူငယ်နှစ်ဦးရဲ့အမှုကို အပြီးသတ် စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးမှုပြီးဆုံးခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့မှာ စီရင်ချက်ချဖို့ တရားရုံးက ဆုံးဖြတ် ခဲ့ကြောင်း တရားခံအဖြစ် စွပ်စွဲခံရသူနှစ်ဦးရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“၂၄ ရက်၊ ၁၂ လ၊ ၂၀၁၅ မှာ နောက်ဆုံးအမိန့်ချမယ်။ ဝေဖြိုး (ခေါ်) ဝင်းဇော်ထွန်းလေးကို ပြီးအောင်စစ်လိုက်ရတယ်ပေါ့။ နှစ်ချက်ကတော့ သူတို့ ကိုယ်တိုင်၊ ကလေးတွေကိုယ်တိုင်က ပြစ်မှုကျူးလွန်တာ မဟုတ်တဲ့အခါကျတော့ သူတို့ရဲ့ဖြစ်ရပ်မှန်ကို တရားခွင်မှာ စီကာပတ်ကုံးနဲ့ အမှန်အတိုင်း ထွက်ဆိုသွားနိုင်ကြပါတယ်။ ဒါပေမယ့် အစိုးရရှေ့နေဘက်ကတော့ DNA တူတဲ့ကိစ္စလည်း သိပ်မမေးတော့ပါဘူး။ ပြီးတော့ CCTV ပုံရိပ်တွေ အကြောင်းလည်း သိပ်မမေးတော့ပါဘူး။ အခုမေးတာကတော့ ဝန်ခံတဲ့အချက်နဲ့ပတ်သက်ပြီးတော့ ၁၀ ရက်၊ ၁၀ လ၊ ၂၀၁၄ က ဝန်ခံချက်နဲ့ ၆ ရက်၊ ၁၁ လ၊ ၂၀၁၄ က ဝန်ခံချိန်မှာလည်း အကျဉ်းဦးစီးထဲမှာရောက်နေရဲ့သားနဲ့ ဝန်ခံတယ်ဆိုတဲ့အချက်တွေကို သတိထားပြီးတော့ မေးသွားတာဖြစ်ပါတယ်။”

ဒီအမှုနဲ့ပတ်သက်လို့ စွပ်စွဲခံရသူ မြန်မာလူငယ်ဘက်က တရားခံပြသက်သေတွေအဖြစ် ထိုင်းလူ့အခွင့်အရေးအဖွဲ့က တာဝန်ရှိသူတွေ၊ ထိုင်းနိုင်ငံ အမျိုးသားမှုခင်း စစ်ဆေးရေးဌာန တာဝန်ရှိသူတွေ၊ မြန်မာသံရုံးက တာဝန်ရှိသူတွေ၊ ထိုင်းနိုင်ငံ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထွက်ဆိုချက် အသီးသီးပေးအပြီးမှာ မြန်မာလူငယ်နှစ်ဦးက ဒီလူသတ်မှုကို ကျူးလွန်းခဲ့ခြင်းမရှိဘူးဆိုတာ အထောက်အထားတွေနဲ့ သက်သေပြနိုင်ခဲ့တာကြောင့် အမှုသွားအမှုလာ အခြေအနေကောင်းမွန်တယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ဥပဒေနားလည်တဲ့ တရားစစ်အဖွဲ့က စွဲဆိုထားတဲ့အချက်က နှစ်ချက်ရှိပါတယ်။ တစ်ချက်ကတော့ ဝန်ခံချက်ပေးတယ်ဆိုတဲ့အချက်၊ နောက် ဒုတိယအချက်ကတော့ DNA တူတယ်ဆိုတဲ့အချက်။ ဒါတွေနဲ့ပေါင်းပြီးတော့ CCTV ကပုံတွေနဲ့ တရားခံတွေကို တရားစွဲခဲ့တာပါ။ အဲဒီတော့ ဒီအချက်တွေနဲ့ပတ်သက်လို့လည်း အမှုတွဲတောက်လျှောက်မှာ တရားခံပြသက်သေစစ်ပြီးတဲ့အခါမှာ DNA ကိစ္စဆိုတာ ရှင်းသွားပါပြီ။ လူသတ် လက်နက်ဖြစ်တဲ့ပေါက်တူးရိုးပေါ်မှာ DNA တွေ့တယ်။ သို့သော် တရားခံတွေရဲ့ DNA မဟုတ်ဘူးဆိုတာကြောင့် DNA နဲ့ပတ်သက်လို့ ရှင်းသွားပါပြီ။ CCTV နဲ့ပတ်သက်လို့ ပြောမယ်ဆိုရင် ကလေးတွေရဲ့ပုံဟာ တရားလိုဘက်က ဝေဖြိုးပုံပါ-လို့ ပြောချင်တယ်။ ဒါပေမယ့် CCTV ရဲ့မိတ္တူကို မြန်မာနိုင်ငံက technician ပညာရှင်တွေနဲ့ စစ်ဆေးကြည့်တဲ့အခါမှာ ဝေဖြိုးမဟုတ်ဘူးဆိုတဲ့ ၂၅ ရက်၊ ၉ လ၊ ၂၀၁၅ ထွက်ဆို ချက်ပါ …ဆိုရင် ဒီအချက်ကလည်း ရှင်းသွားပါပြီ။ ပြီးတော့ ဝန်ခံချက်နဲ့ပတ်သက်လို့လည်း ဒီအချိန်မှာ ရှေ့နေမရှိဘူး။ နောက်တရားခံတွေရဲ့ ဆွေမျိုးသားချင်းမရှိဘူး၊ ဒါကြောင့်မို့လို့ တရားမဝင်ဘူးလို့ ပြောခဲ့တယ်။ ဒါတင်မကသေးဘူး၊ တရားရုံးကိုရောက်တော့ ဒီ (၆) ချက်ကို ပြန်ပြီးတော့ တရားဝင် … ဆိုတာ ရှင်းသွားပါတယ်။”

မြန်မာရွှေ့ပြောင်းအလုပ်သမား (၄) ထောင်ခန့် အလုပ်လုပ်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ခဲ့ပြီး ရက်ပိုင်း အတွင်း တရားခံတွေအဖြစ် လက်ရှိ စွပ်စွဲခံရသူ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို တခြား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့အတူ သံသယရှိသူတွေအဖြစ် ရဲတွေက DNA ရယူ စစ်ဆေးခဲ့တာပါ။ အဲဒီအချိန်တုန်းက DNA တူညီမှုမရှိဘူးဆိုပြီး ပြန်လွှတ်ပေးခဲ့ပြီးမှ သီတင်းနှစ်ပတ်ကြာပြီးတဲ့နောက် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းမှာ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့နှစ်ယောက်ကို လူသတ်မှုနဲ့ပြန်လည်ဖမ်းဆီးပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ တရားခံအဖြစ် စွပ်စွဲခံထားရသူ မြန်မာလူငယ်နှစ်ဦးကတော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကစလို့ အခုချိန်ထိ ထိုင်းနိုင်ငံ၊ ကော့စမွေအကျဉ်းထောင်ထဲမှာ ချုပ်နှောင်ခံထားရပြီး ဒီအမှုကို ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment