Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 14, 2015

အစုိးရအဖြဲ႕၀င္ ယဥ္ေက်းမႈ ဒုတိယ၀န္ႀကီး ဦးသန္းေဆြက ေဒၚေအာင္ဆန္းစုၾကည္အား ပုဂၢိဳလ္ေရး တိုက္ခိုက္ေ၀ဖန္သည့္ ေျပာၾကားခ်က္ လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔


အစိုးရအဖြဲ႕၀င္ တစ္ဦးျဖစ္သည့္ ယဥ္ေက်းမႈ၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဦးသန္းေဆြက ေဒၚေအာင္ဆန္းစုၾကည္အား ပုဂိၢဳလ္ေရး တိုက္ခိုက္ေ၀ဖန္သည့္ ေျပာၾကားခ်က္ လူမႈကြန္ရက္ Facebook တြင္ ပ်ံ႕ႏွံ႔လ်က္ရွိသည္။

လူမႈကြန္ရက္ Facebook တြင္ ပ်ံ႕ႏွံ႔လ်က္ရွိေသာ ယဥ္ေက်းမႈ ၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဦးသန္းေဆြ၏ ေျပာၾကားခ်က္ အခ်ဳိ႕တြင္ “ေဒၚစုၾကည္ အေၾကာင္းေျပာမယ္။ ၁၉၅၈ ခုႏွစ္၀န္းက်င္ အဘက ရွစ္တန္း၊ သူက ငါးတန္း အဂၤလိပ္ေက်ာင္းမွာ တစ္ေက်ာင္းတည္း တက္ခဲ႔တယ္။ ေဒၚစုၾကည္က ငါးတန္း (B) ခန္းမွာ။ အဲ႔ဒီ ငါးတန္း (B) ခန္းက နာမည္ႀကီးတယ္။ ဘာေၾကာင့္လဲဆိုရင္ အဲ့ဒီအခန္းမွာ ဗိုလ္စႀကၤာရဲ႕သမီး စႏၵီစႀကၤာ ဗိုလ္လက်္ာရဲ႕သမီး တင္လက်္ာတို႔လည္း ေက်ာင္းတက္ၾကတယ္။ ဘာေၾကာင့္ နာမည္ႀကီးတာလဲဆိုေတာ့ တင္စႀကၤာေၾကာင့္ဘဲ။ သူက အရြယ္နဲ႔ မလိုက္ေအာင္ ထြားတယ္။ အတန္းႀကီးေတြက ဆရာမေတြ မအားတဲ႔အခါ အတန္းငယ္ေတြကို သြားထိန္းရတယ္။ တစ္ေန႔ေတာ့ အဘအလွည့္ ေရာက္လာတယ္။ အတန္းထဲမွာ ဘယ္သူနဲ႔မွ မေပါင္းဘဲ ႐ႈတည္တည္နဲ႔ မျပံဳးမရယ္ ေနတာက ေဒၚစုၾကည္ပဲ။ ဆရာမေတြ ကိုယ္တိုင္လည္း ဒီလိုပဲျမင္တယ္။ အဲဒီကတည္းက ၾကည့္မရခဲ႔ဘူး” ႏွင့္ “တကၠသိုလ္တက္ခ်ိန္ အသက္ ၂၀ ေလာက္ေပါ့။ သန္႔ရွင္းနဲ႔ တည္ျမဲ ေရြးေကာက္ပြဲမွာ ဦးႏုဘက္က ေဒၚခင္ၾကည္ ေထာက္ခံခဲ႔လို႔ ဦးႏုအစိုးရ ျပန္တက္လာေတာ့ ေဒၚခင္ၾကည္ကို အိႏၵိယ သံအမတ္ႀကီး ခန္႔တယ္ေပါ့။ ေဒၚခင္ၾကည္ အိႏၵိယ သံအမတ္ျဖစ္ေတာ့ ေဒၚခင္ၾကည္နဲ႔ ညီအစ္မလိုခင္တဲ႔ အဘရဲ႕ အေဒၚကို လာလည္ဖို႔ ဖိတ္တယ္။ အေဒၚက လိုက္လည္ဖို႔ အဘကို ေခၚတယ္။ အဘက ရတနာဂီရိကို ႐ူးသြပ္ခဲ႔ေတာ့ အရမ္းသြားခ်င္ေတာ့ လိုက္သြားခဲ႔တယ္။ ဟိုေရာက္ေတာ့ အဘက ရတနာဂီရိကို သြားဖို႔ေျပာေပမယ့္ ခြင့္မျပဳခဲ႔ဘူး။ လမ္းပန္းဆက္သြယ္ေရး မေကာင္းလို႔ ေျပာတယ္။ ဒုတိယအတြင္း၀န္ ေဒၚခင္၀င္းေမနဲ႔ အဘ ျပႆနာ တက္တယ္။ ေဒၚခင္ၾကည္က ၀င္ေရာက္ ေျဖရွင္းေပးတယ္။ သြားခြင့္မရခဲ႔ဘူး။ အဲ႔ဒီေရာက္ၿပီး ႏွစ္ရက္အၾကာ UN အစည္းအေ၀းက ျပန္လာတဲ႔ ၿမိဳ႕မဦးဘလြင္၊ စီမံကိန္း အတြင္း၀န္ ဦးသန္းေဆြ၊ ပြင့္ျဖဴအမတ္ သံုးဦး အိႏၵိယကို အျပန္၀င္လည္မယ္။ တပ္ခ်္မဟာသြားမယ္။ ပိုက္ဆံမရွိလို႔ ေဒၚခင္ၾကည္အိမ္မွာ တည္းမယ္လို႔ ဆက္သြယ္လာတယ္။ သူတို႔အဖြဲ႕ ေရာက္လာေတာ့ အဘနဲ႔ ဆရာႀကီး ဦးဘလြင္က တစ္ခန္း၊ ဦးသန္းေဆြနဲ႔ ပြင့္ျဖဴအမတ္က တစ္ခန္း ေနရတယ္။ တပ္ခ်္မဟာကို အတူသြားၾကတာေပါ့။ အဘတို႔ ေရာက္ကတည္းက ေဒၚစုၾကည္က အိမ္မွာမရွိဘူး။ ျမင္းစီးေလ့က်င့္ဖို႔ သြားေနတယ္။ Breakfast စားခ်ိန္ပဲ ျပန္လာတယ္။ တစ္ရက္ ေဒၚခင္ၾကည္က Russia သံအမတ္ႀကီး ႀကိဳဖို႔ရွိလို႔ Breakfast စားၿပီးရင္ အိမ္မွာေနၿပီး ဗမာေတြ ရွိေနတုန္း ဗမာအေၾကာင္း ေျပာၾကဖို႔ ေဒၚစုၾကည္ကိုမွာၿပီး ထားခဲ႔တယ္။ အဲ႔ဒီမွာ ေဒၚစုက စေျပာတယ္။ ကြၽန္မ ဗမာေတြကို သိပ္မုန္းတာပဲတဲ႔။ ဆရာႀကီး ဦးဘလြင္က ဘာေၾကာင့္ ဗမာမုန္းတာလဲ မစုလို႔ေမးတယ္။ ေဒၚစုျပန္ေျဖတာက ကြၽန္မအေဖကို ဗမာေတြ သတ္တာတဲ႔။ ဆရာႀကီး ဦးဘလြင္က ဆက္ေမးတယ္။ မစု ဘယ္အမ်ိဳးအႏြယ္က ဆင္းသက္လာတာလဲတဲ႔။ ျပန္ေျဖတယ္ ပုဂံမင္းသမီးႏွစ္ပါး ပုဂံျပည္က ေျပးလာၿပီး ပုဂံအဆက္ျဖစ္ေၾကာင္း ေျပာသြားတယ္။ အေဘးျဖစ္သူ ဗိုလ္မင္းေရာင္ တို႔အေၾကာင္း မပါသြားဘူး။ ဆရာႀကီးက ထပ္ေမးျပန္တယ္။ မစု ဘာစာေတြ ဖတ္လဲတဲ႔။ ေဒၚစု ျပန္ေျဖတယ္။ ဗမာစာက လင္တ႐ူး စာေပေတြမို႔ မဖတ္ဘူး။ လိႈင္ထိပ္ေခါင္တင္ သီခ်င္းေတာ့ နားေထာင္တယ္တဲ႔။ အဲ႔မွာတင္ ဆရာႀကီးဦးဘလြင္ စကား၀ိုင္းက ထထြက္သြားတယ္။ အဘ အခန္းထဲ ေရာက္ေတာ့ ဆရာႀကီးကို ဘာလို႔ ထသြားလဲ ေမးတယ္။ ဆရာႀကီးက ဗမာစိတ္ေပ်ာက္ၿပီး ေျပာေနတာေတြ နားမခ်မ္းသာလို႔ ထထြက္လာတာတဲ႔။ ေဒၚစုၾကည္ ဗမာအထင္မႀကီး မုန္းတီးတဲ႔စိတ္က ၁၉၆၂ ၀န္းက်င္မွာ ကတည္းက ျဖစ္ေနၿပီ” တို႔ ပါ၀င္သည္ကို ေတြ႕ရသည္။

ထို႔ျပင္ “ေဒၚစု အာဏာရရင္ဘဲ တိုင္းျပည္က ခ်က္ခ်င္းနတ္ေရကန္ထဲ က်သလို ေျပာင္းလဲသြားမယ္လို႔ ထင္ေနၾကတယ္။ ဘယ္လိုမွ မျဖစ္နိုင္ဘူး။ တျဖည္းျဖည္း တိုးတက္ေျပာင္းလဲရမွာ။ တကယ္လို႔ သူတို႔ထင္သလို ခ်က္ခ်င္းျဖစ္လာမယ္ဆိုရင္ အခုအဘ အသက္ ၇၀ ရွိပါေသးတယ္။ ေခါင္းျဖတ္ခံေၾကး ေလာင္းရဲတယ္။ ဘယ္ေတာ့မွ ျဖစ္မလာဘူး” ဟု ေျပာၾကားခ်က္လည္း ပါ၀င္သည္ကို ေတြ႕ရသည္။

အဆိုပါ ေျပာၾကားခ်က္မ်ားႏွင့္ ပတ္သက္၍ The Daily Eleven က ယဥ္ေက်းမႈ၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဦးသန္းေဆြအား သြားေရာက္ေတြ႕ဆုံ ေမးျမန္းရာ “႐ံုးက ၀န္ထမ္းေတြကို ေရြးေကာက္ပြဲမွာ ဘယ္ကိုထည့္မလဲ ဆိုတာကို ေျပာၾကတာေပါ့။ ၀န္ထမ္းေတြက အခုအစိုးရ လက္ထက္မွာ တိုက္ခန္းနဲ႔ ေျမကြက္ မရဘူးေပါ့။ အဲဒါေၾကာင့္ သူတို႔တျခားဟာကို မဲေပးၾကမယ္ဆိုတဲ့ သေဘာေပါ့။ ဒါေၾကာင့္ ကြ်န္ေတာ္ေျပာတာက NLD ပါတီအႏိုင္ရလို႔ ၀န္ထမ္းေတြ အကုန္လံုးကို တိုက္ခန္းနဲ႔ ေျမကြက္ေပးရင္ လည္အျဖတ္ခံတယ္လို႔ ေျပာတယ္။ ကြ်န္ေတာ္ ေျပာတာကလည္း ေဒၚေအာင္ဆန္းစုၾကည္ အငယ္ကတည္းက ဘိုေတြကို အထင္ႀကီးတယ္ေပါ့။ ျမန္မာႏိုင္ငံက သူေတြဆိုရင္ အထင္မႀကီးေပါ့။ ဒါေၾကာင့္ သူတျခား ႏိုင္ငံသားနဲ႔ အိမ္ေထာင္ က်တယ္ေပါ့။ ႐ုပ္ရွင္မင္းသားႀကီး ဦးထြန္းေ၀ႀကီးက ေဒၚေအာင္ဆန္းစုၾကည္ကို စတင္ခဲ့တာ။ အခုေတာ့ ကြ်န္ေတာ့္ကို လွည့္မၾကည့္ဘူးလို႔ ကြ်န္ေတာ့္ကို ရင္ဖြင့္ခဲ့ဖူးတယ္။ ေဒၚေအာင္ဆန္းစုၾကည္က စိုင္ေကာ္လို႔ ခ်ံဳေပၚေရာက္တာ။ ဒီစကားေတြကို ကြ်န္ေတာ္ ၀န္ထမ္းေတြကို အျပဳသေဘာနဲ႔ ေျပာတာ။ အဲဒါကို ၀န္ထမ္း တစ္ေယာက္ကေနၿပီး ေဖ့စ္ဘုတ္ေပၚ တင္လိုက္တယ္။ ကြ်န္ေတာ္ေတာင္ မဖတ္ရေသးဘူး။ အဲဒါကို ဘူးလက္က ရွယ္သြားတယ္လို႔ သိရတယ္။ အဲဒီစကားေတြကို ကြ်န္ေတာ့္ ၀န္ထမ္းေတြကို ေျပာခဲ့ပါတယ္။ စာေရးဆရာမႀကီး ေဒၚေရႊကူေမႏွင္းကေတာင္ နင္တကယ္ ေခါင္းအျဖတ္ ခံရဲလို႔လားလို႔ ဖုန္းဆက္ၿပီးေမးတယ္။ ကြ်န္ေတာ္ ေျပာတာက တစ္ႏိုင္ငံလံုးမွာရွိတဲ့ ၀န္ထမ္းေတြ အားလံုးကို တိုက္ခန္းနဲ႔ ေျမကြက္ေပးမယ္ ဆိုရင္ေပါ့ ေခါင္းအျဖတ္ ခံရဲတယ္လို႔ ေျပာခဲ့တာပါ” ဟု ယဥ္ေက်းမႈ၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဦးသန္းေဆြက ေျဖၾကားသည္။

အစိုးရအဖြဲ႕၀င္ တစ္ဦးျဖစ္သည့္ ယဥ္ေက်းမႈ ၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဦးသန္းေဆြက ေဒၚေအာင္ဆန္းစုၾကည္အား ပုဂၢိဳလ္ေရး တိုက္ခိုက္ေ၀ဖန္သည့္ ေျပာၾကားခ်က္မ်ားႏွင့္ စပ္လ်ဥ္း၍ အစုိးရအဖြဲ႕ အေနျဖင့္ မည္သုိ႔ေသာ သေဘာထားမ်ား ရွိေၾကာင္းႏွင့္ အစိုးရအဖြဲ႕ အေနျဖင့္ ဦးသန္းေဆြ ေျပာဆိုသည့္ ကိစၥႏွင့္ ပတ္သက္၍ မည္သို႔တာ၀န္ယူ ေျဖရွင္းမႈမ်ား၊ အေရးယူမႈမ်ား ျပဳလုပ္သြားရန္ အစီအစဥ္ ရွိ၊ မရွိ ေမးျမန္းရန္ သမၼတ႐ုံး ညႊန္ၾကားေရးမွဴး ဦးေဇာ္ေဌးအား ဖုန္းျဖင့္ အႀကိမ္ႀကိမ္ ဆက္သြယ္ေသာ္လည္း ညေနပိုင္းအထိ အဆက္အသြယ္ မရခဲ့ေပ။

ေန႐ိုင္း၊ ေဇယ်ာထြန္း
အလဲဗင္း မီဒီယာ

13.11.2015
..............
အစိုးရအဖွဲ့ဝင် ယဉ်ကျေးမှု ဒုတိယဝန်ကြီး ဦးသန်းဆွေက ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဝေဖန်သည့် ပြောကြားချက် လူမှုကွန်ရက်တွင် ပျံ့နှံ့

အစိုးရအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဝေဖန်သည့် ပြောကြားချက် လူမှုကွန်ရက် Facebook တွင် ပျံ့နှံ့လျက်ရှိသည်။

လူမှုကွန်ရက် Facebook တွင် ပျံ့နှံ့လျက်ရှိသော ယဉ်ကျေးမှု ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေ၏ ပြောကြားချက် အချို့တွင် “ဒေါ်စုကြည် အကြောင်းပြောမယ်။ ၁၉၅၈ ခုနှစ်ဝန်းကျင် အဘက ရှစ်တန်း၊ သူက ငါးတန်း အင်္ဂလိပ်ကျောင်းမှာ တစ်ကျောင်းတည်း တက်ခဲ့တယ်။ ဒေါ်စုကြည်က ငါးတန်း (B) ခန်းမှာ။ အဲ့ဒီ ငါးတန်း (B) ခန်းက နာမည်ကြီးတယ်။ ဘာကြောင့်လဲဆိုရင် အဲ့ဒီအခန်းမှာ ဗိုလ်စင်္ကြာရဲ့သမီး စန္ဒီစင်္ကြာ ဗိုလ်လကျ်ာရဲ့သမီး တင်လကျ်ာတို့လည်း ကျောင်းတက်ကြတယ်။ ဘာကြောင့် နာမည်ကြီးတာလဲဆိုတော့ တင်စင်္ကြာကြောင့်ဘဲ။ သူက အရွယ်နဲ့ မလိုက်အောင် ထွားတယ်။ အတန်းကြီးတွေက ဆရာမတွေ မအားတဲ့အခါ အတန်းငယ်တွေကို သွားထိန်းရတယ်။ တစ်နေ့တော့ အဘအလှည့် ရောက်လာတယ်။ အတန်းထဲမှာ ဘယ်သူနဲ့မှ မပေါင်းဘဲ ရှုတည်တည်နဲ့ မပြုံးမရယ် နေတာက ဒေါ်စုကြည်ပဲ။ ဆရာမတွေ ကိုယ်တိုင်လည်း ဒီလိုပဲမြင်တယ်။ အဲဒီကတည်းက ကြည့်မရခဲ့ဘူး” နှင့် “တက္ကသိုလ်တက်ချိန် အသက် ၂၀ လောက်ပေါ့။ သန့်ရှင်းနဲ့ တည်မြဲ ရွေးကောက်ပွဲမှာ ဦးနုဘက်က ဒေါ်ခင်ကြည် ထောက်ခံခဲ့လို့ ဦးနုအစိုးရ ပြန်တက်လာတော့ ဒေါ်ခင်ကြည်ကို အိန္ဒိယ သံအမတ်ကြီး ခန့်တယ်ပေါ့။ ဒေါ်ခင်ကြည် အိန္ဒိယ သံအမတ်ဖြစ်တော့ ဒေါ်ခင်ကြည်နဲ့ ညီအစ်မလိုခင်တဲ့ အဘရဲ့ အဒေါ်ကို လာလည်ဖို့ ဖိတ်တယ်။ အဒေါ်က လိုက်လည်ဖို့ အဘကို ခေါ်တယ်။ အဘက ရတနာဂီရိကို ရူးသွပ်ခဲ့တော့ အရမ်းသွားချင်တော့ လိုက်သွားခဲ့တယ်။ ဟိုရောက်တော့ အဘက ရတနာဂီရိကို သွားဖို့ပြောပေမယ့် ခွင့်မပြုခဲ့ဘူး။ လမ်းပန်းဆက်သွယ်ရေး မကောင်းလို့ ပြောတယ်။ ဒုတိယအတွင်းဝန် ဒေါ်ခင်ဝင်းမေနဲ့ အဘ ပြဿနာ တက်တယ်။ ဒေါ်ခင်ကြည်က ၀င်ရောက် ဖြေရှင်းပေးတယ်။ သွားခွင့်မရခဲ့ဘူး။ အဲ့ဒီရောက်ပြီး နှစ်ရက်အကြာ UN အစည်းအဝေးက ပြန်လာတဲ့ မြို့မဦးဘလွင်၊ စီမံကိန်း အတွင်းဝန် ဦးသန်းဆွေ၊ ပွင့်ဖြူအမတ် သုံးဦး အိန္ဒိယကို အပြန်ဝင်လည်မယ်။ တပ်ချ်မဟာသွားမယ်။ ပိုက်ဆံမရှိလို့ ဒေါ်ခင်ကြည်အိမ်မှာ တည်းမယ်လို့ ဆက်သွယ်လာတယ်။ သူတို့အဖွဲ့ ရောက်လာတော့ အဘနဲ့ ဆရာကြီး ဦးဘလွင်က တစ်ခန်း၊ ဦးသန်းဆွေနဲ့ ပွင့်ဖြူအမတ်က တစ်ခန်း နေရတယ်။ တပ်ချ်မဟာကို အတူသွားကြတာပေါ့။ အဘတို့ ရောက်ကတည်းက ဒေါ်စုကြည်က အိမ်မှာမရှိဘူး။ မြင်းစီးလေ့ကျင့်ဖို့ သွားနေတယ်။ Breakfast စားချိန်ပဲ ပြန်လာတယ်။ တစ်ရက် ဒေါ်ခင်ကြည်က Russia သံအမတ်ကြီး ကြိုဖို့ရှိလို့ Breakfast စားပြီးရင် အိမ်မှာနေပြီး ဗမာတွေ ရှိနေတုန်း ဗမာအကြောင်း ပြောကြဖို့ ဒေါ်စုကြည်ကိုမှာပြီး ထားခဲ့တယ်။ အဲ့ဒီမှာ ဒေါ်စုက စပြောတယ်။ ကျွန်မ ဗမာတွေကို သိပ်မုန်းတာပဲတဲ့။ ဆရာကြီး ဦးဘလွင်က ဘာကြောင့် ဗမာမုန်းတာလဲ မစုလို့မေးတယ်။ ဒေါ်စုပြန်ဖြေတာက ကျွန်မအဖေကို ဗမာတွေ သတ်တာတဲ့။ ဆရာကြီး ဦးဘလွင်က ဆက်မေးတယ်။ မစု ဘယ်အမျိုးအနွယ်က ဆင်းသက်လာတာလဲတဲ့။ ပြန်ဖြေတယ် ပုဂံမင်းသမီးနှစ်ပါး ပုဂံပြည်က ပြေးလာပြီး ပုဂံအဆက်ဖြစ်ကြောင်း ပြောသွားတယ်။ အဘေးဖြစ်သူ ဗိုလ်မင်းရောင် တို့အကြောင်း မပါသွားဘူး။ ဆရာကြီးက ထပ်မေးပြန်တယ်။ မစု ဘာစာတွေ ဖတ်လဲတဲ့။ ဒေါ်စု ပြန်ဖြေတယ်။ ဗမာစာက လင်တရူး စာပေတွေမို့ မဖတ်ဘူး။ လှိုင်ထိပ်ခေါင်တင် သီချင်းတော့ နားထောင်တယ်တဲ့။ အဲ့မှာတင် ဆရာကြီးဦးဘလွင် စကားဝိုင်းက ထထွက်သွားတယ်။ အဘ အခန်းထဲ ရောက်တော့ ဆရာကြီးကို ဘာလို့ ထသွားလဲ မေးတယ်။ ဆရာကြီးက ဗမာစိတ်ပျောက်ပြီး ပြောနေတာတွေ နားမချမ်းသာလို့ ထထွက်လာတာတဲ့။ ဒေါ်စုကြည် ဗမာအထင်မကြီး မုန်းတီးတဲ့စိတ်က ၁၉၆၂ ၀န်းကျင်မှာ ကတည်းက ဖြစ်နေပြီ” တို့ ပါ၀င်သည်ကို တွေ့ရသည်။

ထို့ပြင် “ဒေါ်စု အာဏာရရင်ဘဲ တိုင်းပြည်က ချက်ချင်းနတ်ရေကန်ထဲ ကျသလို ပြောင်းလဲသွားမယ်လို့ ထင်နေကြတယ်။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တဖြည်းဖြည်း တိုးတက်ပြောင်းလဲရမှာ။ တကယ်လို့ သူတို့ထင်သလို ချက်ချင်းဖြစ်လာမယ်ဆိုရင် အခုအဘ အသက် ရ၀ ရှိပါသေးတယ်။ ခေါင်းဖြတ်ခံကြေး လောင်းရဲတယ်။ ဘယ်တော့မှ ဖြစ်မလာဘူး” ဟု ပြောကြားချက်လည်း ပါ၀င်သည်ကို တွေ့ရသည်။

အဆိုပါ ပြောကြားချက်များနှင့် ပတ်သက်၍ The Daily Eleven က ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေအား သွားရောက်တွေ့ဆုံ မေးမြန်းရာ “ရုံးက ၀န်ထမ်းတွေကို ရွေးကောက်ပွဲမှာ ဘယ်ကိုထည့်မလဲ ဆိုတာကို ပြောကြတာပေါ့။ ၀န်ထမ်းတွေက အခုအစိုးရ လက်ထက်မှာ တိုက်ခန်းနဲ့ မြေကွက် မရဘူးပေါ့။ အဲဒါကြောင့် သူတို့တခြားဟာကို မဲပေးကြမယ်ဆိုတဲ့ သဘောပေါ့။ ဒါကြောင့် ကျွန်တော်ပြောတာက NLD ပါတီအနိုင်ရလို့ ၀န်ထမ်းတွေ အကုန်လုံးကို တိုက်ခန်းနဲ့ မြေကွက်ပေးရင် လည်အဖြတ်ခံတယ်လို့ ပြောတယ်။ ကျွန်တော် ပြောတာကလည်း ဒေါ်အောင်ဆန်းစုကြည် အငယ်ကတည်းက ဘိုတွေကို အထင်ကြီးတယ်ပေါ့။ မြန်မာနိုင်ငံက သူတွေဆိုရင် အထင်မကြီးပေါ့။ ဒါကြောင့် သူတခြား နိုင်ငံသားနဲ့ အိမ်ထောင် ကျတယ်ပေါ့။ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေကြီးက ဒေါ်အောင်ဆန်းစုကြည်ကို စတင်ခဲ့တာ။ အခုတော့ ကျွန်တော့်ကို လှည့်မကြည့်ဘူးလို့ ကျွန်တော့်ကို ရင်ဖွင့်ခဲ့ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည်က စိုင်ကော်လို့ ချံုပေါ်ရောက်တာ။ ဒီစကားတွေကို ကျွန်တော် ၀န်ထမ်းတွေကို အပြုသဘောနဲ့ ပြောတာ။ အဲဒါကို ၀န်ထမ်း တစ်ယောက်ကနေပြီး ဖေ့စ်ဘုတ်ပေါ် တင်လိုက်တယ်။ ကျွန်တော်တောင် မဖတ်ရသေးဘူး။ အဲဒါကို ဘူးလက်က ရှယ်သွားတယ်လို့ သိရတယ်။ အဲဒီစကားတွေကို ကျွန်တော့် ၀န်ထမ်းတွေကို ပြောခဲ့ပါတယ်။ စာရေးဆရာမကြီး ဒေါ်ရွှေကူမေနှင်းကတောင် နင်တကယ် ခေါင်းအဖြတ် ခံရဲလို့လားလို့ ဖုန်းဆက်ပြီးမေးတယ်။ ကျွန်တော် ပြောတာက တစ်နိုင်ငံလုံးမှာရှိတဲ့ ၀န်ထမ်းတွေ အားလုံးကို တိုက်ခန်းနဲ့ မြေကွက်ပေးမယ် ဆိုရင်ပေါ့ ခေါင်းအဖြတ် ခံရဲတယ်လို့ ပြောခဲ့တာပါ” ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက ဖြေကြားသည်။

အစိုးရအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ယဉ်ကျေးမှု ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဝေဖန်သည့် ပြောကြားချက်များနှင့် စပ်လျဉ်း၍ အစိုးရအဖွဲ့ အနေဖြင့် မည်သို့သော သဘောထားများ ရှိကြောင်းနှင့် အစိုးရအဖွဲ့ အနေဖြင့် ဦးသန်းဆွေ ပြောဆိုသည့် ကိစ္စနှင့် ပတ်သက်၍ မည်သို့တာဝန်ယူ ဖြေရှင်းမှုများ၊ အရေးယူမှုများ ပြုလုပ်သွားရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရန် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးအား ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ညနေပိုင်းအထိ အဆက်အသွယ် မရခဲ့ပေ။

နေရိုင်း၊ ဇေယျာထွန်း
အလဲဗင်း မီဒီယာ

13.11.2015

No comments:

Post a Comment