Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 30, 2015

ျမန္မာ့နိုင္ငံေရး အနာဂတ္နဲ႔ ဒုတိယ ေတာ္လွန္ေရးေန႔ [သရ၀ဏ္ (ျပည္) ]


၁၉၄၅၊ မတ္လ ၁၇ ရက္ေန႔ နံနက္ ၈ နာရီ။ စစ္၀န္ၾကီးဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ ေဘာင္ဒရီလမ္း (ယခု ဓမၼေစတီလမ္း) ႏွင့္ ဦး၀ိစာရလမ္း ေထာင့္ရိွ ေဂါ့ဖ္ကစားကြင္း(ယခုေတာ္လွန္ေရးပန္းျခံ)အတြင္းတြင္ သမိုင္း တြင္မည့္ ေအာက္ပါမိန္႔ခြန္းကိုေျပာခဲ့သည္။
''ရဲေဘာ္တို႔၊ အက်ယ္ခ်ဲ႕ျပီး ရွည္ရွည္မေျပာခ်င္ဘူး။ အခုစစ္ေျမ ျပင္ကိုထြက္ရမယ္။ ဆင္းရဲမယ္။ ငတ္မယ္။ အခက္အခဲေတြနဲ႔ ရင္ဆိုင္ရမယ္။ ဗမာပီပီ ဗမာ့ေသြးကိုျပပါ။ အထက္ဗိုလ္မ်ားရဲ႕အမိန္႔ကို နာခံၾကပါ။ အထက္ ဗိုလ္ေတြကလည္း သာတူညီမွ်ရဲေဘာ္စိတ္ထားပါ။ ရဲေဘာ္တို႔ကို ကတိေပးထားတဲ့အတိုင္း က်ဳပ္ကိုယ္တိုင္ ရဲေဘာ္တို႔နဲ႔အတူ ခ်ီတက္မယ္။ ဗမာ့ရန္သူကို ေခ်မႈန္းၾက။ အနီးကပ္ဆံုး ရန္သူကိုတိုက္ၾက။ ဒါပဲ''

ဗိုလ္ခ်ဳပ္ေအာင္ဆန္းမိန္႔ခြန္းသည္ ဤမွ်မတိုဟုလည္းေကာင္း။ မူရင္းမိန္႔ခြန္းတြင္ အနီးကပ္ဆံုးရန္သူဆိုေသာ စကားမပါဘဲ စာေရးဆရာဗိုလ္ဥတၱေက်ာ္(နတ္ေမာက္ဘုန္းေက်ာ္)က ဥာဏ္ကြန္႔ျပီး ျဖည့္စြက္ခဲ့ျခင္းျဖစ္သည္ဟု အခ်ဳိ႕ကဆိုၾကသည္။ ထားေတာ့။ တိုသည္ မတိုသည္က အဓိကမက်။ အဓိကအေရးၾကီးေသာအခ်က္မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ ျမန္မာတျပည္လံုးကို ဖိစီးႏိွပ္စက္ေနေသာ ဖက္ဆစ္စနစ္ဆိုးၾကီးကို တမ်ဳိးသားလံုးက ျပန္လည္တြန္းလွန္တိုက္ခိုက္ရန္ မတ္လ ၂၇ ရက္ေန႔ကို သတ္မွတ္ခဲ့ျပီး သတ္မွတ္ေန႔မတိုင္မီ ၁၀ ရက္အလို မတ္လ ၁၇ ရက္ေန႔တြင္ ေတာ္လွန္ေရးအတြက္ စစ္ထြက္ခဲ့ျခင္းျဖစ္သည္။ ေတာ္လွန္ေရး တရပ္ဆင္ႏဲႊရာတြင္ ရက္အတိအက်သတ္မွတ္ဖို႔အေရးၾကီးသလို၊ ထိုေန႔ထိုရက္တြင္ တႏိုင္ငံလံုးတျပဳိင္နက္ စတင္ေတာ္လွန္ႏိုင္ရန္ အခ်ိန္ကိုက္ စီစဥ္ႏိုင္မႈသည္ အင္မတန္အေရးၾကီးလွေၾကာင္း ေျပာလိုရင္းျဖစ္သည္။ ဖက္ဆစ္ေတာ္လွန္ေရး သည္ ျမန္မာတျပည္လံုး၊ တိုင္းရင္းသားအားလံုး၊ လူထုလူတန္းစားအားလံုး ပူးေပါင္းပါ၀င္ခဲ့ေသာေၾကာင့္ ေအာင္ ျမင္ခဲ့ျခင္းျဖစ္သည္။ ဘံုရန္သူသည္ ဖက္ဆစ္ဂ်ပန္ျဖစ္သည္။ ထိုရန္သူကို မြန္၊ ဗမာ၊ ရခိုင္၊ ရွမ္း၊ ကခ်င္၊ ကရင္၊ ခ်င္း၊ ကယား ေက်ာင္းသား၊ လယ္ သမား၊ အလုပ္သမား၊ နိုင္ငံေရးသမား၊ တပ္မေတာ္ အားလံုးေပါင္း၍ အႏိုင္ယူခဲ့ျခင္းျဖစ္သည္။ နံပါတ္ ၁ ရန္သူကိုသိရမည္။ နံပါတ္ ၂ ေတာ္လွန္တိုက္ခိုက္ရန္ ေန႔ရက္ အတိအက်သတ္မွတ္ရမည္။ နံပါတ္ ၃ အားလံုး တညီတညြတ္တည္း တျပိဳင္နက္ေတာ္လွန္ တိုက္ခိုက္ရမည္။ ထိုအခါ ေတာ္လွန္ေရးသည္ ေအာင္ျမင္တတ္ပါ၏။

ယခုအခါ ျမန္မာနိုင္ငံသည္ ဒုတိယေတာ္လွန္ေရးတရပ္ကို ရင္ဆိုင္ေနရ၏။ ၂၀၁၅ ႏို၀င္ဘာလ ၈ ရက္တြင္ ၾကံဳေတြ႕ရမည့္ ေရြးေကာက္ပဲြသည္ သာမန္ေရြးေကာက္ပဲြမွ်သာမဟုတ္။ ပါတီၾကီးႏွစ္ခု၏ အားျပိဳင္မႈသာမဟုတ္။ ျမန္မာ့သမိုင္း၀ယ္ ၁၉၆၂ မွအစျပဳကာ အျမစ္တြယ္ေနေသာ စစ္အာဏာရွင္စနစ္ဆိုးကို ေတာ္လွန္ျဖဳတ္ခ်ရမည့္ ေခတ္ေျပာင္းေတာ္ လွန္ေရးဆင္ႏဲႊရမည့္ေန႔ျဖစ္သည္။ ဓမၼႏွင့္ အဓမၼ၊ အာဏာရွင္ဘက္ေတာ္သားႏွင့္ ျပည္သူ႔ ဘက္ေတာ္သား၊ အျဖဴႏွင့္အမည္း။ လူေကာင္းႏွင့္လူဆိုး အားျပိဳင္ၾကေတာ့မည့္ပဲြျဖစ္သည္။ ျပည္သူ႔အာဏာကို ျပည္သူ႔လက္သို႔ ျပန္ပို႔လိုသူမ်ားႏွင့္ မိမိအဖဲြ႕အက်ဳိးစီးပြားအတြက္ အာဏာကိုလက္မလႊတ္ လိုသူတစု၏ သူႏိုင္ ကိုယ္ႏိုင္အားျပိဳင္ရေတာ့မည့္ အေနအထားျဖစ္သည္။ ထို႔ေၾကာင့္ သာမန္ေရြးေကာက္ပဲြႏွင့္မတူ ဒုတိယ ေတာ္လွန္ေရးေန႔ဟုပင္ သမုတ္၍ရႏိုင္ေသာ အေနအထားျဖစ္သည္။ ျပည္သူလူထုဘက္ေတာ္သားမ်ားရံႈးခဲ့ လွ်င္ တသက္လံုး နာလန္မထူႏိုင္ေတာ့ဘဲ ကိုယ္က်ဳိးရွာ အတၱသမားမ်ား၏ စစ္အာဏာရွင္စနစ္ဆိုးေအာက္တြင္ နွစ္ေပါင္းမ်ားစြာ ျပားျပားေမွာက္ရေတာ့မည္ျဖစ္သည္။ မည္သည့္အခါမွ ေမာ္မၾကည့္၀ံ့ေလာက္ေအာင္ စစ္အာဏာရွင္၀ါဒကို ဒူးေထာက္အရံႈးေပးရေတာ့မည္ ျဖစ္သည္။ ယခုအၾကိမ္ရံႈးနိမ့္ခဲ့လွ်င္ ၂၀၂၀ တြင္လည္း ေကာင္း၊ ၂၀၂၅ တြင္သာမက ၂၀၃၀၊ ၂၀၃၅ အလြန္ကာလမ်ားအထိ စစ္၀ါဒီအဖဲြ႕ကို အန္တုဖက္ျပိဳင္ႏိုင္ေသာ အတိုက္အခံအဖဲြ႕ ေပၚေပါက္နိုင္ေတာ့မည္မဟုတ္ေခ်။ ယခုအခိ်န္သည္ အပဲြပဲြႏဲႊေလေသာ ဒီမိုကေရစီတိုက္ပဲြ တြင္ အၾကီးမားဆံုးေသာ ေနာက္ဆံုးပဲြသိမ္းတိုက္ပဲြၾကီးျဖစ္သည္။

၁၉၄၅၊ မတ္လ ၂၇ ရက္ေန႔ ဖက္ဆစ္ေတာ္လွန္ေရးေန့တုန္းကေတာ့ ဖက္ဆစ္စနစ္ကို လက္နက္အားကိုး၍ ၀ိုင္း၀န္းတိုက္ထုတ္ပစ္ရသည္။ ယခုအခါ အေျခအေနသည္ ေျပာင္းခဲ့ျပီ။ လက္နက္ကိုင္ေတာ္လွန္ စရာမလို ေတာ့။ ျမန္မာႏိုင္ငံသားအားလံုးကို ဒုကၡေပးေနေသာစနစ္တရပ္ကို ျငိမ္းခ်မ္းေသာမဲဆႏၵနည္းျဖင့္ ေတာ္လွန္ ျဖဳတ္ခ်နိုင္ေသာ အခြင့္အေရး တိုင္းသူျပည္သားေတြလက္ထဲမွာ ေရာက္ေနျပီျဖစ္သည္။ ထိုသို႔ တိုက္ထုတ္ ႏိုင္ေအာင္ ကြ်န္ေတာ္တို႔ညီညြတ္ၾကဖို႔လိုပါသည္။ ၂၄-၁၀-၂၀၁၄ ရက္က DVB ရုပ္သံမွ Debate ေခၚ အေခ်အတင္စကားစစ္ထိုးျငင္းခံုပဲြသို႔ ကြ်န္ေတာ့္ကိုဖိတ္သျဖင့္ တက္ေရာက္ခဲ့ပါသည္။ ထိုစကား၀ိုင္းတြင္ ေဆြးေႏြးမည့္ေခါင္းစဥ္မွာ (Why should we vote?) ဘာေၾကာင့္ မဲေပးသင့္သလဲဟူ၍ ျဖစ္ပါသည္။ ထိုစကား၀ိုင္းတြင္ အဓိကစကားေျပာ မည့္သူမ်ားအျဖစ္ ေဒၚညိဳညိဳသင္း(တသီးပုဂၢလအမတ္ေလာင္း)၊ ဖက္ဒရယ္ျပည္ေထာင္စုပါတီဥကၠ႒ ဦးေစာသန္းျမင့္၊ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ကိုလြင္ကိုလတ္၊ မြန္တိုင္းရင္းသား လႊတ္ေတာ္ကိုယ္စား လွယ္ေလာင္း ကိုေက်ာ္ေဇယ်ာဦးတို့ျဖစ္ပါသည္။ ဆိုရလွ်င္ စကားေျပာ ေသာ ေလးေယာက္တြင္ တိုင္းရင္းသားႏွစ္ေယာက္၊ NLD တေယာက္၊ တသီးပုဂၢလတေယာက္ ျဖစ္ပါသည္။ သူတို႔ေျပာေသာ စကားမ်ားကို နားေထာင္ေသာအခါ ျမန္မာတျပည္လံုး စစ္အာဏာရွင္စနစ္ဆိုးၾကီးတခု ေအာက္မွ ညီညာျဖျဖရုန္းထြက္ၾကဖို႔ထက္ မိမိတို႔နယ္ေျမကြက္ကြက္ကေလးေပၚတြင္ ေရြးေကာက္ခံရေရး ဟူေသာ ရပ္တည္ခ်က္ေပၚတြင္ အဓိကထားကာ NLD ကို ေတာက္ေလွ်ာက္ တိုက္ခိုက္ေ၀ဖန္ေျပာဆိုေနၾက ျခင္းျဖစ္သည္ကို အံ့ၾသစဖြယ္ေတြ႕ျမင္ရပါသည္။ ကြ်န္ေတာ္သည္ နားေထာင္သူအျဖစ္ေရာက္လာသူျဖစ္ေသာ္ လည္း သူတို႔ေျပာဆိုသမွ်ကို ဘ၀င္မက်သျဖင့္ ၀င္ေရာက္ေျပာဆိုေဆြးေႏြးမိပါသည္။ သေဘၤာၾကီး တစင္းနစ္ ျမဳပ္ေနေသာအခါ မိမိေနေနရေသာအခန္းေလးတခုတည္းကို ကြက္ကြက္ၾကည့္၍ မိမိအခန္းေရမစိုဖို႔ ၾကိဳးစား ေနသည္ႏွင့္တူလွ၏။ သေဘၤာတစင္းလံုးနစ္မွာကိုျမင္သျဖင့္ ေယာက္ယက္ခတ္ေျပးလႊားလံႈ႔ေဆာ္ ဖာေထးေန သူကို မိမိအခန္းေလးထဲမွမထြက္ဘဲ ထိုင္၍အျပစ္ေျပာေနသူမ်ားသို႔ ထင္ျမင္မိပါသည္။

ပင္လယ္ကူးသေဘၤာ တစင္းသည္ ေရလယ္ေကာင္၌ နစ္ျမဳပ္ခဲ့လွ်င္ မည္သည့္ပထမတန္းအခန္းသည္ မနစ္ျမဳပ္ဘဲ က်န္ခဲ့သနည္း။ မည္သည့္သေဘၤာၾကမ္းျပင္သည္ ေရမစိုပဲရိွအံ့နည္း။ ေလယာဥ္တစင္းပ်က္က်ေသာအခါ မည္သည့္ခရီးသည္ ထိုင္ခံုသည္ ကြက္ကြက္ကေလး ေဘးမသီရန္မခဘဲ က်န္ခဲ့ပါသနည္း။ တေလွတည္းစီး တခရီးတည္းသြားျခင္း ျဖစ္သျဖင့္ ေသလွ်င္အားလံုး၊ ရွင္လွ်င္အားလံုး ျဖစ္ပါသည္။ အိမ္တအိမ္မီးေလာင္ေနေသာအခါ တအိမ္လံုးကို မီးမေလာင္ရန္ ထိုမီးၾကီးကို ၀ိုင္း၀န္းျငိႇမ္းသတ္ရမည့္အစား ငါကဧည့္ခန္းမွာေနတာ၊ ငါက ေနာက္ေဖးမီးဖိုေခ်ာင္ မွာေနတာ ငါနဲ႔မဆိုင္ဘူးဟုယူဆ၍မရ၊ မီးသည္ တအိမ္လံုးကို ၀ါးမ်ဳိေလာင္ကြ်မ္းသြားသကဲ့သို႔ ဒီမိုကေရစီ အေယာင္ေဆာင္ အာဏာရွင္စနစ္ဆိုးလက္ေအာက္သို႔ ေရာက္သြားေသာအခါ ဗမာလူမ်ဳိးတမ်ဳိးသာ ထိုဒဏ္ကို ခံရမည္မဟုတ္၊ မြန္လည္းခံရမည္ျဖစ္သည္။ ရွမ္းလည္း လြတ္မည္မဟုတ္။ ကခ်င္၊ ကရင္၊ ခ်င္း၊ ရခိုင္၊ ကယား အားလံုး ထိုဒဏ္ကို ခံခဲ့ဖူးၾကျပီျဖစ္သည္။ တိုင္းရင္းသားတို႔သည္ သူတို႔ေဒသတြင္ လူတစုက လက္နက္ ကိုင္အႏိုင္က်င့္ႏိွပ္စက္ေသာအခါ ဗမာေတြႏိွပ္စက္သည္ဟု မွတ္ယူတတ္သည္။ အာဏာရိွေသာ၊ လုပ္ပိုင္ခြင့္ ရိွေသာ အစိုးရအရာရိွဆိုးမ်ား ဒုကၡေပးေသာအခါ ဗမာမ်ားကိုသာ ေျပးျမင္ၾကျပီး မုန္းတီးၾကသည္။ တကယ္စင္စစ္ ဗမာလူမို်းအမ်ားစုမွာ တိုင္းရင္းသားတို႔ ေနထိုင္ရာ အတြင္းပိုင္းေဒသမ်ားသို႔ ေရာက္ဖူးေပါက္ဖူး သူ နည္းပါးလွသည္။ တိုင္းရင္းသားတို႔ ေဒသမ်ားဆီသို႔ ေရာက္လာသူမ်ားသည္ ဗမာအားလံုးကို ကိုယ္စားျပဳ သူမ်ားမဟုတ္။ ဗမာဆိုးမ်ား ေက်းလက္ေတာရြာမ်ားတြင္ မင္းမူေသာင္းက်န္းၾကသည္ကို ခံရပါမ်ားလာေသာ အခါ လူမ်ဳိးေရးမုန္းတီးကာ ဗမာဆန္႔က်င္ေရးစိတ္ဓာတ္ ၀င္လာၾကျခင္းျဖစ္သည္။ စင္စစ္ ႏိွပ္စက္သူ ဗမာတစု ေၾကာင့္ မဆီမဆိုင္ဗမာတမ်ဳိးလံုး အမုန္းခံၾကရျခင္းမွာ စဥ္းစားတတ္လွ်င္ မမွ်တေသာ အေၾကာင္းတရား တခုျဖစ္သည္။ ထိုအခ်က္မ်ားကိုသာစဲြကိုင္လ်က္ စဥ္းစားဆံုးျဖတ္လွ်င္ ေဒသစဲြ၊ လူမ်ဳိးစဲြစိတ္ဓာတ္မ်ားသာ ျဖစ္ေပၚလာေစမည္ျဖစ္ျပီး တႏိုင္ငံလံုး စစ္အာဏာလက္ေအာက္မွ လြတ္ေျမာက္ေရးဆိုေသာ ပန္းတိုင္ေပ်ာက္ သြားႏိုင္ပါသည္။

ေဒၚညိဳညိဳသင္းက ေျပာသည္မွာ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ေရြးေကာက္ခံလႊတ္ေတာ္အမတ္ေနရာ ၄၉၈ ေနရာရိွသည့္အနက္ NLD သည္ ၃၃၃ ေနရာရလွ်င္ အစိုးရဖဲြ႕ႏိုင္မည္ျဖစ္ေသာေၾကာင့္ ၃၃၃ ေနရာသာယူျပီး က်န္သည့္ ၁၆၅ ေနရာကို တသီးပုဂၢလမ်ား၊ တိုင္းရင္းသားပါတီမ်ားအတြက္ ေနရာခဲြေ၀ေပးသင့္ေၾကာင္း၊ ေနရာအားလံုးတြင္ ၀င္ေရာက္ မယွဥ္ျပိုင္သင့္ေၾကာင္းေျပာသြားသည္ကို ကြ်န္ေတာ္သေဘာမတူပါ။ ျပင္းထန္စြာ ကန္႔ကြက္ပါသည္။ အဘယ့္ေၾကာင့္နည္း။ နံပါတ္ ၁ အခ်က္မွာ NLD သည္ လႊတ္ေတာ္တြင္ အမတ္ေနရာ ၃၃၃ ေနရာ အတိရပါမည္ဆိုျခင္းမွာ မည္ကဲ့သို႔သိပါမည္လဲ။ ရုပ္ရွင္ရံုတြင္ လက္မွတ္သြား၀ယ္သလို လႊတ္ေတာ္ အမွတ္ေနရာ ၃၃၃ ေစာင္ေပးပါဟု အတိအက်၀ယ္၍ရပါသလား။ ေဒၚညိုညိုသင္းသည္ အရည္အခ်င္းရိွေသာ လႊတ္ေတာ္အမတ္ တဦးျဖစ္ျပီး ျပည္ေထာင္စုလႊတ္ေတာ္အတြင္း ေရာက္သင့္သူတေယာက္ ျဖစ္သည္ဆိုျခင္းကို ကြ်န္ေတာ္ လက္ခံပါသည္။ သို႔ေသာ္ သူေျပာသလို တသီးပုဂၢလမ်ား၊ တိုင္းရင္းသားအမတ္မ်ားအတြက္ NLD က ေဘးေရွာင္ေပးသင့္သည္ဆိုျခင္းကိုေတာ့ ထိုအယူအဆမွာ ကေလးကလားျဖစ္ေနသျဖင့္ သေဘာမတူ ႏိုင္ပါ။ ျဖစ္သင့္သည္မွာ ပန္းတိုင္းပြင့္ပါေစ။ ေဒၚညိဳညိဳသင္းေတာ္လွ်င္ ေဒၚညိဳညိဳသင္းကို ဗဟန္းလူထုက ေရြးၾကပါေစ။ NLD ေတာ္လွ်င္ NLD ကိုေရြးၾကပါေစ။ မြန္ျပည္နယ္၊ ရွမ္းျပည္နယ္မွာလည္း ထိုနည္းႏွင္ႏွင္ ျဖစ္သည္။ ကြ်န္ေတာ္တို႔သည္ အင္မတန္ၾကီးမားေသာ အာဏာရပါတီၾကီးႏွင့္ တျပည္လံုးတြင္ စစ္မ်က္ႏွာ ဖြင့္တိုက္ပဲြၾကီးႏဲႊရမည္ျဖစ္ရာ အခ်င္းခ်င္း စစ္မ်က္နွာျပန္မဖြင့္သင့္ပါ။ ဘံုရန္သူသည္ ျပည္သူလူထုကို တသက္လံုးဒုကၡေပးလာေသာအဖဲြ႕ျဖစ္သည္။ စစ္မ်က္ႏွာကို ထိုသူမ်ားဘက္သို႔ လွည့္ရပါမည္။ ထိုသူမ်ား ဘာလုပ္ေနသနည္း။ ဘာေတြညစ္ေတာ့မည္နည္း။ မည္သို႔ရံႈးမဲမဲမည္နည္း။ မည္သို႔ဥပေဒကို ခ်ဳိးေဖာက္မည္ နည္း။ မည္သို႔အာဏာကို အလဲြသံုးမည္နည္း။ အစိုးရဘ႑ာေငြႏွင့္ အေထာက္အပံ့ကို ပါတီတခုအတြက္ မည္သို႔သံုးစဲြမည္နည္း။ ဒါေတြကို အာရံုစိုက္၍ ေဖာ္ထုတ္သင့္ပါသည္။ အိမ္ၾကက္ခ်င္း မည္သူကမွ အိုးမဲ မသုတ္ဘဲ ကိုယ့္မ်က္ႏွာကိုယ္အိုးမဲသုတ္ကာ မခြပ္သင့္ ေတာ့ပါ။ ကြ်န္ေတာ္တို႔မညီညြတ္လွ်င္ ျခေသၤ့ေတြ စားသြားပါမည္။ ၾကံ့ခိုင္ေရးပါတီသည္ လႊတ္ေတာ္တြင္ ၂၆ ရာခိုင္ႏႈန္းအမတ္ဦးေရရရံုႏွင့္ (၁၆၇ ေယာက္ ႏိုင္ရံုႏွင့္) စနစ္ေဟာင္း၊ လူေဟာင္းမ်ားနွင့္ ေနရာေဟာင္းတြင္ ဆက္ထိုင္ေနနိုင္သည္ကို ျမင္ေအာင္ၾကည့္ႏိုင္ဖို႔ လိုပါသည္။ ၾကံ့ခိုင္ေရး ပါတီသည္ တပ္မေတာ္သားကိုယ္စားလွယ္ ၁၆၆ ေယာက္ကို သူ႔လူအျဖစ္ တရား၀င္ ထုတ္ေဖာ္တြက္ဆထားရာ ထိုေျပာဆိုမႈကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဆိတ္ဆိတ္ေနခဲ့သည္။ ထို႔ေၾကာင့္ NLD သည္ အမတ္ ၃၃၃ ေယာက္ႏိုင္မွ အစိုးရျဖစ္ႏိုင္မည့္အခ်ိန္တြင္ ၾကံ့ခိုင္ေရးပါတီသည္ ၁၆၇ ဦး ႏိုင္ရံုႏွင့္ အစိုးရျဖစ္ႏိုင္ေပရာ စနစ္ကိုက တဖက္ေစာင္းနင္းျဖစ္ေနခ်ိန္တြင္ တိုင္းရင္းသားမ်ားႏွင့္ တသီးပုဂၢလ မ်ားသည္ NLD ၃၃၃ ေယာက္ပဲယူပါဟု မေ၀ဖန္သင့္ေပ။ ၃၃၃ ေယာက္ႏိုင္ေအာင္ပင္ NLD သည္အေတာ္ ရုန္းကန္ရမည္ျဖစ္သည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ျမိဳ႕ၾကီးမ်ားတြင္ NLD ပါတီ အားေကာင္းေသာ္လည္း ေက်းလက္ေဒသမ်ားတြင္ အာဏာရၾကံ့ခိုင္ေရးပါတီက ေငြအင္အား၊ လုပ္ပိုင္ခြင့္အင္အား၊ လက္ရိွအာဏာ ရိွသူတို႔ အကူအညီအင္အားျဖင့္ မႏိုင္ႏိုင္ေအာင္ နည္းအမ်ဳိးမ်ဳိးႏွင့္ လုပ္ေဆာင္ေနတာကိုေတြ႕ရ၍ ျဖစ္သည္။ ဥပမာ ေက်းရြာမ်ားတြင္ သမ၀ါယမေခ်းေငြကို ျပည္ခိုင္ျဖဳိးပါတီေခ်းေငြကဲ့သို႔ ေငြထုတ္ေခ်းျပီး ပါတီ၀င္ခိုင္းျခင္း၊ စက္ေရတြင္းတူးေပးျခင္း၊ ေက်းရြာလမ္းခင္းေပးျခင္း၊ ေက်းလက္မီးလင္းေရးလုပ္ေပးျခင္း၊ ဆိုလာျပားမ်ားေပး ျခင္း စသည့္ႏိုင္ငံေတာ္ဖံြ႕ျဖဳိးေရး နဂိုတည္းက လုပ္ရမည့္အရာမ်ားကို ေရြးေကာက္ပဲြနီးခါမွ မိမိပါတီက လုပ္ေပးသည့္သဖြယ္ လုပ္ကိုင္လာၾကေသာ အႏၱရာယ္သည္ အေတာ္ၾကီးေပသည္။ ရိုး,အေသာ ေတာသူ ေတာင္သားမ်ားမွာ လက္ငင္းေရာက္လာေသာ တိုးတက္မႈမ်ားကိုသာျမင္လ်က္ ထိုသူမ်ား၏စည္းရံုးမႈေနာက္သို႔ ရြာလံုးကြ်တ္ပါသြားသည္မ်ားလည္း အညာဘက္တြင္ ေတာ္ေတာ္မ်ားပါသည္။ ဒါကို ျမိဳ႕မွာေနေသာ အမတ္ ေလာင္းမ်ားႏွင့္ ျပည္သူလူထုသည္ သိခ်င္မွသိေပလိမ့္မည္။ ေတာရြာမ်ားတြင္ ျပည္ခိုင္ျဖဳိးပါတီ လူထုစည္းေ၀းပဲြမ်ားသို႔လိုက္လွ်င္ ေန႔တြက္စရိတ္ထုတ္ေပးသည္။ ဆိုင္ကယ္ဆီထည့္ေပးသည္။ တီရွပ္ႏွင့္ ဦးထုပ္ေပးသည္။ ေငြလိုခ်င္သျဖင့္ ေန႔စဥ္လို လိုက္ပါေသာရြာသားမ်ား ရိွသည္။ ထိုရြာသားလူငယ္မ်ားမွာ ျပည္ခိုင္ျဖိဳးပါတီသို႔၀င္ရသည္။ ပါတီ၀င္ကတ္ျပားမ်ား လုပ္ရသည္။ အခ်ဳိ႕ပါတီ၀င္မ်ားကို ခရီးသြားမည္ အေၾကာင္းျပေစျပီး ၾကဳိတင္မဲမ်ားေပး ေစသည္။ ထိုနည္းျဖင့္ ခ်ည္ျပီးတုပ္ျပီးျဖစ္သြားေသာ မဲမ်ားရိွေနတာ ထိတ္လန္႔ဖြယ္ျဖစ္သည္။

မဲရံုမ်ားတြင္လည္း လမ္းအလိုက္ မဲပံုးမ်ားကိုခဲြထားေသာစနစ္ကိုလည္း က်င့္သံုး လာႏိုင္သည္ (၂၀၁၀ ေရြးေကာက္ပဲြတြင္ ကြ်န္ေတာ္တို႔ရပ္ကြက္ ေျမာက္ဥကၠလာ အထက-၁ မဲရံု၌ ထိုသို႔ လုပ္ခဲ့သည္)။ မဲထည့္သူမ်ားကို တလမ္းလွ်င္တပံုး သီးသန္႔ခဲြထည့္ခိုင္းေသာအခါ ကိုယ့္လမ္းကမဲပံုးတြင္ ၾကံ့ခိုင္ေရးရံႈးလွ်င္ ခင္းလက္စလမ္း ဆက္ခင္းမေပးမွာစိုးေသာေၾကာင့္ ကြ်န္ေတာ္တို႔လမ္းသည္ ၾကံ့ခိုင္ေရးကို မဲေပးခဲ့ၾကေသာ နမူနာလည္းရိွပါသည္။ ဆိုလိုသည္မွာ NLD ရင္ဆိုင္ ေနရေသာျပိဳင္ဘက္မွာ လုပ္ရည္ကိုင္ရည္ အလြန္ၾကီးမားေသာ အလိမ္အလွည့္တြင္ အံခြေနေသာ ဧရာမသတၱ၀ါၾကီးတေကာင္ျဖစ္သည္ဆိုျခင္းကို အားလံုးသတိခ်ပ္ေစလိုျခင္းျဖစ္သည္။ ႏိုင္ငံပိုင္သတင္းစာျဖစ္ေသာ ေၾကးမံုႏွင့္ ျမန္မာအလင္းသတင္းစာကပင္ ၂၄-၁၀-၂၀၁၅ ရက္ေန႔ထုတ္ သတင္းစာမ်က္နွာဖံုးတြင္ မိတၳီလာျမိဳ႕ႏွင့္ မိတၳီလာလြင္ျပင္တခုလံုး အစိမ္းေရာင္ လြင္ျပင္ျဖစ္ရမည္ဟု အစိမ္းေရာင္စာလံုးၾကီးမ်ားႏွင့္ ၾကံ့ခိုင္ေရးပါတီ ေၾကာ္ျငာလိုလို ဘာလိုလိုျဖင့္ ႏိုင္ငံ့ဘ႑ာ ကိုယ့္ပါတီအတြက္လုပ္ကာ သတင္းေဖာ္ျပခဲ့၏။ ႏိုင္ငံေတာ္သမၼတ၏ သမၼတတေယာက္အျဖစ္ အလုပ္သေဘာ သြားေရာက္သည့္ခရီးကိုလည္း ပါတီစည္းရံုးေရးခရီးလိုလို ဘာလိုလိုျဖင့္ ၾကံ့ခိုင္ေရးပါတီ၀င္မ်ား ဦးထုပ္မ်ား၊ အလံမ်ား၊ တံဆိပ္မ်ားျဖင့္ ပါတီတခုဘက္သို႔ သိသိသာသာ ဘက္လိုက္ေဖာ္ျပခဲ့သည္။ ျပည္သူ႔ဘ႑ာေငြျဖင့္ ထုတ္ေ၀ေသာေၾကးမံုႏွင့္ ျမန္မာအလင္းသတင္းစာတြင္ NLD ပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ လူထုစည္းေ၀းပဲြမ်ားတြင္ စကားေျပာေသာ သတင္း၊ ျပည္သူမ်ားေသာင္းႏွင့္ခီ်၍ ၾကိုဆိုေသာ သတင္းဓာတ္ပံု မ်ားကို ဘယ္ေတာ့မွမေဖာ္ျပဖူးတာလည္း အံ့ၾသမိေလသည္။ ျပည္သူေတြပိုက္ဆံနွင့္ထုတ္ေသာ ႏိုင္ငံပိုင္ သတင္းစာသည္ ၾကံ့ခိုင္ေရးသတင္းစာ မဟုတ္သျဖင့္ မမွ်မတ လုပ္ခြင့္မရိွေပ။

သို႔ေသာ္ လုပ္ေနခဲ့၊ လုပ္ေနဆဲ၊ လုပ္ေနဦးမည္သာ ျဖစ္သည္။ ဤသည္မွာ ျပည္သူ႔ေငြျဖင့္ ျပည္သူကို ဖိႏိွပ္မည့္အစိုးရတရပ္ေပၚေပါက္ေအာင္ မဲဆြယ္ေနျခင္းျဖစ္ သည္။ တဖက္တြင္ေတာ့ ျပီးခဲ့သည့္ေအာက္တိုဘာ ၂၂ ရက္က မေကြးတိုင္း၊ နတ္ေမာက္ ျမိဳ႕နယ္၊ ျမင္းတဲၾကီးေက်းရြာတြင္ ကြ်န္ေတာ္၊ စမ္းစမ္းႏဲြ႕(သာယာ၀တီ)၊ သရုပ္ေဆာင္ေဗလု၀တို႔ စာေပေဟာ ေျပာပဲြဖိတ္၍သြားရာ ေဗလု၀မွာ ေဟာေျပာခြင့္မျပဳသျဖင့္ မေဟာရေပ။ ေဗလု၀ပါလွ်င္ ေဟာေျပာပဲြပါမစ္မေပး ႏိုင္ဟု နတ္ေမာက္ျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးဦးေဌးေအာင္က အမိန္႔ထုတ္ျခင္းျဖစ္သည္။ ဘာေၾကာင့္ ထိုသို႔ခြင့္ မျပဳသလဲဟုေမးေတာ့ တိုင္းအဆင့္ျဖစ္ေသာ အထက္ကခြင့္မျပဳခိုင္းသျဖင့္ တားျမစ္ေၾကာင္းသိရသည္။ အထက္ ဆိုသည္မွာ မေကြးတိုင္း၀န္ၾကီးခ်ဳပ္ကို ဆိုလိုသည္လားေတာ့ ရွင္းရွင္းလင္းလင္း မေျပာေခ်။ တကယ္ေတာ့ ေဗလု၀သည္ NLD ပါတီေအာင္ႏိုင္ေရးအတြက္ မၾကာခဏလိုက္ပါစည္းရံုးေပးသည့္အတြက္ NLD အတြက္ မဲမဆြယ္ႏိုင္ရန္ ညစ္ျပီးစာေပေဟာ ေျပာပဲြတြင္ ပါမစ္မေပးျခင္းျဖစ္သည္။ ထို႔အျပင္ စာေပေဟာေျပာပဲြ စင္ျမင့္ တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဗီြႏိုင္းဓာတ္ပံုၾကီးႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ဗီြႏိုင္းဓာတ္ပံုၾကီးကိုပင္ ခိ်တ္ဆဲြခြင့္မျပဳ သျဖင့္ ျပန္ခြာရသည္။ ကြ်န္ေတာ္တို႔ ေဟာေျပာေနစဥ္တြင္လည္း ဘာေတြေျပာေနသလဲဟု ၁၅ မိနစ္တၾကိမ္ ဖုန္းျဖင့္ လွမ္းေမးေနေသး၏။ စာေပေဟာေျပာပဲြေၾကာင့္ ေဒသခံမ်ား မ်က္စိပြင့္နားပြင့္ျဖစ္ကာ အေၾကာက္တရား တို႔ကင္းမဲ့လွ်င္ NLD ပါတီဘက္သို႔ပါကုန္မွာ စိုးရိမ္ၾကျခင္းျဖစ္သည္။ ဤသို႔လွ်င္ အာဏာရအဖဲြ႕သည္ ကိုယ့္ပါတီကို သာသာထိုးထိုးပံ့ပိုး၍ တဖက္ပါတီ NLD ဘက္ယိမ္းမည္ယူဆရသူမ်ားကို ဒုကၡေပးခဲ့ပါသည္။ ထိုသို႔ေသာ သာဓကမ်ားမွာ စာအုပ္ထုတ္လွ်င္ တေထာင့္တညပံုျပင္မ်ားထက္ပင္ ရွည္လ်ားေပဦးမည္။

မည္သို႔ပင္ ထိုသူမ်ားက ၾကံစည္အားထုတ္သည္ျဖစ္ေစ ျပည္သူသည္သာ အခရာျဖစ္သည္။ ၂၀၁၅ ေရြးေကာက္ ပဲြက်င္းပမည့္ ႏို၀င္ဘာ ၈ ရက္တြင္ မဲရံုသို႔သြားျဖစ္ေအာင္သြားၾကပါ။ မည္သူ၏ေသြးေဆာင္ ျဖားေယာင္း ျခိမ္းေျခာက္မႈကိုမွမေၾကာက္ဘဲ ေျပာင္းလဲခိ်န္တန္ျပီဆိုေသာ ျပည္သူ႔ပါတီကိုသာမဲေပးခဲ့ပါ။ ယေန႔မွစ၍ ေနာက္ရွစ္ရက္ေျမာက္တြင္ က်င္းပေတာ့မည့္ ေရြးေကာက္ပဲြသည္ ျမန္မာ့သမိုင္းကိုေျပာင္းမည့္ေန႔တေန႔ ျဖစ္သည္။ လက္နက္ျဖင့္ မေတာ္လွန္ေသာ္လည္း ဆႏၵမဲျဖင့္ အသံတိတ္ေတာ္လွန္ေရးဆင္ႏဲႊကာ ေတာ္လွန္ေရး ကိုစၾကပါ။ ဖက္ဆစ္စနစ္ကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းေအာင္ျမင္စြာ ေတာ္လွန္ခဲ့သလို သူ၏သမီး ေဒၚေအာင္ဆန္း စုၾကည္ႏွင့္ေပါင္းကာ အာဏာရွင္ေတာ္လွန္ေရးအျဖစ္ လွည္းေနေလွေအာင္းျမင္းေဇာင္းမက်န္ ပါ၀င္ၾကပါ။ ဒုတိယေတာ္လွန္ေရးေန႔သည္ ၁၃၇၇ ခု၊ သီတင္းကြ်တ္လဆုတ္ ၁၁ ရက္၊ ၂၀၁၅ ခု ႏို၀င္ဘာလ ၈ ရက္ ျဖစ္သည္။

သရ၀ဏ္(ျပည္)
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
......................


၁၉၄၅၊ မတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ။ စစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်းသည် ဘောင်ဒရီလမ်း (ယခု ဓမ္မစေတီလမ်း) နှင့် ဦးဝိစာရလမ်း ထောင့်ရှိ ဂေါ့ဖ်ကစားကွင်း(ယခုတော်လှန်ရေးပန်းခြံ)အတွင်းတွင် သမိုင်း တွင်မည့် အောက်ပါမိန့်ခွန်းကိုပြောခဲ့သည်။
''ရဲဘော်တို့၊ အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး။ အခုစစ်မြေ ပြင်ကိုထွက်ရမယ်။ ဆင်းရဲမယ်။ ငတ်မယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်။ ဗမာပီပီ ဗမာ့သွေးကိုပြပါ။ အထက်ဗိုလ်များရဲ့အမိန့်ကို နာခံကြပါ။ အထက် ဗိုလ်တွေကလည်း သာတူညီမျှရဲဘော်စိတ်ထားပါ။ ရဲဘော်တို့ကို ကတိပေးထားတဲ့အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော်တို့နဲ့အတူ ချီတက်မယ်။ ဗမာ့ရန်သူကို ချေမှုန်းကြ။ အနီးကပ်ဆုံး ရန်သူကိုတိုက်ကြ။ ဒါပဲ''

ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းသည် ဤမျှမတိုဟုလည်းကောင်း။ မူရင်းမိန့်ခွန်းတွင် အနီးကပ်ဆုံးရန်သူဆိုသော စကားမပါဘဲ စာရေးဆရာဗိုလ်ဥတ္တကျော်(နတ်မောက်ဘုန်းကျော်)က ဉာဏ်ကွန့်ပြီး ဖြည့်စွက်ခဲ့ခြင်းဖြစ်သည်ဟု အချို့ကဆိုကြသည်။ ထားတော့။ တိုသည် မတိုသည်က အဓိကမကျ။ အဓိကအရေးကြီးသောအချက်မှာ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာတပြည်လုံးကို ဖိစီးနှိပ်စက်နေသော ဖက်ဆစ်စနစ်ဆိုးကြီးကို တမျိုးသားလုံးက ပြန်လည်တွန်းလှန်တိုက်ခိုက်ရန် မတ်လ ၂၇ ရက်နေ့ကို သတ်မှတ်ခဲ့ပြီး သတ်မှတ်နေ့မတိုင်မီ ၁၀ ရက်အလို မတ်လ ၁၇ ရက်နေ့တွင် တော်လှန်ရေးအတွက် စစ်ထွက်ခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေး တရပ်ဆင်နွှဲရာတွင် ရက်အတိအကျသတ်မှတ်ဖို့အရေးကြီးသလို၊ ထိုနေ့ထိုရက်တွင် တနိုင်ငံလုံးတပြိုင်နက် စတင်တော်လှန်နိုင်ရန် အချိန်ကိုက် စီစဉ်နိုင်မှုသည် အင်မတန်အရေးကြီးလှကြောင်း ပြောလိုရင်းဖြစ်သည်။ ဖက်ဆစ်တော်လှန်ရေး သည် မြန်မာတပြည်လုံး၊ တိုင်းရင်းသားအားလုံး၊ လူထုလူတန်းစားအားလုံး ပူးပေါင်းပါ၀င်ခဲ့သောကြောင့် အောင် မြင်ခဲ့ခြင်းဖြစ်သည်။ ဘုံရန်သူသည် ဖက်ဆစ်ဂျပန်ဖြစ်သည်။ ထိုရန်သူကို မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ ကယား ကျောင်းသား၊ လယ် သမား၊ အလုပ်သမား၊ နိုင်ငံရေးသမား၊ တပ်မတော် အားလုံးပေါင်း၍ အနိုင်ယူခဲ့ခြင်းဖြစ်သည်။ နံပါတ် ၁ ရန်သူကိုသိရမည်။ နံပါတ် ၂ တော်လှန်တိုက်ခိုက်ရန် နေ့ရက် အတိအကျသတ်မှတ်ရမည်။ နံပါတ် ၃ အားလုံး တညီတညွတ်တည်း တပြိုင်နက်တော်လှန် တိုက်ခိုက်ရမည်။ ထိုအခါ တော်လှန်ရေးသည် အောင်မြင်တတ်ပါ၏။

ယခုအခါ မြန်မာနိုင်ငံသည် ဒုတိယတော်လှန်ရေးတရပ်ကို ရင်ဆိုင်နေရ၏။ ၂၀၁၅ နိုဝင်ဘာလ ၈ ရက်တွင် ကြုံတွေ့ရမည့် ရွေးကောက်ပွဲသည် သာမန်ရွေးကောက်ပွဲမျှသာမဟုတ်။ ပါတီကြီးနှစ်ခု၏ အားပြိုင်မှုသာမဟုတ်။ မြန်မာ့သမိုင်းဝယ် ၁၉၆၂ မှအစပြုကာ အမြစ်တွယ်နေသော စစ်အာဏာရှင်စနစ်ဆိုးကို တော်လှန်ဖြုတ်ချရမည့် ခေတ်ပြောင်းတော် လှန်ရေးဆင်နွှဲရမည့်နေ့ဖြစ်သည်။ ဓမ္မနှင့် အဓမ္မ၊ အာဏာရှင်ဘက်တော်သားနှင့် ပြည်သူ့ ဘက်တော်သား၊ အဖြူနှင့်အမည်း။ လူကောင်းနှင့်လူဆိုး အားပြိုင်ကြတော့မည့်ပွဲဖြစ်သည်။ ပြည်သူ့အာဏာကို ပြည်သူ့လက်သို့ ပြန်ပို့လိုသူများနှင့် မိမိအဖွဲ့အကျိုးစီးပွားအတွက် အာဏာကိုလက်မလွှတ် လိုသူတစု၏ သူနိုင် ကိုယ်နိုင်အားပြိုင်ရတော့မည့် အနေအထားဖြစ်သည်။ ထို့ကြောင့် သာမန်ရွေးကောက်ပွဲနှင့်မတူ ဒုတိယ တော်လှန်ရေးနေ့ဟုပင် သမုတ်၍ရနိုင်သော အနေအထားဖြစ်သည်။ ပြည်သူလူထုဘက်တော်သားများရှုံးခဲ့ လျှင် တသက်လုံး နာလန်မထူနိုင်တော့ဘဲ ကိုယ်ကျိုးရှာ အတ္တသမားများ၏ စစ်အာဏာရှင်စနစ်ဆိုးအောက်တွင် နှစ်ပေါင်းများစွာ ပြားပြားမှောက်ရတော့မည်ဖြစ်သည်။ မည်သည့်အခါမှ မော်မကြည့်ဝံ့လောက်အောင် စစ်အာဏာရှင်ဝါဒကို ဒူးထောက်အရှုံးပေးရတော့မည် ဖြစ်သည်။ ယခုအကြိမ်ရှုံးနိမ့်ခဲ့လျှင် ၂၀၂၀ တွင်လည်း ကောင်း၊ ၂၀၂၅ တွင်သာမက ၂၀၃၀၊ ၂၀၃၅ အလွန်ကာလများအထိ စစ်ဝါဒီအဖွဲ့ကို အန်တုဖက်ပြိုင်နိုင်သော အတိုက်အခံအဖွဲ့ ပေါ်ပေါက်နိုင်တော့မည်မဟုတ်ချေ။ ယခုအချိန်သည် အပွဲပွဲနွှဲလေသော ဒီမိုကရေစီတိုက်ပွဲ တွင် အကြီးမားဆုံးသော နောက်ဆုံးပွဲသိမ်းတိုက်ပွဲကြီးဖြစ်သည်။

၁၉၄၅၊ မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်တော်လှန်ရေးနေ့တုန်းကတော့ ဖက်ဆစ်စနစ်ကို လက်နက်အားကိုး၍ ၀ိုင်းဝန်းတိုက်ထုတ်ပစ်ရသည်။ ယခုအခါ အခြေအနေသည် ပြောင်းခဲ့ပြီ။ လက်နက်ကိုင်တော်လှန် စရာမလို တော့။ မြန်မာနိုင်ငံသားအားလုံးကို ဒုက္ခပေးနေသောစနစ်တရပ်ကို ငြိမ်းချမ်းသောမဲဆန္ဒနည်းဖြင့် တော်လှန် ဖြုတ်ချနိုင်သော အခွင့်အရေး တိုင်းသူပြည်သားတွေလက်ထဲမှာ ရောက်နေပြီဖြစ်သည်။ ထိုသို့ တိုက်ထုတ် နိုင်အောင် ကျွန်တော်တို့ညီညွတ်ကြဖို့လိုပါသည်။ ၂၄-၁၀-၂၀၁၄ ရက်က DVB ရုပ်သံမှ Debate ခေါ် အချေအတင်စကားစစ်ထိုးငြင်းခုံပွဲသို့ ကျွန်တော့်ကိုဖိတ်သဖြင့် တက်ရောက်ခဲ့ပါသည်။ ထိုစကားဝိုင်းတွင် ဆွေးနွေးမည့်ခေါင်းစဉ်မှာ (Why should we vote?) ဘာကြောင့် မဲပေးသင့်သလဲဟူ၍ ဖြစ်ပါသည်။ ထိုစကားဝိုင်းတွင် အဓိကစကားပြော မည့်သူများအဖြစ် ဒေါ်ညိုညိုသင်း(တသီးပုဂ္ဂလအမတ်လောင်း)၊ ဖက်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဦးစောသန်းမြင့်၊ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုလွင်ကိုလတ်၊ မွန်တိုင်းရင်းသား လွှတ်တော်ကိုယ်စား လှယ်လောင်း ကိုကျော်ဇေယျာဦးတို့ဖြစ်ပါသည်။ ဆိုရလျှင် စကားပြော သော လေးယောက်တွင် တိုင်းရင်းသားနှစ်ယောက်၊ NLD တယောက်၊ တသီးပုဂ္ဂလတယောက် ဖြစ်ပါသည်။ သူတို့ပြောသော စကားများကို နားထောင်သောအခါ မြန်မာတပြည်လုံး စစ်အာဏာရှင်စနစ်ဆိုးကြီးတခု အောက်မှ ညီညာဖြဖြရုန်းထွက်ကြဖို့ထက် မိမိတို့နယ်မြေကွက်ကွက်ကလေးပေါ်တွင် ရွေးကောက်ခံရရေး ဟူသော ရပ်တည်ချက်ပေါ်တွင် အဓိကထားကာ NLD ကို တောက်လျှောက် တိုက်ခိုက်ဝေဖန်ပြောဆိုနေကြ ခြင်းဖြစ်သည်ကို အံ့သြစဖွယ်တွေ့မြင်ရပါသည်။ ကျွန်တော်သည် နားထောင်သူအဖြစ်ရောက်လာသူဖြစ်သော် လည်း သူတို့ပြောဆိုသမျှကို ဘဝင်မကျသဖြင့် ၀င်ရောက်ပြောဆိုဆွေးနွေးမိပါသည်။ သင်္ဘောကြီး တစင်းနစ် မြုပ်နေသောအခါ မိမိနေနေရသောအခန်းလေးတခုတည်းကို ကွက်ကွက်ကြည့်၍ မိမိအခန်းရေမစိုဖို့ ကြိုးစား နေသည်နှင့်တူလှ၏။ သင်္ဘောတစင်းလုံးနစ်မှာကိုမြင်သဖြင့် ယောက်ယက်ခတ်ပြေးလွှားလှုံ့ဆော် ဖာထေးနေ သူကို မိမိအခန်းလေးထဲမှမထွက်ဘဲ ထိုင်၍အပြစ်ပြောနေသူများသို့ ထင်မြင်မိပါသည်။

ပင်လယ်ကူးသင်္ဘော တစင်းသည် ရေလယ်ကောင်၌ နစ်မြုပ်ခဲ့လျှင် မည်သည့်ပထမတန်းအခန်းသည် မနစ်မြုပ်ဘဲ ကျန်ခဲ့သနည်း။ မည်သည့်သင်္ဘောကြမ်းပြင်သည် ရေမစိုပဲရှိအံ့နည်း။ လေယာဉ်တစင်းပျက်ကျသောအခါ မည်သည့်ခရီးသည် ထိုင်ခုံသည် ကွက်ကွက်ကလေး ဘေးမသီရန်မခဘဲ ကျန်ခဲ့ပါသနည်း။ တလှေတည်းစီး တခရီးတည်းသွားခြင်း ဖြစ်သဖြင့် သေလျှင်အားလုံး၊ ရှင်လျှင်အားလုံး ဖြစ်ပါသည်။ အိမ်တအိမ်မီးလောင်နေသောအခါ တအိမ်လုံးကို မီးမလောင်ရန် ထိုမီးကြီးကို ၀ိုင်းဝန်းငြိှမ်းသတ်ရမည့်အစား ငါကဧည့်ခန်းမှာနေတာ၊ ငါက နောက်ဖေးမီးဖိုချောင် မှာနေတာ ငါနဲ့မဆိုင်ဘူးဟုယူဆ၍မရ၊ မီးသည် တအိမ်လုံးကို ၀ါးမျိုလောင်ကျွမ်းသွားသကဲ့သို့ ဒီမိုကရေစီ အယောင်ဆောင် အာဏာရှင်စနစ်ဆိုးလက်အောက်သို့ ရောက်သွားသောအခါ ဗမာလူမျိုးတမျိုးသာ ထိုဒဏ်ကို ခံရမည်မဟုတ်၊ မွန်လည်းခံရမည်ဖြစ်သည်။ ရှမ်းလည်း လွတ်မည်မဟုတ်။ ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ကယား အားလုံး ထိုဒဏ်ကို ခံခဲ့ဖူးကြပြီဖြစ်သည်။ တိုင်းရင်းသားတို့သည် သူတို့ဒေသတွင် လူတစုက လက်နက် ကိုင်အနိုင်ကျင့်နှိပ်စက်သောအခါ ဗမာတွေနှိပ်စက်သည်ဟု မှတ်ယူတတ်သည်။ အာဏာရှိသော၊ လုပ်ပိုင်ခွင့် ရှိသော အစိုးရအရာရှိဆိုးများ ဒုက္ခပေးသောအခါ ဗမာများကိုသာ ပြေးမြင်ကြပြီး မုန်းတီးကြသည်။ တကယ်စင်စစ် ဗမာလူမိုျးအများစုမှာ တိုင်းရင်းသားတို့ နေထိုင်ရာ အတွင်းပိုင်းဒေသများသို့ ရောက်ဖူးပေါက်ဖူး သူ နည်းပါးလှသည်။ တိုင်းရင်းသားတို့ ဒေသများဆီသို့ ရောက်လာသူများသည် ဗမာအားလုံးကို ကိုယ်စားပြု သူများမဟုတ်။ ဗမာဆိုးများ ကျေးလက်တောရွာများတွင် မင်းမူသောင်းကျန်းကြသည်ကို ခံရပါများလာသော အခါ လူမျိုးရေးမုန်းတီးကာ ဗမာဆန့်ကျင်ရေးစိတ်ဓာတ် ၀င်လာကြခြင်းဖြစ်သည်။ စင်စစ် နှိပ်စက်သူ ဗမာတစု ကြောင့် မဆီမဆိုင်ဗမာတမျိုးလုံး အမုန်းခံကြရခြင်းမှာ စဉ်းစားတတ်လျှင် မမျှတသော အကြောင်းတရား တခုဖြစ်သည်။ ထိုအချက်များကိုသာစွဲကိုင်လျက် စဉ်းစားဆုံးဖြတ်လျှင် ဒေသစွဲ၊ လူမျိုးစွဲစိတ်ဓာတ်များသာ ဖြစ်ပေါ်လာစေမည်ဖြစ်ပြီး တနိုင်ငံလုံး စစ်အာဏာလက်အောက်မှ လွတ်မြောက်ရေးဆိုသော ပန်းတိုင်ပျောက် သွားနိုင်ပါသည်။

ဒေါ်ညိုညိုသင်းက ပြောသည်မှာ ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်ခံလွှတ်တော်အမတ်နေရာ ၄၉၈ နေရာရှိသည့်အနက် NLD သည် ၃၃၃ နေရာရလျှင် အစိုးရဖွဲ့နိုင်မည်ဖြစ်သောကြောင့် ၃၃၃ နေရာသာယူပြီး ကျန်သည့် ၁၆၅ နေရာကို တသီးပုဂ္ဂလများ၊ တိုင်းရင်းသားပါတီများအတွက် နေရာခွဲဝေပေးသင့်ကြောင်း၊ နေရာအားလုံးတွင် ၀င်ရောက် မယှဉ်ပြိုင်သင့်ကြောင်းပြောသွားသည်ကို ကျွန်တော်သဘောမတူပါ။ ပြင်းထန်စွာ ကန့်ကွက်ပါသည်။ အဘယ့်ကြောင့်နည်း။ နံပါတ် ၁ အချက်မှာ NLD သည် လွှတ်တော်တွင် အမတ်နေရာ ၃၃၃ နေရာ အတိရပါမည်ဆိုခြင်းမှာ မည်ကဲ့သို့သိပါမည်လဲ။ ရုပ်ရှင်ရုံတွင် လက်မှတ်သွားဝယ်သလို လွှတ်တော် အမှတ်နေရာ ၃၃၃ စောင်ပေးပါဟု အတိအကျဝယ်၍ရပါသလား။ ဒေါ်ညိုညိုသင်းသည် အရည်အချင်းရှိသော လွှတ်တော်အမတ် တဦးဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်အတွင်း ရောက်သင့်သူတယောက် ဖြစ်သည်ဆိုခြင်းကို ကျွန်တော် လက်ခံပါသည်။ သို့သော် သူပြောသလို တသီးပုဂ္ဂလများ၊ တိုင်းရင်းသားအမတ်များအတွက် NLD က ဘေးရှောင်ပေးသင့်သည်ဆိုခြင်းကိုတော့ ထိုအယူအဆမှာ ကလေးကလားဖြစ်နေသဖြင့် သဘောမတူ နိုင်ပါ။ ဖြစ်သင့်သည်မှာ ပန်းတိုင်းပွင့်ပါစေ။ ဒေါ်ညိုညိုသင်းတော်လျှင် ဒေါ်ညိုညိုသင်းကို ဗဟန်းလူထုက ရွေးကြပါစေ။ NLD တော်လျှင် NLD ကိုရွေးကြပါစေ။ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်မှာလည်း ထိုနည်းနှင်နှင် ဖြစ်သည်။ ကျွန်တော်တို့သည် အင်မတန်ကြီးမားသော အာဏာရပါတီကြီးနှင့် တပြည်လုံးတွင် စစ်မျက်နှာ ဖွင့်တိုက်ပွဲကြီးနွှဲရမည်ဖြစ်ရာ အချင်းချင်း စစ်မျက်နှာပြန်မဖွင့်သင့်ပါ။ ဘုံရန်သူသည် ပြည်သူလူထုကို တသက်လုံးဒုက္ခပေးလာသောအဖွဲ့ဖြစ်သည်။ စစ်မျက်နှာကို ထိုသူများဘက်သို့ လှည့်ရပါမည်။ ထိုသူများ ဘာလုပ်နေသနည်း။ ဘာတွေညစ်တော့မည်နည်း။ မည်သို့ရှုံးမဲမဲမည်နည်း။ မည်သို့ဥပဒေကို ချိုးဖောက်မည် နည်း။ မည်သို့အာဏာကို အလွဲသုံးမည်နည်း။ အစိုးရဘဏ္ဍာငွေနှင့် အထောက်အပံ့ကို ပါတီတခုအတွက် မည်သို့သုံးစွဲမည်နည်း။ ဒါတွေကို အာရုံစိုက်၍ ဖော်ထုတ်သင့်ပါသည်။ အိမ်ကြက်ချင်း မည်သူကမှ အိုးမဲ မသုတ်ဘဲ ကိုယ့်မျက်နှာကိုယ်အိုးမဲသုတ်ကာ မခွပ်သင့် တော့ပါ။ ကျွန်တော်တို့မညီညွတ်လျှင် ခြင်္သေ့တွေ စားသွားပါမည်။ ကြံ့ခိုင်ရေးပါတီသည် လွှတ်တော်တွင် ၂၆ ရာခိုင်နှုန်းအမတ်ဦးရေရရုံနှင့် (၁၆၇ ယောက် နိုင်ရုံနှင့်) စနစ်ဟောင်း၊ လူဟောင်းများနှင့် နေရာဟောင်းတွင် ဆက်ထိုင်နေနိုင်သည်ကို မြင်အောင်ကြည့်နိုင်ဖို့ လိုပါသည်။ ကြံ့ခိုင်ရေး ပါတီသည် တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ယောက်ကို သူ့လူအဖြစ် တရားဝင် ထုတ်ဖော်တွက်ဆထားရာ ထိုပြောဆိုမှုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိတ်ဆိတ်နေခဲ့သည်။ ထို့ကြောင့် NLD သည် အမတ် ၃၃၃ ယောက်နိုင်မှ အစိုးရဖြစ်နိုင်မည့်အချိန်တွင် ကြံ့ခိုင်ရေးပါတီသည် ၁၆၇ ဦး နိုင်ရုံနှင့် အစိုးရဖြစ်နိုင်ပေရာ စနစ်ကိုက တဖက်စောင်းနင်းဖြစ်နေချိန်တွင် တိုင်းရင်းသားများနှင့် တသီးပုဂ္ဂလ များသည် NLD ၃၃၃ ယောက်ပဲယူပါဟု မဝေဖန်သင့်ပေ။ ၃၃၃ ယောက်နိုင်အောင်ပင် NLD သည်အတော် ရုန်းကန်ရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မြို့ကြီးများတွင် NLD ပါတီ အားကောင်းသော်လည်း ကျေးလက်ဒေသများတွင် အာဏာရကြံ့ခိုင်ရေးပါတီက ငွေအင်အား၊ လုပ်ပိုင်ခွင့်အင်အား၊ လက်ရှိအာဏာ ရှိသူတို့ အကူအညီအင်အားဖြင့် မနိုင်နိုင်အောင် နည်းအမျိုးမျိုးနှင့် လုပ်ဆောင်နေတာကိုတွေ့ရ၍ ဖြစ်သည်။ ဥပမာ ကျေးရွာများတွင် သမဝါယမချေးငွေကို ပြည်ခိုင်ဖြိုးပါတီချေးငွေကဲ့သို့ ငွေထုတ်ချေးပြီး ပါတီဝင်ခိုင်းခြင်း၊ စက်ရေတွင်းတူးပေးခြင်း၊ ကျေးရွာလမ်းခင်းပေးခြင်း၊ ကျေးလက်မီးလင်းရေးလုပ်ပေးခြင်း၊ ဆိုလာပြားများပေး ခြင်း စသည့်နိုင်ငံတော်ဖွံ့ဖြိုးရေး နဂိုတည်းက လုပ်ရမည့်အရာများကို ရွေးကောက်ပွဲနီးခါမှ မိမိပါတီက လုပ်ပေးသည့်သဖွယ် လုပ်ကိုင်လာကြသော အန္တရာယ်သည် အတော်ကြီးပေသည်။ ရိုး,အသော တောသူ တောင်သားများမှာ လက်ငင်းရောက်လာသော တိုးတက်မှုများကိုသာမြင်လျက် ထိုသူများ၏စည်းရုံးမှုနောက်သို့ ရွာလုံးကျွတ်ပါသွားသည်များလည်း အညာဘက်တွင် တော်တော်များပါသည်။ ဒါကို မြို့မှာနေသော အမတ် လောင်းများနှင့် ပြည်သူလူထုသည် သိချင်မှသိပေလိမ့်မည်။ တောရွာများတွင် ပြည်ခိုင်ဖြိုးပါတီ လူထုစည်းဝေးပွဲများသို့လိုက်လျှင် နေ့တွက်စရိတ်ထုတ်ပေးသည်။ ဆိုင်ကယ်ဆီထည့်ပေးသည်။ တီရှပ်နှင့် ဦးထုပ်ပေးသည်။ ငွေလိုချင်သဖြင့် နေ့စဉ်လို လိုက်ပါသောရွာသားများ ရှိသည်။ ထိုရွာသားလူငယ်များမှာ ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရသည်။ ပါတီဝင်ကတ်ပြားများ လုပ်ရသည်။ အချို့ပါတီဝင်များကို ခရီးသွားမည် အကြောင်းပြစေပြီး ကြိုတင်မဲများပေး စေသည်။ ထိုနည်းဖြင့် ချည်ပြီးတုပ်ပြီးဖြစ်သွားသော မဲများရှိနေတာ ထိတ်လန့်ဖွယ်ဖြစ်သည်။

မဲရုံများတွင်လည်း လမ်းအလိုက် မဲပုံးများကိုခွဲထားသောစနစ်ကိုလည်း ကျင့်သုံး လာနိုင်သည် (၂၀၁၀ ရွေးကောက်ပွဲတွင် ကျွန်တော်တို့ရပ်ကွက် မြောက်ဥက္ကလာ အထက-၁ မဲရုံ၌ ထိုသို့ လုပ်ခဲ့သည်)။ မဲထည့်သူများကို တလမ်းလျှင်တပုံး သီးသန့်ခွဲထည့်ခိုင်းသောအခါ ကိုယ့်လမ်းကမဲပုံးတွင် ကြံ့ခိုင်ရေးရှုံးလျှင် ခင်းလက်စလမ်း ဆက်ခင်းမပေးမှာစိုးသောကြောင့် ကျွန်တော်တို့လမ်းသည် ကြံ့ခိုင်ရေးကို မဲပေးခဲ့ကြသော နမူနာလည်းရှိပါသည်။ ဆိုလိုသည်မှာ NLD ရင်ဆိုင် နေရသောပြိုင်ဘက်မှာ လုပ်ရည်ကိုင်ရည် အလွန်ကြီးမားသော အလိမ်အလှည့်တွင် အံခွနေသော ဧရာမသတ္တဝါကြီးတကောင်ဖြစ်သည်ဆိုခြင်းကို အားလုံးသတိချပ်စေလိုခြင်းဖြစ်သည်။ နိုင်ငံပိုင်သတင်းစာဖြစ်သော ကြေးမုံနှင့် မြန်မာအလင်းသတင်းစာကပင် ၂၄-၁၀-၂၀၁၅ ရက်နေ့ထုတ် သတင်းစာမျက်နှာဖုံးတွင် မိတ္ထီလာမြို့နှင့် မိတ္ထီလာလွင်ပြင်တခုလုံး အစိမ်းရောင် လွင်ပြင်ဖြစ်ရမည်ဟု အစိမ်းရောင်စာလုံးကြီးများနှင့် ကြံ့ခိုင်ရေးပါတီ ကြော်ငြာလိုလို ဘာလိုလိုဖြင့် နိုင်ငံ့ဘဏ္ဍာ ကိုယ့်ပါတီအတွက်လုပ်ကာ သတင်းဖော်ပြခဲ့၏။ နိုင်ငံတော်သမ္မတ၏ သမ္မတတယောက်အဖြစ် အလုပ်သဘော သွားရောက်သည့်ခရီးကိုလည်း ပါတီစည်းရုံးရေးခရီးလိုလို ဘာလိုလိုဖြင့် ကြံ့ခိုင်ရေးပါတီဝင်များ ဦးထုပ်များ၊ အလံများ၊ တံဆိပ်များဖြင့် ပါတီတခုဘက်သို့ သိသိသာသာ ဘက်လိုက်ဖော်ပြခဲ့သည်။ ပြည်သူ့ဘဏ္ဍာငွေဖြင့် ထုတ်ဝေသောကြေးမုံနှင့် မြန်မာအလင်းသတင်းစာတွင် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လူထုစည်းဝေးပွဲများတွင် စကားပြောသော သတင်း၊ ပြည်သူများသောင်းနှင့်ချီ၍ ကြိုဆိုသော သတင်းဓာတ်ပုံ များကို ဘယ်တော့မှမဖော်ပြဖူးတာလည်း အံ့သြမိလေသည်။ ပြည်သူတွေပိုက်ဆံနှင့်ထုတ်သော နိုင်ငံပိုင် သတင်းစာသည် ကြံ့ခိုင်ရေးသတင်းစာ မဟုတ်သဖြင့် မမျှမတ လုပ်ခွင့်မရှိပေ။

သို့သော် လုပ်နေခဲ့၊ လုပ်နေဆဲ၊ လုပ်နေဦးမည်သာ ဖြစ်သည်။ ဤသည်မှာ ပြည်သူ့ငွေဖြင့် ပြည်သူကို ဖိနှိပ်မည့်အစိုးရတရပ်ပေါ်ပေါက်အောင် မဲဆွယ်နေခြင်းဖြစ် သည်။ တဖက်တွင်တော့ ပြီးခဲ့သည့်အောက်တိုဘာ ၂၂ ရက်က မကွေးတိုင်း၊ နတ်မောက် မြို့နယ်၊ မြင်းတဲကြီးကျေးရွာတွင် ကျွန်တော်၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ သရုပ်ဆောင်ဗေလုဝတို့ စာပေဟော ပြောပွဲဖိတ်၍သွားရာ ဗေလုဝမှာ ဟောပြောခွင့်မပြုသဖြင့် မဟောရပေ။ ဗေလုဝပါလျှင် ဟောပြောပွဲပါမစ်မပေး နိုင်ဟု နတ်မောက်မြို့နယ် အုပ်ချုပ်ရေးမှူးဦးဌေးအောင်က အမိန့်ထုတ်ခြင်းဖြစ်သည်။ ဘာကြောင့် ထိုသို့ခွင့် မပြုသလဲဟုမေးတော့ တိုင်းအဆင့်ဖြစ်သော အထက်ကခွင့်မပြုခိုင်းသဖြင့် တားမြစ်ကြောင်းသိရသည်။ အထက် ဆိုသည်မှာ မကွေးတိုင်းဝန်ကြီးချုပ်ကို ဆိုလိုသည်လားတော့ ရှင်းရှင်းလင်းလင်း မပြောချေ။ တကယ်တော့ ဗေလုဝသည် NLD ပါတီအောင်နိုင်ရေးအတွက် မကြာခဏလိုက်ပါစည်းရုံးပေးသည့်အတွက် NLD အတွက် မဲမဆွယ်နိုင်ရန် ညစ်ပြီးစာပေဟော ပြောပွဲတွင် ပါမစ်မပေးခြင်းဖြစ်သည်။ ထို့အပြင် စာပေဟောပြောပွဲ စင်မြင့် တွင် ဗိုလ်ချုပ်အောင်ဆန်း ဗွီနိုင်းဓာတ်ပုံကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်ဗွီနိုင်းဓာတ်ပုံကြီးကိုပင် ချိတ်ဆွဲခွင့်မပြု သဖြင့် ပြန်ခွာရသည်။ ကျွန်တော်တို့ ဟောပြောနေစဉ်တွင်လည်း ဘာတွေပြောနေသလဲဟု ၁၅ မိနစ်တကြိမ် ဖုန်းဖြင့် လှမ်းမေးနေသေး၏။ စာပေဟောပြောပွဲကြောင့် ဒေသခံများ မျက်စိပွင့်နားပွင့်ဖြစ်ကာ အကြောက်တရား တို့ကင်းမဲ့လျှင် NLD ပါတီဘက်သို့ပါကုန်မှာ စိုးရိမ်ကြခြင်းဖြစ်သည်။ ဤသို့လျှင် အာဏာရအဖွဲ့သည် ကိုယ့်ပါတီကို သာသာထိုးထိုးပံ့ပိုး၍ တဖက်ပါတီ NLD ဘက်ယိမ်းမည်ယူဆရသူများကို ဒုက္ခပေးခဲ့ပါသည်။ ထိုသို့သော သာဓကများမှာ စာအုပ်ထုတ်လျှင် တထောင့်တညပုံပြင်များထက်ပင် ရှည်လျားပေဦးမည်။

မည်သို့ပင် ထိုသူများက ကြံစည်အားထုတ်သည်ဖြစ်စေ ပြည်သူသည်သာ အခရာဖြစ်သည်။ ၂၀၁၅ ရွေးကောက် ပွဲကျင်းပမည့် နိုဝင်ဘာ ၈ ရက်တွင် မဲရုံသို့သွားဖြစ်အောင်သွားကြပါ။ မည်သူ၏သွေးဆောင် ဖြားယောင်း ခြိမ်းခြောက်မှုကိုမှမကြောက်ဘဲ ပြောင်းလဲချိန်တန်ပြီဆိုသော ပြည်သူ့ပါတီကိုသာမဲပေးခဲ့ပါ။ ယနေ့မှစ၍ နောက်ရှစ်ရက်မြောက်တွင် ကျင်းပတော့မည့် ရွေးကောက်ပွဲသည် မြန်မာ့သမိုင်းကိုပြောင်းမည့်နေ့တနေ့ ဖြစ်သည်။ လက်နက်ဖြင့် မတော်လှန်သော်လည်း ဆန္ဒမဲဖြင့် အသံတိတ်တော်လှန်ရေးဆင်နွှဲကာ တော်လှန်ရေး ကိုစကြပါ။ ဖက်ဆစ်စနစ်ကို ဗိုလ်ချုပ်အောင်ဆန်းအောင်မြင်စွာ တော်လှန်ခဲ့သလို သူ၏သမီး ဒေါ်အောင်ဆန်း စုကြည်နှင့်ပေါင်းကာ အာဏာရှင်တော်လှန်ရေးအဖြစ် လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ပါ၀င်ကြပါ။ ဒုတိယတော်လှန်ရေးနေ့သည် ၁၃၇၇ ခု၊ သီတင်းကျွတ်လဆုတ် ၁၁ ရက်၊ ၂၀၁၅ ခု နိုဝင်ဘာလ ၈ ရက် ဖြစ်သည်။

သရဝဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment