Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 2, 2015

လံုျခံဳေရး အာမခံခ်က္မဲ့ေနေသာ ေန႔စဥ္ဘ၀မ်ား


''ေဟ့ေကာင္၊မင္းေခၚျပီး ေဈးညိႇေနတဲ့ ေကာင္မေလးကငါ့မိန္းမကြ၊ကေလးေမြးထားတာရက္ပိုင္းပဲရိွေသးတာမင္းအဲဒီလိုေခၚလို႔အခုသူေၾကာက္လန္႔ေနတယ္''ဟု လူမိုက္ဆန္ဆန္ လူႏွစ္ဦးကအနားကပ္ခါ ျခိမ္းေျခာက္ျခင္း ခံလိုက္ရခိ်န္ လံုး၀တုန္လႈပ္သြားခဲ့သည္ဟုသတင္းမီဒီယာသမားတဦးကသူ၏ကိုယ္ေတြ႕
အျဖစ္အပ်က္အား ေျပာျပခဲ့သည္။

''ကြ်န္ေတာ္က ေရႊတိဂံုဘုရား အေရွ႕ဘက္မုခ္ ဗဟန္း-၃ လမ္းက ကန္ေတာ္ၾကီးထဲမွာရိွတဲ့ ရုပ္ရွင္တသက္တာ ထူးခြ်န္ဆုေပးပဲြကျပန္လာရင္း အဲဒီအျဖစ္အပ်က္ၾကံဳလာတာဗ်''ဟု ထိတ္လန္႔ဖြယ္အျဖစ္အပ်က္ မၾကံဳေတြ႕မီက အေၾကာင္းအား ေျပာျပခဲ့သည္။

၂၀၁၄ ႏွစ္ဆန္းပိုင္းတြင္ ၎သည္သက္ဆိုင္သည့္ သတင္းဂ်ာနယ္တိုက္တခုမွ ဗဟန္း ၃ လမ္းအနီးရိွ ကန္ေတာ္ ၾကီးအတြင္းမွ စားေသာက္ဆိုင္တခုတြင္ သက္ၾကီးရုပ္ရွင္သမားမ်ား၏ တသက္တာရုပ္ရွင္ထူးခြ်န္ဆုေပးပဲြသို႔ သြားေရာက္ဓာတ္ပံုရိုက္ရန္ တာ၀န္က်ခဲ့သည္ဟုဆို၏။ ပဲြက်င္းပခိ်န္က ညေန ငါးနာရီခန္႔မွစတင္၍ ရွစ္နာရီခန္႔ အထိၾကာျပီး ၎လည္း ဘီယာအနည္းငယ္ေသာက္သံုးခဲ့သည္ဟု ျဖစ္စဥ္အား ျပန္လည္စဥ္းစားရင္းေျပာျပခဲ့ သည္။

ပဲြမွ မွတ္တမ္းဓာတ္ပံုမ်ားရိုက္ယူျပီး ဆူးေလနွင့္မလွမ္းမကမ္းရိွ ၎၏သတင္းဂ်ာနယ္တိုက္သို႔ျပန္ရန္ ဗဟန္း ၃ လမ္းမွ ဆူးေလသို႔ ဘီအမ္ကားစီးျပီး ျပန္လာခဲ့သည္ဟုဆိုသည္။ ''ကြ်န္ေတာ့္လက္ထဲမွာ အဲဒီတုန္းက ပိုက္ဆံ ႏွစ္ေထာင္ေလာက္ပဲ က်န္ေတာ့တာဗ်။ ကင္မရာကို လည္ပင္းမွာလြယ္ျပီး ရီေ၀ေ၀နဲ႔ ဘီအမ္ကားစီးျပီး ရံုးကို ျပန္လာခဲ့တာေပါ့ဗ်ာ''ဟု ေျပာျပခဲ့သည္။

ယင္းကဲ့သို႔ ျပန္လာခဲ့စဥ္ ဆူးေလခံုးေက်ာ္တံတားအနီး အေနာ္ရထာလမ္းႏွင့္ ဆူးေလဘုရားလမ္းေထာင့္ Media Corner နားအေရာက္တြင္ အသက္ ၃၀ ၀န္းက်င္ အမ်ဳိးသားႏွစ္ဦးက ၀ိုင္း၍ဆဲြကာ အထက္ပါ မေမွ်ာ္လင့္သည့္ စကားအား ေျပာခဲ့သည္ဟုဆိုသည္။ ''ကြ်န္ေတာ့္ကို ၀ိုင္းလိုက္တဲ့အခိ်န္မွာ လမ္းေပၚမွာ လူသြားလူလာေတြ မျပတ္ဘူး။ သူတို႔က တိုးတိုးေလးေျပာတာဗ်။

မင္းဘယ္လိုလုပ္မလဲ၊အခုငါ့မိန္းမမင္းေဈးညိႇလို႔ ေသြးတက္ျပီး ေၾကာက္ေနျပီလို႔ ေျပာတာဗ်။ ကြ်န္ေတာ္ကလည္း ျငင္းတာေပါ့။ အစ္ကိုတို႔ရာ ကြ်န္ေတာ့္မွာ ပိုက္ဆံေလး ၁၈၀၀ ပဲရိွတာ၊ ဘယ္ေကာင္မေလးမွလဲ ေဈးမညိႇပါဘူးဆိုေတာ့ မင္းအပိုေတြမေျပာနဲ့တဲ့။ သူတို႔ႏွစ္ေယာက္ အျပင္ တျခားတေယာက္ကို သူ႔မိန္းမကိုသြားေခၚခိုင္းတယ္။ ကြ်န္ေတာ္လည္း လူမွားျပီးေျပာတာျဖစ္မယ္ဆိုျပီး စိတ္ခ်လက္ခ်ေနေနတာေပါ့။ ဒါေပမဲ့ဗ်ာ သူ႔မိန္းမဆိုသူေရာက္လာမွ ပိုဆိုးတာဗ်။ ကြ်န္ေတာ့္ကိုလက္ညိွုးထိုးျပီး ဟုတ္တယ္၊

သူပဲသူပဲဆိုျပီး ေျပာပါေလ ေရာ''ဟု ေတြ႕ၾကံဳခဲ့ရပံုအား ေျပာျပခဲ့သည္။
ထိုအခိ်န္၌ ဆူးေလဘုရား လမ္းမေပၚတြင္လည္း ကားမ်ား ဥဒဟိုျဖတ္သန္းေနၾကျပီး လူသြားစၾကၤံနွင့္ကားလမ္းမ ၾကားတြင္လည္း ထုထည္ထူသည့္ သံတန္းကလည္း နွစ္ေတာင္ခန္႔ျဖင့္ ကာရံထားေသာေၾကာင့္ ထြက္ေျပးရန္ လည္း ခက္ခဲေနခဲ့သည္ဟုဆိုသည္။

''ကြ်န္ေတာ္က မီဒီယာေကာ္နာနဲ႔မ်က္နွာခ်င္းဆိုင္ေနာက္က သံတန္းကို မီွထားကာ သူတို႔က ထိုးမယ္၊ ၾကိတ္မယ္၊ ျခိမ္းေျခာက္ေပမယ့္ တကယ္ေတာ့မထိုးေသးဘူး။ ကြ်န္ေတာ္က ေတာ့ အၾကံမ်ဳိးစံုထုတ္ေနရင္းနဲ႔ အစ္ကိုတို႔ ဘာလိုခ်င္လို႔လဲ၊ ကြ်န္ေတာ့္မွာ ပိုက္ဆံက ၁၈၀၀ ေလာက္နဲ႔ ဒီကင္မရာပဲရိွတာလို့ေျပာလည္း လက္မခံေသးဘူး။ မင္းဒီျပႆနာကို ရွင္းရမယ္လို႔ပဲ ေျပာတယ္''ဟု အက်ပ္ ဆိုက္ေနပံုအား ေျပာျပခဲ့သည္။

ယင္းကဲ့သို႔ ကင္မရာနွင့္ပါသည့္ ေငြေၾကးအနည္းငယ္အားေပးေသာ္လည္း မယူဘဲ ေငြေၾကးအမ်ားအျပားရိွေန ေသးသည္ဟုထင္ေနေၾကာင္းေျပာျပခဲ့သည္။ ထိုအခိ်န္တြင္ ဆူးေလဘုရားလမ္း မီးပိြဳင့္မွ မီးနီသြား၍ ကားမ်ား ရပ္တန္႔ထားစဥ္ ၎အေနႏွင့္ကင္မရာအားျဖဳတ္ေပးမည္ဟန္ျပင္ကာ သံတန္းတားထားသည့္အေပၚလ်င္ ျမန္စြာ လဲွခ်ျပီး တရစပ္ထြက္ေျပးခဲ့သည္ဟု ဆိုသည္။ ထြက္ေျပးအျပီး ကားလမ္းမအလယ္အေရာက္တြင္ ၎အား ျခိမ္းေျခာက္ခဲ့သည့္လူနွစ္ဦးအား အသံကုန္ဟစ္၍ သတၱိရိွလွ်င္ လိုက္ခဲ့ဟုေျပာေသာ္လည္း ထိုလူမ်ားက လိုက္ မလာဘဲေနသည္ဟု ဆိုသည္။

''ကြ်န္ေတာ္အဲဒီလိုတံု႔ျပန္တာကိုသူတို႔ေတြလည္း ေျပာင္းသြားတယ္ထင္တယ္။ လမ္းလယ္ေကာင္ကေန ေအာ္ ျပီးဆဲတာေတာင္ လိုက္မလာရဲဘူး။ ကြ်န္ေတာ္ကလည္း ေျပာတယ္။ မင္းတို႔ သတၱိရိွရင္ ဟိုမွာရဲစခန္းရိွတယ္။ မင္းတို႔ေျပာတာမွန္ရင္သြားရွင္းမယ္ဆိုေတာ့ဘာမွမေျပာဘဲ ျပန္လွည့္သြားၾကတယ္''ဟု ဆို၏။

ယင္းကဲ့သို႔ အျဖစ္အပ်က္အား ေက်ာ္လႊားႏိုင္ခဲ့ေသာ္လည္း ၎အေနနွင့္ ေက်နပ္မႈမရိွ၍ လမ္းျဖတ္ကူးကာ ရဲစခန္းသို႔သြား ၍ တိုင္ တန္းခဲ့သည္ဟုဆိုသည္။

''ကြ်န္ေတာ္လည္း ကင္မရာေလးလြယ္ျပီးေတာ့ ရဲစခန္းထဲသြားတယ္။ စခန္းမွာ တာ၀န္က်ေနတဲ့ ရဲတေယာက္ က အျဖစ္အပ်က္ကိုေမးေတာ့ ကြ်န္ေတာ္ပဲြက ဓာတ္ပံုရိုက္လာတဲ့အေၾကာင္း၊ မယံုရင္ ပံုေတြၾကည့္လို႔ရတယ္ ဆိုတာေတြ၊ ျမိဳ႕လယ္ေကာင္ရဲစခန္းေရွ႕မွာေတာင္ ဒီလိုျဖစ္ေနတယ္ဆိုတာေျပာေတာ့ က်န္ရဲသားတေယာက္ကို အဲဒီေနရာ သြားၾကည့္ခိုင္းတယ္။ ကြ်န္ေတာ္က ဆက္ေျပာတယ္။

အခု ကြ်န္ေတာ္လြတ္ေျမာက္လာေပမယ့္ က်န္တဲ့ သူေတြဘယ္လိုလုပ္မလဲ။ ဘယ္တုန္းကတည္းက လုပ္စားေနတာလဲ ဆိုျပီးေမးတာေပါ့။ အဲဒီေတာ့ ေနာက္မျဖစ္ေအာင္ ဂရုစိုက္ပါမယ္။ ကတိေပးျပီး ဒီကိစၥအတြက္ ဘယ္လိုေဆာင္ရြက္ခ်င္ပါသလဲ ေမးတယ္။ ေမးေတာ့ ကြ်န္ေတာ္ကေတာ့မတိုင္ခ်င္ဘူး။ သူတို႔က လူအုပ္စုနဲ႔ဆိုေတာ့ ကြ်န္ေတာ့္အသက္အႏၱရာယ္ ရန္ရွာ မွာ စိုးရတယ္။ အဲဒီေတာ့ ကြ်န္ေတာ့္ကို ဂ်ာနယ္တိုက္လိုက္ပို႔ပါဆိုေတာ့ ရဲတေယာက္ထည့္ျပီး ဂ်ာနယ္တိုက္ကို လိုက္ပို႔ပါတယ္''ဟု ေျပာၾကားခဲ့သည္။
ယင္းကဲ့သို႔ ျမိဳ႕လယ္ေကာင္ရဲစခန္းေရွ့ လူစည္ကားသည့္ အခိ်န္တြင္ပင္ ျခိမ္းေျခာက္ ေငြညွစ္အၾကပ္ကိုင္မႈမ်ား ရိွေနခဲ့ရာ လက္ရိွအခိ်န္တြင္ေတာ့ ရန္ကုန္တြင္သာမက ေနရာအနံွ့အျပားတြင္ ဖုန္းလုသူမ်ား၊ ဆဲြၾကိဳးျဖတ္သူ မ်ား၊ ဓားေထာက္၍ လက္၀တ္ လက္စားျဖဳတ္ယူသူမ်ား အမ်ားအျပားရိွေနခဲ့သည္။
ယင္းကဲ့သို႔ျပဳလုပ္လာသည့္အထဲမွာ လတ္တေလာ မံုရြာျမိဳ႕မွ မိတ္ေဆြတဦးက သူၾကံဳေတြ႕ခဲ့ရပံုအား ေအာက္ပါ တိုင္း ေျပာျပခဲ့သည္။ ''ကြ်န္ေတာ္တို႔ေနတဲ့ ရပ္ကြက္ထဲမွာ ဘူးစုတ္၊ ခြက္စုတ္၀ယ္တဲ့ ဆိုင္ေလးရိွတယ္။

သူ႔ဆိုင္ကိုဘူးစုပ္ခြက္စုပ္ေကာက္တဲ့ကေလးေတြ ေန႔စဥ္ညေနတိုင္းလာျပီး ေရာင္းတယ္လို႔ဆိုတယ္။ အဲဒီလို ေရာင္းေနရင္း အခုတေလာ ကေလးေတြ လာမေရာင္းေတာ့ဘူးတဲ့။ ဘာေၾကာင့္လဲဆိုေတာ့ ကေလးေတြက မနက္အေစာၾကီး အမိႈက္ပံုလိုေနရာမို်းမွာ ဘူးစုပ္ခြက္စုပ္ရွာေနတဲ့ေနရာကို ဓားေထာက္ျပီး လာလုလို႔ ပိုက္ဆံ မပါတဲ့အတြက္ နားကပ္ေလးခြ်တ္ေပးလိုက္ရတာတဲ့။

အဲဒီအခိ်န္ကစျပီး သူတို့လည္းေၾကာက္ျပီး အဲဒီအလုပ္ မလုပ္ေတာ့ဘူးတဲ့''ဟု သူၾကံဳေတြ႕ရပံုအား ေျပာျပခဲ့သည္။

လြန္ခဲ့သည့္ႏွစ္ပတ္ေက်ာ္ခန္႔ကလည္း အင္းစိန္တြင္ေနထိုင္သည့္ သတင္းမီဒီယာသမားတဦး၏အိမ္ေဖာက္ထြင္း ခံရျပီး ေငြက်ပ္တသိန္းခဲြခန္႔ႏွင့္ လက္ကိုင္ဖုန္းႏွစ္လံုး ခိုးယူခံရျပီး ရဲစခန္းတြင္ အမႈဖြင့္ထားသည္ဟု ဆိုသည္။ ၎အေဖာက္ထြင္းခံရျပီး တရက္အၾကာ သတင္းမီဒီယာသမားတဦးလည္း လက္ကိုင္ဖုန္းအားလူေလးဦးမွဓားေထာက္လုယက္ခံရမႈ ျဖစ္ပြားခဲ့သည္ဟုဆိုသည္။

အမ်ားေျပာေနသကဲ့သို႔ သမၼတ၏ လြတ္ျငိမ္းခ်မ္းသာခြင့္ေၾကာင့္ဟု မေျပာလိုေတာ့ေသာ္လည္း ယင္းလြတ္ျငိမ္း ခ်မ္းသာခြင့္ေၾကာင့္ ဒုကၡေရာက္ခဲ့ရသူမ်ား အမ်ားအျပားရိွေနခဲ့သည္ကေတာ့ ျငင္း၍မရသည္က အမွန္ပင္ျဖစ္ သည္။

သမၼတ၏ လြတ္ျငိမ္းခ်မ္းသာခြင့္ျဖင့္ လြတ္ေျမာက္လာသည့္ တရားခံေျပးအား လိုက္လံဖမ္းသည့္ရဲႏွစ္ ေယာက္၏အသက္ဆံုးရံႈးမႈကမ်က္ျမင္လက္ေတြ႕ျဖစ္ေနခဲ့သည္။ လက္ရိွအာဏာပိုင္ႏွင့္ အတိုက္အခံမ်ားက ေရြးေကာက္ပဲြအား အာရံုစိုက္ေနစဥ္ ေတာေၾကာင္လက္ခေမာင္းခတ္မႈမ်ားေၾကာင့္ ျပည္သူမ်ား၏ ေန႔စဥ္ဘ၀ မ်ားမွာ လံုျခံဳေရးအာမခံခ်က္မ်ား မဲ့ေနခဲ့ရသည္။

ကိုခက္
ဓါတ္ပံု-မင္းသိုက္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.......................................

''ဟေ့ကောင်၊မင်းခေါ်ပြီး ဈေးညှိနေတဲ့ ကောင်မလေးကငါ့မိန်းမကွ၊ကလေးမွေးထားတာရက်ပိုင်းပဲရှိသေးတာမင်းအဲဒီလိုခေါ်လို့အခုသူကြောက်လန့်နေတယ်''ဟု လူမိုက်ဆန်ဆန် လူနှစ်ဦးကအနားကပ်ခါ ခြိမ်းခြောက်ခြင်း ခံလိုက်ရချိန် လုံးဝတုန်လှုပ်သွားခဲ့သည်ဟုသတင်းမီဒီယာသမားတဦးကသူ၏ကိုယ်တွေ့
အဖြစ်အပျက်အား ပြောပြခဲ့သည်။

''ကျွန်တော်က ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ဗဟန်း-၃ လမ်းက ကန်တော်ကြီးထဲမှာရှိတဲ့ ရုပ်ရှင်တသက်တာ ထူးချွန်ဆုပေးပွဲကပြန်လာရင်း အဲဒီအဖြစ်အပျက်ကြုံလာတာဗျ''ဟု ထိတ်လန့်ဖွယ်အဖြစ်အပျက် မကြံုတွေ့မီက အကြောင်းအား ပြောပြခဲ့သည်။

၂၀၁၄ နှစ်ဆန်းပိုင်းတွင် ၎င်းသည်သက်ဆိုင်သည့် သတင်းဂျာနယ်တိုက်တခုမှ ဗဟန်း ၃ လမ်းအနီးရှိ ကန်တော် ကြီးအတွင်းမှ စားသောက်ဆိုင်တခုတွင် သက်ကြီးရုပ်ရှင်သမားများ၏ တသက်တာရုပ်ရှင်ထူးချွန်ဆုပေးပွဲသို့ သွားရောက်ဓာတ်ပုံရိုက်ရန် တာဝန်ကျခဲ့သည်ဟုဆို၏။ ပွဲကျင်းပချိန်က ညနေ ငါးနာရီခန့်မှစတင်၍ ရှစ်နာရီခန့် အထိကြာပြီး ၎င်းလည်း ဘီယာအနည်းငယ်သောက်သုံးခဲ့သည်ဟု ဖြစ်စဉ်အား ပြန်လည်စဉ်းစားရင်းပြောပြခဲ့ သည်။

ပွဲမှ မှတ်တမ်းဓာတ်ပုံများရိုက်ယူပြီး ဆူးလေနှင့်မလှမ်းမကမ်းရှိ ၎င်း၏သတင်းဂျာနယ်တိုက်သို့ပြန်ရန် ဗဟန်း ၃ လမ်းမှ ဆူးလေသို့ ဘီအမ်ကားစီးပြီး ပြန်လာခဲ့သည်ဟုဆိုသည်။ ''ကျွန်တော့်လက်ထဲမှာ အဲဒီတုန်းက ပိုက်ဆံ နှစ်ထောင်လောက်ပဲ ကျန်တော့တာဗျ။ ကင်မရာကို လည်ပင်းမှာလွယ်ပြီး ရီဝေဝေနဲ့ ဘီအမ်ကားစီးပြီး ရုံးကို ပြန်လာခဲ့တာပေါ့ဗျာ''ဟု ပြောပြခဲ့သည်။

ယင်းကဲ့သို့ ပြန်လာခဲ့စဉ် ဆူးလေခုံးကျော်တံတားအနီး အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်းထောင့် Media Corner နားအရောက်တွင် အသက် ၃၀ ၀န်းကျင် အမျိုးသားနှစ်ဦးက ၀ိုင်း၍ဆွဲကာ အထက်ပါ မမျှော်လင့်သည့် စကားအား ပြောခဲ့သည်ဟုဆိုသည်။ ''ကျွန်တော့်ကို ၀ိုင်းလိုက်တဲ့အချိန်မှာ လမ်းပေါ်မှာ လူသွားလူလာတွေ မပြတ်ဘူး။ သူတို့က တိုးတိုးလေးပြောတာဗျ။

မင်းဘယ်လိုလုပ်မလဲ၊အခုငါ့မိန်းမမင်းဈေးညှိလို့ သွေးတက်ပြီး ကြောက်နေပြီလို့ ပြောတာဗျ။ ကျွန်တော်ကလည်း ငြင်းတာပေါ့။ အစ်ကိုတို့ရာ ကျွန်တော့်မှာ ပိုက်ဆံလေး ၁၈၀၀ ပဲရှိတာ၊ ဘယ်ကောင်မလေးမှလဲ ဈေးမညှိပါဘူးဆိုတော့ မင်းအပိုတွေမပြောနဲ့တဲ့။ သူတို့နှစ်ယောက် အပြင် တခြားတယောက်ကို သူ့မိန်းမကိုသွားခေါ်ခိုင်းတယ်။ ကျွန်တော်လည်း လူမှားပြီးပြောတာဖြစ်မယ်ဆိုပြီး စိတ်ချလက်ချနေနေတာပေါ့။ ဒါပေမဲ့ဗျာ သူ့မိန်းမဆိုသူရောက်လာမှ ပိုဆိုးတာဗျ။ ကျွန်တော့်ကိုလက်ညှိုးထိုးပြီး ဟုတ်တယ်၊

သူပဲသူပဲဆိုပြီး ပြောပါလေ ရော''ဟု တွေ့ကြံုခဲ့ရပုံအား ပြောပြခဲ့သည်။
ထိုအချိန်၌ ဆူးလေဘုရား လမ်းမပေါ်တွင်လည်း ကားများ ဥဒဟိုဖြတ်သန်းနေကြပြီး လူသွားစင်္ကြံနှင့်ကားလမ်းမ ကြားတွင်လည်း ထုထည်ထူသည့် သံတန်းကလည်း နှစ်တောင်ခန့်ဖြင့် ကာရံထားသောကြောင့် ထွက်ပြေးရန် လည်း ခက်ခဲနေခဲ့သည်ဟုဆိုသည်။

''ကျွန်တော်က မီဒီယာကော်နာနဲ့မျက်နှာချင်းဆိုင်နောက်က သံတန်းကို မှီထားကာ သူတို့က ထိုးမယ်၊ ကြိတ်မယ်၊ ခြိမ်းခြောက်ပေမယ့် တကယ်တော့မထိုးသေးဘူး။ ကျွန်တော်က တော့ အကြံမျိုးစုံထုတ်နေရင်းနဲ့ အစ်ကိုတို့ ဘာလိုချင်လို့လဲ၊ ကျွန်တော့်မှာ ပိုက်ဆံက ၁၈၀၀ လောက်နဲ့ ဒီကင်မရာပဲရှိတာလို့ပြောလည်း လက်မခံသေးဘူး။ မင်းဒီပြဿနာကို ရှင်းရမယ်လို့ပဲ ပြောတယ်''ဟု အကျပ် ဆိုက်နေပုံအား ပြောပြခဲ့သည်။

ယင်းကဲ့သို့ ကင်မရာနှင့်ပါသည့် ငွေကြေးအနည်းငယ်အားပေးသော်လည်း မယူဘဲ ငွေကြေးအများအပြားရှိနေ သေးသည်ဟုထင်နေကြောင်းပြောပြခဲ့သည်။ ထိုအချိန်တွင် ဆူးလေဘုရားလမ်း မီးပွိုင့်မှ မီးနီသွား၍ ကားများ ရပ်တန့်ထားစဉ် ၎င်းအနေနှင့်ကင်မရာအားဖြုတ်ပေးမည်ဟန်ပြင်ကာ သံတန်းတားထားသည့်အပေါ်လျင် မြန်စွာ လှဲချပြီး တရစပ်ထွက်ပြေးခဲ့သည်ဟု ဆိုသည်။ ထွက်ပြေးအပြီး ကားလမ်းမအလယ်အရောက်တွင် ၎င်းအား ခြိမ်းခြောက်ခဲ့သည့်လူနှစ်ဦးအား အသံကုန်ဟစ်၍ သတ္တိရှိလျှင် လိုက်ခဲ့ဟုပြောသော်လည်း ထိုလူများက လိုက် မလာဘဲနေသည်ဟု ဆိုသည်။

''ကျွန်တော်အဲဒီလိုတုံ့ပြန်တာကိုသူတို့တွေလည်း ပြောင်းသွားတယ်ထင်တယ်။ လမ်းလယ်ကောင်ကနေ အော် ပြီးဆဲတာတောင် လိုက်မလာရဲဘူး။ ကျွန်တော်ကလည်း ပြောတယ်။ မင်းတို့ သတ္တိရှိရင် ဟိုမှာရဲစခန်းရှိတယ်။ မင်းတို့ပြောတာမှန်ရင်သွားရှင်းမယ်ဆိုတော့ဘာမှမပြောဘဲ ပြန်လှည့်သွားကြတယ်''ဟု ဆို၏။

ယင်းကဲ့သို့ အဖြစ်အပျက်အား ကျော်လွှားနိုင်ခဲ့သော်လည်း ၎င်းအနေနှင့် ကျေနပ်မှုမရှိ၍ လမ်းဖြတ်ကူးကာ ရဲစခန်းသို့သွား ၍ တိုင် တန်းခဲ့သည်ဟုဆိုသည်။

''ကျွန်တော်လည်း ကင်မရာလေးလွယ်ပြီးတော့ ရဲစခန်းထဲသွားတယ်။ စခန်းမှာ တာဝန်ကျနေတဲ့ ရဲတယောက် က အဖြစ်အပျက်ကိုမေးတော့ ကျွန်တော်ပွဲက ဓာတ်ပုံရိုက်လာတဲ့အကြောင်း၊ မယုံရင် ပုံတွေကြည့်လို့ရတယ် ဆိုတာတွေ၊ မြို့လယ်ကောင်ရဲစခန်းရှေ့မှာတောင် ဒီလိုဖြစ်နေတယ်ဆိုတာပြောတော့ ကျန်ရဲသားတယောက်ကို အဲဒီနေရာ သွားကြည့်ခိုင်းတယ်။ ကျွန်တော်က ဆက်ပြောတယ်။

အခု ကျွန်တော်လွတ်မြောက်လာပေမယ့် ကျန်တဲ့ သူတွေဘယ်လိုလုပ်မလဲ။ ဘယ်တုန်းကတည်းက လုပ်စားနေတာလဲ ဆိုပြီးမေးတာပေါ့။ အဲဒီတော့ နောက်မဖြစ်အောင် ဂရုစိုက်ပါမယ်။ ကတိပေးပြီး ဒီကိစ္စအတွက် ဘယ်လိုဆောင်ရွက်ချင်ပါသလဲ မေးတယ်။ မေးတော့ ကျွန်တော်ကတော့မတိုင်ချင်ဘူး။ သူတို့က လူအုပ်စုနဲ့ဆိုတော့ ကျွန်တော့်အသက်အန္တရာယ် ရန်ရှာ မှာ စိုးရတယ်။ အဲဒီတော့ ကျွန်တော့်ကို ဂျာနယ်တိုက်လိုက်ပို့ပါဆိုတော့ ရဲတယောက်ထည့်ပြီး ဂျာနယ်တိုက်ကို လိုက်ပို့ပါတယ်''ဟု ပြောကြားခဲ့သည်။
ယင်းကဲ့သို့ မြို့လယ်ကောင်ရဲစခန်းရှေ့ လူစည်ကားသည့် အချိန်တွင်ပင် ခြိမ်းခြောက် ငွေညှစ်အကြပ်ကိုင်မှုများ ရှိနေခဲ့ရာ လက်ရှိအချိန်တွင်တော့ ရန်ကုန်တွင်သာမက နေရာအနှံ့အပြားတွင် ဖုန်းလုသူများ၊ ဆွဲကြိုးဖြတ်သူ များ၊ ဓားထောက်၍ လက်ဝတ် လက်စားဖြုတ်ယူသူများ အများအပြားရှိနေခဲ့သည်။
ယင်းကဲ့သို့ပြုလုပ်လာသည့်အထဲမှာ လတ်တလော မုံရွာမြို့မှ မိတ်ဆွေတဦးက သူကြံုတွေ့ခဲ့ရပုံအား အောက်ပါ တိုင်း ပြောပြခဲ့သည်။ ''ကျွန်တော်တို့နေတဲ့ ရပ်ကွက်ထဲမှာ ဘူးစုတ်၊ ခွက်စုတ်ဝယ်တဲ့ ဆိုင်လေးရှိတယ်။

သူ့ဆိုင်ကိုဘူးစုပ်ခွက်စုပ်ကောက်တဲ့ကလေးတွေ နေ့စဉ်ညနေတိုင်းလာပြီး ရောင်းတယ်လို့ဆိုတယ်။ အဲဒီလို ရောင်းနေရင်း အခုတလော ကလေးတွေ လာမရောင်းတော့ဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ ကလေးတွေက မနက်အစောကြီး အမှိုက်ပုံလိုနေရာမိုျးမှာ ဘူးစုပ်ခွက်စုပ်ရှာနေတဲ့နေရာကို ဓားထောက်ပြီး လာလုလို့ ပိုက်ဆံ မပါတဲ့အတွက် နားကပ်လေးချွတ်ပေးလိုက်ရတာတဲ့။

အဲဒီအချိန်ကစပြီး သူတို့လည်းကြောက်ပြီး အဲဒီအလုပ် မလုပ်တော့ဘူးတဲ့''ဟု သူကြံုတွေ့ရပုံအား ပြောပြခဲ့သည်။

လွန်ခဲ့သည့်နှစ်ပတ်ကျော်ခန့်ကလည်း အင်းစိန်တွင်နေထိုင်သည့် သတင်းမီဒီယာသမားတဦး၏အိမ်ဖောက်ထွင်း ခံရပြီး ငွေကျပ်တသိန်းခွဲခန့်နှင့် လက်ကိုင်ဖုန်းနှစ်လုံး ခိုးယူခံရပြီး ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု ဆိုသည်။ ၎င်းအဖောက်ထွင်းခံရပြီး တရက်အကြာ သတင်းမီဒီယာသမားတဦးလည်း လက်ကိုင်ဖုန်းအားလူလေးဦးမှဓားထောက်လုယက်ခံရမှု ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

အများပြောနေသကဲ့သို့ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့်ဟု မပြောလိုတော့သော်လည်း ယင်းလွတ်ငြိမ်း ချမ်းသာခွင့်ကြောင့် ဒုက္ခရောက်ခဲ့ရသူများ အများအပြားရှိနေခဲ့သည်ကတော့ ငြင်း၍မရသည်က အမှန်ပင်ဖြစ် သည်။

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် တရားခံပြေးအား လိုက်လံဖမ်းသည့်ရဲနှစ် ယောက်၏အသက်ဆုံးရှုံးမှုကမျက်မြင်လက်တွေ့ဖြစ်နေခဲ့သည်။ လက်ရှိအာဏာပိုင်နှင့် အတိုက်အခံများက ရွေးကောက်ပွဲအား အာရုံစိုက်နေစဉ် တောကြောင်လက်ခမောင်းခတ်မှုများကြောင့် ပြည်သူများ၏ နေ့စဉ်ဘဝ များမှာ လုံခြံုရေးအာမခံချက်များ မဲ့နေခဲ့ရသည်။

ကိုခက်
ဓါတ်ပုံ-မင်းသိုက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment