Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 1, 2015

မဲေပးခြင့္ရွိသူ ၃၃ သန္းခြဲခန္႔ ရွိေၾကာင္း ေရြးေကာက္ပြဲေကာ္မ ရွင္ေျပာၾကား

ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္ ဥကၠဌ ဦးတင္ေအးနဲ႔ အဖဲြ႔ဝင္ေတြ စက္တင္ဘာလ ၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ေရႊလီလမ္းရွိ ေရြးေကာက္ပဲြ အခ်က္အလက္စင္တာမွာ သတင္းမီဒီယာသမားေတြနဲ႔ ေတြ႔ဆံုရွင္းလင္းစဥ္။ Photo: RFA
လာမယ့္ ႏုိ၀င္ဘာလ ၈ရက္ေန႔မွာ က်င္းပမယ့္ အေထြေထြေရြးေကာက္ပဲြႀကီးမွာ ႏုိင္ငံတ၀ွမ္း မဲေပးပိုင္ခြင့္ရွိသူ စာရင္းဟာ ၃၃ ဒသမ ၅သန္းခန္႔ ရွိတယ္လို႔ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ သတင္းထုတ္ျပန္ေရးအဖဲြ႔ တာ၀န္ရွိသူ ဦးေသာင္းလႈိင္က RFA ကို ေျပာပါတယ္။

ေရႊ႕ေျပာင္းေနထုိင္ၾကသူေတြအေနနဲ႔ ရက္ေပါင္း ၁၈၀ ေနထိုင္ေၾကာင္း အေထာက္အထားနဲ႔ ထပ္တင္ျပလာမယ့္ စာရင္းေတြအရဆုိရင္လည္း ေနာက္ထပ္မဲေပးႏုိင္သူဦးေရဟာ သိပ္အေျပာင္းအလဲရွိမွာ မဟုတ္ေတာ့ဘူးလို႔ ဦးေသာင္းလိႈင္က ေျပာပါတယ္။

"လက္ရွိေတာ့ ၃၃.၅ သန္း ၃-က အရေပါ့ဗ်ာ၊ ၃-က ဆိုတာ ရက္ေပါင္း ၁၈ဝ နဲ႔အထက္ မဲဆႏၵရွင္ေတြရွိႏိုင္တယ္၊ သူတို႔က အေၾကာင္းေၾကာင္းေၾကာင့္ ဝင္လာရင္ မ်ားရင္လည္းတိုးလာႏိုင္တယ္၊ တခါျပည္ဖ်က္ရင္လည္း ေလ်ာ့ သြားႏိုင္တယ္၊ ဒီအေပၚမွာေတာ့ စာရင္းသေဘာအရ အႏုတ္အေပါင္းရွိမယ္၊ ဒါေပမဲ့ အမ်ားႀကီးေျပာင္းလဲစရာ မရွိဘူး"

မဲေပးပိုင္ခြင့္ရွိသူစာရင္းေတြကို ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၄ ရက္ေန႔ကေန ၂၇ ရက္ေန႔အထိ ထုတ္ျပန္ခဲ့ေပမယ့္ တခ်ဳိ႕ေနရာေတြမွာ ေရေဘးဒဏ္နဲ႔ နယ္ေျမလံုျခံဳမႈ အေျခအေနအရ မဲစာရင္းၾကည့္ရႈခြင့္ရက္ကို ထပ္တုိးထားတာရွိတဲ့ အတြက္ လက္ရွိမွာ မဲစာရင္းမွားယြင္းမႈ ဘယ္ေလာက္ရွိတယ္ဆုိတာကို စစ္ေဆးေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

ႏုိင္ငံတ၀ွမ္း မဲစာရင္းမွားယြင္းမႈေတြကို ျပင္ဆင္ၿပီးတဲ့ေနာက္ လာမယ့္ ႏုိ၀င္ဘာလ ၈ရက္ေန႔ မတုိင္ခင္ သီတင္း တစ္ပတ္အလိုမွာ မဲစာရင္းေတြကို အၿပီးသတ္ထုတ္ျပန္ေၾကညာသြားမယ္လို႔ ဦးေသာင္းလႈိင္က ေျပာပါတယ္။

RFA Burmese
http://www.rfa.org/burmese
....................................................

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ အဖွဲ့ဝင်တွေ စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့ ရွှေလီလမ်းရှိ ရွေးကောက်ပွဲ အချက်အလက်စင်တာမှာ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံရှင်းလင်းစဉ်။ Photo: RFA
လာမယ့် နို၀င်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးမှာ နိုင်ငံတဝှမ်း မဲပေးပိုင်ခွင့်ရှိသူ စာရင်းဟာ ၃၃ ဒသမ ၅သန်းခန့် ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူ ဦးသောင်းလှိုင်က RFA ကို ပြောပါတယ်။

ရွှေ့ပြောင်းနေထိုင်ကြသူတွေအနေနဲ့ ရက်ပေါင်း ၁၈၀ နေထိုင်ကြောင်း အထောက်အထားနဲ့ ထပ်တင်ပြလာမယ့် စာရင်းတွေအရဆိုရင်လည်း နောက်ထပ်မဲပေးနိုင်သူဦးရေဟာ သိပ်အပြောင်းအလဲရှိမှာ မဟုတ်တော့ဘူးလို့ ဦးသောင်းလှိုင်က ပြောပါတယ်။

"လက်ရှိတော့ ၃၃.၅ သန်း ၃-က အရပေါ့ဗျာ၊ ၃-က ဆိုတာ ရက်ပေါင်း ၁၈ဝ နဲ့အထက် မဲဆန္ဒရှင်တွေရှိနိုင်တယ်၊ သူတို့က အကြောင်းကြောင်းကြောင့် ဝင်လာရင် များရင်လည်းတိုးလာနိုင်တယ်၊ တခါပြည်ဖျက်ရင်လည်း လျော့ သွားနိုင်တယ်၊ ဒီအပေါ်မှာတော့ စာရင်းသဘောအရ အနုတ်အပေါင်းရှိမယ်၊ ဒါပေမဲ့ အများကြီးပြောင်းလဲစရာ မရှိဘူး"

မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ထုတ်ပြန်ခဲ့ပေမယ့် တချို့နေရာတွေမှာ ရေဘေးဒဏ်နဲ့ နယ်မြေလုံခြုံမှု အခြေအနေအရ မဲစာရင်းကြည့်ရှုခွင့်ရက်ကို ထပ်တိုးထားတာရှိတဲ့ အတွက် လက်ရှိမှာ မဲစာရင်းမှားယွင်းမှု ဘယ်လောက်ရှိတယ်ဆိုတာကို စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတဝှမ်း မဲစာရင်းမှားယွင်းမှုတွေကို ပြင်ဆင်ပြီးတဲ့နောက် လာမယ့် နို၀င်ဘာလ ၈ရက်နေ့ မတိုင်ခင် သီတင်း တစ်ပတ်အလိုမှာ မဲစာရင်းတွေကို အပြီးသတ်ထုတ်ပြန်ကြေညာသွားမယ်လို့ ဦးသောင်းလှိုင်က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment