Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 16, 2015

အမ်ိဳးသမီးေတြ ဘာ့ေၾကာင့္ ေဖာက္ျပန္ၾကတယ္ဆုိတာ

သင့္မွာ ေခ်ာေမ်ာလွပတဲ့ ခ်စ္သူေကာင္မေလး ရွိတယ္ဆုိပါစုိ႕။ သင္တုိ႕ႏွစ္ဦးရဲ႕ အခ်စ္ေရးအေျခအေနကလည္း ေအးေဆးပဲမုိ႕ သင့္ေကာင္မေလးက သင့္ေနာက္ကြယ္မွာ ေနာက္တစ္ေယာက္ မရွိေတာ့ဘူးလို႕ ထင္ပါသလား။ ဒါ စဥ္းစားစရာပါပဲ။ လံုး၀ေလွနံဓားထစ္ေတာ့ ယံုလုိ႕မရပါပဲ။ ဘာလုိ႕လဲဆုိေတာ့ အမ်ဳိးသမီးတစ္ဦးရဲ႕ ေျပာင္းလဲတတ္တဲ့ စိတ္ဆႏၵကို ေလ်ွာ့တြက္လုိ႕မရတာေၾကာင့္ပါ။ သမီးရည္းစားဆက္ဆံေရး ကိစၥမ်ဳိးေတြမွာ အမ်ဳိးသားေတြနည္းတူ အမ်ဳိးသမီးေတြဟာလည္း သစၥာေဖာက္တတ္ၾကပါတယ္။ အထူးသျဖင့္ ဂရုစိုက္မႈ သိပ္မေပးတဲ့ အခါမ်ဳိးေတြမွာေပါ့။ အမ်ဳိးသမီးေတြ ဘာေၾကာင့္ လိမ္လည္ေဖာက္ျပန္ၾကသလဲဆိုတဲ့ အေၾကာင္းအရင္းေတြကေတာ့…

(၁)သင္သူနဲ႕ အနီးကပ္ေနမေပးႏိုင္တဲ့အခါ

ခ်စ္သူစုံတြဲဆက္ဆံေရးတစ္ခုမွာ အမ်ဳိးသမီးေတြ အလိုခ်င္ဆုံး အရာတစ္ခုက အနီးကပ္ ယုယမႈပဲျဖစ္ပါတယ္။ သမီးရည္းစား ဆက္ဆံေရးမွာ အမ်ဳိးသမီးေတြကို ဆက္ဆံေရး အျမဲေျပလည္သလို ခံစားေစတာက လိင္ဆက္္ဆံျခင္း တစ္ခုတည္း မဟုတ္ပါဘူး။ တစ္ဦးနဲ႔တစ္ဦး ထိေတြ႔မႈရိွျခင္း၊ အနမ္းေျခြျခင္း နဲ႔ မၾကာမၾကာ ဆက္သြယ္စကားေျပာဆိုျခင္းစတဲ့ အရာေတြပဲျဖစ္ပါတယ္။

(၂)သင္သူ႔ကို လ်စ္လ်ဴရႈခံထားတယ္၊ မသိက်ဴိ းကၽြံျပဳထားတယ္လုိ႕ ခံစားရတဲ့အခါ

အမ်ဳိးသမီးေတြက မိမိကို တက္မက္လိုခ်င္တဲ့ ခံစားခ်က္ကို ႏွစ္ျခိဳက္ၾကပါတယ္။ ဒါေပမယ့္ ကိုယ့္ခ်စ္သူရည္းစားကို ခ်စ္သူရည္းစားလို ဆက္ဆံမယ့္အစား ခိုင္းစားမယ့္သူတစ္ဦးလို ပိုခံစားလာခဲ့ျပီဆိုရင္ အမ်ဳိးသမီးေတြက ေသြဖယ္တတ္ၾကပါတယ္။ ေနာက္ျပီး အခ်ိန္ေတြကို လုပ္ငန္းခြင္ေတြမွာသာ ကုန္ဆုံးေစတာ သို႔မဟုတ္ ရတဲ့အခ်ိန္မွာ ေရာင္းရင္းမိတ္ေဆြေတြနဲ႔သာ အျပင္လိုက္ထြက္ေနမယ္ဆိုရင္ သူမကို တျခားတစ္ေနရာရာကို စြန္႔ခြာထြက္သြားဖို႔ တြန္႔ပို႔ေပးသလို ျဖစ္သြားပါၿပီ။ အမ်ဳိးသမီးဆိုတာ ခံစားခ်က္နဲ႔ အသက္ရွင္သူေတြျဖစ္ျပီး သူတို႔ေယာက်္ားေတြကို အျမဲအနားရိွေနေစခ်င္သလို သူတို႔ကို စိတ္ခြန္အား ေပးေစလိုၾကတယ္။ သင့္ရဲ႕ ခ်စ္သူစံုတြဲဘဝကို စတင္ လ်စ္လ်ဴရႈလိုက္တာနဲ႔ ေဖါက္ျပန္ျခင္းက မလြဲမေသြ ေရာက္လာမွာျဖစ္တယ္။

(၃) သင့္ရဲ႕လိမ္လည္လွည့္ျဖားမႈကို လက္စားေခ်ဖုိ႕ ဆံုးျဖတ္လိုက္ျပီဆုိရင္

အမ်ဳိးသမီးတစ္ဦးက ျပန္လည္သေရာ္ျပၿပီေဟ့ဆုိ၇င္ ငရဲက သူေလာက္ေတာင္ ေၾကာက္စရာမေကာင္းေတာ့သလိုပါပဲ။ သင္သူမကုိ လွည့္စားလိုက္တာေၾကာင့္ သူ႔ယုံၾကည္မႈကို သင္ ရုိက္ခ်ဳိးပစ္ခဲ့တာနဲ႕တူေနပါျပီ ( ျဖစ္ႏုိင္ေခ်က သူ႔ႏွလုံးသားကိုေပါ့)။ သင္သူမကို နာက်င္မႈေပးခဲ့သလို သူလည္းသင့္ကို ျပန္လည္ခံစားေစခ်င္တယ္။ သင့္ရဲ႕ အမႈမဲ့ အမွတ္မဲ့ႏုိင္မႈေတြကို ျပန္ျပင္လို႔မရေပမယ့္ သူမဆီက ခြင့္လြတ္မႈ ေတာင္းယူႏုိင္တယ္၊ ေနာက္တစ္ခါ ဒီလိုအျဖစ္မ်ဳိး မရိွေစေတာ့မယ့္အေၾကာင္း သစၥာဆိုႏုိင္ျပီး ႏွစ္ဦးလုံးအတြက္ အကူအညီျဖစ္ေစဖို႔ သမီးရည္းစားဆက္ဆံေရး အၾကံအဥာဏ္ကို ရယူႏုိင္ပါတယ္။ သူမရဲ႕ ယုံၾကည္မႈျပန္ရယူဖို႔အတြက္ Sorry ေျပာလိုက္ရုံနဲ႔ မလုံေလာက္ပါဘူး။ အလုပ္နဲ႔ သင္လက္ေတြ႔နဲ႔ ျပသရလိမ့္မယ္။

(၄) သူမဟာ ခ်စ္သူစုံတြဲဘဝ အဆုံးသတ္ေရာက္ေနတယ္လို႔ ခံစားရျပီဆုိရင္

အမ်ဳိးသမီးေတြဆိုတာ စိတ္ခံစားခ်က္နဲ႔ အသက္ရွင္ေနသူေတြျဖစ္ပါတယ္။ ရုပ္ပိုင္းဆိုင္ရာပံ့ပိုးကူညီမႈ လုိအပ္သလို စိတ္ပိုင္းဆိုင္ရာ အားေပးႏွစ္သိမ့္မႈလည္း လုိအပ္ပါတယ္။ သူမေၾကာင့္ေသာ္လည္းေကာင္း၊ တစ္ဖက္လူေၾကာင့္ေသာ္လည္းေကာင္း အမ်ဳိးသမီးတစ္ဦးက ခ်စ္သူစုံတြဲဘဝကို ျပီးဆုံးသြားသလို မလြယ္ကူလွတဲ့ ခံစားခ်က္ရိွေနျပီဆိုရင္ အျပင္က သူမႀကံဳေနရတဲ့ ပုံစံအမ်ဳိးမ်ဳိးနဲ႔ ဝင္ေရာက္ေႏွာက္ယွက္မႈဒဏ္ကေန သက္သာရာရေအာင္ အဲဒီဟာကြက္ လုိက္ျဖည့္ဖို႔ အျမဲလိုက္ရွာေနေတာ့မွာျဖစ္တယ္။ ဒါ့ေၾကာင့္ အဲဒီအခ်က္ကို ေရွာင္ႏုိင္ဖို႔ ခ်စ္သူစုံတြဘဝကို အျမဲ ရွင္သန္ေစပါ။ အဲဒါ ခံစားခ်က္ေတြ အျပန္အလွန္မွ်ေဝေပးရာေရာက္ပါတယ္။
TrendMyanmar
..........................................
အမျိုးသမီးတွေ ဘာ့ကြောင့် ဖောက်ပြန်ကြတယ်ဆိုတာ

သင့်မှာ ချောမျောလှပတဲ့ ချစ်သူကောင်မလေး ရှိတယ်ဆိုပါစို့။ သင်တို့နှစ်ဦးရဲ့ အချစ်ရေးအခြေအနေကလည်း အေးဆေးပဲမို့ သင့်ကောင်မလေးက သင့်နောက်ကွယ်မှာ နောက်တစ်ယောက် မရှိတော့ဘူးလို့ ထင်ပါသလား။ ဒါ စဉ်းစားစရာပါပဲ။ လုံးဝလှေနံဓားထစ်တော့ ယုံလို့မရပါပဲ။ ဘာလို့လဲဆိုတော့ အမျိုးသမီးတစ်ဦးရဲ့ ပြောင်းလဲတတ်တဲ့ စိတ်ဆန္ဒကို လျှော့တွက်လို့မရတာကြောင့်ပါ။ သမီးရည်းစားဆက်ဆံရေး ကိစ္စမျိုးတွေမှာ အမျိုးသားတွေနည်းတူ အမျိုးသမီးတွေဟာလည်း သစ္စာဖောက်တတ်ကြပါတယ်။ အထူးသဖြင့် ဂရုစိုက်မှု သိပ်မပေးတဲ့ အခါမျိုးတွေမှာပေါ့။ အမျိုးသမီးတွေ ဘာကြောင့် လိမ်လည်ဖောက်ပြန်ကြသလဲဆိုတဲ့ အကြောင်းအရင်းတွေကတော့…

(၁)သင်သူနဲ့ အနီးကပ်နေမပေးနိုင်တဲ့အခါ

ချစ်သူစုံတွဲဆက်ဆံရေးတစ်ခုမှာ အမျိုးသမီးတွေ အလိုချင်ဆုံး အရာတစ်ခုက အနီးကပ် ယုယမှုပဲဖြစ်ပါတယ်။ သမီးရည်းစား ဆက်ဆံရေးမှာ အမျိုးသမီးတွေကို ဆက်ဆံရေး အမြဲပြေလည်သလို ခံစားစေတာက လိင်ဆက််ဆံခြင်း တစ်ခုတည်း မဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦး ထိတွေ့မှုရှိခြင်း၊ အနမ်းခြွေခြင်း နဲ့ မကြာမကြာ ဆက်သွယ်စကားပြောဆိုခြင်းစတဲ့ အရာတွေပဲဖြစ်ပါတယ်။

(၂)သင်သူ့ကို လျစ်လျူရှုခံထားတယ်၊ မသိကျိူ းကျွံပြုထားတယ်လို့ ခံစားရတဲ့အခါ

အမျိုးသမီးတွေက မိမိကို တက်မက်လိုချင်တဲ့ ခံစားချက်ကို နှစ်ခြိုက်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ချစ်သူရည်းစားကို ချစ်သူရည်းစားလို ဆက်ဆံမယ့်အစား ခိုင်းစားမယ့်သူတစ်ဦးလို ပိုခံစားလာခဲ့ပြီဆိုရင် အမျိုးသမီးတွေက သွေဖယ်တတ်ကြပါတယ်။ နောက်ပြီး အချိန်တွေကို လုပ်ငန်းခွင်တွေမှာသာ ကုန်ဆုံးစေတာ သို့မဟုတ် ရတဲ့အချိန်မှာ ရောင်းရင်းမိတ်ဆွေတွေနဲ့သာ အပြင်လိုက်ထွက်နေမယ်ဆိုရင် သူမကို တခြားတစ်နေရာရာကို စွန့်ခွာထွက်သွားဖို့ တွန့်ပို့ပေးသလို ဖြစ်သွားပါပြီ။ အမျိုးသမီးဆိုတာ ခံစားချက်နဲ့ အသက်ရှင်သူတွေဖြစ်ပြီး သူတို့ယောကျ်ားတွေကို အမြဲအနားရှိနေစေချင်သလို သူတို့ကို စိတ်ခွန်အား ပေးစေလိုကြတယ်။ သင့်ရဲ့ ချစ်သူစုံတွဲဘဝကို စတင် လျစ်လျူရှုလိုက်တာနဲ့ ဖေါက်ပြန်ခြင်းက မလွဲမသွေ ရောက်လာမှာဖြစ်တယ်။

(၃) သင့်ရဲ့လိမ်လည်လှည့်ဖြားမှုကို လက်စားချေဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင်

အမျိုးသမီးတစ်ဦးက ပြန်လည်သရော်ပြပြီဟေ့ဆို၇င် ငရဲက သူလောက်တောင် ကြောက်စရာမကောင်းတော့သလိုပါပဲ။ သင်သူမကို လှည့်စားလိုက်တာကြောင့် သူ့ယုံကြည်မှုကို သင် ရိုက်ချိုးပစ်ခဲ့တာနဲ့တူနေပါပြီ ( ဖြစ်နိုင်ချေက သူ့နှလုံးသားကိုပေါ့)။ သင်သူမကို နာကျင်မှုပေးခဲ့သလို သူလည်းသင့်ကို ပြန်လည်ခံစားစေချင်တယ်။ သင့်ရဲ့ အမှုမဲ့ အမှတ်မဲ့နိုင်မှုတွေကို ပြန်ပြင်လို့မရပေမယ့် သူမဆီက ခွင့်လွတ်မှု တောင်းယူနိုင်တယ်၊ နောက်တစ်ခါ ဒီလိုအဖြစ်မျိုး မရှိစေတော့မယ့်အကြောင်း သစ္စာဆိုနိုင်ပြီး နှစ်ဦးလုံးအတွက် အကူအညီဖြစ်စေဖို့ သမီးရည်းစားဆက်ဆံရေး အကြံအဉာဏ်ကို ရယူနိုင်ပါတယ်။ သူမရဲ့ ယုံကြည်မှုပြန်ရယူဖို့အတွက် Sorry ပြောလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ အလုပ်နဲ့ သင်လက်တွေ့နဲ့ ပြသရလိမ့်မယ်။

(၄) သူမဟာ ချစ်သူစုံတွဲဘဝ အဆုံးသတ်ရောက်နေတယ်လို့ ခံစားရပြီဆိုရင်

အမျိုးသမီးတွေဆိုတာ စိတ်ခံစားချက်နဲ့ အသက်ရှင်နေသူတွေဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှု လိုအပ်သလို စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်မှုလည်း လိုအပ်ပါတယ်။ သူမကြောင့်သော်လည်းကောင်း၊ တစ်ဖက်လူကြောင့်သော်လည်းကောင်း အမျိုးသမီးတစ်ဦးက ချစ်သူစုံတွဲဘဝကို ပြီးဆုံးသွားသလို မလွယ်ကူလှတဲ့ ခံစားချက်ရှိနေပြီဆိုရင် အပြင်က သူမကြုံနေရတဲ့ ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်နှောက်ယှက်မှုဒဏ်ကနေ သက်သာရာရအောင် အဲဒီဟာကွက် လိုက်ဖြည့်ဖို့ အမြဲလိုက်ရှာနေတော့မှာဖြစ်တယ်။ ဒါ့ကြောင့် အဲဒီအချက်ကို ရှောင်နိုင်ဖို့ ချစ်သူစုံတွဘဝကို အမြဲ ရှင်သန်စေပါ။ အဲဒါ ခံစားချက်တွေ အပြန်အလှန်မျှဝေပေးရာရောက်ပါတယ်။
TrendMyanmar

No comments:

Post a Comment