Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 23, 2015

မဲဆႏၵရွင္ သက္ေသခံလက္မွတ္ေတြ ထုတ္ေပးမယ္


 ႏိုဝင္ဘာ ၈ ရက္ေန႔ ေ႐ြးေကာက္ပြဲ အတြက္ မဲေပးပိုင္ခြင့္ ရွိသူေတြ စာရင္း ထဲ ပါၿပီး ၾကသူေတြ ကို မဲဆႏၵရွင္ သက္ေသခံ လက္မွတ္ ေတြ ထုတ္ေပး သြားမယ္ လို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ က ေၾကညာ ပါတယ္။

မဲစာရင္းပါ အခ်က္ အလက္ ေတြ အတိုင္း နာမည္၊ ေမြးသကၠရာဇ္၊ မွတ္ပုံတင္နံပါတ္ နဲ႔ မိဘ နာမည္ ေတြ ေဖာ္ျပထားတဲ့ အဲဒီ့ သက္ေသခံ လက္မွတ္ ေတြ ကို ႏိုဝင္ဘာ ၁ ရက္ ေန႔ က စၿပီး သီတင္း တစ္ပတ္ ၾကာ သက္ဆိုင္ရာ ရပ္ကြက္/ေက်း႐ြာ ေကာ္မရွင္ ႐ုံးေတြ မွာ လာၿပီး ထုတ္ ႏိုင္ၾကတယ္ လို႔ ထုတ္ျပန္ ခ်က္ ထဲမွာ ပါဝင္ပါတယ္။

သက္ေသခံ လက္မွတ္ လာၿပီး မယူရင္လည္း အတြက္ ပုံမွန္ အတိုင္း မဲ ေပး ႏိုင္ ၾကမွာ ျဖစ္ေပမယ့္ မဲစာရင္းထဲ ပါသူ ဟုတ္မဟုတ္ စိစစ္ တဲ့အခါ ဒီ လက္မွတ္ ကို မွတ္ပုံတင္ ေနရာ မွာ အစားထိုးၿပီး ျပသႏိုင္တဲ့ အတြက္ မွတ္ ပုံတင္ ေပ်ာက္ဆုံး ေနသူ ေတြ အတြက္ အက်ိဳးရွိတယ္ ဆိုၿပီး ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္သူ တခ်ိဳ႕ က ဆိုပါတယ္။

ၿပီးခဲ့တဲ့ လ ေတြ အတြင္း က ျမန္မာ ႏိုင္ငံ ေနရာ အႏွံ႔မွာ ေရႀကီးမႈ ေတြ ျဖစ္ေပၚၿပီး သဘာဝ ေဘးဒဏ္ သင့္ ခံ ခဲ့ရလို႔ မွတ္ပုံတင္ ပ်က္စီး ဆုံး႐ႈံး ခဲ့ရသူေတြ၊ ေပ်ာက္ဆုံး ခဲ့ရသူေတြ အတြက္ ဆႏၵမဲ ေပးပိုင္ခြင့္ မဆုံး႐ႈံး ေစ ရေအာင္ အဲဒီ သက္ေသခံ လက္မွတ္ ေတြ က အက်ိဳး ရွိ ေစႏိုင္တယ္ လို႔ ေ႐ြးေကာက္ပြဲ ေလ့လာ ေစာင့္ၾကည့္တဲ့ အရပ္ဖက္ လူမႈ အဖြဲ႕အစည္း တစ္ဖြဲ႕ ျဖစ္တဲ့ ဖန္တီးအိမ္ အဖြဲ႕ရဲ႕ ၫွိႏႈိင္း ေဆာင္႐ြက္ေရးမႉး ကိုဝင္းပိုင္မ်ိဳး က ဘီဘီစီ ကို ေျပာပါတယ္။

ဒါေပမယ့္ ေ႐ြးေကာက္ပြဲ အတြင္း မဲ ေပးႏိုင္ဖို႔ က ေကာ္မရွင္ က ထုတ္ျပန္ ထားတဲ့ မဲစာရင္း ထဲ ကိုယ္ေရး အခ်က္အလက္ မွန္မွန္ ကန္ကန္ နဲ႔ ပါဝင္ဖို႔ က အဓိက လိုအပ္ တာ ျဖစ္ပါတယ္။

အခု အခ်ိန္ထိ ထုတ္ျပန္ ေပးခဲ့တဲ့ မဲစာရင္း ေတြ ထဲမွာ မပါဝင္ ေသးပဲ က်န္ေန ရစ္သူေတြ၊ အခ်က္အလက္ မွားယြင္း ေနသူ ေတြ အမ်ားအျပား ရွိ ေနေသးတယ္ လို႔ ေျပာေနၾကတဲ့ မဲဆႏၵရွင္ ေတြ နဲ႔ ေစာင့္ၾကည့္သူေတြ ရဲ႕ ေဝဖန္သံ ေတြ လည္း အႀကီးအက်ယ္ ထြက္ေပၚ ေနပါတယ္။

BBC Burmese
http://www.bbc.com/burmese
...............

 နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ အတွက် မဲပေးပိုင်ခွင့် ရှိသူတွေ စာရင်း ထဲ ပါပြီး ကြသူတွေ ကို မဲဆန္ဒရှင် သက်သေခံ လက်မှတ် တွေ ထုတ်ပေး သွားမယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကြေညာ ပါတယ်။

မဲစာရင်းပါ အချက် အလက် တွေ အတိုင်း နာမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်နံပါတ် နဲ့ မိဘ နာမည် တွေ ဖော်ပြထားတဲ့ အဲဒီ့ သက်သေခံ လက်မှတ် တွေ ကို နိုဝင်ဘာ ၁ ရက် နေ့ က စပြီး သီတင်း တစ်ပတ် ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင် ရုံးတွေ မှာ လာပြီး ထုတ် နိုင်ကြတယ် လို့ ထုတ်ပြန် ချက် ထဲမှာ ပါဝင်ပါတယ်။

သက်သေခံ လက်မှတ် လာပြီး မယူရင်လည်း အတွက် ပုံမှန် အတိုင်း မဲ ပေး နိုင် ကြမှာ ဖြစ်ပေမယ့် မဲစာရင်းထဲ ပါသူ ဟုတ်မဟုတ် စိစစ် တဲ့အခါ ဒီ လက်မှတ် ကို မှတ်ပုံတင် နေရာ မှာ အစားထိုးပြီး ပြသနိုင်တဲ့ အတွက် မှတ် ပုံတင် ပျောက်ဆုံး နေသူ တွေ အတွက် အကျိုးရှိတယ် ဆိုပြီး ရွေးကောက်ပွဲ စောင့်ကြည့်သူ တချို့ က ဆိုပါတယ်။

ပြီးခဲ့တဲ့ လ တွေ အတွင်း က မြန်မာ နိုင်ငံ နေရာ အနှံ့မှာ ရေကြီးမှု တွေ ဖြစ်ပေါ်ပြီး သဘာဝ ဘေးဒဏ် သင့် ခံ ခဲ့ရလို့ မှတ်ပုံတင် ပျက်စီး ဆုံးရှုံး ခဲ့ရသူတွေ၊ ပျောက်ဆုံး ခဲ့ရသူတွေ အတွက် ဆန္ဒမဲ ပေးပိုင်ခွင့် မဆုံးရှုံး စေ ရအောင် အဲဒီ သက်သေခံ လက်မှတ် တွေ က အကျိုး ရှိ စေနိုင်တယ် လို့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်တဲ့ အရပ်ဖက် လူမှု အဖွဲ့အစည်း တစ်ဖွဲ့ ဖြစ်တဲ့ ဖန်တီးအိမ် အဖွဲ့ရဲ့ ညှိနှိုင်း ဆောင်ရွက်ရေးမှူး ကိုဝင်းပိုင်မျိုး က ဘီဘီစီ ကို ပြောပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲ အတွင်း မဲ ပေးနိုင်ဖို့ က ကော်မရှင် က ထုတ်ပြန် ထားတဲ့ မဲစာရင်း ထဲ ကိုယ်ရေး အချက်အလက် မှန်မှန် ကန်ကန် နဲ့ ပါဝင်ဖို့ က အဓိက လိုအပ် တာ ဖြစ်ပါတယ်။

အခု အချိန်ထိ ထုတ်ပြန် ပေးခဲ့တဲ့ မဲစာရင်း တွေ ထဲမှာ မပါဝင် သေးပဲ ကျန်နေ ရစ်သူတွေ၊ အချက်အလက် မှားယွင်း နေသူ တွေ အများအပြား ရှိ နေသေးတယ် လို့ ပြောနေကြတဲ့ မဲဆန္ဒရှင် တွေ နဲ့ စောင့်ကြည့်သူတွေ ရဲ့ ဝေဖန်သံ တွေ လည်း အကြီးအကျယ် ထွက်ပေါ် နေပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment