Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 9, 2015

မီ​ဒီ​ယာ​မွာ ​တိုင္း​ရင္း​သား​တပ္ ​ေခါင္း​ေဆာင္​ေတြ​ကို ​ဗိုလ္​ခ်ဳပ္​ႀကီး​လို႔ ​မ​ထည့္​ဖို႔ ​တား​ျမစ္

​ဧ​ရာ​ဝ​တီ​တိုင္း ​ေဒ​သ​ႀကီး ​အ​စိုး​ရ ​ထုတ္​ျပန္​စာ
 ​တိုင္း​ရင္း​သား ​လက္​နက္​ကိုင္ ​အ​ဖြဲ႕​ေခါင္း​ေဆာင္​ေတြ​ရဲ့ ​အ​မည္​ေရွ႕​မွာ ​ဗိုလ္​ခ်ဳပ္၊ ​ဗိုလ္​ခ်ဳပ္​ႀကီး ​ရာ​ထူး​တပ္ ​မ​သံုး​ဖို႔ ​ဧ​ရာ​ဝ​တီ​တိုင္း​ေဒ​သ​ႀကီး​အ​စိုး​ရ​အ​ဖြဲ႕ ​က ​စာ​ထုတ္​ျပန္​ပါ​တယ္။

​တိုင္း ​ေဒ​သ​ႀကီး ​စာ​ထဲ​မွာ ​တိုင္း​ရင္း​သား ​လက္​နက္​ကိုင္ ​အ​ဖြဲ႕ ​ေခါင္း​ေဆာင္​ေတြ​ကို ​ဗိုလ္​ခ်ဳပ္​ႀကီး ​ရြက္​ဆစ္၊ ​ဗိုလ္​ခ်ဳပ္ ​ဂြမ္​ေမာ္ ​လို႔ ​ေခၚ​မဲ့ ​အ​စား ​အ​ဖြဲ႕​တာ​ဝန္​ခံ ​ဒါ​မွ​မ​ဟုတ္ ​တိုင္း​ရင္း​သား ​ေခါင္း​ေဆာင္ ​လို႔ ​ေခၚ​ေဝၚ ​သံုး​စြဲ​ဖို႔ ​ၫြွန္​ၾကား​တာ ​ျဖစ္​တယ္​လို႔ ​တိုင္း​ေဒ​သ​ႀကီး ​အ​စိုး​ရ ​တာ​ဝန္​ရွိ​သူ ​တစ္​ဦး​က ​ေျပာ​ပါ​တယ္။

​ဒီ ​ထုတ္​ျပန္​ခ်က္​ကို ​ကာ​ကြယ္ ​ဦး​စီ​ခ်ဳပ္​ရံုး​က ​ထုတ္​ျပန္​ခဲ့​ၿပီး ​အ​ေနာက္ ​ေတာင္​တိုင္း ​စစ္​ဌာ​န​ခ်ဳပ္ ​က ​ေန ​ဧ​ရာ​ဝ​တီ​တိုင္း ​ေဒ​သ​ႀကီး ​အ​စိုး​ရ​အ​ဖြဲ႕​ဆီ​ကို ​ေအာက္​တို​ဘာ ​လ ​အ​ေစာ​ပိုင္း​က ​ေပး​ပို႔​ခဲ့​တာ ​ျဖစ္​တယ္​လို႔ ​ေျပာ​ပါ​တယ္။

​ဧ​ရာ​ဝ​တီ​တိုင္း ​ေဒ​သ​ႀကီး​အ​စိုး​ရ ​အ​ဖြဲ႕​က ​လက္​မွတ္​ထိုး ​အ​တည္​ျပဳ​ၿပီး ​ျပန္​ၾကား​ေရး​နဲ႔ ​ျပည္​သူ႔ ​ဆက္​ဆံ​ေရး ​ဦး​စီး ​ဌာ​န​က ​တ​ဆင့္ ​ျမန္​မာ​ႏိုင္​ငံ ​သ​တင္း​စာ ​ဆ​ရာ​မ်ား ​အ​သင္း (MJA) ​ဧ​ရာ​ဝ​တီ ​အ​သင္း​ခြဲ​ကို ​ေပး​ပို႔ ​ခဲ့​ပါ​တယ္။

​အဲ​ဒီ ​ထုတ္​ျပန္​ခ်က္​နဲ႔ ​ပါတ္​သက္​လို႔ ​အ​ေနာက္​ေတာင္​တိုင္း ​စစ္​ဌာ​န​ခ်ဳပ္​ကို ​ဘီ​ဘီ​စီ​က ​ဆက္​သြယ္ ​ေမး​ျမန္း​ဖို႔ ​ႀကိဳး​စား​ခဲ့​ေပ​မဲ့ ​ဆက္​သြယ္​လို႔ ​မ​ရ​ရွိ​ခဲ့​ပါ​ဘူး။

​ျမန္​မာ​ႏိုင္​ငံ ​သ​တင္း​စာ ​ဆ​ရာ​မ်ား ​အ​သင္း (MJA) ​ဧ​ရာ​ဝ​တီ ​အ​သင္း​ခြဲ ​ဥ​ကၠ​ဌ ​ဦး​ေဇာ္​တင့္​က ​သ​တင္း ​မီ​ဒီ​ယာ ​ေတြ​နဲ႔ ​ညွိ​ႏွိုင္း ​ေဆာင္​ရြက္​ဖို႔ ​လုပ္​ေဆာင္​တာ ​ျဖစ္​တယ္​လို႔ ​ေျပာ​ပါ​တယ္။

​ေဒ​သ​ခံ ​သ​တင္း​ေထာက္ ​ေတြ​က​ေတာ့ ​ထုတ္​ျပန္​ခ်က္​နဲ႔ ​ပါတ္​သက္​လို႔ ​ကန္႔​ကြက္​မွာ ​ျဖစ္​တယ္​လို႔ ​ဧ​ရာ​ဝ​တီ ​သ​တင္း​ေထာက္ ​ကို​ဆ​လိုင္း ​သန္႔​စင္ ​က ​ေျပာ​ပါ​တယ္။

​ဒီ​ထုတ္​ျပန္​ခ်က္​ဟာ ​ဧ​ရာ​ဝ​တီ​တိုင္း ​ေဒ​သ​ႀကီး ​တစ္​ခု​တည္း​မွာ​ပဲ ​ထုတ္​ျပန္​တာ ​ျဖစ္​ၿပီး ​အ​ျခား ​တိုင္း​ေဒ​သ ​က ​သ​တင္း​ဌာ​န​ေတြ​ကို ​အ​ေၾကာင္း​ၾကား​တာ​မ်ိဳး ​မ​ရွိ​ေသး​ပါ​ဘူး။

​အ​ျခား ​ျပည္​နယ္​နဲ႔ ​တိုင္း​ေတြ​မွာ ​အ​က်ိဳး ​သက္​ေရာက္​မႈ ​ရွိ ​မ​ရွိ ​ဆို​တာ ​မ​သိ​ဘူး​လို႔ ​ဧ​ရာ​ဝ​တီ ​တိုင္း​ေဒ​သ​ႀကီး ​အ​စိုး​ရ ​အ​ဖြဲ႕ ​တာ​ဝန္​ရွိ​သူ ​က ​ဆက္​ေျပာ​ပါ​တယ္။

​သ​တင္း​ဌာ​န ​ေတြ ​အ​ေန​နဲ႔ ​တိုင္း​ရင္း​သား ​လက္​နက္​ကိုင္ ​ေခါင္း​ေဆာင္​ေတြ​ကို ​အ​ဖြဲ႕​တာ​ဝန္​ခံ ​ဒါ​မွ​မ​ဟုတ္ ​ေခါင္း​ေဆာင္​လို႔ ​မ​သံုး​ပဲ ​ရာ​ထူး ​ကို​ပဲ ​ေခၚ​ေဝၚ ​သံုး​စြဲ​မယ္​ဆို​ရင္ ​ဘယ္​လို ​ျပစ္​မႈ​ေျမာက္​တယ္ ​ဆို​တာ​ကို ​ထုတ္​ျပန္​ခ်က္ ​ထဲ​မွာ ​ထည့္​သြင္း ​ေဖာ္​ျပ​ထား​ျခင္း ​မ​ရွိ​ဘူး​လို႔ ​ဆို​ပါ​တယ္။

BBC Burmese
http://www.bbc.com/burmese
............................

​ဧ​ရာ​ဝ​တီ​တိုင်း ​ဒေ​သ​ကြီး ​အ​စိုး​ရ ​ထုတ်​ပြန်​စာ
 ​တိုင်း​ရင်း​သား ​လက်​နက်​ကိုင် ​အ​ဖွဲ့​ခေါင်း​ဆောင်​တွေ​ရဲ့ ​အ​မည်​ရှေ့​မှာ ​ဗိုလ်​ချုပ်၊ ​ဗိုလ်​ချုပ်​ကြီး ​ရာ​ထူး​တပ် ​မ​သုံး​ဖို့ ​ဧ​ရာ​ဝ​တီ​တိုင်း​ဒေ​သ​ကြီး​အ​စိုး​ရ​အ​ဖွဲ့ ​က ​စာ​ထုတ်​ပြန်​ပါ​တယ်။

​တိုင်း ​ဒေ​သ​ကြီး ​စာ​ထဲ​မှာ ​တိုင်း​ရင်း​သား ​လက်​နက်​ကိုင် ​အ​ဖွဲ့ ​ခေါင်း​ဆောင်​တွေ​ကို ​ဗိုလ်​ချုပ်​ကြီး ​ရွက်​ဆစ်၊ ​ဗိုလ်​ချုပ် ​ဂွမ်​မော် ​လို့ ​ခေါ်​မဲ့ ​အ​စား ​အ​ဖွဲ့​တာ​ဝန်​ခံ ​ဒါ​မှ​မ​ဟုတ် ​တိုင်း​ရင်း​သား ​ခေါင်း​ဆောင် ​လို့ ​ခေါ်​ဝေါ် ​သုံး​စွဲ​ဖို့ ​ညွှန်​ကြား​တာ ​ဖြစ်​တယ်​လို့ ​တိုင်း​ဒေ​သ​ကြီး ​အ​စိုး​ရ ​တာ​ဝန်​ရှိ​သူ ​တစ်​ဦး​က ​ပြော​ပါ​တယ်။

​ဒီ ​ထုတ်​ပြန်​ချက်​ကို ​ကာ​ကွယ် ​ဦး​စီ​ချုပ်​ရုံး​က ​ထုတ်​ပြန်​ခဲ့​ပြီး ​အ​နောက် ​တောင်​တိုင်း ​စစ်​ဌာ​န​ချုပ် ​က ​နေ ​ဧ​ရာ​ဝ​တီ​တိုင်း ​ဒေ​သ​ကြီး ​အ​စိုး​ရ​အ​ဖွဲ့​ဆီ​ကို ​အောက်​တို​ဘာ ​လ ​အ​စော​ပိုင်း​က ​ပေး​ပို့​ခဲ့​တာ ​ဖြစ်​တယ်​လို့ ​ပြော​ပါ​တယ်။

​ဧ​ရာ​ဝ​တီ​တိုင်း ​ဒေ​သ​ကြီး​အ​စိုး​ရ ​အ​ဖွဲ့​က ​လက်​မှတ်​ထိုး ​အ​တည်​ပြု​ပြီး ​ပြန်​ကြား​ရေး​နဲ့ ​ပြည်​သူ့ ​ဆက်​ဆံ​ရေး ​ဦး​စီး ​ဌာ​န​က ​တ​ဆင့် ​မြန်​မာ​နိုင်​ငံ ​သ​တင်း​စာ ​ဆ​ရာ​များ ​အ​သင်း (MJA) ​ဧ​ရာ​ဝ​တီ ​အ​သင်း​ခွဲ​ကို ​ပေး​ပို့ ​ခဲ့​ပါ​တယ်။

​အဲ​ဒီ ​ထုတ်​ပြန်​ချက်​နဲ့ ​ပါတ်​သက်​လို့ ​အ​နောက်​တောင်​တိုင်း ​စစ်​ဌာ​န​ချုပ်​ကို ​ဘီ​ဘီ​စီ​က ​ဆက်​သွယ် ​မေး​မြန်း​ဖို့ ​ကြိုး​စား​ခဲ့​ပေ​မဲ့ ​ဆက်​သွယ်​လို့ ​မ​ရ​ရှိ​ခဲ့​ပါ​ဘူး။

​မြန်​မာ​နိုင်​ငံ ​သ​တင်း​စာ ​ဆ​ရာ​များ ​အ​သင်း (MJA) ​ဧ​ရာ​ဝ​တီ ​အ​သင်း​ခွဲ ​ဥ​က္က​ဌ ​ဦး​ဇော်​တင့်​က ​သ​တင်း ​မီ​ဒီ​ယာ ​တွေ​နဲ့ ​ညှိ​နှိုင်း ​ဆောင်​ရွက်​ဖို့ ​လုပ်​ဆောင်​တာ ​ဖြစ်​တယ်​လို့ ​ပြော​ပါ​တယ်။

​ဒေ​သ​ခံ ​သ​တင်း​ထောက် ​တွေ​က​တော့ ​ထုတ်​ပြန်​ချက်​နဲ့ ​ပါတ်​သက်​လို့ ​ကန့်​ကွက်​မှာ ​ဖြစ်​တယ်​လို့ ​ဧ​ရာ​ဝ​တီ ​သ​တင်း​ထောက် ​ကို​ဆ​လိုင်း ​သန့်​စင် ​က ​ပြော​ပါ​တယ်။

​ဒီ​ထုတ်​ပြန်​ချက်​ဟာ ​ဧ​ရာ​ဝ​တီ​တိုင်း ​ဒေ​သ​ကြီး ​တစ်​ခု​တည်း​မှာ​ပဲ ​ထုတ်​ပြန်​တာ ​ဖြစ်​ပြီး ​အ​ခြား ​တိုင်း​ဒေ​သ ​က ​သ​တင်း​ဌာ​န​တွေ​ကို ​အ​ကြောင်း​ကြား​တာ​မျိုး ​မ​ရှိ​သေး​ပါ​ဘူး။

​အ​ခြား ​ပြည်​နယ်​နဲ့ ​တိုင်း​တွေ​မှာ ​အ​ကျိုး ​သက်​ရောက်​မှု ​ရှိ ​မ​ရှိ ​ဆို​တာ ​မ​သိ​ဘူး​လို့ ​ဧ​ရာ​ဝ​တီ ​တိုင်း​ဒေ​သ​ကြီး ​အ​စိုး​ရ ​အ​ဖွဲ့ ​တာ​ဝန်​ရှိ​သူ ​က ​ဆက်​ပြော​ပါ​တယ်။

​သ​တင်း​ဌာ​န ​တွေ ​အ​နေ​နဲ့ ​တိုင်း​ရင်း​သား ​လက်​နက်​ကိုင် ​ခေါင်း​ဆောင်​တွေ​ကို ​အ​ဖွဲ့​တာ​ဝန်​ခံ ​ဒါ​မှ​မ​ဟုတ် ​ခေါင်း​ဆောင်​လို့ ​မ​သုံး​ပဲ ​ရာ​ထူး ​ကို​ပဲ ​ခေါ်​ဝေါ် ​သုံး​စွဲ​မယ်​ဆို​ရင် ​ဘယ်​လို ​ပြစ်​မှု​မြောက်​တယ် ​ဆို​တာ​ကို ​ထုတ်​ပြန်​ချက် ​ထဲ​မှာ ​ထည့်​သွင်း ​ဖော်​ပြ​ထား​ခြင်း ​မ​ရှိ​ဘူး​လို့ ​ဆို​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment