Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 4, 2015

ကမၻာ့အႀကီးက်ယ္ဆံုးအလွမယ္ၿပိဳင္ပဲြႏွစ္ခုကို ျမန္မာကိုယ္စားျပဳပထမဆံုးယွဥ္ၿပိဳင္ခြင့္ ရသူျဖစ္လာတဲ့ ေမဘရဏီေသာ္


မယ္စၾက၀ဠာ ျမန္မာ ၂၀၁၅ ဆုရရွိခဲ့သည့္ ေမဘရဏီ ေသာ္သည္ ၿပီးခဲ့သည့္ႏွစ္က ဂ်ပန္ႏုိင္ငံတြင္ ျပဳလုပ္ခဲ့ေသာ Miss International 2014 ၿပိဳင္ပဲြြ တြင္ ျမန္မာႏုိင္ငံကုိယ္စားျပဳအ လွမယ္အျဖစ္ ပါ၀င္ယွဥ္ၿပိဳင္ဖူး ေသာေၾကာင့္ ေမဘရဏီေသာ္ သည္ ကမၻာ့အႀကီးက်ယ္ဆံုးအလွ မယ္ၿပိဳင္ပဲြႏွစ္ခု၌ ၀င္ေရာက္ယွဥ္ ၿပိဳင္ခြင့္ရရွိသည့္ ပထမဆံုးျမန္မာ အလွမယ္တစ္ဦး ျဖစ္လာသည္။

ေမဘရဏီေသာ္သည္ Miss Myanmar International 2014 ၿပိဳင္ပဲြတြင္ 1st Runner Up ဆု သာရရွိခဲ့ျခင္းျဖစ္ေသာ္လည္း သရဖူရရွိသည့္အလွမယ္သည္ ဂ်ပန္ႏုိင္ငံသုိ႔ သြားေရာက္ယွဥ္ ၿပိဳင္ရမည့္အခ်ိန္တြင္ အသက္ (၁၈)ႏွစ္ မျပည့္ေသးေသာေၾကာင့္ ေမဘရဏီေသာ္က ျမန္မာႏုိင္ငံကုိယ္စားျပဳအလွမယ္အျဖစ္သြားေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိခဲ့ျခင္း ျဖစ္သည္။

ယခုႏွစ္က်င္းပသည့္ မယ္ စၾက၀ဠာ ျမန္မာ ၂၀၁၅ ႏွင့္ ၂၀၁၆ ၿပိဳင္ပဲြတြင္လည္း ေမဘရ ဏီေသာ္သည္ ၂၀၁၅အတြက္ ကိုယ္စားျပဳ၍ (၆၄)ႀကိမ္ေျမာက္ မယ္စၾက၀ဠာၿပိဳင္ပဲြကုိ ယွဥ္ၿပိဳင္ ခြင့္ရခဲ့သည္။ ယခုႏွစ္တြင္ တုိင္း ႏွင့္ျပည္နယ္အသီးသီးမွ အလွ မယ္မ်ားပါ၀င္ခဲ့ေသာ္လည္း ရန္ ကုန္ၿမိဳ႕ကုိယ္စားျပဳအလွမယ္ႏွစ္ ဦးျဖစ္သည့္ ခါးနံပါတ္ (၇) အလွ မယ္ ေမဘရဏီေသာ္က မယ္ စၾက၀ဠာ ျမန္မာ ၂၀၁၅ အျဖစ္ လည္းေကာင္း၊ ခါးနံပါတ္(၁၆) အလွမယ္ ထက္ထက္ထြန္းက မယ္စၾက၀ဠာ ျမန္မာ ၂၀၁၆ အ ျဖစ္လည္းေကာင္း ေရြးခ်ယ္ခံခဲ့ရ သည္။

အျခားတုိင္းႏွင့္ျပည္နယ္ အ လွမယ္မ်ားမွာ ဆန္ခါတင္ငါးဦး အဆင့္၌သာ ပါ၀င္ခဲ့ၾကၿပီး မႏၲ ေလးၿမိဳ႕ကုိယ္စားျပဳ အလွမယ္ ဟန္ေလးက 1st Runner Up ဆု၊ စစ္ေတြၿမိဳ႕ကိုယ္စားျပဳအလွမယ္ ခ်ိဳခ်ိဳထြန္းက 2nd Runner Up ဆုႏွင့္ အထူးဆုကို ေမာ္လၿမိဳင္ၿမိဳ႕ ကုိယ္စားျပဳအလွမယ္ အိၿဖိဳး သြယ္က ရရွိခဲ့သည္။

အျမင့္ဆံုး သရဖူရရွိသူႏွစ္ဦး သည္ အလွမယ္ၿပိဳင္ပဲြအေတြ႕အ ႀကံဳရွိသူမ်ားျဖစ္သည့္အျပင္ ရန္ ကုန္ၿမိဳ႕ကိုယ္စားျပဳ အလွမယ္ မ်ားျဖစ္ေသာေၾကာင့္ ဆုခ်ီးျမႇင့္ ျခင္းႏွင့္ ပတ္သက္၍ နယ္ၿမိဳ႕မ်ား မွ အလွမယ္မ်ားအတြက္ မွ်တမႈမ ရွိဟု ေ၀ဖန္မႈအခ်ိဳ႕ရွိခဲ့သည္။

‘‘အမ်ားစုကေတာ့ ဒီၿပိဳင္ပဲြ အေပၚမွာတင္ စဥ္းစားတာမဟုတ္ ဘဲ ဟုိဘက္အထိသြားၿပိဳင္ရမယ့္ အေပၚမွာ စဥ္းစားၿပီးေရြးတာပါ။ နယ္ကလူေတြကလည္း အေတြ႕ အႀကံဳမရွိေပမယ့္ ဆန္ခါတင္ ငါးဦးအဆင့္အထိပါတယ္။ အခု ႏွစ္မွစၿပိဳင္ေပမယ့္ အဲဒီေလာက္ ထိရတာဆိုေတာ့ သူတို႔အတြက္ ေအာင္ျမင္မႈတစ္ခုပဲ။ ေနာက္ႏွစ္ ေတြဆုိ Winner ေတြေတာင္ျဖစ္ လာႏုိင္တယ္’’ဟု ယင္းၿပိဳင္ပဲြ၏ National Director ေဒၚစိုးယုေ၀ က ေျပာသည္။

ထို႔ျပင္ ပရိသတ္အားေပးမႈ အမ်ားဆံုးရရွိသည့္ အလွမယ္မ်ား ျဖစ္သည့္ ဟန္ေလးႏွင့္ ခ်ိဳခ်ိဳထြန္း တို႔မွာလည္း ဒုတိယႏွင့္ တတိယ ဆုမ်ားသာရရွိခဲ့ေသာေၾကာင့္ ၎ တို႔ဆုမရျခင္းအေပၚ ေ၀ဖန္မႈအ ခ်ိဳ႕ရွိခဲ့သည္။ သုိ႔ေသာ္လည္း အခ်ိဳ႕ပရိသတ္မ်ားက ေရြးခ်ယ္ထားသည့္ အလွမယ္မ်ားသည္အေတြ႕အႀကံဳရွိေသာေၾကာင့္ ႏုိင္ငံတကာ စင္ျမင့္တြင္ သြားေရာက္ယွဥ္ၿပိဳင္ ရန္ သင့္ေတာ္သည္ဟု မွတ္ခ်က္ ျပဳခဲ့ၾကသည္။

‘‘ၿပိဳင္ပဲြ၀င္အေယာက္ႏွစ္ ဆယ္စလုံးမွာေတာ့ သူတို႔ရဲ႕ ေနာက္ခံပရိသတ္မနည္းဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ မ တိမ္းမယိမ္းပဲ။ အဲဒီအတြက္ ႏွစ္ ေယာက္ကရသြားၿပီးတဲ့အခ်ိန္မွာ က်န္တဲ့သူေတြရဲ႕ ပရိသတ္ေတြက မခ်င့္မရဲျဖစ္ၾကတာလည္းရွိမွာ ေပါ့။ အဲဒါကေတာ့ ႏွစ္တုိင္းျဖစ္ေနက်ပါ’’ဟု ေဒၚစုိးယုေ၀က ေျပာ သည္။

7daydiaily
..............................................
ကမ္ဘာ့အကြီးကျယ်ဆုံးအလှမယ်ပြိုင်ပွဲနှစ်ခုကို မြန်မာကိုယ်စားပြုပထမဆုံးယှဉ်ပြိုင်ခွင့် ရသူဖြစ်လာတဲ့ မေဘရဏီသော်

မယ်စကြဝဠာ မြန်မာ ၂၀၁၅ ဆုရရှိခဲ့သည့် မေဘရဏီ သော်သည် ပြီးခဲ့သည့်နှစ်က ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သော Miss International 2014 ပြိုင်ပွွဲ တွင် မြန်မာနိုင်ငံကိုယ်စားပြုအ လှမယ်အဖြစ် ပါ၀င်ယှဉ်ပြိုင်ဖူး သောကြောင့် မေဘရဏီသော် သည် ကမ္ဘာ့အကြီးကျယ်ဆုံးအလှ မယ်ပြိုင်ပွဲနှစ်ခု၌ ၀င်ရောက်ယှဉ် ပြိုင်ခွင့်ရရှိသည့် ပထမဆုံးမြန်မာ အလှမယ်တစ်ဦး ဖြစ်လာသည်။

မေဘရဏီသော်သည် Miss Myanmar International 2014 ပြိုင်ပွဲတွင် 1st Runner Up ဆု သာရရှိခဲ့ခြင်းဖြစ်သော်လည်း သရဖူရရှိသည့်အလှမယ်သည် ဂျပန်နိုင်ငံသို့ သွားရောက်ယှဉ် ပြိုင်ရမည့်အချိန်တွင် အသက် (၁၈)နှစ် မပြည့်သေးသောကြောင့် မေဘရဏီသော်က မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ်သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်ကျင်းပသည့် မယ် စကြဝဠာ မြန်မာ ၂၀၁၅ နှင့် ၂၀၁၆ ပြိုင်ပွဲတွင်လည်း မေဘရ ဏီသော်သည် ၂၀၁၅အတွက် ကိုယ်စားပြု၍ (၆၄)ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲကို ယှဉ်ပြိုင် ခွင့်ရခဲ့သည်။ ယခုနှစ်တွင် တိုင်း နှင့်ပြည်နယ်အသီးသီးမှ အလှ မယ်များပါ၀င်ခဲ့သော်လည်း ရန် ကုန်မြို့ကိုယ်စားပြုအလှမယ်နှစ် ဦးဖြစ်သည့် ခါးနံပါတ် (၇) အလှ မယ် မေဘရဏီသော်က မယ် စကြဝဠာ မြန်မာ ၂၀၁၅ အဖြစ် လည်းကောင်း၊ ခါးနံပါတ်(၁၆) အလှမယ် ထက်ထက်ထွန်းက မယ်စကြဝဠာ မြန်မာ ၂၀၁၆ အ ဖြစ်လည်းကောင်း ရွေးချယ်ခံခဲ့ရ သည်။

အခြားတိုင်းနှင့်ပြည်နယ် အ လှမယ်များမှာ ဆန်ခါတင်ငါးဦး အဆင့်၌သာ ပါ၀င်ခဲ့ကြပြီး မန္တ လေးမြို့ကိုယ်စားပြု အလှမယ် ဟန်လေးက 1st Runner Up ဆု၊ စစ်တွေမြို့ကိုယ်စားပြုအလှမယ် ချိုချိုထွန်းက 2nd Runner Up ဆုနှင့် အထူးဆုကို မော်လမြိုင်မြို့ ကိုယ်စားပြုအလှမယ် အိဖြိုး သွယ်က ရရှိခဲ့သည်။

အမြင့်ဆုံး သရဖူရရှိသူနှစ်ဦး သည် အလှမယ်ပြိုင်ပွဲအတွေ့အ ကြုံရှိသူများဖြစ်သည့်အပြင် ရန် ကုန်မြို့ကိုယ်စားပြု အလှမယ် များဖြစ်သောကြောင့် ဆုချီးမြှင့် ခြင်းနှင့် ပတ်သက်၍ နယ်မြို့များ မှ အလှမယ်များအတွက် မျှတမှုမ ရှိဟု ဝေဖန်မှုအချို့ရှိခဲ့သည်။

‘‘အများစုကတော့ ဒီပြိုင်ပွဲ အပေါ်မှာတင် စဉ်းစားတာမဟုတ် ဘဲ ဟိုဘက်အထိသွားပြိုင်ရမယ့် အပေါ်မှာ စဉ်းစားပြီးရွေးတာပါ။ နယ်ကလူတွေကလည်း အတွေ့ အကြံုမရှိပေမယ့် ဆန်ခါတင် ငါးဦးအဆင့်အထိပါတယ်။ အခု နှစ်မှစပြိုင်ပေမယ့် အဲဒီလောက် ထိရတာဆိုတော့ သူတို့အတွက် အောင်မြင်မှုတစ်ခုပဲ။ နောက်နှစ် တွေဆို Winner တွေတောင်ဖြစ် လာနိုင်တယ်’’ဟု ယင်းပြိုင်ပွဲ၏ National Director ဒေါ်စိုးယုဝေ က ပြောသည်။

ထို့ပြင် ပရိသတ်အားပေးမှု အများဆုံးရရှိသည့် အလှမယ်များ ဖြစ်သည့် ဟန်လေးနှင့် ချိုချိုထွန်း တို့မှာလည်း ဒုတိယနှင့် တတိယ ဆုများသာရရှိခဲ့သောကြောင့် ၎င်း တို့ဆုမရခြင်းအပေါ် ဝေဖန်မှုအ ချို့ရှိခဲ့သည်။ သို့သော်လည်း အချို့ပရိသတ်များက ရွေးချယ်ထားသည့် အလှမယ်များသည်အတွေ့အကြံုရှိသောကြောင့် နိုင်ငံတကာ စင်မြင့်တွင် သွားရောက်ယှဉ်ပြိုင် ရန် သင့်တော်သည်ဟု မှတ်ချက် ပြုခဲ့ကြသည်။

‘‘ပြိုင်ပွဲဝင်အယောက်နှစ် ဆယ်စလုံးမှာတော့ သူတို့ရဲ့ နောက်ခံပရိသတ်မနည်းဘူး။ တစ်ယောက်နဲ့တစ်ယောက် မ တိမ်းမယိမ်းပဲ။ အဲဒီအတွက် နှစ် ယောက်ကရသွားပြီးတဲ့အချိန်မှာ ကျန်တဲ့သူတွေရဲ့ ပရိသတ်တွေက မချင့်မရဲဖြစ်ကြတာလည်းရှိမှာ ပေါ့။ အဲဒါကတော့ နှစ်တိုင်းဖြစ်နေကျပါ’’ဟု ဒေါ်စိုးယုဝေက ပြော သည်။

7daydiaily

No comments:

Post a Comment