Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 10, 2015

ကန္ေဒၚလာ ၁ဝ သန္းတန္ ျမန္မာႏုိင္ငံထြက္ ရွားပါးနီလာတစ္ပြင့္ စင္ကာပူေက်ာက္မ်က္ျပပြဲ၌ လူအမ်ား၏စိတ္ဝင္စားမႈခံရ


 ျမန္မာႏုိင္ငံမွထြက္ရွိေသာ Star of Genesis ဟု အမည္ေပးထားသည့္ ၄၈ ဒသမ ၉၅ ကာရက္ရွိေသာ အေမရိကန္ေဒၚလာ ၁ဝ သန္းတန္ ရွားပါးနီလာတစ္ပြင့္ကို စင္ကာပူႏုိင္ငံ ပတ္ခ္ရိြဳင္ရယ္ဟုိတယ္၌ ေအာက္တိုဘာ ၁ဝ ရက္မွ ၁၈ ရက္ထိက်င္းပမည့္ Jewels of the Orient ဟုအမည္ေပးထားေသာ ေက်ာက္မ်က္ရတနာ ျပပြဲ၌ အမ်ားျပည္သူသို႔ျပသထားေၾကာင္း CNA သတင္းတစ္ရပ္အရသိရသည္။

အေလးခ်ိန္ ၁၁ ကာရက္ရွိ သစ္ေတာ္သီးပံုစံ စိန္ပြင့္ ၅၂ ပြင့္ဝန္းရံထားေသာ အဆိုပါနီလာပြင့္မွာ သာမန္ ေန႔အလင္းေရာင္ေအာက္တြင္ အျပာေရာင္ရွိၿပီး ျဖာထြက္ေနေသာအလင္းေရာင္ေအာက္ထားပါက ခရမ္းေရာင္ေျပာင္းသြားသည္ဟုဆိုသည္။ ''ဒီအရြယ္အစားမ်ိဳး မျပဳျပင္ရေသးတဲ့ အရည္အေသြးေကာင္းေက်ာက္တစ္ပြင့္ေတြ႕ဖို႔က အလြန္ကို ၾကံဳေတာင့္ၾကံဳခဲျဖစ္ရပ္ပါ။ ဒါေပမယ့္ အေရာင္အေျပာင္းအလဲျဖစ္တဲ့အျပင္ ဒီအရြယ္ အစားမ်ိဳးမျပဳျပင္ရေသးတဲ့ အရည္အေသြးေကာင္းေက်ာက္တစ္ပြင့္ေတြ႔ဖို႔က ပိုလို႔ေတာင္ ၾကံဳေတာင့္ႀကံဳခဲျဖစ္ပါေသးတယ္''ဟု Genesis-Global Group မွ အမႈေဆာင္ၫႊန္ၾကားေရးမွဴး ဒင္းနစ္တန္က ေျပာၾကားသည္။

ရွားပါးေက်ာက္မ်က္ရတနာမ်ား ခင္းက်င္းျပသသည့္ ယင္းျပပြဲမွာ ခန္႔မွန္းတန္ဖိုးစုစုေပါင္း အေမရိကန္ ေဒၚလာ သန္း ၃ဝ တန္ဖုိးရွိ ေက်ာက္မ်က္ရတနာ အဆင္တန္ဆာ ၁၅ဝ ခန္႔ကို ခင္းက်င္းျပသေသာ ကိုးရက္ၾကာျပပြဲတစ္ခုျဖစ္သည္။ အဆိုပါျပပြဲ၌ ဆန္းျပားေသာ အေရာင္ရွိသည့္စိန္ပြင့္မ်ားမွ ရွားပါးစိန္ပြင့္မ်ားအထိ၊ ျမန္မာႏုိင္ငံထြက္ပတၱျမားပြင့္မ်ား၊ နီလာပြင့္မ်ားအျပင္ ကိုလံဘီယာႏုိင္ငံမွ ျပဳျပင္ရျခင္းမရွိေသးေသာျမ အစရွိသည့္ ေက်ာက္မ်က္ ရတနာမ်ား ခင္းက်င္းျပသထားသည္။

(သုတ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
...................

 မြန်မာနိုင်ငံမှထွက်ရှိသော Star of Genesis ဟု အမည်ပေးထားသည့် ၄၈ ဒသမ ၉၅ ကာရက်ရှိသော အမေရိကန်ဒေါ်လာ ၁ဝ သန်းတန် ရှားပါးနီလာတစ်ပွင့်ကို စင်ကာပူနိုင်ငံ ပတ်ခ်ရွိုင်ရယ်ဟိုတယ်၌ အောက်တိုဘာ ၁ဝ ရက်မှ ၁၈ ရက်ထိကျင်းပမည့် Jewels of the Orient ဟုအမည်ပေးထားသော ကျောက်မျက်ရတနာ ပြပွဲ၌ အများပြည်သူသို့ပြသထားကြောင်း CNA သတင်းတစ်ရပ်အရသိရသည်။

အလေးချိန် ၁၁ ကာရက်ရှိ သစ်တော်သီးပုံစံ စိန်ပွင့် ၅၂ ပွင့်ဝန်းရံထားသော အဆိုပါနီလာပွင့်မှာ သာမန် နေ့အလင်းရောင်အောက်တွင် အပြာရောင်ရှိပြီး ဖြာထွက်နေသောအလင်းရောင်အောက်ထားပါက ခရမ်းရောင်ပြောင်းသွားသည်ဟုဆိုသည်။ ''ဒီအရွယ်အစားမျိုး မပြုပြင်ရသေးတဲ့ အရည်အသွေးကောင်းကျောက်တစ်ပွင့်တွေ့ဖို့က အလွန်ကို ကြုံတောင့်ကြံုခဲဖြစ်ရပ်ပါ။ ဒါပေမယ့် အရောင်အပြောင်းအလဲဖြစ်တဲ့အပြင် ဒီအရွယ် အစားမျိုးမပြုပြင်ရသေးတဲ့ အရည်အသွေးကောင်းကျောက်တစ်ပွင့်တွေ့ဖို့က ပိုလို့တောင် ကြံုတောင့်ကြံုခဲဖြစ်ပါသေးတယ်''ဟု Genesis-Global Group မှ အမှုဆောင်ညွှန်ကြားရေးမှူး ဒင်းနစ်တန်က ပြောကြားသည်။

ရှားပါးကျောက်မျက်ရတနာများ ခင်းကျင်းပြသသည့် ယင်းပြပွဲမှာ ခန့်မှန်းတန်ဖိုးစုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၃ဝ တန်ဖိုးရှိ ကျောက်မျက်ရတနာ အဆင်တန်ဆာ ၁၅ဝ ခန့်ကို ခင်းကျင်းပြသသော ကိုးရက်ကြာပြပွဲတစ်ခုဖြစ်သည်။ အဆိုပါပြပွဲ၌ ဆန်းပြားသော အရောင်ရှိသည့်စိန်ပွင့်များမှ ရှားပါးစိန်ပွင့်များအထိ၊ မြန်မာနိုင်ငံထွက်ပတ္တမြားပွင့်များ၊ နီလာပွင့်များအပြင် ကိုလံဘီယာနိုင်ငံမှ ပြုပြင်ရခြင်းမရှိသေးသောမြ အစရှိသည့် ကျောက်မျက် ရတနာများ ခင်းကျင်းပြသထားသည်။

(သုတ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment