Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 17, 2015


ရန်ကုန် အောက်တိုဘာ ၁၅



မူလထုတ်လုပ်သူ ဒုတိယနှစ် အဝေးသင် တက္ကသိုလ် တက်ရောက်နေသော မအိသဉ္ဇာကျော် က ယင်းကိစ္စရပ်ကို ဖြေရှင်းပေးနိုင်ရန်အတွက် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးထံ စာရေးသား တိုင်ကြားခဲ့ပြီး ပြန်ကြားရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးထံသို့ ဖြေရှင်း ညှိနှိုင်းပေးနိုင်ရန် အကြောင်း ကြားခဲ့ကြောင်း၊ တိုင်ကြား ခံရသူများအား ဖြေရှင်း ညှိနှိုင်းရန် အတွက် အစည်းအရုံးက မအိသဉ္ဇာကျော် တိုင်ကြား သည့် အစောပိုင်း ကတည်းကပင် ဆင့်ခေါ်ခဲ့သော်လည်း ဦးဗေလုဝတို့ဘက်မှ လာရောက် ဖြေရှင်းခြင်း မရှိခဲ့ကြောင်း သိရသည်။


လိုင်စင်လုပ်ရန်၊ ဇာတ်လမ်း ဇာတ်ညွှန်းခနှင့် သရုပ်ဆောင်ခ၊ ဒါရိုက်တာ၊ ဇာတ်ရံများ၏ ကြိုတင်ငွေများ အပါအဝင် စုစုပေါင်း ငွေကျပ် ၉၁ သိန်းကို အလီလီ ပေးအပ်ခဲ့ပြီးနောက် အဆက်အသွယ် မရရှိတော့ဘဲ အခြား ရုပ်ရှင် လုပ်ငန်းတစ်ခုနှင့် ရိုက်ကူးခဲ့ခြင်းကြောင့် မအိသဉ္ဇာကျော်က ပြန်ကြားရေး ဝန်ကြီးထံသို့ လိပ်မူကာ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စကို ဖြေရှင်း ညှိနှိုင်းပေးနိုင်ရန် အတွက် ပြန်ကြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးသို့ အသိပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက နှစ်ဖက် ညှိနှိုင်း ပေးရန် ကြိုးစားသော်လည်း တိုင်ကြားခံရသူများက လာရောက် ဖြေရှင်းခြင်း မရှိသည့် အတွက် မအိသဉ္ဇာကျော်၏ သဘော ဆန္ဒအရ ဆက်လက် လုပ်ဆောင် လိုပါက လုပ်ဆောင်နိုင်သည်ဟု ပြန်လည် အကြောင်း ကြားထားပြီး ဖြစ်ကြောင်း သိရှိရသည်။

မတ်လ ပထမပတ်တွင် ရုပ်ရှင် ရိုက်ကူးရန် သဘော တူထားသော်လည်း ဧပြီလတွင် ရုပ်ရှင် သရုပ်ဆောင် ခိုင်နှင်းဝေ၏ လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် ယင်းဇာတ်ကားကို ရိုက်ကူးရန် ပြောကြား ထားသည်ကို သိခဲ့ရပြီးနောက် စိမ်းဝါနီရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေးမှ ယင်းဇာတ်ကားကို ရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်း ဆက်လက် သိရှိခဲ့ရသည်ဟု မအိသဉ္စာကျော် ထံမှ သိရှိရသည်။

''ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ ငွေကြေးတွေကို ထိခိုက် နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်အောင် အဖြစ်မှန်ကို ဖုံးကွယ်ပြီး ဂျာနယ်တွေမှာ မဟုတ်မမှန် ရေးသား ပြောဆိုခဲ့တဲ့ အတွက် သရုပ်ဆောင် ဦးဗေလုဝ၊ ဦးတေဇာကျော်နဲ့ ဒါရိုက်တာ သားကြီးတို့ ဇနီးမောင်နှံနဲ့အတူ သက်သေ လက်မှတ် ထိုးထားတဲ့ ဒေါ်မြင့်မြင်အုန်းတို့ကို ဥပဒေနဲ့ အညီ အရေးယူ ဆောင် ရွက် ပေးနိုင်ဖို့ တိုင်တန်းရခြင်း ဖြစ်ပါတယ်''ဟု မအိသဉ္ဇာကျော်က သူမ၏ တိုင်တန်းရခြင်း အကြောင်းကို ရေးသား ထားသည်။

သတင်း- ကိုကိုဇော်
ဓါတ်ပုံ- ဗေလုဝဖေ့ဘုတ်
MOI Webportal Myanmar
..........................
MOI Webportal Myanmar
ဗေလုဝ၏ ကြိုးနှင့် ချည်ထားသော ဗာရာဏသီ အတွက် တိုင်ကြားခံရသူများ က အစည်းအရုံးသို့ ပြန်လည် ဖြေရှင်းခြင်းမရှိ


ရန်ကုန် အောက်တိုဘာ ၁၅

ရုပ်ရှင်ရိုက်ကူးရန်အတွက် လိုင်စင်ကြေး၊ ဒါရိုက်တာကြေးနှင့် ဇာတ်လမ်း၊ ဇာတ်ညွှန်း ကြေး များ ပေးချေထားသော်လည်း ပျက်ကွက်ကာ အခြားရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း တစ်ခုနှင့် ရိုက်ကူးထုတ်လုပ်ခဲ့သဖြင့် တိုင်တန်းခံရသူတို့ကို ခေါ်ယူသော်လည်း လာရောက် ဖြေ ရှင်းခြင်းမရှိသောကြောင့် မူလတိုင်ကြားသူသဘောအတိုင်း ဆက်လက်လုပ်ဆောင်နိုင် သည်ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ပြန်ကြားထားကြောင်း သိရသည်။

သရုပ်ဆောင် ဦးဗေလုဝ ရေးသားထားသည့် ကြိုးနှင့်ချည်ထားသော ဗာရာဏသီ ဇာတ်ကား အတွက် လိုအပ်သည့် အနုပညာကြေး အချို့ကို ပေးချေ ထားသော်လည်း သရုပ်ဆောင် ဦးဗေလုဝ၊ ဦးတေဇာကျော်နှင့် ဒါရိုက်တာ သားကြီးတို့ ဇနီးမောင်နှံက ယင်းဇာတ်ကားကို စိမ်းဝါနီ ရုပ်ရှင် ထုတ်လုပ်ရေးဖြင့် ပြောင်းလဲ ရိုက်ကူးခဲ့သည်ဟု မူလထုတ်လုပ်သူက တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

မူလထုတ်လုပ်သူ ဒုတိယနှစ် အဝေးသင် တက္ကသိုလ် တက်ရောက်နေသော မအိသဥ္ဇာကျော် က ယင်းကိစ္စရပ်ကို ဖြေရှင်းပေးနိုင်ရန်အတွက် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးထံ စာရေးသား တိုင်ကြားခဲ့ပြီး ပြန်ကြားရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးထံသို့ ဖြေရှင်း ညှိနှိုင်းပေးနိုင်ရန် အကြောင်း ကြားခဲ့ကြောင်း၊ တိုင်ကြား ခံရသူများအား ဖြေရှင်း ညှိနှိုင်းရန် အတွက် အစည်းအရုံးက မအိသဥ္ဇာကျော် တိုင်ကြား သည့် အစောပိုင်း ကတည်းကပင် ဆင့်ခေါ်ခဲ့သော်လည်း ဦးဗေလုဝတို့ဘက်မှ လာရောက် ဖြေရှင်းခြင်း မရှိခဲ့ကြောင်း သိရသည်။

တိုင်ကြားသူမှာ အနုပညာ သင်တန်းဆင်း အစ်မဖြစ်သူ၏ သရုပ်ဆောင် လုပ်ငန်း တိုးတက်စေရန် အတွက် မိတ်ဆွေဖြစ်သူ ဦးတေဇာကျော်နှင့် ဆက်သွယ်ကာ ဗီဒီယိုရိုက်ကူး ထုတ်လုပ်ရေး လိုင်စင် ရရှိရန် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလတွင် ငွေကြေးများ စတင် ပေးအပ် ခဲ့ခြင်း ဖြစ်ပြီး သရုပ်ဆောင် ဦးဗေလုဝ ရေးသားသည့် "ကြိုးနှင့် ချည်ထားသော ဗာရာဏသီ" ဟာသ ဇာတ်လမ်း ကို ရုပ်ရှင် စတင်ရိုက်ကူးရန် ဆွေးနွေး ဖြစ်ခဲ့ ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

လိုင်စင်လုပ်ရန်၊ ဇာတ်လမ်း ဇာတ်ညွှန်းခနှင့် သရုပ်ဆောင်ခ၊ ဒါရိုက်တာ၊ ဇာတ်ရံများ၏ ကြိုတင်ငွေများ အပါအဝင် စုစုပေါင်း ငွေကျပ် ၉၁ သိန်းကို အလီလီ ပေးအပ်ခဲ့ပြီးနောက် အဆက်အသွယ် မရရှိတော့ဘဲ အခြား ရုပ်ရှင် လုပ်ငန်းတစ်ခုနှင့် ရိုက်ကူးခဲ့ခြင်းကြောင့် မအိသဥ္ဇာကျော်က ပြန်ကြားရေး ဝန်ကြီးထံသို့ လိပ်မူကာ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စကို ဖြေရှင်း ညှိနှိုင်းပေးနိုင်ရန် အတွက် ပြန်ကြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးသို့ အသိပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက နှစ်ဖက် ညှိနှိုင်း ပေးရန် ကြိုးစားသော်လည်း တိုင်ကြားခံရသူများက လာရောက် ဖြေရှင်းခြင်း မရှိသည့် အတွက် မအိသဥ္ဇာကျော်၏ သဘော ဆန္ဒအရ ဆက်လက် လုပ်ဆောင် လိုပါက လုပ်ဆောင်နိုင်သည်ဟု ပြန်လည် အကြောင်း ကြားထားပြီး ဖြစ်ကြောင်း သိရှိရသည်။

မတ်လ ပထမပတ်တွင် ရုပ်ရှင် ရိုက်ကူးရန် သဘော တူထားသော်လည်း ဧပြီလတွင် ရုပ်ရှင် သရုပ်ဆောင် ခိုင်နှင်းဝေ၏ လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် ယင်းဇာတ်ကားကို ရိုက်ကူးရန် ပြောကြား ထားသည်ကို သိခဲ့ရပြီးနောက် စိမ်းဝါနီရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေးမှ ယင်းဇာတ်ကားကို ရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်း ဆက်လက် သိရှိခဲ့ရသည်ဟု မအိသဥ္စာကျော် ထံမှ သိရှိရသည်။

''ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ ငွေကြေးတွေကို ထိခိုက် နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်အောင် အဖြစ်မှန်ကို ဖုံးကွယ်ပြီး ဂျာနယ်တွေမှာ မဟုတ်မမှန် ရေးသား ပြောဆိုခဲ့တဲ့ အတွက် သရုပ်ဆောင် ဦးဗေလုဝ၊ ဦးတေဇာကျော်နဲ့ ဒါရိ်ုက်တာ သားကြီးတို့ ဇနီးမောင်နှံနဲ့အတူ သက်သေ လက်မှတ် ထိုးထားတဲ့ ဒေါ်မြင့်မြင်အုန်းတို့ကို ဥပဒေနဲ့ အညီ အရေးယူ ဆောင် ရွက် ပေးနိုင်ဖို့ တိုင်တန်းရခြင်း ဖြစ်ပါတယ်''ဟု မအိသဥ္ဇာကျော်က သူမ၏ တိုင်တန်းရခြင်း အကြောင်းကို ရေးသား ထားသည်။

သတင်း- ကိုကိုဇော်
ဓါတ်ပုံ- ဗေလုဝဖေ့ဘုတ်


No comments:

Post a Comment