Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 14, 2015

ျမန္မာဘာသာေရးႏွိပ္ကြပ္မႈ ကန္ေ၀ဖန္

မနႏၵာခ်မ္း
15.10.2015 05:03

ျမန္မာႏုိင္ငံမွာ ဘာသာေရးလြတ္လပ္ခြင့္နဲ႔ ပတ္သက္ၿပီး ဖိႏွိပ္မႈေတြနဲ႔ ခြဲျခားဆက္ဆံမႈေတြ ဆက္ရွိေနဆဲျဖစ္တယ္လို႔ - အေမရိကန္အစိုးရရဲ႕ ေလာေလာဆယ္ ထုတ္ျပန္ခဲ့တဲ့ ၂၀၁၄ ဘာသာေရးလြတ္လပ္ခြင့္အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

အထူးသျဖင့္ ျမန္မာႏုိင္ငံမွာ မၾကာေသးခင္က အတည္ျပဳျပဌာန္းခဲ့တဲ့ ဘာသာျခားနဲ႔ လက္ထပ္ထိမ္းျမားျခင္း၊ ဘာသာကူးေျပာင္းျခင္းေတြအေပၚ ကန္႔သတ္တဲ့ ဥပေဒေတြကို အေမရိကန္အစိုးရက လက္မခံတဲ့အေၾကာင္း ေျပာဆုိထားတာပါ။ ဒါ့အျပင္ ႐ိုဟင္ဂ်ာမူဆလင္ေတြနဲ႔ ခရစ္ယာန္ဘာသာ၀င္ လူနည္းစုေတြအေပၚ ကန္႔သတ္မႈေတြ ရွိေနတာကိုလည္း ေထာက္ျပထားတဲ့ ဒီအစီရင္ခံစာနဲ႔ ပတ္သက္ၿပီး မနႏၵာခ်မ္း က ဆက္ေျပာျပပါမယ္။

ဟုတ္ပါတယ္… ေအာက္တုိဘာလ ၁၄ ရက္ ဗုဒၶဟူးေန႔က အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးဌာနကေန ထုတ္ျပန္ခဲ့တဲ့ ဘာသာေရးလြတ္လပ္ခြင့္ဆုိင္ရာ ႏွစ္စဥ္ အစီရင္ခံစာမွာ - ျမန္မာႏုိင္ငံမွာ သူတုိ႔အေခၚ လူနည္းစု ႐ိုဟင္ဂ်ာ မူဆလင္ေတြနဲ႔ ခရစ္ယာန္ဘာသာ၀င္ေတြအေပၚ ကန္႔သတ္ခ်က္ေတြရွိေနတာနဲ႔ သေဘာထားတင္းမာတဲ့ ဗုဒၶဘာသာ၀င္ေတြရဲ႕ မူဆလင္ဆန္႔က်င္ေရး ေျပာၾကားခ်က္ေတြကို အဓိက မီးေမာင္းထိုးျပထားပါတယ္။ ရခိုင္ျပည္နယ္မွာ ရဲအရာရွိတဦး ေသဆံုးခဲ့မႈအေပၚ လက္တံု႔ျပန္တဲ့အေနနဲ႔ လံုၿခံဳေရးတပ္ဖြဲ႔၀င္ေတြရဲ႕ လက္ခ်က္နဲ႔ ဒါဇင္နဲ႔ခ်ီ ႐ိုဟင္ဂ်ာေတြ ေသဆံုးခဲ့ရတယ္ဆိုတဲ့ ၂၀၁၄ ဇန္န၀ါရီလက စြပ္စြဲခ်က္အေပၚ စံုစမ္းစစ္ေဆးမႈလုပ္ဖို႔ ျမန္မာအစိုးရရဲ႕ ပ်က္ကြက္မႈကိုလည္း ဒီအစီရင္ခံစာမွာ ေ၀ဖန္ထားတာပါ။ ဒီအစီရင္ခံစာနဲ႔ ပတ္သက္ၿပီး ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး John Kerry က အခုလို ေျပာၾကားခဲ့ပါတယ္။

“၀မ္းနည္းစရာကေတာ့ ဒီကေန႔ထုတ္ျပန္လုိက္တဲ့ အစီရင္ခံစာထဲမွာ ျမန္မာႏုိင္ငံ၊ အီရန္၊ ပါကစၥတန္၊ ႐ုရွား၊ ေဆာ္ဒီအာေရးဗီးယားနဲ႔ တျခားႏုိင္ငံေတြလုိ လူနည္းစုေတြရဲ႕ အခြင့္အေရးေတြကုိ လ်စ္လ်ဴ႐ႈ ခံေနရတာေတြနဲ႔ အျပည့္ ျဖစ္ေနတာပါပဲ။”

အလားတူ - ျမန္မာႏုိင္ငံကို သြားေရာက္ခဲ့တဲ့ - ဘာသာေရးလြတ္လပ္မႈဆုိင္ရာ အေမရိကန္ အထူးသံအမတ္ႀကီး David Saperstein ကလည္း ျမန္မာႏုိင္ငံမွာ မၾကာေသးခင္က အတည္ျပဳ ျပဌာန္းခဲ့တဲ့ ဘာသာျခားနဲ႔ လက္ထပ္ထိမ္းျမားျခင္း၊ ဘာသာကူးေျပာင္းျခင္းေတြအေပၚ ကန္႔သတ္ထားတဲ့ ဥပေဒေတြကို အေမရိကန္အစိုးရက လက္မခံတဲ့အေၾကာင္း အဲဒီအစီရင္ခံစာထုတ္ျပန္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆုိသြားခဲ့ပါတယ္။

“ျမန္မာႏုိင္ငံမွာ ဘာသာျခားနဲ႔ လက္ထပ္တာ၊ ဘာသာကူးေျပာင္းတာေတြကို တားျမစ္တဲ့ ခြဲျခားဆက္ဆံမႈေတြကို ကေနဒါသံအမတ္ႀကီး Bennett နဲ႔အတူ က်ေနာ္လည္း ဖိအားေပးေျပာဆိုခဲ့ပါတယ္။”

ဒါေၾကာင့္လည္း ၁၉၉၉ ခုႏွစ္ကစလို႔ ျမန္မာႏုိင္ငံကို ဘာသာေရးလြတ္လပ္ခြင့္ ခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္လို႔ အထူးစိုးရိမ္ရတဲ့ ႏုိင္ငံမ်ားစာရင္း CPC မွာ ထည့္သြင္း ထားခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ အေမရိကန္ႏုိင္ငံျခားေရးဌာနရဲ႕ ၁၇ ႀကိမ္ေျမာက္ ထုတ္ျပန္တဲ့ ႏုိင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ အစီရင္ခံစာထဲမွာ - ခရစ္ယာန္ ဘာသာ၀င္ေတြ၊ ၀ီဂါမူဆလင္ေတြနဲ႔ တိဘက္ဗုဒၶဘာသာ၀င္ေတြအေပၚ တ႐ုတ္အစိုးရရဲ႕ ကန္႔သတ္ဖိႏွိပ္မႈေတြကိုလည္း ေ၀ဖန္ထားၿပီး၊ ထိန္းသိမ္းခံထားရတဲ့ တ႐ုတ္ခရစ္ယာန္ လူ႔အခြင့္အေရးေရွ႕ေန Zhang Kai ကို ျပန္လႊတ္ေပးဖို႔အတြက္ကိုလည္း ၀န္ႀကီး ကယ္ရီ က ေတာင္းဆုိသြားခဲ့ပါတယ္။

အလားတူ သီရိလကၤာႏုိင္ငံမွာလည္း - ဘာသာျခားေတြကို တိုက္ခိုက္ဖုိ႔အတြက္ ယခင္အစိုးရကေန ဗုဒၶဘာသာ အစြန္းေရာက္၀ါဒီအဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္း လုပ္ေဆာင္ခဲ့ပံု ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ အီရတ္မွာ ရွီယာစစ္ေသြးႂကြေတြ၊ ဆီးရီးယားက al-Nusra တပ္ဦး အၾကမ္းဖက္အဖြဲ႔၊ ႏုိင္ဂ်ီးရီးယားက ဘိုကိုဟာရမ္းစစ္ေသြးႂကြအုပ္စု၊ ပါကစၥတန္မွာေတာ့ Lashkar I Jhangvi အဖြဲ႔ေတြရဲ႕ အၾကမ္းဖက္မႈေတြကိုလည္း ဒီအစီရင္ခံစာမွာ ေ၀ဖန္ေထာက္ျပထားပါတယ္။

၀န္ႀကီးကယ္ရီကေတာ့ - ဘာသာေရးလြတ္လပ္ခြင့္ ဆုိတာဟာ သာမာန္ ကိုးကြယ္ခြင့္ ျပဳထားတယ္ဆိုတာထက္ ပုိတယ္လုိ႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆုိခဲ့ပါတယ္။ ဘာသာတခုကုိ ကုိးကြယ္ယုံၾကည္သူေတြအေနနဲ႔ တျခားလူေတြကုိ အတင္းအက်ပ္စည္း႐ုံး သိမ္းသြင္းတာ၊ ဘာသာကူးေျပာင္းခုိင္းတာ၊ ႏႈတ္ပိတ္ထားတာ၊ ဒါမွမဟုတ္ရင္လည္း ယုံၾကည္သက္၀င္မႈေၾကာင့္ အသက္ဆုံး႐ႈံးေအာင္ လုပ္ပုိင္ခြင့္ မရွိေစရဘူးလုိ႔လည္း ၀န္ႀကီးကယ္ရီက ေျပာဆိုခဲ့ပါတယ္ရွင္။
http://burmese.voanews.com/content/us-religious-freedom-report/3006216.html
.........................................

မြန်မာဘာသာရေးနှိပ်ကွပ်မှု ကန်ဝေဖန်

မနန္ဒာချမ်း
15.10.2015 05:03

မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဖိနှိပ်မှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေ ဆက်ရှိနေဆဲဖြစ်တယ်လို့ - အမေရိကန်အစိုးရရဲ့ လောလောဆယ် ထုတ်ပြန်ခဲ့တဲ့ ၂၀၁၄ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာ မကြာသေးခင်က အတည်ပြုပြဌာန်းခဲ့တဲ့ ဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားခြင်း၊ ဘာသာကူးပြောင်းခြင်းတွေအပေါ် ကန့်သတ်တဲ့ ဥပဒေတွေကို အမေရိကန်အစိုးရက လက်မခံတဲ့အကြောင်း ပြောဆိုထားတာပါ။ ဒါ့အပြင် ရိုဟင်ဂျာမူဆလင်တွေနဲ့ ခရစ်ယာန်ဘာသာဝင် လူနည်းစုတွေအပေါ် ကန့်သတ်မှုတွေ ရှိနေတာကိုလည်း ထောက်ပြထားတဲ့ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

ဟုတ်ပါတယ်… အောက်တိုဘာလ ၁၄ ရက် ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ခဲ့တဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ နှစ်စဉ် အစီရင်ခံစာမှာ - မြန်မာနိုင်ငံမှာ သူတို့အခေါ် လူနည်းစု ရိုဟင်ဂျာ မူဆလင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေအပေါ် ကန့်သတ်ချက်တွေရှိနေတာနဲ့ သဘောထားတင်းမာတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ မူဆလင်ဆန့်ကျင်ရေး ပြောကြားချက်တွေကို အဓိက မီးမောင်းထိုးပြထားပါတယ်။ ရခိုင်ပြည်နယ်မှာ ရဲအရာရှိတဦး သေဆုံးခဲ့မှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ ဒါဇင်နဲ့ချီ ရိုဟင်ဂျာတွေ သေဆုံးခဲ့ရတယ်ဆိုတဲ့ ၂၀၁၄ ဇန်နဝါရီလက စွပ်စွဲချက်အပေါ် စုံစမ်းစစ်ဆေးမှုလုပ်ဖို့ မြန်မာအစိုးရရဲ့ ပျက်ကွက်မှုကိုလည်း ဒီအစီရင်ခံစာမှာ ဝေဖန်ထားတာပါ။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က အခုလို ပြောကြားခဲ့ပါတယ်။

“၀မ်းနည်းစရာကတော့ ဒီကနေ့ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံ၊ အီရန်၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေးဗီးယားနဲ့ တခြားနိုင်ငံတွေလို လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို လျစ်လျူရှု ခံနေရတာတွေနဲ့ အပြည့် ဖြစ်နေတာပါပဲ။”

အလားတူ - မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ - ဘာသာရေးလွတ်လပ်မှုဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး David Saperstein ကလည်း မြန်မာနိုင်ငံမှာ မကြာသေးခင်က အတည်ပြု ပြဌာန်းခဲ့တဲ့ ဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားခြင်း၊ ဘာသာကူးပြောင်းခြင်းတွေအပေါ် ကန့်သတ်ထားတဲ့ ဥပဒေတွေကို အမေရိကန်အစိုးရက လက်မခံတဲ့အကြောင်း အဲဒီအစီရင်ခံစာထုတ်ပြန်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ဘာသာခြားနဲ့ လက်ထပ်တာ၊ ဘာသာကူးပြောင်းတာတွေကို တားမြစ်တဲ့ ခွဲခြားဆက်ဆံမှုတွေကို ကနေဒါသံအမတ်ကြီး Bennett နဲ့အတူ ကျနော်လည်း ဖိအားပေးပြောဆိုခဲ့ပါတယ်။”

ဒါကြောင့်လည်း ၁၉၉၉ ခုနှစ်ကစလို့ မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အထူးစိုးရိမ်ရတဲ့ နိုင်ငံများစာရင်း CPC မှာ ထည့်သွင်း ထားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၁၇ ကြိမ်မြောက် ထုတ်ပြန်တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာထဲမှာ - ခရစ်ယာန် ဘာသာဝင်တွေ၊ ၀ီဂါမူဆလင်တွေနဲ့ တိဘက်ဗုဒ္ဓဘာသာဝင်တွေအပေါ် တရုတ်အစိုးရရဲ့ ကန့်သတ်ဖိနှိပ်မှုတွေကိုလည်း ဝေဖန်ထားပြီး၊ ထိန်းသိမ်းခံထားရတဲ့ တရုတ်ခရစ်ယာန် လူ့အခွင့်အရေးရှေ့နေ Zhang Kai ကို ပြန်လွှတ်ပေးဖို့အတွက်ကိုလည်း ၀န်ကြီး ကယ်ရီ က တောင်းဆိုသွားခဲ့ပါတယ်။

အလားတူ သီရိလင်္ကာနိုင်ငံမှာလည်း - ဘာသာခြားတွေကို တိုက်ခိုက်ဖို့အတွက် ယခင်အစိုးရကနေ ဗုဒ္ဓဘာသာ အစွန်းရောက်ဝါဒီအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့ပုံ ရှိတယ်လို့ ဖော်ပြထားပါတယ်။ အီရတ်မှာ ရှီယာစစ်သွေးကြွတွေ၊ ဆီးရီးယားက al-Nusra တပ်ဦး အကြမ်းဖက်အဖွဲ့၊ နိုင်ဂျီးရီးယားက ဘိုကိုဟာရမ်းစစ်သွေးကြွအုပ်စု၊ ပါကစ္စတန်မှာတော့ Lashkar I Jhangvi အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကိုလည်း ဒီအစီရင်ခံစာမှာ ဝေဖန်ထောက်ပြထားပါတယ်။

၀န်ကြီးကယ်ရီကတော့ - ဘာသာရေးလွတ်လပ်ခွင့် ဆိုတာဟာ သာမာန် ကိုးကွယ်ခွင့် ပြုထားတယ်ဆိုတာထက် ပိုတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဘာသာတခုကို ကိုးကွယ်ယုံကြည်သူတွေအနေနဲ့ တခြားလူတွေကို အတင်းအကျပ်စည်းရုံး သိမ်းသွင်းတာ၊ ဘာသာကူးပြောင်းခိုင်းတာ၊ နှုတ်ပိတ်ထားတာ၊ ဒါမှမဟုတ်ရင်လည်း ယုံကြည်သက်ဝင်မှုကြောင့် အသက်ဆုံးရှုံးအောင် လုပ်ပိုင်ခွင့် မရှိစေရဘူးလို့လည်း ၀န်ကြီးကယ်ရီက ပြောဆိုခဲ့ပါတယ်ရှင်။
http://burmese.voanews.com/content/us-religious-freedom-report/3006216.html

No comments:

Post a Comment