Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 3, 2015

ႀကိဳးတံတားျပဳလုပ္ေပးမည္ဟု ျပည္ေထာင္စုဝန္ႀကီး မက္လံုးေပးမဲဆြယ္



 ေရြးေကာက္ပြဲၿပီးပါက ေဘာလခဲၿမိဳ႕ႏွင့္ ေရနီေပါက္ေက်းရြာ ဆက္သြယ္ေပးမည့္ ပြန္ေခ်ာင္းျဖတ္သည့္လူကူးႀကိဳးတံတားအားျပဳလုပ္ေပးမည္ဟု ျပည္ေထာင္စု သမၼတရံုးဝန္ႀကီး ဦးစိုးသိန္းက မဲဆြယ္စည္းရုံးသြားသည္ဟု သိရသည္။

စက္တင္ဘာ ၂၈ ရက္ေန႔ ေဘာလခဲၿမိဳ႕ ေရနီေပါက္ေက်းရြာ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးအိမ္တြင္ ေဒသခံလူထုနွင့္ေတြဆံုပြဲ ျပဳလုပ္ကာ မဲဆြယ္ေျပာဆိုသြားျခင္းျဖစ္သည္။

“သူကေတာ့ ေရြးေကာက္ပြဲၿပီးသြားရင္ လုပ္ေပးမယ္လို႔ေတာ့ ေျပာသြားတာပဲ သူနိုင္မႏိုင္ေတာ့မသိဘူး လုပ္ေပးႏိုင္ရင္ေကာင္းတာေပါ့။”ဟု ေရနီေပါက္ေက်းရြာ အုပ္ခ်ဴပ္ေရးမွဴး ဦးလွတင္က ေျပာသည္။

ေရနီေပါက္ႀကိဳးတံတား တည္ေဆာက္မည့္ေနရာသည္ ပြန္ေခ်ာင္းအေရွ႕ဖက္ကမ္းရိွ ေရနီေပါက္ေက်းရြာနွင့္ ေဘာလခဲၿမိဳ႕သို႔သြားရာလမ္းကို ဆက္သြယ္ေပးမည့္ ေနရာျဖစ္သည္။

ဦးစိုးသိန္း သည္မဲဆြယ္ စည္းရံုကာလမတိုင္ခင္ကပင္ ေရနီေပါက္ေက်းရြာသို႔ ေက်းလက္က်န္းမာေရး ေဆးခန္းျပန္လည္မြမ္းမံ ျပဳျပင္ရန္ ေငြသိန္း (၂၀) ၊ စကိုင္းနက္ အလံုး(၄၀) ႏွင့္ ဖိုက္ဘာခံု အလံုး(၄၀) ေပးအပ္ခဲ့သည္။

ေရနီေပါက္ေက်းရြာႏွင့္ ခ်ိကြဲေက်းရြာကို အမွတ္တံဆိပ္ပါ ဦးထုပ္ အက်ၤ ီနွင့္ လက္ကမ္းစာေစာင္မ်ားကို သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမွဴးထံမ်ားမွတဆင့္ေဝခိုင္းျခင္းမ်ား ျပဳလုပ္ခိုင္းေနသည္ဟု မ်က္ျမင္သက္ေသ ေဒသခံမ်ားကေျပာသည္။

ခ်ိကြဲ႕ေက်းရြာ ဒီးကူပြဲ အထိမ္းအမွတ္ ေဘာလံုးၿပိဳင္ပြဲ တြင္ ဦးစိုးသိန္း တက္ေရာက္ၿပီး ေငြသံုးသိန္း ေပးအပ္လွဴဒါန္းသြားသည္ဟုလည္း သိရသည္။
ေရနီေပါက္ေက်းရြာႏွင့္ ခ်ိကြဲ႕ေက်းရြာသည္ ဦးစိုးသိန္းဝင္ၿပိဳင္မည့္ အမ်ိဳးသားလြတ္ေတာ္ မဲဆႏၵနယ္ အမွတ္(၉) တြင္ပါဝင္ေသာ ေက်းရြာျဖစ္သည္။

ေရြးေကာက္ပြဲ မဲဆြယ္စည္းရံုးကာလမတိုင္ခင္ ႏွစ္လအလိုတြင္ ေဘာလခဲၿမိဳ႕ နွင့္ ရြာသစ္ၿမိဳ႕ သို႔ ၿမိဳ႕နယ္ေရေပးေဝေရး ၊ေဘာလံုပြဲက်င္းပေပးျခင္း ၊စာသင္ေက်ာင္းအတြက္ စက္ဘီး ရပ္နားေဆာင္မ်ား အစည္းအေဝးခန္းမေဆာင္မ်ားျပဳျပင္ေဆာက္လုပ္ေပးျခင္း ၊ေက်ာင္းဆရာ/မ မ်ားကို စကိုင္းနက္စေလာင္းနွင့္ ေထာက္ပံေငြလွဴဒါန္းျခင္း နွင့္ ၄င္းဝင္ၿပိဳင္မည့္ မဲဆႏၵနယ္နယ္ေျမရိွ ေက်းရြာမ်ားသို႕ ဆိုလာမီးလင္းအိမ္မ်ား နွင့္ ေငြေၾကးေထာက္ပံ လွဴဒါန္းမႈမ်ား အမ်ားအျပား ျပဳလုပ္ခဲ့သည္။

ေကာမရွင္ထုတ္ျပန္ခ်က္အရ ေဘာလခဲၿမိဳ႕နယ္တစ္ၿမိဳ႕နယ္လုံးတြင္ မဲဆႏၵရွင္စာရင္း (၅၀၁၄)ဦး ႏွင့္ ခမရ ၄၃၀ ၊ ခမရ ၄၂၉ ၊ ခမရ ၃၃၇ ၊ ေဘာလခဲ စစ္ဗ်ဴဟာ တပ္အားလုံးမဲစာဆႏၵရွင္စာရင္းစုစုေပါင္း ၈၅၈ ဦး ရွိသည္ဟု သိရသည္။

စိုင္းလင္းလင္းဦး
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
...................................


 ရွေးကောက်ပွဲပြီးပါက ဘောလခဲမြို့နှင့် ရေနီပေါက်ကျေးရွာ ဆက်သွယ်ပေးမည့် ပွန်ချောင်းဖြတ်သည့်လူကူးကြိုးတံတားအားပြုလုပ်ပေးမည်ဟု ပြည်ထောင်စု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက မဲဆွယ်စည်းရုံးသွားသည်ဟု သိရသည်။

စက်တင်ဘာ ၂၈ ရက်နေ့ ဘောလခဲမြို့ ရေနီပေါက်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်တွင် ဒေသခံလူထုနှင့်တွေဆုံပွဲ ပြုလုပ်ကာ မဲဆွယ်ပြောဆိုသွားခြင်းဖြစ်သည်။

“သူကတော့ ရွေးကောက်ပွဲပြီးသွားရင် လုပ်ပေးမယ်လို့တော့ ပြောသွားတာပဲ သူနိုင်မနိုင်တော့မသိဘူး လုပ်ပေးနိုင်ရင်ကောင်းတာပေါ့။”ဟု ရေနီပေါက်ကျေးရွာ အုပ်ချူပ်ရေးမှူး ဦးလှတင်က ပြောသည်။

ရေနီပေါက်ကြိုးတံတား တည်ဆောက်မည့်နေရာသည် ပွန်ချောင်းအရှေ့ဖက်ကမ်းရှိ ရေနီပေါက်ကျေးရွာနှင့် ဘောလခဲမြို့သို့သွားရာလမ်းကို ဆက်သွယ်ပေးမည့် နေရာဖြစ်သည်။

ဦးစိုးသိန်း သည်မဲဆွယ် စည်းရုံကာလမတိုင်ခင်ကပင် ရေနီပေါက်ကျေးရွာသို့ ကျေးလက်ကျန်းမာရေး ဆေးခန်းပြန်လည်မွမ်းမံ ပြုပြင်ရန် ငွေသိန်း (၂၀) ၊ စကိုင်းနက် အလုံး(၄၀) နှင့် ဖိုက်ဘာခုံ အလုံး(၄၀) ပေးအပ်ခဲ့သည်။

ရေနီပေါက်ကျေးရွာနှင့် ချိကွဲကျေးရွာကို အမှတ်တံဆိပ်ပါ ဦးထုပ် အကျင်္ ီနှင့် လက်ကမ်းစာစောင်များကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံများမှတဆင့်ဝေခိုင်းခြင်းများ ပြုလုပ်ခိုင်းနေသည်ဟု မျက်မြင်သက်သေ ဒေသခံများကပြောသည်။

ချိကွဲ့ကျေးရွာ ဒီးကူပွဲ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ တွင် ဦးစိုးသိန်း တက်ရောက်ပြီး ငွေသုံးသိန်း ပေးအပ်လှူဒါန်းသွားသည်ဟုလည်း သိရသည်။
ရေနီပေါက်ကျေးရွာနှင့် ချိကွဲ့ကျေးရွာသည် ဦးစိုးသိန်းဝင်ပြိုင်မည့် အမျိုးသားလွတ်တော် မဲဆန္ဒနယ် အမှတ်(၉) တွင်ပါဝင်သော ကျေးရွာဖြစ်သည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလမတိုင်ခင် နှစ်လအလိုတွင် ဘောလခဲမြို့ နှင့် ရွာသစ်မြို့ သို့ မြို့နယ်ရေပေးဝေရေး ၊ဘောလုံပွဲကျင်းပပေးခြင်း ၊စာသင်ကျောင်းအတွက် စက်ဘီး ရပ်နားဆောင်များ အစည်းအဝေးခန်းမဆောင်များပြုပြင်ဆောက်လုပ်ပေးခြင်း ၊ကျောင်းဆရာ/မ များကို စကိုင်းနက်စလောင်းနှင့် ထောက်ပံငွေလှူဒါန်းခြင်း နှင့် ၄င်းဝင်ပြိုင်မည့် မဲဆန္ဒနယ်နယ်မြေရှိ ကျေးရွာများသို့ ဆိုလာမီးလင်းအိမ်များ နှင့် ငွေကြေးထောက်ပံ လှူဒါန်းမှုများ အများအပြား ပြုလုပ်ခဲ့သည်။

ကောမရှင်ထုတ်ပြန်ချက်အရ ဘောလခဲမြို့နယ်တစ်မြို့နယ်လုံးတွင် မဲဆန္ဒရှင်စာရင်း (၅၀၁၄)ဦး နှင့် ခမရ ၄၃၀ ၊ ခမရ ၄၂၉ ၊ ခမရ ၃၃၇ ၊ ဘောလခဲ စစ်ဗျူဟာ တပ်အားလုံးမဲစာဆန္ဒရှင်စာရင်းစုစုပေါင်း ၈၅၈ ဦး ရှိသည်ဟု သိရသည်။

စိုင်းလင်းလင်းဦး
Kantarawaddy Times
https://www.facebook.com/kantarawaddytimes

No comments:

Post a Comment