Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 21, 2015

ထုိင္း-ျမန္မာနယ္စပ္ေရာက္ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး မလြယ္ကူေသး

၁၉၉၈ ခုႏွစ္က တာ့ခ႐ိုင္ ကရင္ဒုကၡသည္စခန္းကို ျမန္မာစစ္တပ္က ၀င္ေရာက္တုိက္ခိုက္ၿပီးေနာက္ ျမင္ကြင္း။
 ျမန္မာအစိုးရနဲ႔ တိုင္းရင္းသားလက္နက္ကိုင္တခ်ိဳ႕ တႏိုင္ငံလံုး ပစ္ခတ္တိုက္ခတ္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထုိးၿပီး ရက္ပုိင္းအတြင္းမွာပဲ ထိုင္း-ျမန္မာနယ္စပ္တြင္ ႏွစ္ေပါင္းမ်ားစြာ ခိုလႈံေနၾကတဲ့ ဒုကၡသည္ေတြကုိ ေနရပ္ျပန္ပို႔ႏုိင္ေရးအတြက္ တာ့ခ႐ိုင္က တာ၀န္ရွိသူေတြက ေအာက္တိုဘာ ၂၀ ရက္ေန႔က ထုိင္း-ျမန္မာနယ္စပ္ကို ၾသစေၾတးလ် သံတမန္အဖဲြ႔ လာေရာက္ခ်ိန္မွာ ေဆြးေႏြးခဲ့ၾကပါတယ္။ ၾသစေၾတးလ်သံတမန္အဖြဲ႔မွာ  ျမန္မာႏိုင္ငံဆိုင္ရာ ၾသစေၾတးလ် ႏိုင္ငံသံအမတ္ႀကီး Nicholas Coppe နဲ႔ ထိုင္းႏိုင္ငံဆိုင္ရာ ၾသစေၾတးလ်ႏိုင္ငံ သံအမတ္ႀကီး Paul Robilliard အပါအ၀င္ အဖြဲ႔၀င္ ၈ ဦး ပါရိွၿပီး တာ့ခ႐ိုင္က ဒုခ႐ိုင္၀န္နဲ႔ ေတြ႔ဆံုေဆြးေႏြးခဲ့ပါတယ္။ အေသးစိတ္ကို မေအးေအးမာ က သတင္းေပးပို႔ထားပါတယ္။

ကရင္လက္နက္ကိုင္အဖဲြ႔ အႀကီးဆံုးျဖစ္တဲ့ KNU ကရင္အမ်ိဳးသားအစည္းအ႐ံုး အပါအ၀င္ ကရင္လက္နက္ကိုင္ ၃ ဖဲြ႔က ျမန္မာအစိုးရနဲ႔ တႏိုင္ငံလံုး ပစ္ခတ္တိုက္ခတ္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထုိးၿပီး ရက္ပုိင္းအတြင္းမွာပဲ ဒုကၡသည္ေတြ ေနရပ္ရင္းကို ျပန္ပို႔ႏိုင္ေရး ထုိင္းႏိုင္ငံဘက္က ေဆြးေႏြးစကား ေျပာဆုိမႈေတြ ျပန္လည္ စတင္လာတာပါ။

ေအာက္တုိဘာလ ၂၀ ရက္ေန႔က ၾသစေၾတးလ်က သံတမန္အဖဲြ႔ လာေရာက္ခိ်န္မွာ ထုိင္းႏိုင္ငံ တာ့ခ႐ိုင္က တာ၀န္ရွိသူက ေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။ ကရင္ဒုကၡသည္ေကာ္မတီနဲ႔ ေတြ႔ဆံုခ်ိန္မွာ ျပန္ပို႔ေရးကို မေဆြးေႏြးခဲ့ေပမဲ့ ျပန္ပို႔ဖို႔က အခ်ိ္န္ ၅ နွစ္ခန္႔ ယူရမယ္လို႔ KRC အေထြေထြ အအတြင္းေရးမွဴးခ်ဳပ္ ဆရာ ဘဲြ႔ေဆး က အခုလို ေျပာပါတယ္။

“လတ္တေလာ ျပန္ပို႔ဖို႔ဆုိတာ လံုး၀ မျဖစ္ႏုိင္ပါဘူး။ က်ေနာ္တုိ႔ ကရင္ဒုကၡသည္ေကာ္မတီေပါ့ေနာ္။ က်ေနာ္တုိ႔ကေတာ့ ဒီ လက္မွတ္ထုိးၿပီးတဲ့ ေနာက္ပိုင္းမွာဆုိရင္ေတာ့ ျပန္လည္ၿပီး ေနရာခ်ထားဖို႔အတြက္ ျပင္ဆင္မႈအေနနဲ႔ကေတာ့ ရွိတယ္ေလ။ ျပင္ဆင္မႈအေနနဲ႔က က်ေနာ္တုိ႔ အနည္းဆံုး အခ်ိန္ ၄ ႏွစ္နဲ႔ ၅ ႏွစ္ ယူၿပီးမွ ျပန္ပို႔ဖို႔ကိစၥကို က်ေနာ္တုိ႔ လုပ္ႏုိင္မွာျဖစ္တယ္။ အေယာက္ ၂၀ ေလာက္ေပါ့ေနာ္။ ဒါေပမဲ့ က်ေနာ္တုိ႔က ျပင္ဆင္စရာ၊ လုပ္စရာေတြ အမ်ားႀကီးရွိတယ္။ ဒါကိုလုပ္ဖို႔အတြက္ က်ေနာ္တုိ႔လည္းပဲ ေကာ္မတီေတြ ဘာေတြ ဖြဲ႔ၿပီးေတာ့ ဟိုဘက္ အတြင္းထဲက ေကာ္မတီေတြနဲ႔ က်ေနာ္တုိ႔ ပူးေပါင္းၿပီးေတာ့ လုပ္ေဆာင္တဲ့အရာေတြ အမ်ားႀကီး ရွိေသးတယ္ေလ။”

ဒုကၡသည္ေတြကေတာ့ အစိုးရနဲ႔ ကရင္လက္နက္ကိုင္ေတြအၾကား ႏိုင္ငံေရးအရ မူေဘာင္သတ္မွတ္ခ်က္ မရွိေသးဘဲဆိုရင္ ေနရပ္ရင္းျပန္ဖို႔ ခက္ခဲေနဆဲပဲလို႔ အုန္းဖ်န္စခန္းေကာ္မတီက တာ၀န္ရွိသူတဦးကလည္း အခုလို ဆိုပါတယ္။

“က်ေနာ့္အျမင္ကေတာ့ အခု ေလာေလာဆယ္ဟာ ႏုိင္ငံေရးမူေဘာင္ေတြ ဘာေတြ ဘာမွ မသြားေသးပဲဟာ။ အခုတေလာ က်ေနာ္တို႔ ဆံုးျဖတ္ခ်က္တခုေတာ့ ျပန္ဖုိ႔အတြက္ ဆံုးျဖတ္ခ်က္ကေတာ့ မျဖစ္ႏုိင္ေသးလို႔ေတာ့ က်ေနာ္ ျမင္တာပဲေလ။ က်ေနာ္တို႔ ကရင္ေတြကို မတရားအသင္းကေန ပယ္ဖ်က္လုိက္တဲ့အတြက္ေၾကာင့္ ကရင္လူထုေတြ အားလံုးကေတာ့ ၀မ္းသာေတာ့ ၀မ္းသာလိမ့္မယ္လို႔ က်ေနာ္ ထင္ပါတယ္။”

ထူးျခားခ်က္ကေတာ့ ကရင္လက္နက္ကိုင္အဖဲြ႔ျဖစ္တဲ့ KNU နဲ႔ သေဘာတူလက္မွတ္ ေရးထုိးတဲ့အခါမွာ တရားမ၀င္ အသင္းအဖဲြ႔ကေန ပယ္ဖ်က္ေပးတာ အၾကမ္းဖက္အဖဲြ႔အျဖစ္ကေန ပယ္ဖ်က္ေပးတာေတြ ရွိေနတဲ့အတြက္ သတင္းေကာင္းျဖစ္ေပမဲ့ ဒါေတြဟာ ဒုကၡသည္ေတြအတြက္ကေတာ့ မရွင္းလင္းတဲ့ အေျခအေနမွာ ရွိေနေသးတယ္လို႔ ဒုကၡသည္ေတြက ႐ႈျမင္ေနတာပါ။

“ဒုကၡသည္စခန္းအေနနဲ႔က သူတုိ႔အတြက္ကေတာ့ အဲဒါလည္း မရွင္းမရွင္း ျဖစ္ေနတယ္ေလ။ က်ေနာ္ကေတာ့ အဲ့လိုပဲ ခံယူတယ္။ က်ေနာ္က တုိင္းတပါးမွာေရာက္ေနတယ္ဆုိေတာ့ သမၼတႀကီးရဲ႕ NCA ထုိးတဲ့အခ်ိန္မွာ အဖြင့္မိန္႔ခြန္းမွာလည္းပဲ တုိင္းတပါး ဒုကၡသည္တို႔၊ ထုိင္းႏုိင္ငံေရာက္တဲ့ ဒုကၡသည္တို႔ ဆုိၿပီး အသံုးအႏႈန္းလည္း သူ သံုးတာ မပါေသးဘူး။ သူ သံုးတာကေတာ့ IDP အဆင့္ေလာက္ပဲ ပါတာကို က်ေနာ္ကေတာ့ အဲဒီလိုပဲ ျမင္ရၾကားရေသးတယ္။”

ထိုင္းႏိုင္ငံ တာ့ခ႐ိုင္တာ၀န႐ွိသူေတြကေတာ့ ထုိင္းႏိုင္ငံအတြက္ ၀န္ထုပ္၀န္ပုိး ျဖစ္ေနတဲ့ ဒုကၡသည္ေတြကိစၥေတြကို ၾသစေၾတးလ်သံတမန္ေတြကုိ ရွင္းျပခဲ့ပါတယ္။ ၾသစေၾတးလ်သံတမန္အဖြဲ႔မွာ ျမန္မာႏိုင္ငံဆိုင္ရာ ၾသစေၾတးလ်ႏိုင္ငံ သံအမတ္ႀကီးနဲ႔ ထိုင္းႏိုင္ငံဆိုင္ရာ ၾသစေၾတးလ်ႏိုင္ငံ သံအမတ္ႀကီး အပါအ၀င္ အဖြဲ႔၀င္ ၈ ဦး ပါ၀င္ပါတယ္။ ေဆြးေႏြးပြဲအၿပီးတြင္ ၾသစေၾတးလ် သံအမတ္ႀကီး ႏွစ္ဦးက လက္ရိွ ျမန္မာႏိုင္ငံရဲ ့ အေနအထားမ်ားအရ ျမန္မာဒုကၡသည္မ်ား ေနရပ္ျပန္သင့္ၿပီဟု သတင္းေထာက္မ်ားကို ေျပာဆိုခဲ့ပါတယ္။ ၾသစေၾတးလ်ႏုိင္ငံဟာ ဒုကၡသည္ေတြကို ကူညီေနတဲ့ ႏုိင္ငံျဖစ္ၿပီး ထုိင္းနယ္စပ္က ဒုကၡသည္ေတြကုိလည္း လက္ရွိ ခိုလံႈခြင့္ေပးထားတဲ့ ႏုိင္ငံလည္း ျဖစ္ပါတယ္။

ၾသစေၾတးလ်သံတမန္အဖဲြ႔ဟာ တာ့ခ႐ိုင္ထဲက ဒုကၡသည္စခန္းတခုျဖစ္တဲ့ အုန္းဖ်န္စခန္းသို႔ ေအာက္တိုဘာလ ၂၁ ရက္ေန႔မွာ သြားေရာက္ေလ့လာမွာ ျဖစ္ပါတယ္။ ထုိင္း-ျမန္မာနယ္စပ္မွာ စခန္း ၉ ခု ရွိၿပီး ဒုကၡသည္ ၁ သိန္းခဲြခန္႔ ခိုလံႈေနထုိင္ေနပါတယ္။ ဒီအထဲမွာ ကရင္ဒုကၡသည္စခန္း ၇ ခုရွိပါတယ္။ အခုအခါ ကရင္လက္နက္ကိုင္ေတြ ျမန္မာအစိုးရနဲ႔ NCA လက္မွတ္ေရးထုိ္းၿပီး ျဖစ္တဲ့အတြက္ ဒုကၡသည္ေတြ ေနရပ္ရင္း ျပန္ႏိုင္ေရးကိစၥဟာ ျပန္လည္ လုပ္ေဆာင္လာတာလည္း ျဖစ္ပါတယ္ရွင္။

မေအးေအးမာ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
................................

၁၉၉၈ ခုနှစ်က တာ့ခရိုင် ကရင်ဒုက္ခသည်စခန်းကို မြန်မာစစ်တပ်က ၀င်ရောက်တိုက်ခိုက်ပြီးနောက် မြင်ကွင်း။
 မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး ရက်ပိုင်းအတွင်းမှာပဲ ထိုင်း-မြန်မာနယ်စပ်တွင် နှစ်ပေါင်းများစွာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့နိုင်ရေးအတွက် တာ့ခရိုင်က တာဝန်ရှိသူတွေက အောက်တိုဘာ ၂၀ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်ကို သြစတြေးလျ သံတမန်အဖွဲ့ လာရောက်ချိန်မှာ ဆွေးနွေးခဲ့ကြပါတယ်။ သြစတြေးလျသံတမန်အဖွဲ့မှာ  မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ နိုင်ငံသံအမတ်ကြီး Nicholas Coppe နဲ့ ထိုင်းနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး Paul Robilliard အပါအဝင် အဖွဲ့ဝင် ၈ ဦး ပါရှိပြီး တာ့ခရိုင်က ဒုခရိုင်ဝန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အသေးစိတ်ကို မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့ အကြီးဆုံးဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး အပါအဝင် ကရင်လက်နက်ကိုင် ၃ ဖွဲ့က မြန်မာအစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး ရက်ပိုင်းအတွင်းမှာပဲ ဒုက္ခသည်တွေ နေရပ်ရင်းကို ပြန်ပို့နိုင်ရေး ထိုင်းနိုင်ငံဘက်က ဆွေးနွေးစကား ပြောဆိုမှုတွေ ပြန်လည် စတင်လာတာပါ။

အောက်တိုဘာလ ၂၀ ရက်နေ့က သြစတြေးလျက သံတမန်အဖွဲ့ လာရောက်ချိန်မှာ ထိုင်းနိုင်ငံ တာ့ခရိုင်က တာဝန်ရှိသူက ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ကရင်ဒုက္ခသည်ကော်မတီနဲ့ တွေ့ဆုံချိန်မှာ ပြန်ပို့ရေးကို မဆွေးနွေးခဲ့ပေမဲ့ ပြန်ပို့ဖို့က အချိ်န် ၅ နှစ်ခန့် ယူရမယ်လို့ KRC အထွေထွေ အအတွင်းရေးမှူးချုပ် ဆရာ ဘွဲ့ဆေး က အခုလို ပြောပါတယ်။

“လတ်တလော ပြန်ပို့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ ကရင်ဒုက္ခသည်ကော်မတီပေါ့နော်။ ကျနော်တို့ကတော့ ဒီ လက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်းမှာဆိုရင်တော့ ပြန်လည်ပြီး နေရာချထားဖို့အတွက် ပြင်ဆင်မှုအနေနဲ့ကတော့ ရှိတယ်လေ။ ပြင်ဆင်မှုအနေနဲ့က ကျနော်တို့ အနည်းဆုံး အချိန် ၄ နှစ်နဲ့ ၅ နှစ် ယူပြီးမှ ပြန်ပို့ဖို့ကိစ္စကို ကျနော်တို့ လုပ်နိုင်မှာဖြစ်တယ်။ အယောက် ၂၀ လောက်ပေါ့နော်။ ဒါပေမဲ့ ကျနော်တို့က ပြင်ဆင်စရာ၊ လုပ်စရာတွေ အများကြီးရှိတယ်။ ဒါကိုလုပ်ဖို့အတွက် ကျနော်တို့လည်းပဲ ကော်မတီတွေ ဘာတွေ ဖွဲ့ပြီးတော့ ဟိုဘက် အတွင်းထဲက ကော်မတီတွေနဲ့ ကျနော်တို့ ပူးပေါင်းပြီးတော့ လုပ်ဆောင်တဲ့အရာတွေ အများကြီး ရှိသေးတယ်လေ။”

ဒုက္ခသည်တွေကတော့ အစိုးရနဲ့ ကရင်လက်နက်ကိုင်တွေအကြား နိုင်ငံရေးအရ မူဘောင်သတ်မှတ်ချက် မရှိသေးဘဲဆိုရင် နေရပ်ရင်းပြန်ဖို့ ခက်ခဲနေဆဲပဲလို့ အုန်းဖျန်စခန်းကော်မတီက တာဝန်ရှိသူတဦးကလည်း အခုလို ဆိုပါတယ်။

“ကျနော့်အမြင်ကတော့ အခု လောလောဆယ်ဟာ နိုင်ငံရေးမူဘောင်တွေ ဘာတွေ ဘာမှ မသွားသေးပဲဟာ။ အခုတလော ကျနော်တို့ ဆုံးဖြတ်ချက်တခုတော့ ပြန်ဖို့အတွက် ဆုံးဖြတ်ချက်ကတော့ မဖြစ်နိုင်သေးလို့တော့ ကျနော် မြင်တာပဲလေ။ ကျနော်တို့ ကရင်တွေကို မတရားအသင်းကနေ ပယ်ဖျက်လိုက်တဲ့အတွက်ကြောင့် ကရင်လူထုတွေ အားလုံးကတော့ ၀မ်းသာတော့ ၀မ်းသာလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။”

ထူးခြားချက်ကတော့ ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KNU နဲ့ သဘောတူလက်မှတ် ရေးထိုးတဲ့အခါမှာ တရားမဝင် အသင်းအဖွဲ့ကနေ ပယ်ဖျက်ပေးတာ အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက်ပေးတာတွေ ရှိနေတဲ့အတွက် သတင်းကောင်းဖြစ်ပေမဲ့ ဒါတွေဟာ ဒုက္ခသည်တွေအတွက်ကတော့ မရှင်းလင်းတဲ့ အခြေအနေမှာ ရှိနေသေးတယ်လို့ ဒုက္ခသည်တွေက ရှုမြင်နေတာပါ။

“ဒုက္ခသည်စခန်းအနေနဲ့က သူတို့အတွက်ကတော့ အဲဒါလည်း မရှင်းမရှင်း ဖြစ်နေတယ်လေ။ ကျနော်ကတော့ အဲ့လိုပဲ ခံယူတယ်။ ကျနော်က တိုင်းတပါးမှာရောက်နေတယ်ဆိုတော့ သမ္မတကြီးရဲ့ NCA ထိုးတဲ့အချိန်မှာ အဖွင့်မိန့်ခွန်းမှာလည်းပဲ တိုင်းတပါး ဒုက္ခသည်တို့၊ ထိုင်းနိုင်ငံရောက်တဲ့ ဒုက္ခသည်တို့ ဆိုပြီး အသုံးအနှုန်းလည်း သူ သုံးတာ မပါသေးဘူး။ သူ သုံးတာကတော့ IDP အဆင့်လောက်ပဲ ပါတာကို ကျနော်ကတော့ အဲဒီလိုပဲ မြင်ရကြားရသေးတယ်။”

ထိုင်းနိုင်ငံ တာ့ခရိုင်တာဝနရှိသူတွေကတော့ ထိုင်းနိုင်ငံအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်နေတဲ့ ဒုက္ခသည်တွေကိစ္စတွေကို သြစတြေးလျသံတမန်တွေကို ရှင်းပြခဲ့ပါတယ်။ သြစတြေးလျသံတမန်အဖွဲ့မှာ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးနဲ့ ထိုင်းနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး အပါအဝင် အဖွဲ့ဝင် ၈ ဦး ပါ၀င်ပါတယ်။ ဆွေးနွေးပွဲအပြီးတွင် သြစတြေးလျ သံအမတ်ကြီး နှစ်ဦးက လက်ရှိ မြန်မာနိုင်ငံရဲ ့ အနေအထားများအရ မြန်မာဒုက္ခသည်များ နေရပ်ပြန်သင့်ပြီဟု သတင်းထောက်များကို ပြောဆိုခဲ့ပါတယ်။ သြစတြေးလျနိုင်ငံဟာ ဒုက္ခသည်တွေကို ကူညီနေတဲ့ နိုင်ငံဖြစ်ပြီး ထိုင်းနယ်စပ်က ဒုက္ခသည်တွေကိုလည်း လက်ရှိ ခိုလှုံခွင့်ပေးထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

သြစတြေးလျသံတမန်အဖွဲ့ဟာ တာ့ခရိုင်ထဲက ဒုက္ခသည်စခန်းတခုဖြစ်တဲ့ အုန်းဖျန်စခန်းသို့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ စခန်း ၉ ခု ရှိပြီး ဒုက္ခသည် ၁ သိန်းခွဲခန့် ခိုလှုံနေထိုင်နေပါတယ်။ ဒီအထဲမှာ ကရင်ဒုက္ခသည်စခန်း ရ ခုရှိပါတယ်။ အခုအခါ ကရင်လက်နက်ကိုင်တွေ မြန်မာအစိုးရနဲ့ NCA လက်မှတ်ရေးထို်းပြီး ဖြစ်တဲ့အတွက် ဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင်ရေးကိစ္စဟာ ပြန်လည် လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်ရှင်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment