Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, October 18, 2015
................................................
ဘိသိက်မြှောက်သွားနေရလို့ အနုပညာအလုပ်တွေ နည်းသွားတဲ့ မိုးဒီ
Byဇွဲဉာဏ်
ဘိသိက်ပြိုင်ဇာတ်ကား ထွက်ရှိပြီးကတည်းက ဘိသိက် မြှောက်ရန် ငှားရမ်းမှု များလာသ ဖြင့် အနုပညာလှုပ်ရှားမှုများကို ယခင်လောက် ခပ်စိပ်စိပ်မလုပ် ဖြစ်တော့ကြောင်း မိုးဒီကပြော သည်။
‘‘ဘိသိက်ပြိုင်ဇာတ်ကား ထွက်ပြီးကတည်းက ဘိသိက်ငှား ကြတယ််။ ဒါပေမဲ့ ကျွန်တော်က ဘိသိက်မလုပ်တတ်ပါဘူးပြော တော့ငှားတဲ့လူက မလုပ်တတ် လည်းလာဗျာ၊ လုပ်တတ်တဲ့သူငှား ထားမယ်။ ခင်ဗျားက အဝတ်အ စားဝတ်ပြီး ဘေးမှာထိုင်နေ ကျေ နပ်တယ်ဆိုတော့ သူတို့ကျေနပ် အောင်သွားရတယ်။ ဒါပေမဲ့လည်း မလုပ်တတ်ဘူးဆိုပြီး ငုတ်တုတ် ထိုင်နေလို့ မဖြစ်ဘူးလေ။ အဲဒီ တော့ စာတွေဖတ်ရ၊စာတွေကျက် ရတယ်။ တတ်သမျှ မှတ်သမျှ တော့ လုပ်ရတာပေါ့’’ဟု မိုးဒီက ပြောသည်။
မန္တလေးအနီးဝန်းကျင်နှင့် ပြင်ဦးလွင် ၀န်းကျင်ဒေသများသို့ သွားရောက်ဖြစ်ပြီး ဝေးလံသော ဒေသများကိုမူ     ကျန်းမာရေး ကြောင့် မလိုက်ဖြစ်ဟုဆိုသည်။
‘‘ကျွန်တော်ရောက်တဲ့နေရာ တိုင်း ပရိသတ်တွေကတော့ အား ပေးတယ်။ အားပေးတယ်ဆိုတာ ကလည်း ရုပ်ရှင်ထဲကလူကြီး မ မြင်ဖူးတော့ကြည့်တယ်။ ဘိသိက် က ထိုင်နားထောင်ရုံသက်သက် ပဲ။ ဆုံးမတာ၊ သီချင်းဆိုတာကို ကျွန်တော်က ရယ်စရာတွေပြော ပေးတော့ အားပေးတဲ့လူများပါ တယ်’’ဟု မိုးဒီကပြောသည်။
အနုပညာလှုပ်ရှားမှုအနေ ဖြင့် ရုပ်ရှင်ဇာတ်ကားများတွင် ပါ ၀င်သရုပ်ဆောင်ဖြစ်ပြီး ယခုရက် ပိုင်းအတွင်း စနှိုးဝှိုက်ထုတ်လုပ် ရေးမှ ရိုက်ကူးသည့် ဥုံဖွရုပ်ရှင် ဇာတ်ကား၌ သရုပ်ဆောင်နေ ကြောင်း မိုးဒီကပြောသည်။
‘‘အဲဒီဇာတ်လမ်းမှာ အမတ် ဖြစ်ချင်တဲ့သူ အမတ်လောင်းအ နေနဲ့ သရုပ်ဆောင်မှာပါ။ ခေတ်နဲ့ အညီပေါ့။ ဟာသလေးပါပဲ’’ဟု လက်ရှိရိုက်ကူးနေသည့် ဇာတ် ကားအကြောင်းပြောသည်။
http://7daydaily.com/story/48907
No comments:
Post a Comment