Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 8, 2015

တာခ်ီလိတ္၌ လူသတ္ၿပီး ေနအိမ္မီးရႈိ႕မႈ ျဖစ္ပြားရာ လူ(၃)ဦး ေသဆံုး


 ၂၀၁၅ခုႏွစ္ ေအာက္တိုဘာလ (၈)ေန႔ ည(၉)နာရီခြဲအခ်ိန္ ၀န္းက်င္တြင္ တာခ်ီလိတ္၌ မိုးရြာသြန္းေနစဥ္ အတြင္း မီးေလာင္မႈတစ္ခု ျဖစ္ပြားရာ၊ အဆိုပါ မီးေလာင္မႈ၏ ေနာက္ကြယ္တြင္ တာခ်ီလိတ္ေဒသခံမ်ား တုန္လႈပ္ေျခာက္ျခား ထိတ္လန္႔ေစခဲ့သည့္ သံုးေလာင္းၿပိဳင္ လူသတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။


 အခင္းျဖစ္ပြားရာ ေနအိမ္သည္ တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္၊ ပိေတာက္(၉)လမ္းသြယ္ရွိ ေနအိမ္အမွတ္ (၉၂)တြင္ျဖစ္ၿပီး ေနအိမ္အတြင္း၌  အသက္(၅၁)ႏွစ္ရွိ မအားညႊန္႔၏ အိပ္ခန္းအတြင္း၌ ကုတင္ႏွင့္ ေမြ႕ယာ အျပင္ မ်က္ႏွာက်က္မ်ား မီးေလာင္ကြ်မ္းခဲ့ၿပီး ကုတင္ေပၚတြင္ အသက္(၃၉)ႏွစ္ရွိ စိုင္းတစ္သည္ ပက္လက္ အေနအထားျဖင့္ မီးေလာင္ကြ်မ္းကာ ေသဆံုးေနၿပီး၊ မအားညႊန္႔မွာ ကုတင္ေျခရင္းတြင္ မီးေလာင္ကြ်မ္းၿပီး ေမွာက္လ်က္ ေသဆံုးေနသည္ကို ေတြ႕ရွိရေၾကာင္းႏွင့္ ေသဆံုးသူ စိုင္းတစ္၏ ဦးေခါင္းအနီး မီးေလာင္ထားသည့္ ကုတင္ေပၚမွ မီးေလာင္ကြ်မ္းထားသည့္ အရိုးအသြား (၁၂)လက္မခန္႔ရွိ ဓါးဦးခြ်န္(၁)ေခ်ာင္းအား ေတြ႕ရွိရေၾကာင္း ရဲတပ္ဖြဲ႔၏ စစ္ေဆးခ်က္အရ သိရသည္။



 ဆက္လက္၍ အသက္(၈၆)ႏွစ္ရွိ ေဒၚအားဆု အခန္းအတြင္းရွိ ကုတင္ေပၚတြင္ ေဒၚအားဆု၏ လည္ပင္း ၀ဲဘက္ေဘးတြင္ (၄)လက္မခန္႔ ျပတ္ရွဒဏ္ရာ (၁)ခုရရွိကာ ေမွာက္လ်က္အေနအထားေတြ႕ရွိရၿပီး အခန္းအတြင္း၌ ဓါတ္ဆီထည့္သည့္ ပလပ္စတစ္ဗူး ခြံ(၁)ဗူးအား ေတြ႕ရွိရသျဖင့္ ေဒၚအားဆုအား ေဆးရံုသို႔ ပို႔ေဆာင္ရာ ေဆးရံုအေရာက္တြင္ ကြယ္လြန္သြားသည့္အတြက္ လူသတ္ၿပီး ေနအိမ္မီးရႈိ႕သြားသူအား စံုစမ္းေဖာ္ထုတ္ အေရးႏိုင္ရန္ အတြက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၁၂/၂၀၁၅၊ ျပစ္မႈပုဒ္မ ၃၀၂/၄၃၆ ျဖင့္ အမႈဖြင့္လွစ္ထားရွိေၾကာင္း တာခ်ီလိတ္ၿမို႕ရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးေက်ာ္သန္း ထံမွ သိရသည္။


 "အခန္းထဲမွာ ေပါက္ကြဲသံလိုမ်ဳိး အသံတခ်က္ၾကားလိုက္ေသးတယ္၊ သိပ္မၾကာဘူး၊ မီးခိုေတြ ထြက္လာလို႔ ၀ိုင္းၿပီး ၿငိမ္းၾကတဲ့အခါ ၿခံတံခါးကို ေသာ့ခေလာက္ခတ္ထားလို႔ရိုက္ဖ်က္ၿပီး ၀င္ရတယ္.."ဟု မီးအား၀ိုင္း၀န္းၿငႇိမ္းသတ္ၾကသည့္ အိမ္နီးခ်င္းတစ္ဦးမွ ေျပာျပသည္။

Tachileik News Agency
https://www.facebook.com/TachileikNews
...............................

 ၂၀၁၅ခုနှစ် အောက်တိုဘာလ (၈)နေ့ ည(၉)နာရီခွဲအချိန် ၀န်းကျင်တွင် တာချီလိတ်၌ မိုးရွာသွန်းနေစဉ် အတွင်း မီးလောင်မှုတစ်ခု ဖြစ်ပွားရာ၊ အဆိုပါ မီးလောင်မှု၏ နောက်ကွယ်တွင် တာချီလိတ်ဒေသခံများ တုန်လှုပ်ခြောက်ခြား ထိတ်လန့်စေခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။



 အခင်းဖြစ်ပွားရာ နေအိမ်သည် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ပိတောက်(၉)လမ်းသွယ်ရှိ နေအိမ်အမှတ် (၉၂)တွင်ဖြစ်ပြီး နေအိမ်အတွင်း၌  အသက်(၅၁)နှစ်ရှိ မအားညွှန့်၏ အိပ်ခန်းအတွင်း၌ ကုတင်နှင့် မွေ့ယာ အပြင် မျက်နှာကျက်များ မီးလောင်ကျွမ်းခဲ့ပြီး ကုတင်ပေါ်တွင် အသက်(၃၉)နှစ်ရှိ စိုင်းတစ်သည် ပက်လက် အနေအထားဖြင့် မီးလောင်ကျွမ်းကာ သေဆုံးနေပြီး၊ မအားညွှန့်မှာ ကုတင်ခြေရင်းတွင် မီးလောင်ကျွမ်းပြီး မှောက်လျက် သေဆုံးနေသည်ကို တွေ့ရှိရကြောင်းနှင့် သေဆုံးသူ စိုင်းတစ်၏ ဦးခေါင်းအနီး မီးလောင်ထားသည့် ကုတင်ပေါ်မှ မီးလောင်ကျွမ်းထားသည့် အရိုးအသွား (၁၂)လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်းအား တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။





 ဆက်လက်၍ အသက်(၈၆)နှစ်ရှိ ဒေါ်အားဆု အခန်းအတွင်းရှိ ကုတင်ပေါ်တွင် ဒေါ်အားဆု၏ လည်ပင်း ၀ဲဘက်ဘေးတွင် (၄)လက်မခန့် ပြတ်ရှဒဏ်ရာ (၁)ခုရရှိကာ မှောက်လျက်အနေအထားတွေ့ရှိရပြီး အခန်းအတွင်း၌ ဓါတ်ဆီထည့်သည့် ပလပ်စတစ်ဗူး ခွံ(၁)ဗူးအား တွေ့ရှိရသဖြင့် ဒေါ်အားဆုအား ဆေးရုံသို့ ပို့ဆောင်ရာ ဆေးရုံအရောက်တွင် ကွယ်လွန်သွားသည့်အတွက် လူသတ်ပြီး နေအိမ်မီးရှို့သွားသူအား စုံစမ်းဖော်ထုတ် အရေးနိုင်ရန် အတွက် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၁၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂/၄၃၆ ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း တာချီလိတ်မြို့ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်း ထံမှ သိရသည်။



 "အခန်းထဲမှာ ပေါက်ကွဲသံလိုမျိုး အသံတချက်ကြားလိုက်သေးတယ်၊ သိပ်မကြာဘူး၊ မီးခိုတွေ ထွက်လာလို့ ၀ိုင်းပြီး ငြိမ်းကြတဲ့အခါ ခြံတံခါးကို သော့ခလောက်ခတ်ထားလို့ရိုက်ဖျက်ပြီး ၀င်ရတယ်.."ဟု မီးအားဝိုင်းဝန်းငြှိမ်းသတ်ကြသည့် အိမ်နီးချင်းတစ်ဦးမှ ပြောပြသည်။

Tachileik News Agency
https://www.facebook.com/TachileikNews

No comments:

Post a Comment