Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 22, 2015

ထိုင္းေက်ာင္းသူ အသတ္ခံရမႈ သံသယျဖင့္ ျမန္မာေလွလုပ္သား ၂ ဦး ဖမ္းဆီးခံရ

ထိုင္းႏိုင္ငံေတာင္ပိုင္း ရေနာင္းခ႐ုိင္ ရေနာင္းၿမိဳ႕က အထက္တန္းေက်ာင္း သူတဦး အသတ္ခံရတာနဲ႔ပတ္သက္ၿပီး ျမန္မာ ေလွလုပ္သား ၂ ဦးကို ေအာက္တိုဘာ ၂၀ ရက္ေန႔က ဖမ္းဆီးလိုက္တယ္လို႔ သေနးရွင္း ထိုင္းသတင္းမွာ ေဖာ္ျပပါတယ္။
အသက္ ၁၉ ႏွစ္အရြယ္ ေဇာ္ရဲ နဲ႔ မိုးဇင္ေအာင္တို႔ ၂ ဦးဟာ လူသတ္မႈျဖစ္ၿပီး တဲ့ေနာက္ ရေနာင္းကေန ေပ်ာက္ကြယ္သြားတယ္လို႔ ဆုိပါတယ္။
အထူးစံုစမ္း စစ္ေဆးေရးရဲတပ္ဖြဲ႔က ေျခရာခံလိုက္ရာမွ ထိုင္းေတာင္ပိုင္း ဖန္ငခ႐ုိင္က ငါးဖမ္းေလွေပၚမွာ ၀င္ေရာက္လုပ္ကိုင္ေနတယ္လုိ႔ သိရေၾကာင္း၊ ေအာက္တိုဘာ ၂၀ ရက္ေန႔က ဖန္ငခ႐ုိင္ ခုရဘူရီၿမိဳ႕ မွာ ေလွကမ္းကပ္လာစဥ္ ၀င္ေရာက္ဖမ္းဆီးခဲ့တာလို႔ ရေနာင္းခ႐ုိင္ရဲမွဴး နာ့လင္းပုတ္ဆယ ၀ိထယားက သတင္းေထာက္ေတြကို ေျပာပါတယ္။
ဒီမတိုင္ခင္က လူသတ္မႈျဖစ္တဲ့ ရပ္ကြက္ထဲက ထိုင္းေဆာက္လုပ္ေရး အလုပ္သမားတဦးကိုလည္း ဖမ္းဆီးစစ္ေဆးခဲ့ေၾကာင္း၊ ဒါေပမယ့္ေသဆံုးသူ မိန္းကေလးရဲ႕ လက္သည္းခြံထဲမွာ ေတြ႔ရွိတဲ့ လူသတ္သမားရဲ႕ ဒီအန္ေအ နဲ႔ တိုက္ဆိုင္စစ္ေဆးရာမွာ မတူတဲ့အတြက္ ျပန္လႊတ္ေပး ခဲ့တယ္လို႔ ဆိုပါတယ္။
ဒီလူသတ္မႈမွာ ျမန္မာအလုပ္သမား ၂ ဦးအျပင္ ေနာက္ထပ္ မသကၤာဘြယ္ ထိုင္းလူမ်ိဳးတဦးလည္း ရွိေသးတယ္လို႔ ရဲတပ္ဖြဲ႔က ေျပာပါတယ္။
ရေနာင္းၿမိဳ႕ ဘန္လင္းရပ္ကြက္မွာ ေနထိုင္သူ အသက္ ၁၈ ႏွစ္ရြယ္ နန္းေဆာင္ ေအာလ၀ီ ဖမ္ေဖာ၀္းေထာင္း ေခၚ အက္ပ္ပဲလ္ဟာ ၿပီးခဲ့တဲ့စက္တင္ဘာ ၂၈ ရက္ေန႔က တဦးတည္းလမ္းေလွ်ာက္ၿပီး သူငယ္ခ်င္းဆီကို အလည္သြားစဥ္ ရပ္ကြက္ဘုန္းႀကီးေက်ာင္းအနီး လမ္းၾကားမွာ ဒဏ္ရာေပါင္း ၁၇ ခုနဲ႔ ေသဆံုးသြားခဲ့တာျဖစ္ပါတယ္။
အနီးနားရွိေစာင့္ၾကည့္ကင္မရာမွာ စစ္ေဆးခ်က္အရ အက္ပ္ပဲလ္ဟာ မေသဆံုးခင္က တစံုတဦးနဲ႔ ျပႆ နာျဖစ္ခဲ့ဟန္ရွိၿပီး သူ႔ရဲ႕ လက္ကိုင္ဖံုးထဲမွာ သူ႔နာမည္ကို တစံုတေယာက္က ေခၚလိုက္တဲ့အသံၾကားရေၾကာင္း၊ ဒါ့အျပင္ ေပါင္းမိုးပါ ေမာ္ေတာ္ဆိုင္ ကယ္တစီး ျဖတ္သန္းၿပီး အနီးက လမ္းၾကားထဲမွာ ပုန္းခိုေနတဲ့ လူရိပ္ ၂ ခုကိုပါေတြ႔ရေၾကာင္း၊ မေန႔က ဖမ္းမိတဲ့ ျမန္မာလူငယ္ ၂ ဦးဟာ လူသတ္မႈျဖစ္ပြားတဲ့ ေနရာအနီးမွာ အရက္ထိုင္ေသာက္ခဲ့ေၾကာင္း၊ အဲဒီေနာက္ ရေနာင္းကေန ေပ်ာက္ကြယ္ သြားတာလို႔ ဆိုပါတယ္။
သံသယနဲ႔ ဖမ္းထားတဲ့ ျမန္မာလူငယ္ ၂ ဦးရဲ႕ ဒီအန္ေအမ်ိဳးဗီဇေတြပါ စစ္ေဆးဦးမယ္လို႔ ရေနာင္းရဲဌာန စခန္းမွဴးက သတင္းေထာက္ေတြ ကို ေျပာသြားပါတယ္။
ဒီအမႈနဲ႔ ပတ္သက္ၿပီး kanomjeeb ထိုင္းသတင္းမွာေတာ့ ဖမ္းဆီးရမိတဲ့ မသကၤာသူ လူရြယ္ ၂ ဦးအနက္တဦးက လူသတ္မႈ က်ူးလြန္ေၾကာင္း ၀န္ခံခဲ့တယ္လို႔ ဆိုပါတယ္။
ေသဆံုးသူမိန္းကေလးဟာ သူတို႔ကို ၾကမ္းတမ္းစြာ ဆဲဆိုတဲ့အတြက္ မခံမရပ္ႏိုင္ျဖစ္ၿပီး ေနာက္ကလိုက္လာကာ ဓားနဲ႔ ထိုးသတ္ခဲ့တယ္လို႔ ၀န္ခံခဲ့ေၾကာင္း သတင္းမွာ ေဖာ္ျပပါတယ္။
ဓာတ္ပံု ကရက္ဒစ္... ကိုသားေက်ာ္ နွင္႔ ကိုမင္းဦး





ဒုတိယ လိပ္ကၽြန္း အမွဳ လုိမ်ိဳး မျဖစ္လုိပါ၍ ရေနာင္းသားတို႔ ၀ုိင္း၀န္း ၾကပါ။
-------------------------------------------------------------------------------
မူရင္းသတင္းကို အားလံုး သိျပီးသား ျဖစ္လုိ႔ အက်ဥ္းခ်ံဳး ပဲ ေျပာပါမည္။
ထိုင္းေတာင္ပိုငး္ ရေနာင္းက အထက္တန္း ေက်ာင္းသူ ထုိင္း ျမန္မာ စပ္ မအဲပဲ စက္တင္ဘာ ၂၈ ရက္မွာ ဓားဒါဏ္ရာ ၁၇ ခ်က္ နဲ႔ ေသဆံုးခဲ႔တယ္။
ေအာက္တိုဘက္ ၂၀မွာ ေဇာ္ရဲနဲ႔ မိုးဇင္ ေအာင္ တုိ႔ကို ဖမ္းလုိက္ပါတယ္။
သူတုိ႔ ၂ ဦးဟာ ညီ အကိုအရင္းေတြ ျဖစ္သလို အသက္က သတင္းမွာ ေဖာ္ျပထား သလို
၁၉နွစ္မ ဟုတ္ပါ။ အသက္ ၁၅ နွစ္ နွင္႔ ၁၆ နွစ္ သာ ရွိပါသည္။
နားကြင္းနဲ႔ သူမွာ ညီငယ္ ျဖစ္ပါသည္။
(ေဖာ္ျပပါ မိသားစု ပံုမွာ က်န္ခဲ႔ေသာ နွစ္တြင္ ရုိက္ထားေသာ ပံုျဖစ္ပါသည္။)
မိခင္မွာ လင္ေယာက်ာ္း မရွိေတာ႔သည္ မုဆိုးမ တဦးလည္း ျဖစ္သလုိ သား ၂ ေယာက္၏ လစာ ကိုသာ မွီတြယ္ ေနရသူ ျဖစ္ပါသည္။
ညီငယ္အိမ္ျပန္ေရာက္ခ်ိန္မွာ ၈း၀၅ မိနစ္ေလာက္ ျဖစ္၍ ( လူသတ္မွဳ ျဖစ္ခ်ိန္မွာ ၇နာရီ ခြဲ ေလာက္ျဖစ္သည္။) လူသတ္ သူ ျဖစ္နုိင္သည္ မျဖစ္နုိင္သည္ကို မေသခ်ာ ေသာ္လည္း လူသတ္ သမား သူ႔သားျဖစ္ခဲ႔ရင္ေတာင္ တေယာက္တည္း မျဖစ္နုိင္ဟု TV 3 ကို အင္တာဗ်ဴ း ေျဖခဲ႔ပါသည္။
သားအၾကီးက အိမ္တြင္ တညလံုး ရွိေနလို႔ မိခင္ ျဖစ္သူက လံုး၀ အၾကီးတေယာက္ တြက္
စိတ္ခ် ေသာ္လည္း ဒီေန႔ ထိတုိင္ ညီ အစ္ကို ၂ ေယာက္လံုး ကို စစ္ေနတံုးျဖစ္ျပီး
မိခင္နွင္႔လည္း ေပးမေတြ႔ေသးပါ။ အဲပဲလက္သည္း ၾကားက အသားစ DNA နွင္႔ ကိုက္မကို စစ္ေဆးဆဲျဖစ္ပါသည္။
မေန႔ ညမွာေတာ႔ ရေနာင္း စြိဳင္စာမခီ တြင္ ေနထုိင္ၾကေသာ ေနအိမ္ သုိ႔ သား အငယ္နွင္႔ ထုိင္းရဲမ်ား အိမ္ကို ရွာေဖြ ၾကကာ အိမ္တြင္ ရွိေသာ ဓား၂ ေခ်ာင္းကို ယူသြားၾကပါသည္။
မိခင္နွင္႔ သား အငယ္ကိုလည္း လံုး၀ ျမန္မာ စကား ေပးမေျပာပဲ ထုိင္းဘာသာစကား
နွင္႔သာ ေျပာေစပါသည္။
ကားထြက္ခါနီးတြင္ ေနာက္ဆံုး သားအငယ္မွ အေမ အေမ သားကို ပစ္မထားနဲ႔ေနာ္ ဟု ေအာ္ငိုသြားပါသည္။
xxxxxxxxx
အမွဳ မွာ သတ္သည္ ျဖစ္ေစ မသတ္ သည္ ျဖစ္ေစ၊ မုဆိုးမ ျဖစ္ေသာ မိသားစုကုိ
အားလံုး ၀ိုင္း၀န္း ၾကဘို႔နဲ႔ မိမိတို႔ သိေသာ သတင္းမ်ားကိုလည္း ဆိုင္ရာ မ်ားထံ
ကူညီ ေပးပို႔ၾကပါ။ ေလာေလာဆယ္ ရေနာင္းတြင္ သာေရး နာေရး အသင္းမွ
ကိုသားေက်ာ္တုိ႔လည္း ၀ိုင္း၀န္း ကူညီ ေပး ေနတယ္ သိရလုိ႔ ေက်းဇူးတင္ပါတယ္။
FED အေနနဲ႔ကေတာ့ သက္ဆုိင္ရာသံရံုးအေနနဲ႔ တရားဥပေဒႏွင့္အညီလုိအပ္တဲ့ ပံ့ပုိးမွဳေပးႏဳိင္ေရးႏွင့္ အမွဳမွန္ျဖစ္ေျမာက္ေရးအတြက္ နယ္ေျမခံအလုပ္သမားေခါင္းေဆာင္မ်ားႏွင့္ တုိင္ပင္ကာ ၀င္ေရာက္ကူညီႏုိင္ေရးအတြက္ စီစဥ္ေနလ်က္ရွိပါတယ္ လို႔ Ko Min Oo facebook စာမ်က္နာလည္း ေရးထားပါတယ္။ အားလံုးဥပေဒ အတုိင္းသာ ျဖစ္ေစလိုပါသည္။
အားလံုးရဲ႕ထင္ျမင္ခ်က္မ်ားကိုလည္း ဖိတ္ေခၚပါသည္။
လင္း ယုန္ မာန္
===========

ထိုင်းကျောင်းသူ အသတ်ခံရမှု သံသယဖြင့် မြန်မာလှေလုပ်သား ၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ရနောင်းမြို့က အထက်တန်းကျောင်း သူတဦး အသတ်ခံရတာနဲ့ပတ်သက်ပြီး မြန်မာ လှေလုပ်သား ၂ ဦးကို အောက်တိုဘာ ၂၀ ရက်နေ့က ဖမ်းဆီးလိုက်တယ်လို့ သနေးရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အသက် ၁၉ နှစ်အရွယ် ဇော်ရဲ နဲ့ မိုးဇင်အောင်တို့ ၂ ဦးဟာ လူသတ်မှုဖြစ်ပြီး တဲ့နောက် ရနောင်းကနေ ပျောက်ကွယ်သွားတယ်လို့ ဆိုပါတယ်။
အထူးစုံစမ်း စစ်ဆေးရေးရဲတပ်ဖွဲ့က ခြေရာခံလိုက်ရာမှ ထိုင်းတောင်ပိုင်း ဖန်ငခရိုင်က ငါးဖမ်းလှေပေါ်မှာ ၀င်ရောက်လုပ်ကိုင်နေတယ်လို့ သိရကြောင်း၊ အောက်တိုဘာ ၂၀ ရက်နေ့က ဖန်ငခရိုင် ခုရဘူရီမြို့ မှာ လှေကမ်းကပ်လာစဉ် ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ ရနောင်းခရိုင်ရဲမှူး နာ့လင်းပုတ်ဆယ ၀ိထယားက သတင်းထောက်တွေကို ပြောပါတယ်။
ဒီမတိုင်ခင်က လူသတ်မှုဖြစ်တဲ့ ရပ်ကွက်ထဲက ထိုင်းဆောက်လုပ်ရေး အလုပ်သမားတဦးကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း၊ ဒါပေမယ့်
သေဆုံးသူ မိန်းကလေးရဲ့ လက်သည်းခွံထဲမှာ တွေ့ရှိတဲ့ လူသတ်သမားရဲ့ ဒီအန်အေ နဲ့ တိုက်ဆိုင်စစ်ဆေးရာမှာ မတူတဲ့အတွက် ပြန်လွှတ်ပေး ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလူသတ်မှုမှာ မြန်မာအလုပ်သမား ၂ ဦးအပြင် နောက်ထပ် မသင်္ကာဘွယ် ထိုင်းလူမျိုးတဦးလည်း ရှိသေးတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရနောင်းမြို့ ဘန်လင်းရပ်ကွက်မှာ နေထိုင်သူ အသက် ၁၈ နှစ်ရွယ် နန်းဆောင် အောလဝီ ဖမ်ဖောဝ်းထောင်း ခေါ် အက်ပ်ပဲလ်ဟာ ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်နေ့က တဦးတည်းလမ်းလျှောက်ပြီး သူငယ်ချင်းဆီကို အလည်သွားစဉ် ရပ်ကွက်ဘုန်းကြီးကျောင်းအနီး လမ်းကြားမှာ ဒဏ်ရာပေါင်း ၁၇ ခုနဲ့ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
အနီးနားရှိစောင့်ကြည့်ကင်မရာမှာ စစ်ဆေးချက်အရ အက်ပ်ပဲလ်ဟာ မသေဆုံးခင်က တစုံတဦးနဲ့ ပြဿ နာဖြစ်ခဲ့ဟန်ရှိပြီး သူ့ရဲ့ လက်ကိုင်ဖုံးထဲမှာ သူ့နာမည်ကို တစုံတယောက်က ခေါ်လိုက်တဲ့အသံကြားရကြောင်း၊ ဒါ့အပြင် ပေါင်းမိုးပါ မော်တော်ဆိုင် ကယ်တစီး ဖြတ်သန်းပြီး အနီးက လမ်းကြားထဲမှာ ပုန်းခိုနေတဲ့ လူရိပ် ၂ ခုကိုပါတွေ့ရကြောင်း၊ မနေ့က ဖမ်းမိတဲ့ မြန်မာလူငယ် ၂ ဦးဟာ လူသတ်မှုဖြစ်ပွားတဲ့ နေရာအနီးမှာ အရက်ထိုင်သောက်ခဲ့ကြောင်း၊ အဲဒီနောက် ရနောင်းကနေ ပျောက်ကွယ် သွားတာလို့ ဆိုပါတယ်။
သံသယနဲ့ ဖမ်းထားတဲ့ မြန်မာလူငယ် ၂ ဦးရဲ့ ဒီအန်အေမျိုးဗီဇတွေပါ စစ်ဆေးဦးမယ်လို့ ရနောင်းရဲဌာန စခန်းမှူးက သတင်းထောက်တွေ ကို ပြောသွားပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး kanomjeeb ထိုင်းသတင်းမှာတော့ ဖမ်းဆီးရမိတဲ့ မသင်္ကာသူ လူရွယ် ၂ ဦးအနက်တဦးက လူသတ်မှု ကျူးလွန်ကြောင်း ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူမိန်းကလေးဟာ သူတို့ကို ကြမ်းတမ်းစွာ ဆဲဆိုတဲ့အတွက် မခံမရပ်နိုင်ဖြစ်ပြီး နောက်ကလိုက်လာကာ ဓားနဲ့ ထိုးသတ်ခဲ့တယ်လို့ ၀န်ခံခဲ့ကြောင်း သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ ကရက်ဒစ်... ကိုသားကျော် နှင့် ကိုမင်းဦး

ဒုတိယ လိပ်ကျွန်း အမှု လိုမျိုး မဖြစ်လိုပါ၍ ရနောင်းသားတို့ ၀ုိင်းဝန်း ကြပါ။
-------------------------------------------------------------------------------
မူရင်းသတင်းကို အားလုံး သိပြီးသား ဖြစ်လို့ အကျဉ်းချုံး ပဲ ပြောပါမည်။
ထိုင်းတောင်ပိုငး် ရနောင်းက အထက်တန်း ကျောင်းသူ ထိုင်း မြန်မာ စပ် မအဲပဲ စက်တင်ဘာ ၂၈ ရက်မှာ ဓားဒါဏ်ရာ ၁၇ ချက် နဲ့ သေဆုံးခဲ့တယ်။
အောက်တိုဘက် ၂၀မှာ ဇော်ရဲနဲ့ မိုးဇင် အောင် တို့ကို ဖမ်းလိုက်ပါတယ်။
သူတို့ ၂ ဦးဟာ ညီ အကိုအရင်းတွေ ဖြစ်သလို အသက်က သတင်းမှာ ဖော်ပြထား သလို
၁၉နှစ်မ ဟုတ်ပါ။ အသက် ၁၅ နှစ် နှင့် ၁၆ နှစ် သာ ရှိပါသည်။
နားကွင်းနဲ့ သူမှာ ညီငယ် ဖြစ်ပါသည်။
(ဖော်ပြပါ မိသားစု ပုံမှာ ကျန်ခဲ့သော နှစ်တွင် ရိုက်ထားသော ပုံဖြစ်ပါသည်။)
မိခင်မှာ လင်ယောကျာ်း မရှိတော့သည် မုဆိုးမ တဦးလည်း ဖြစ်သလို သား ၂ ယောက်၏ လစာ ကိုသာ မှီတွယ် နေရသူ ဖြစ်ပါသည်။
ညီငယ်အိမ်ပြန်ရောက်ချိန်မှာ ၈းဝ၅ မိနစ်လောက် ဖြစ်၍ ( လူသတ်မှု ဖြစ်ချိန်မှာ ရနာရီ ခွဲ လောက်ဖြစ်သည်။) လူသတ် သူ ဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို မသေချာ သော်လည်း လူသတ် သမား သူ့သားဖြစ်ခဲ့ရင်တောင် တယောက်တည်း မဖြစ်နိုင်ဟု TV 3 ကို အင်တာဗျူ း ဖြေခဲ့ပါသည်။
သားအကြီးက အိမ်တွင် တညလုံး ရှိနေလို့ မိခင် ဖြစ်သူက လုံးဝ အကြီးတယောက် တွက်
စိတ်ချ သော်လည်း ဒီနေ့ ထိတိုင် ညီ အစ်ကို ၂ ယောက်လုံး ကို စစ်နေတုံးဖြစ်ပြီး
မိခင်နှင့်လည်း ပေးမတွေ့သေးပါ။ အဲပဲလက်သည်း ကြားက အသားစ DNA နှင့် ကိုက်မကို စစ်ဆေးဆဲဖြစ်ပါသည်။
မနေ့ ညမှာတော့ ရနောင်း စွိုင်စာမခီ တွင် နေထိုင်ကြသော နေအိမ် သို့ သား အငယ်နှင့် ထိုင်းရဲများ အိမ်ကို ရှာဖွေ ကြကာ အိမ်တွင် ရှိသော ဓား၂ ချောင်းကို ယူသွားကြပါသည်။
မိခင်နှင့် သား အငယ်ကိုလည်း လုံးဝ မြန်မာ စကား ပေးမပြောပဲ ထိုင်းဘာသာစကား
နှင့်သာ ပြောစေပါသည်။
ကားထွက်ခါနီးတွင် နောက်ဆုံး သားအငယ်မှ အမေ အမေ သားကို ပစ်မထားနဲ့နော် ဟု အော်ငိုသွားပါသည်။
xxxxxxxxx
အမှု မှာ သတ်သည် ဖြစ်စေ မသတ် သည် ဖြစ်စေ၊ မုဆိုးမ ဖြစ်သော မိသားစုကို
အားလုံး ၀ိုင်းဝန်း ကြဘို့နဲ့ မိမိတို့ သိသော သတင်းများကိုလည်း ဆိုင်ရာ များထံ
ကူညီ ပေးပို့ကြပါ။ လောလောဆယ် ရနောင်းတွင် သာရေး နာရေး အသင်းမှ
ကိုသားကျော်တို့လည်း ၀ိုင်းဝန်း ကူညီ ပေး နေတယ် သိရလို့ ကျေးဇူးတင်ပါတယ်။
FED အနေနဲ့ကတော့ သက်ဆိုင်ရာသံရုံးအနေနဲ့ တရားဥပဒေနှင့်အညီလိုအပ်တဲ့ ပံ့ပိုးမှုပေးနိုင်ရေးနှင့် အမှုမှန်ဖြစ်မြောက်ရေးအတွက် နယ်မြေခံအလုပ်သမားခေါင်းဆောင်များနှင့် တိုင်ပင်ကာ ၀င်ရောက်ကူညီနိုင်ရေးအတွက် စီစဉ်နေလျက်ရှိပါတယ် လို့ Ko Min Oo facebook စာမျက်နာလည်း ရေးထားပါတယ်။ အားလုံးဥပဒေ အတိုင်းသာ ဖြစ်စေလိုပါသည်။
အားလုံးရဲ့ထင်မြင်ချက်များကိုလည်း ဖိတ်ခေါ်ပါသည်။
လင်း ယုန် မာန်
===========


No comments:

Post a Comment