Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 19, 2015

ေျမးျဖစ္သူကို ဓားမျဖင္႔ ခုတ္သတ္ကာ ခ်က္စားေတာ့မည့္ အဖိုးအိုကို ဖမ္းမိ



 ပဲခူးၿမိဳ႕နယ္ ၊ ဘုရားကေလးေက်းရြာ ႏွစ္ေဆာင္ၿပိဳင္ ၂ ရပ္ကြက္တြင္ အဖိုးျဖစ္သူက
ေျမးျဖစ္သူအား ဓားမျဖင့္ ခုတ္ထစ္ၿပီး ဟင္းခ်က္စားရန္ ျပင္ဆင္ေနေၾကာင္း အိမ္နီး
နားခ်င္းမ်ားမွ သတင္းေပး အေၾကာင္းၾကားသျဖင့္ သြားေရာက္ ဖမ္းဆီးခဲ့ေၾကာင္း
ပဲခူးၿမိဳ႕နယ္ ၊ ဘုရားႀကီးရဲစခန္းမွ သိရွိရသည္ ။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ ၁၈ ရက္ေန႔ နံနက္ ၇း၃၀ အခ်ိန္ခန္႔တြင္ ပဲခူးၿမိဳ႕နယ္၊
ဘုရားကေလးေက်းရြာ ၊ ႏွစ္ေဆာင္ၿပိဳင္ ၂ ရပ္ကြက္တြင္ ေနထိုင္သည့္ ဦးေဇာ္မင္း
သည္ ညီျဖစ္သူ ပဲခူးေဆး႐ုံႀကီးတြင္ တက္ေရာက္ေနသျဖင့္ သြားေရာက္ၾကည့္႐ႈစဥ္
သားျဖစ္သူ ၈ ႏွစ္အရြယ္ႏွင့္ ၄ ႏွစ္အရြယ္ သားႏွစ္ဦးတို႔အား အဖိုးျဖစ္သူ ၅၅ ႏွစ္ႏွင့္
အတူထားခဲ့ရာ ၈ ႏွစ္အရြယ္ ေျမးျဖစ္သူအား ဓားမျဖင့္ ခုတ္ထစ္ေနသည္ကို အိမ္နီး
နားခ်င္းမ်ားက ေတြ႔ရွိသျဖင့္ ရပ္ကြက္လူႀကီးမ်ားႏွင့္ ရဲစခန္းသို႔ အေၾကာင္းၾကားျခင္း
ျဖစ္ေၾကာင္း ရဲမွတ္တမ္းမ်ားအရ သိရွိ ရသည္ ။

“ဦး------ ဟာ သူမ်ားဆီမွာ စပါးအငွား လိုက္ရိတ္ပါတယ္။ စားေရးေသာက္ေရး
လည္း ဆင္းရဲၾကပါတယ္။ အမႈျဖစ္ခ်ိန္မွာ အိမ္မွာ လူႀကီးတစ္ဦးမွ မရွိပါဘူး။ ေျမး ၂
ဦးနဲ႔ အဖိုးျဖစ္သူပဲ က်န္ခဲ့ပါတယ္။ သားျဖစ္သူက သူ႔ညီဆိုင္ကယ္တိုက္မႈျဖစ္လို႔ ေဆး
႐ုံမွာသြားၾကည့္စဥ္ ေနာက္ပိုင္းမွာ လူသတ္မႈ ျဖစ္သြားတာပါ။ ဦး------ ဟာ သူ႔အမ်ဳိး
သမီး ေနာက္အိမ္ေထာင္ျပဳသြား ကတည္းက ဘယ္သူနဲ႔မွ စကားမေျပာဘဲ တစ္
ေယာက္တည္းေနၿပီး အၿမဲတမ္း ဓားေသြးေနတာပဲ ေတြ႔ရတယ္။ အခုလည္း သား
အငယ္ေကာင္က ဆိုင္ကယ္ တိုက္မႈျဖစ္ေတာ့ စိတ္ေဖာက္ျပန္သြားတယ္လို႔ ထင္
တာပဲ” ဟု အိမ္နီးနားခ်င္း ဘုရားကေလးေက်းရြာေန ဦးႀကီးျမင့္က ေျပာသည္။

ေျမးျဖစ္သူအား သတ္သည္ဟု ယူဆရေသာ ဦး---------- အား ပဲခူးၿမိဳ႕နယ္ ၊ ဘုရား
ႀကီး ရဲစခန္းမွ (ပ) ၁၅၀/၂၀၁၅ ျပစ္မႈဥပေဒ ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ အေရးယူေဆာင္
ရြက္လ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း -MMK
The Ladies News Journal
https://www.facebook.com/News.TheLadie
......................

 ပဲခူးမြို့နယ် ၊ ဘုရားကလေးကျေးရွာ နှစ်ဆောင်ပြိုင် ၂ ရပ်ကွက်တွင် အဖိုးဖြစ်သူက
မြေးဖြစ်သူအား ဓားမဖြင့် ခုတ်ထစ်ပြီး ဟင်းချက်စားရန် ပြင်ဆင်နေကြောင်း အိမ်နီး
နားချင်းများမှ သတင်းပေး အကြောင်းကြားသဖြင့် သွားရောက် ဖမ်းဆီးခဲ့ကြောင်း
ပဲခူးမြို့နယ် ၊ ဘုရားကြီးရဲစခန်းမှ သိရှိရသည် ။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ရး၃၀ အချိန်ခန့်တွင် ပဲခူးမြို့နယ်၊
ဘုရားကလေးကျေးရွာ ၊ နှစ်ဆောင်ပြိုင် ၂ ရပ်ကွက်တွင် နေထိုင်သည့် ဦးဇော်မင်း
သည် ညီဖြစ်သူ ပဲခူးဆေးရုံကြီးတွင် တက်ရောက်နေသဖြင့် သွားရောက်ကြည့်ရှုစဉ်
သားဖြစ်သူ ၈ နှစ်အရွယ်နှင့် ၄ နှစ်အရွယ် သားနှစ်ဦးတို့အား အဖိုးဖြစ်သူ ၅၅ နှစ်နှင့်
အတူထားခဲ့ရာ ၈ နှစ်အရွယ် မြေးဖြစ်သူအား ဓားမဖြင့် ခုတ်ထစ်နေသည်ကို အိမ်နီး
နားချင်းများက တွေ့ရှိသဖြင့် ရပ်ကွက်လူကြီးများနှင့် ရဲစခန်းသို့ အကြောင်းကြားခြင်း
ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရှိ ရသည် ။

“ဦး------ ဟာ သူများဆီမှာ စပါးအငှား လိုက်ရိတ်ပါတယ်။ စားရေးသောက်ရေး
လည်း ဆင်းရဲကြပါတယ်။ အမှုဖြစ်ချိန်မှာ အိမ်မှာ လူကြီးတစ်ဦးမှ မရှိပါဘူး။ မြေး ၂
ဦးနဲ့ အဖိုးဖြစ်သူပဲ ကျန်ခဲ့ပါတယ်။ သားဖြစ်သူက သူ့ညီဆိုင်ကယ်တိုက်မှုဖြစ်လို့ ဆေး
ရုံမှာသွားကြည့်စဉ် နောက်ပိုင်းမှာ လူသတ်မှု ဖြစ်သွားတာပါ။ ဦး------ ဟာ သူ့အမျိုး
သမီး နောက်အိမ်ထောင်ပြုသွား ကတည်းက ဘယ်သူနဲ့မှ စကားမပြောဘဲ တစ်
ယောက်တည်းနေပြီး အမြဲတမ်း ဓားသွေးနေတာပဲ တွေ့ရတယ်။ အခုလည်း သား
အငယ်ကောင်က ဆိုင်ကယ် တိုက်မှုဖြစ်တော့ စိတ်ဖောက်ပြန်သွားတယ်လို့ ထင်
တာပဲ” ဟု အိမ်နီးနားချင်း ဘုရားကလေးကျေးရွာနေ ဦးကြီးမြင့်က ပြောသည်။

မြေးဖြစ်သူအား သတ်သည်ဟု ယူဆရသော ဦး---------- အား ပဲခူးမြို့နယ် ၊ ဘုရား
ကြီး ရဲစခန်းမှ (ပ) ၁၅၀/၂၀၁၅ ပြစ်မှုဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်
ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း -MMK
The Ladies News Journal
https://www.facebook.com/News.TheLadie

No comments:

Post a Comment