Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 18, 2015

ဘာသာသာသနာကာကြယ္သူကို မဲေပးမည္

တနဂၤေႏြတစ္ေန႔ သူငယ္ခ်င္းေတြႏွင့္ လက္ဖက္ရည္ဆိုင္ ထိုင္ျဖစ္ေတာ့ ကြၽန္ေတာ့္ကိုေမးၾက သည္။ ဘယ္ပါတီကိုမဲထည့္မွာလဲ ဟု။ ကြၽန္ေတာ္က ရႊတ္ေနာက္ေနာက္ျဖင့္ ဘာသာသာသနာကို ကာကြယ္ေစာင့္ေရွာက္ႏိုင္တဲ့ ပါတီဆိုေတာ့ သူတို႔အားလံုး ပါးစပ္အေဟာင္းသားျဖင့္ ကြၽန္ေတာ့္ကို ၾကည့္ၾကသည္။ ေနာက္မွ ဒါဆို ဒီခ်ဳပ္ကိုမဲမေပးဘူးေပါ့ဟု တစ္သံတည္းထြက္လာၾကသည္။ ကြၽန္ေတာ္က သူတို႔ကိုျပန္ၿပီး ဒီခ်ဳပ္အစိုးရျဖစ္ရင္ေကာ ဘာသာသာသနာကုိ မေစာင့္ေရွာက္ႏုိင္ဘူးလားဟုျပန္ေမးေတာ့ ေအးကြာ ငါတို႔အဲဒီလိုတစ္ခါမွမစဥ္းစားမိဘူး။ တစ္ျခမ္းက အမ်ဳိးဘာသာသာသနာဆိုၿပီး ေအာ္ေအာ္ေနေတာ့ ဒီခ်ဳပ္ဆိုရင္အမ်ဳိးဘာသာ သာသနာရဲ႕ဆန္႔က်င္ဘက္လို႔ပဲျမင္ေနတယ္ဟုဆိုသည္။ ကြၽန္ေတာ္က ေနပါဦး မင္းတို႔က ဘာသာ သာသနာဆိုတာနဲ႔ ဘယ္လိုေတြျဖစ္ကုန္ရတာလဲ။ မင္းတို႔လိုၿမိဳ႕ေပၚမွာေနတဲ့ ေခတ္ပညာတတ္ေတြေတာင္ အဲဒီလိုျဖစ္ရင္ ေက်းလက္ေဒသ နယ္စြန္နယ္ဖ်ားက ႐ိုးသားတဲ့သူေတြဆုိ ဘယ့္ႏွယ္လုပ္မလဲဆိုေတာ့ သူတို႔ေခါင္းညိတ္ၾကသည္။

ေဒၚေအာင္ဆန္းစုၾကည္၏ ျမန္မာႏိုင္ငံအႏွံ႔ စည္း႐ံုးေရးခရီး စဥ္အတြင္း ၿမိဳ႕တိုင္းရြာတိုင္း မ႐ိုး ႏုိင္စြာရွင္း ေနရေသာေမးခြန္းမွာ ဒီခ်ဳပ္ႏိုင္သြားရင္ အစၥလာမ္ဘာသာ လႊမ္းမိုးသြားမယ္ဆုိေသာယုတ္မာညံ့ဖ်င္းေသးသိမ္လွသည့္ ဝါဒျဖန္႔စကားသာျဖစ္သည္။ ယခုရခိုင္ျပည္နယ္ စည္း႐ံုးေရးခရီးစဥ္တြင္ေတာ့ ဆိုဖြယ္ရာမရွိေတာ့။ ရတနာသံုး ပါးအေပၚ ကိုယ္၊ ႏႈတ္၊စိတ္တို႔ ျဖင့္ အလွ်င္းေစာ္ကားခဲ့ဖူးျခင္း မရွိေသာ လူထုေခါင္းေဆာင္၏ အနာဂတ္ အတြက္ ဉာဏ္ပညာျဖင့္ မ်ဳိးေစာင့္ဥပေဒကို လူ႔အခြင့္အေရးႏွင့္မညီဟူေသာ မွတ္ခ်က္စကားေလး တစ္လံုးကိုပံုႀကီးခ်ဲ႕ကာ အာဏာရွင္အလိုက် မဲဆြယ္စည္း႐ံုးေပးေနေသာ အင္အားစုတို႔၏ လုပ္ႀကံမႈက လူထု၏ ခ်စ္ခင္ျမတ္ႏိုးမႈ အေပၚအရာမထင္ခဲ့။ အာဇာနည္ကုန္းဗံုးခြဲတာကို သြားၾကည့္စရာမလိုဘဲ ေရာက္ေလရာအရပ္တြင္ အနီေရာင္ပင္လယ္ျဖစ္ေနေသာ လူထုအင္အားကသက္ေသပင္။

မည္သို႔ပင္ဆိုေစ ကြၽန္ေတာ္ အပါအဝင္ ျမန္မာျပည္သူျပည္ သားမ်ား၏ ဆႏၵမွာ ဘာသာ သာ သနာကိုကာကြယ္ေစာင့္ေရွာက္ ေသာ ႏိုင္ငံ့ေခါင္းေဆာင္ကိုေတာ့ အလိုရွိမည္မွာ အေသအခ်ာပင္ ျဖစ္သည္။ သို႔ေသာ္ ဘာသာ သာ သနာဆိုသည္ကိုမူ ခြဲျခားရန္လို သည္။

ကြၽန္ေတာ္ေျပာသည့္ ဘာ သာဆုိသည္မွာ ေထရဝါဒဗုဒၶဘာ သာ။ သာသနာဆိုသည္မွာ ေထ ရဝါဒဗုဒၶဘာသာဝင္တို႔ လက္ခံ က်င့္သုံုးေသာ ဗုဒၶအဆံုးအမကုိ ဆိုလိုျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံ သည္ ေထရဝါဒဗုဒၶဘာသာကို သက္ဝင္ယံုၾကည္ေသာႏိုင္ငံ အ ျဖစ္ ကမၻာသိလက္ခံထားေသာ ႏိုင္ငံျဖစ္သည္။ သမိုင္းဆိုင္ရာ အျငင္းပြားမႈအခ်ဳိ႕ ရွိေနလင့္ က စား ထုိေထရဝါဒ အုတ္ျမစ္ကို စတင္ထူခဲ့သည္မွာ ဆရာမ်ား ဘက္ကရွင္အရဟံျဖစ္ၿပီး ဒကာဘက္က အေနာ္ရထာမင္းဟု အစဥ္အဆက္ယံုၾကည္ခဲ့ၾကသည္။

ထုိအေနာ္ရထာမင္းလက္ ထက္မွ စတင္ခဲ့ေသာ ေထရဝါဒ အုတ္ျမစ္သည္ ျမန္မာျပည္သူ ျပည္သားတို႔ရင္ထဲတြင္ မၿပိဳမလဲ ေအာင္ အျမစ္ခိုင္မာေနၿပီလားဟု ေမးလွ်င္ မည္သို႔အေျဖရွိပါမည္ နည္း။

ဘာသာျခားမ်ားကို လက္ ညႇိဳးထုိး၍ လူၿပိန္းႀကိဳက္စကားလံုး မ်ားျဖင့္ ဒါေၾကာင့္တို႔က ကာကြယ္ဖုိ႔လုပ္ေနတာဟု အေျဖေပးပါ လိမ့္မည္။ ကြၽန္ေတာ္ကေတာ့ ဆရာဦးေရႊေအာင္၏ ျမန္မာႏုိင္ငံ ႏွင့္ေထရဝါဒအုတ္ျမစ္ဆိုေသာ ေဆာင္းပါးကို ၫႊန္းခ်င္သည္။ ေဆာင္းပါးတစ္ေနရာတြင္ ‘‘ယေန႔ ျမန္မာႏုိင္ငံ၌ ေထရဝါဒ၏ အုတ္ ျမစ္သည္ ခုိင္မာၿပီလားဟူ၍ေမး ရန္ရွိပါ၏။ ခုိင္မာသင့္သေလာက္ ေတာ့ခုိင္မာ၏။ မၿပိဳပ်က္ေလာက္ ေအာင္ေတာ့ မခိုင္မာေသး။ မၿပိဳ ပ်က္ေလာက္ေအာင္ ခိုင္မာရန္ ဆက္၍အားထုတ္ဖို႔ရွိေသး၏။ ဤသို႔ပင္ေျဖရမည္ျဖစ္၏။

ျမန္မာႏိုင္ငံသည္ ကိုယ့္မင္း ကိုယ့္ခ်င္းဘဝမွ သူတစ္ပါးလက္ ေအာက္သို႔က်ေရာက္သြားေသာ ‘ဒဏ္’ကိုခံခဲ့ရ၏။ က်ေရာက္ သြားသျဖင့္ ခံရေသာဒဏ္မ်ား အနက္ ကိုယ္က်င့္သိကၡာယိုယြင္း သြားမႈဆုိင္ရာဒဏ္သည္ မ်ားစြာ ျပင္းထန္ပါ၏။ ထုိဒဏ္ကိုကုစား ရာ၌ ေထရဝါဒဆိုင္ရာ ကိုယ္က်င့္ သိကၡာတည္ေဆာက္မႈတည္းဟူ ေသာ ေဆးေကာင္းျဖင့္ကုစား႐ံုမွ တစ္ပါး အျခားကုစားနည္းဟူ၍ မရွိေကာင္းပါေခ်။

ျမန္မာႏိုင္ငံ၏ စာရိတၱယို ယြင္းမႈဒဏ္ေၾကာင့္ ေထရဝါဒဗုဒၶဘာသာဝင္ျဖစ္သူမ်ားသည္ မိစၧာဒိ႒ိ၏ အမူအက်င့္မ်ားအတုိင္းက်င့္ႀကံၾကသည္ကိုလည္း ေတြ႕ရ ၏။ ဤေနရာ၌ မိစၧာဒိ႒ိဟူသည္မွာ နတၳိကဒိ႒ိ၊ အႀကိယဒိ႒ိႏွင့္ အေဟတုကဒိ႒ိတို႔ကိုဆိုျခင္းျဖစ္ ၏။

နတၳိကဒိ႒ိမူရင္းဝါဒရွင္မွာ အဇိတေကသ ကမၺလျဖစ္၏။ အဇိတေကသကမၺလသည္ ျမတ္ စြာဘုရား လက္ထက္ေတာ္အခါ က ထင္ရွားေသာတိတၳိႀကီး ေျခာက္ေယာက္တို႔အနက္ တစ္ေယာက္ အပါအဝင္ျဖစ္၏။ သူ၏ ဝါဒမွာကံ၏ အက်ဳိးကမၼဖလကို မယံု ၾကည္ေသာဝါဒျဖစ္သည္။ ပစၥဳပၸန္တည့္တည့္ကိုသာ အာ႐ံု စိုက္၏။ အနာဂတ္ကိုရွိသည္ဟူ၍ ပင္မခံယူပါေခ်။

ေနာက္တစ္နည္းမွာ ‘ပုရာဏကႆပ’၏နည္းျဖစ္၏။ ပုရာဏ ကႆပသည္လည္း ျမတ္စြာ ဘုရားလက္ထက္ေတာ္အခါက ထင္ရွားေသာ တိတၳိဆရာႀကီး ေျခာက္ေယာက္တို႔အနက္ တစ္ ေယာက္အပါအဝင္ျဖစ္၏။ ပုရာ ဏကႆပ၏ဝါဒကို အႀကိယဒိ႒ိ ဟုေခၚ၏။ အႀကိယဒိ႒ိသည္ ကံ ကိုမယံုၾကည္။ လုိအပ္ေသာအက်ဳိးကိုရလွ်င္ၿပီးေရာ။ ဘယ္လိုနည္း ျဖင့္ရရ ရျခင္းသာပဓာနျဖစ္၏။ ဤသို႔သာယံုၾကည္၏။ ဤနည္း ကို မကိၡယေဗလိမည္ေသာ အီ တလီ ႏိုင္ငံေရးသုခမိန္ႀကီးက လည္း သံုးသည္ဟုဆိုၾက၏။

အက်ဳိးကုိ ရမည္ဆိုလွ်င္ ဘာကိုပဲလုပ္ရလုပ္ရ လုပ္ၾက မည္သာျဖစ္၏။ အျခားကိစၥတြင္ လည္း အလားတူပင္သေဘာထား ၾက၏။ ေဆာင္ရြက္ၾက၏။ အ ေၾကာင္းမွန္၊ မမွန္ကိုအက်ဳိး တရားရျခင္းႏွင့္ တုိင္းတာၾက၏။ အ ကယ္၍ လိုအပ္ေသာအက်ဳိးကုိ ရ႐ိုးမွန္လွ်င္ အေၾကာင္းမွန္၍သာ ျဖစ္သည္ဟူေသာသေဘာျဖစ္၏။

အကယ္၍အဇာတသတ္လို အဖကိုသတ္သျဖင့္ ထီးနန္းကို ရလွ်င္ အဖကိုသတ္ျခင္းသည္ မွန္ကန္သည္ဟူ၍ခံယူေသာဝါဒ ျဖစ္၏။

ဤဝါဒသည္လည္း ကိုယ္ က်င့္သိကၡာကိုဖ်က္ဆီးေသာဝါဒ ျဖစ္သျဖင့္ ယင္းဝါဒကိုလည္း ဤ ျမန္မာႏိုင္ငံ၌ မထြန္းကားေအာင္ ေဆာင္ရြက္ရန္တာဝန္ရွိပါ၏။ ႀကိဳးပမ္းရန္တာဝန္ရွိပါ၏။ တာ ဝန္ရွိသည့္အားေလ်ာ္စြာ ေဆာင္ရြက္ၾကရမည္ျဖစ္၏။ ႀကိဳးပမ္းၾကရမည္ျဖစ္၏။

ေနာက္ ဝါဒတစ္ခုမွာ ေၾကာင္းက်ဳိးမဲ့ဝါဒျဖစ္၏။ ပါဠိ ေဝါဟာရအားျဖင့္ အေဟတုက ဒိ႒ိဟူ၍ဆို၏။ ဤဝါဒကုိထူေထာင္သူမွာ မကၡလိေဂါသလျဖစ္၏။ ျမတ္စြာဘုရား လက္ထက္ေတာ္ က ထင္ရွားေသာတိတၳိႀကီး ေျခာက္ ေယာက္တို႔တြင္ပါဝင္သည္။

ဤဝါဒအရ ေလာက၌ အေၾကာင္းဟူ၍လည္းမရွိ၊ အက်ဳိးဟူလည္းမရွိ။ အေၾကာင္းႏွင့္ အက်ဳိးတို႔၏ ဆက္သြယ္မႈဟူ၍လည္း မရွိ။ ထို႔ေၾကာင့္ ကံဟူ၍လည္း မရွိ။ အမွန္အားျဖင့္ ေလာကဟူသည္ ကစားကြင္း‘ကိဠာထလ’သာျဖစ္၏။ ထုိ႔ေၾကာင့္ ေလာကတည္းဟူေသာ ကစားကြင္း၌ အႏိုင္ရေအာင္သာ ကစားၾကရမည္ျဖစ္ ၏။ အႏိုင္ရရွိေရးသို႔သာ ဦးတည္ၾကရမည္ျဖစ္သည္။

ဤဝါဒအရ မိမိတို႔အသက္ ရွင္ေနသေရြ႕ ကာလပတ္လံုး ဂုဏ္ေတြ၊ သိကၡာေတြ၊ ကိုယ္က်င့္ တရားေတြ၊ ပတ္ဝန္းက်င္ေတြ၊ စည္းကမ္းဥပေဒေတြကို လုိက္နာေနစရာမလို။ အကယ္၍ လိုက္နာေစလွ်င္ အႏိုင္ရရွိေရး၌ ေႏွာင့္ေႏွးေနမည္သာျဖစ္၏။ ထုိ႔ေၾကာင့္ အေျခအေနအရ လစ္လွ်င္လစ္သလိုသာေဆာင္ရြက္ ရန္ျဖစ္၏။ သို႔မွသာ ျမန္ျမန္အႏိုင္ရရွိမည္ျဖစ္ ၏။ အႏိုင္ရရွိမႈသည္သာလွ်င္ ဘဝ၏ပန္းတုိင္ျဖစ္၏။’’

အၿမီးက်က္လွ်င္ အၿမီးကို စားေနသူမ်ားရွိၾက၏။ ေခါင္း က်က္လွ်င္ေခါင္းကိုစားေနသူမ်ား ရွိၾက၏။ သူတို႔၌ ေစာင့္ထိန္းမႈဟူ​၍ဘာမွ်မရွိ။ သစၥာဟူသည္ ‘‘ေဝး ေလ’’ေနေသး၏။ ဤဝါဒအျမင္၊ ဤအယူအဆသည္လည္း ဗုဒၶ ဘာသာျမန္မာႏိုင္ငံ၌သာမက လူ႔ ေလာက၌မရွိသင့္။ မရွိေကာင္း ေသာဝါဒ၊ အျမင္၊ အယူျဖစ္၏။’’

ဆရာႀကီးဦးေရႊေအာင္က ထုိေဆာင္းပါးတြင္ ေထရဝါဒႏွင့္ ဆန္႔က်င္ဘက္မိစၧာအယူအဆ သံုးမ်ဳိးကိုေရးျပသည္။ ကိုယ့္မင္း ကိုယ့္ခ်င္းဘဝမွ သူတစ္ပါးလက္ ေအာက္သို႔က်ေရာက္သြားရ၍ ဒဏ္ကိုခံရျခင္းဟုဆို၏။ ထုိဒဏ္ မ်ားအနက္ ကိုယ္က်င့္သိကၡာယို ယြင္းမႈဆုိင္ရာဒဏ္သည္ ျပင္း ထန္ပါ၏တဲ့။ ဆရာသည္ ေဆာင္းပါးကိုေရးခဲ့စဥ္က ၁၉၉၁ ခုႏွစ္ကာလမ်ားကျဖစ္သည္။ စစ္ အစိုးရ၏ အစအဦးကာလမ်ားျဖစ္ သည္။ ထုိကာလမွစ၍ ယခုအခ်ိန္ ထိ ႏွစ္ေပါင္းမ်ားစြာအတြင္း ျမန္မာႏိုင္ငံ၏ အေျခအေနကုိ ေလ့ လာဆန္းစစ္လွ်င္ ေထရဝါဒဆိုင္ ရာ ကိုယ္က်င့္သိကၡာႏွင့္ တိတၳိ ဆရာတို႔၏ အယူဝါဒမည္သည္က တြင္က်ယ္ခဲ့ပါသနည္း။အေပၚယံေရႊမႈန္ႀကဲသည့္ ဘာသာေရးအခမ္းအနားႀကီး မ်ား၊ ႐ုပ္သဏၭာန္ဖြံ႕ၿဖိဳးေရးဦးစား ေပးၿခိမ့္ၿခိမ့္သဲအလွဴႀကီးမ်ား၊ မတန္မရာ ႀကီးက်ယ္ခမ္းနား ေသာ ဘြဲ႕ထူးဂုဏ္ထူးဆက္ကပ္ပြဲ ႀကီးမ်ား၊ ေအာက္လမ္းနည္း ပရိယတၱိ ေအာင္လက္မွတ္ႀကီး မ်ားျဖင့္ တစ္ဖက္က သာသနာ ေတာ္ကို ခ်ီးေျမႇာက္ခဲ့ၿပီး တစ္ဖက္ တြင္ ေထရဝါဒႏွင့္ဆန္႔က်င္ဘက္ ယၾတာမ်ား၊ ၾတင္းနဝင္းေလာကီ အစီအရင္မ်ား၊ ဘိုးေတာ္မယ္ ေတာ္ကိုးကြယ္မႈမ်ားမွသည္ သိဒၶိ အဖံုဖံု ဂုဏ္ေဆာင္သကၤန္းဝတ္ ကိုယ္ေတာ္ႀကီးမ်ားကုိ မင္းပူေဇာ္ ခံ ဘြဲ႕တံဆိပ္မ်ားဆက္ကပ္၍ ပြဲ ထုတ္ခဲ့ရာ သံဃာရတနာစစ္စစ္ကိုးကြယ္လုိေသာ ဗုဒၶဘာသာဝင္မ်ားႏွင့္ သကၤန္းျမင္တိုင္း ဦးကုန္းမခ်လိုေသာ ဝိဘဇၨဝါဒီရတနာသံုးပါးၾကည္ညိဳသူမ်ား ေအာ့ႏွလံုးနာစရာျဖစ္ခဲ့ရသည္။ အဘက္ဘက္က စီးပြားေရးခြၽတ္ၿခံဳက်မႈေၾကာင့္ ငါးပါးသီလမၿမဲႏိုင္ေသာ ျပည္သူအမ်ားစုႏွင့္ ခ်မ္းသာၿပီးရင္း ခ်မ္းသာေအာင္ ကိုယ္က်င့္သိကၡာကို ေဘးဖယ္ထားေသာ မကၡလိေဂါသလႏြယ္ဝင္မ်ား၏ အၿမီးက်က္အၿမီးစား အယူဝါဒေခတ္စားခဲ့ရာ ျမန္မာႏုိင္ငံတြင္ ဂႏၴဓုရ၊ ဝိပႆနာ ဓုရႏွစ္ျဖာေဆာင္ေသာ သာသနာ့အာဇာနည္ပုဂၢိဳလ္မ်ားေၾကာင့္သာ ကံေကာင္း ေထာက္မ၍ သာသနာမကြယ္ ရ ျခင္းျဖစ္သည္။ လူဦးေရသန္း ၅၀ ေက်ာ္ရွိေသာ သာသနာေရာင္ဝါ ထြန္းပါသည္ဆုိသည့္ ျမန္မာႏိုင္ငံတြင္ သန္း ၄၀ ေက်ာ္ေသာ ဗုဒၶဘာသာဝင္မ်ားအနက္ ဂုဏ္ေတာ္ကိုးပါးကို အနက္ႏွင့္တကြသိေသာဗုဒၶဘာသာ ဘယ္ႏွသန္းရွိပါမည္ နည္း။

ဗုဒၶဘာသာဆိုင္ရာ ကိုယ္က်င့္တရားကိုသိရွိလိုက္နာသူ ဘယ္ႏွသန္းရွိပါမည္နည္း။ ထုိထုိဗုဒၶဘာသာဝင္တို႔၏ ႏွလံုးသားထဲကို ဗုဒၶအေမြအႏွစ္အဆံုးအမမ်ားကိန္းဝပ္ေနေအာင္လုပ္ေပးႏုိင္ ေသာ ႏိုင္ငံ့ေခါင္းေဆာင္ကိုသာ အလိုရွိပါသည္။ ေထာင္ခုနစ္ႏွစ္ က်မွာစိုး၍ ေနာက္လင္ေနာက္ မယားမယူဝ့ံေသာ ဥပေဒျပ႒ာန္း႐ံုမွ်ျဖင့္ အမ်ဳိးဘာသာသာသနာကို ေစာင့္ေရွာက္သည္ဟု ယူဆၿပီး ယၾတာေလာကီ အစီအမံမ်ား၊ အဘဘိုးေတာ္တို႔ေအာက္ေခါင္း လွ်ဳိးဝင္ေနေသာ ေခါင္းေဆာင္ မ်ားလက္ သာသနာကိုဝကြက္ အပ္လွ်င္ျဖင့္ ေက်ာက္ဖ႐ံုသီးေစ်း ေခါင္မုိးေပၚတင္သည့္အေတြးမ်ဳိး ထက္ပို၍ သာသနာေတာ္ကို ေစာင့္ေရွာက္ႏုိင္မည္ဟုမထင္ပါ ေၾကာင္း။
7day daily
...............
ဘာသာသာသနာကာကွယ်သူကို မဲပေးမည်

တနင်္ဂနွေတစ်နေ့ သူငယ်ချင်းတွေနှင့် လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တော့ ကျွန်တော့်ကိုမေးကြ သည်။ ဘယ်ပါတီကိုမဲထည့်မှာလဲ ဟု။ ကျွန်တော်က ရွှတ်နောက်နောက်ဖြင့် ဘာသာသာသနာကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ ပါတီဆိုတော့ သူတို့အားလုံး ပါးစပ်အဟောင်းသားဖြင့် ကျွန်တော့်ကို ကြည့်ကြသည်။ နောက်မှ ဒါဆို ဒီချုပ်ကိုမဲမပေးဘူးပေါ့ဟု တစ်သံတည်းထွက်လာကြသည်။ ကျွန်တော်က သူတို့ကိုပြန်ပြီး ဒီချုပ်အစိုးရဖြစ်ရင်ကော ဘာသာသာသနာကို မစောင့်ရှောက်နိုင်ဘူးလားဟုပြန်မေးတော့ အေးကွာ ငါတို့အဲဒီလိုတစ်ခါမှမစဉ်းစားမိဘူး။ တစ်ခြမ်းက အမျိုးဘာသာသာသနာဆိုပြီး အော်အော်နေတော့ ဒီချုပ်ဆိုရင်အမျိုးဘာသာ သာသနာရဲ့ဆန့်ကျင်ဘက်လို့ပဲမြင်နေတယ်ဟုဆိုသည်။ ကျွန်တော်က နေပါဦး မင်းတို့က ဘာသာ သာသနာဆိုတာနဲ့ ဘယ်လိုတွေဖြစ်ကုန်ရတာလဲ။ မင်းတို့လိုမြို့ပေါ်မှာနေတဲ့ ခေတ်ပညာတတ်တွေတောင် အဲဒီလိုဖြစ်ရင် ကျေးလက်ဒေသ နယ်စွန်နယ်ဖျားက ရိုးသားတဲ့သူတွေဆို ဘယ့်နှယ်လုပ်မလဲဆိုတော့ သူတို့ခေါင်းညိတ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံအနှံ့ စည်းရုံးရေးခရီး စဉ်အတွင်း မြို့တိုင်းရွာတိုင်း မရိုး နိုင်စွာရှင်း နေရသောမေးခွန်းမှာ ဒီချုပ်နိုင်သွားရင် အစ္စလာမ်ဘာသာ လွှမ်းမိုးသွားမယ်ဆိုသောယုတ်မာညံ့ဖျင်းသေးသိမ်လှသည့် ဝါဒဖြန့်စကားသာဖြစ်သည်။ ယခုရခိုင်ပြည်နယ် စည်းရုံးရေးခရီးစဉ်တွင်တော့ ဆိုဖွယ်ရာမရှိတော့။ ရတနာသုံး ပါးအပေါ် ကိုယ်၊ နှုတ်၊စိတ်တို့ ဖြင့် အလျှင်းစော်ကားခဲ့ဖူးခြင်း မရှိသော လူထုခေါင်းဆောင်၏ အနာဂတ် အတွက် ဉာဏ်ပညာဖြင့် မျိုးစောင့်ဥပဒေကို လူ့အခွင့်အရေးနှင့်မညီဟူသော မှတ်ချက်စကားလေး တစ်လုံးကိုပုံကြီးချဲ့ကာ အာဏာရှင်အလိုကျ မဲဆွယ်စည်းရုံးပေးနေသော အင်အားစုတို့၏ လုပ်ကြံမှုက လူထု၏ ချစ်ခင်မြတ်နိုးမှု အပေါ်အရာမထင်ခဲ့။ အာဇာနည်ကုန်းဗုံးခွဲတာကို သွားကြည့်စရာမလိုဘဲ ရောက်လေရာအရပ်တွင် အနီရောင်ပင်လယ်ဖြစ်နေသော လူထုအင်အားကသက်သေပင်။

မည်သို့ပင်ဆိုစေ ကျွန်တော် အပါအဝင် မြန်မာပြည်သူပြည် သားများ၏ ဆန္ဒမှာ ဘာသာ သာ သနာကိုကာကွယ်စောင့်ရှောက် သော နိုင်ငံ့ခေါင်းဆောင်ကိုတော့ အလိုရှိမည်မှာ အသေအချာပင် ဖြစ်သည်။ သို့သော် ဘာသာ သာ သနာဆိုသည်ကိုမူ ခွဲခြားရန်လို သည်။

ကျွန်တော်ပြောသည့် ဘာ သာဆိုသည်မှာ ထေရဝါဒဗုဒ္ဓဘာ သာ။ သာသနာဆိုသည်မှာ ထေ ရဝါဒဗုဒ္ဓဘာသာဝင်တို့ လက်ခံ ကျင့်သုုံးသော ဗုဒ္ဓအဆုံးအမကို ဆိုလိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံ သည် ထေရဝါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သောနိုင်ငံ အ ဖြစ် ကမ္ဘာသိလက်ခံထားသော နိုင်ငံဖြစ်သည်။ သမိုင်းဆိုင်ရာ အငြင်းပွားမှုအချို့ ရှိနေလင့် က စား ထိုထေရဝါဒ အုတ်မြစ်ကို စတင်ထူခဲ့သည်မှာ ဆရာများ ဘက်ကရှင်အရဟံဖြစ်ပြီး ဒကာဘက်က အနော်ရထာမင်းဟု အစဉ်အဆက်ယုံကြည်ခဲ့ကြသည်။

ထိုအနော်ရထာမင်းလက် ထက်မှ စတင်ခဲ့သော ထေရဝါဒ အုတ်မြစ်သည် မြန်မာပြည်သူ ပြည်သားတို့ရင်ထဲတွင် မပြိုမလဲ အောင် အမြစ်ခိုင်မာနေပြီလားဟု မေးလျှင် မည်သို့အဖြေရှိပါမည် နည်း။

ဘာသာခြားများကို လက် ညှိုးထိုး၍ လူပြိန်းကြိုက်စကားလုံး များဖြင့် ဒါကြောင့်တို့က ကာကွယ်ဖို့လုပ်နေတာဟု အဖြေပေးပါ လိမ့်မည်။ ကျွန်တော်ကတော့ ဆရာဦးရွှေအောင်၏ မြန်မာနိုင်ငံ နှင့်ထေရဝါဒအုတ်မြစ်ဆိုသော ဆောင်းပါးကို ညွှန်းချင်သည်။ ဆောင်းပါးတစ်နေရာတွင် ‘‘ယနေ့ မြန်မာနိုင်ငံ၌ ထေရဝါဒ၏ အုတ် မြစ်သည် ခိုင်မာပြီလားဟူ၍မေး ရန်ရှိပါ၏။ ခိုင်မာသင့်သလောက် တော့ခိုင်မာ၏။ မပြိုပျက်လောက် အောင်တော့ မခိုင်မာသေး။ မပြို ပျက်လောက်အောင် ခိုင်မာရန် ဆက်၍အားထုတ်ဖို့ရှိသေး၏။ ဤသို့ပင်ဖြေရမည်ဖြစ်၏။

မြန်မာနိုင်ငံသည် ကိုယ့်မင်း ကိုယ့်ချင်းဘဝမှ သူတစ်ပါးလက် အောက်သို့ကျရောက်သွားသော ‘ဒဏ်’ကိုခံခဲ့ရ၏။ ကျရောက် သွားသဖြင့် ခံရသောဒဏ်များ အနက် ကိုယ်ကျင့်သိက္ခာယိုယွင်း သွားမှုဆိုင်ရာဒဏ်သည် များစွာ ပြင်းထန်ပါ၏။ ထိုဒဏ်ကိုကုစား ရာ၌ ထေရဝါဒဆိုင်ရာ ကိုယ်ကျင့် သိက္ခာတည်ဆောက်မှုတည်းဟူ သော ဆေးကောင်းဖြင့်ကုစားရုံမှ တစ်ပါး အခြားကုစားနည်းဟူ၍ မရှိကောင်းပါချေ။

မြန်မာနိုင်ငံ၏ စာရိတ္တယို ယွင်းမှုဒဏ်ကြောင့် ထေရဝါဒဗုဒ္ဓဘာသာဝင်ဖြစ်သူများသည် မိစ္ဆာဒိဋ္ဌိ၏ အမူအကျင့်များအတိုင်းကျင့်ကြံကြသည်ကိုလည်း တွေ့ရ ၏။ ဤနေရာ၌ မိစ္ဆာဒိဋ္ဌိဟူသည်မှာ နတ္ထိကဒိဋ္ဌိ၊ အကြိယဒိဋ္ဌိနှင့် အဟေတုကဒိဋ္ဌိတို့ကိုဆိုခြင်းဖြစ် ၏။

နတ္ထိကဒိဋ္ဌိမူရင်းဝါဒရှင်မှာ အဇိတကေသ ကမ္ဗလဖြစ်၏။ အဇိတကေသကမ္ဗလသည် မြတ် စွာဘုရား လက်ထက်တော်အခါ က ထင်ရှားသောတိတ္ထိကြီး ခြောက်ယောက်တို့အနက် တစ်ယောက် အပါအဝင်ဖြစ်၏။ သူ၏ ဝါဒမှာကံ၏ အကျိုးကမ္မဖလကို မယုံ ကြည်သောဝါဒဖြစ်သည်။ ပစ္စုပ္ပန်တည့်တည့်ကိုသာ အာရုံ စိုက်၏။ အနာဂတ်ကိုရှိသည်ဟူ၍ ပင်မခံယူပါချေ။

နောက်တစ်နည်းမှာ ‘ပုရာဏကဿပ’၏နည်းဖြစ်၏။ ပုရာဏ ကဿပသည်လည်း မြတ်စွာ ဘုရားလက်ထက်တော်အခါက ထင်ရှားသော တိတ္ထိဆရာကြီး ခြောက်ယောက်တို့အနက် တစ် ယောက်အပါအဝင်ဖြစ်၏။ ပုရာ ဏကဿပ၏ဝါဒကို အကြိယဒိဋ္ဌိ ဟုခေါ်၏။ အကြိယဒိဋ္ဌိသည် ကံ ကိုမယုံကြည်။ လိုအပ်သောအကျိုးကိုရလျှင်ပြီးရော။ ဘယ်လိုနည်း ဖြင့်ရရ ရခြင်းသာပဓာနဖြစ်၏။ ဤသို့သာယုံကြည်၏။ ဤနည်း ကို မက္ခိယဗေလိမည်သော အီ တလီ နိုင်ငံရေးသုခမိန်ကြီးက လည်း သုံးသည်ဟုဆိုကြ၏။

အကျိုးကို ရမည်ဆိုလျှင် ဘာကိုပဲလုပ်ရလုပ်ရ လုပ်ကြ မည်သာဖြစ်၏။ အခြားကိစ္စတွင် လည်း အလားတူပင်သဘောထား ကြ၏။ ဆောင်ရွက်ကြ၏။ အ ကြောင်းမှန်၊ မမှန်ကိုအကျိုး တရားရခြင်းနှင့် တိုင်းတာကြ၏။ အ ကယ်၍ လိုအပ်သောအကျိုးကို ရရိုးမှန်လျှင် အကြောင်းမှန်၍သာ ဖြစ်သည်ဟူသောသဘောဖြစ်၏။

အကယ်၍အဇာတသတ်လို အဖကိုသတ်သဖြင့် ထီးနန်းကို ရလျှင် အဖကိုသတ်ခြင်းသည် မှန်ကန်သည်ဟူ၍ခံယူသောဝါဒ ဖြစ်၏။

ဤဝါဒသည်လည်း ကိုယ် ကျင့်သိက္ခာကိုဖျက်ဆီးသောဝါဒ ဖြစ်သဖြင့် ယင်းဝါဒကိုလည်း ဤ မြန်မာနိုင်ငံ၌ မထွန်းကားအောင် ဆောင်ရွက်ရန်တာဝန်ရှိပါ၏။ ကြိုးပမ်းရန်တာဝန်ရှိပါ၏။ တာ ဝန်ရှိသည့်အားလျော်စွာ ဆောင်ရွက်ကြရမည်ဖြစ်၏။ ကြိုးပမ်းကြရမည်ဖြစ်၏။

နောက် ဝါဒတစ်ခုမှာ ကြောင်းကျိုးမဲ့ဝါဒဖြစ်၏။ ပါဠိ ဝေါဟာရအားဖြင့် အဟေတုက ဒိဋ္ဌိဟူ၍ဆို၏။ ဤဝါဒကိုထူထောင်သူမှာ မက္ခလိဂေါသလဖြစ်၏။ မြတ်စွာဘုရား လက်ထက်တော် က ထင်ရှားသောတိတ္ထိကြီး ခြောက် ယောက်တို့တွင်ပါဝင်သည်။

ဤဝါဒအရ လောက၌ အကြောင်းဟူ၍လည်းမရှိ၊ အကျိုးဟူလည်းမရှိ။ အကြောင်းနှင့် အကျိုးတို့၏ ဆက်သွယ်မှုဟူ၍လည်း မရှိ။ ထို့ကြောင့် ကံဟူ၍လည်း မရှိ။ အမှန်အားဖြင့် လောကဟူသည် ကစားကွင်း‘ကိဠာထလ’သာဖြစ်၏။ ထို့ကြောင့် လောကတည်းဟူသော ကစားကွင်း၌ အနိုင်ရအောင်သာ ကစားကြရမည်ဖြစ် ၏။ အနိုင်ရရှိရေးသို့သာ ဦးတည်ကြရမည်ဖြစ်သည်။

ဤဝါဒအရ မိမိတို့အသက် ရှင်နေသရွေ့ ကာလပတ်လုံး ဂုဏ်တွေ၊ သိက္ခာတွေ၊ ကိုယ်ကျင့် တရားတွေ၊ ပတ်ဝန်းကျင်တွေ၊ စည်းကမ်းဥပဒေတွေကို လိုက်နာနေစရာမလို။ အကယ်၍ လိုက်နာစေလျှင် အနိုင်ရရှိရေး၌ နှောင့်နှေးနေမည်သာဖြစ်၏။ ထို့ကြောင့် အခြေအနေအရ လစ်လျှင်လစ်သလိုသာဆောင်ရွက် ရန်ဖြစ်၏။ သို့မှသာ မြန်မြန်အနိုင်ရရှိမည်ဖြစ် ၏။ အနိုင်ရရှိမှုသည်သာလျှင် ဘဝ၏ပန်းတိုင်ဖြစ်၏။’’

အမြီးကျက်လျှင် အမြီးကို စားနေသူများရှိကြ၏။ ခေါင်း ကျက်လျှင်ခေါင်းကိုစားနေသူများ ရှိကြ၏။ သူတို့၌ စောင့်ထိန်းမှုဟူ​၍ဘာမျှမရှိ။ သစ္စာဟူသည် ‘‘ဝေး လေ’’နေသေး၏။ ဤဝါဒအမြင်၊ ဤအယူအဆသည်လည်း ဗုဒ္ဓ ဘာသာမြန်မာနိုင်ငံ၌သာမက လူ့ လောက၌မရှိသင့်။ မရှိကောင်း သောဝါဒ၊ အမြင်၊ အယူဖြစ်၏။’’

ဆရာကြီးဦးရွှေအောင်က ထိုဆောင်းပါးတွင် ထေရဝါဒနှင့် ဆန့်ကျင်ဘက်မိစ္ဆာအယူအဆ သုံးမျိုးကိုရေးပြသည်။ ကိုယ့်မင်း ကိုယ့်ချင်းဘဝမှ သူတစ်ပါးလက် အောက်သို့ကျရောက်သွားရ၍ ဒဏ်ကိုခံရခြင်းဟုဆို၏။ ထိုဒဏ် များအနက် ကိုယ်ကျင့်သိက္ခာယို ယွင်းမှုဆိုင်ရာဒဏ်သည် ပြင်း ထန်ပါ၏တဲ့။ ဆရာသည် ဆောင်းပါးကိုရေးခဲ့စဉ်က ၁၉၉၁ ခုနှစ်ကာလများကဖြစ်သည်။ စစ် အစိုးရ၏ အစအဦးကာလများဖြစ် သည်။ ထိုကာလမှစ၍ ယခုအချိန် ထိ နှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံ၏ အခြေအနေကို လေ့ လာဆန်းစစ်လျှင် ထေရဝါဒဆိုင် ရာ ကိုယ်ကျင့်သိက္ခာနှင့် တိတ္ထိ ဆရာတို့၏ အယူဝါဒမည်သည်က တွင်ကျယ်ခဲ့ပါသနည်း။အပေါ်ယံရွှေမှုန်ကြဲသည့် ဘာသာရေးအခမ်းအနားကြီး များ၊ ရုပ်သဏ္ဌာန်ဖွံ့ဖြိုးရေးဦးစား ပေးခြိမ့်ခြိမ့်သဲအလှူကြီးများ၊ မတန်မရာ ကြီးကျယ်ခမ်းနား သော ဘွဲ့ထူးဂုဏ်ထူးဆက်ကပ်ပွဲ ကြီးများ၊ အောက်လမ်းနည်း ပရိယတ္တိ အောင်လက်မှတ်ကြီး များဖြင့် တစ်ဖက်က သာသနာ တော်ကို ချီးမြှောက်ခဲ့ပြီး တစ်ဖက် တွင် ထေရဝါဒနှင့်ဆန့်ကျင်ဘက် ယတြာများ၊ တြင်းနဝင်းလောကီ အစီအရင်များ၊ ဘိုးတော်မယ် တော်ကိုးကွယ်မှုများမှသည် သိဒ္ဓိ အဖုံဖုံ ဂုဏ်ဆောင်သင်္ကန်းဝတ် ကိုယ်တော်ကြီးများကို မင်းပူဇော် ခံ ဘွဲ့တံဆိပ်များဆက်ကပ်၍ ပွဲ ထုတ်ခဲ့ရာ သံဃာရတနာစစ်စစ်ကိုးကွယ်လိုသော ဗုဒ္ဓဘာသာဝင်များနှင့် သင်္ကန်းမြင်တိုင်း ဦးကုန်းမချလိုသော ဝိဘဇ္ဇဝါဒီရတနာသုံးပါးကြည်ညိုသူများ အော့နှလုံးနာစရာဖြစ်ခဲ့ရသည်။ အဘက်ဘက်က စီးပွားရေးချွတ်ခြံုကျမှုကြောင့် ငါးပါးသီလမမြဲနိုင်သော ပြည်သူအများစုနှင့် ချမ်းသာပြီးရင်း ချမ်းသာအောင် ကိုယ်ကျင့်သိက္ခာကို ဘေးဖယ်ထားသော မက္ခလိဂေါသလနွယ်ဝင်များ၏ အမြီးကျက်အမြီးစား အယူဝါဒခေတ်စားခဲ့ရာ မြန်မာနိုင်ငံတွင် ဂန္ထဓုရ၊ ဝိပဿနာ ဓုရနှစ်ဖြာဆောင်သော သာသနာ့အာဇာနည်ပုဂ္ဂိုလ်များကြောင့်သာ ကံကောင်း ထောက်မ၍ သာသနာမကွယ် ရ ခြင်းဖြစ်သည်။ လူဦးရေသန်း ၅၀ ကျော်ရှိသော သာသနာရောင်ဝါ ထွန်းပါသည်ဆိုသည့် မြန်မာနိုင်ငံတွင် သန်း ၄၀ ကျော်သော ဗုဒ္ဓဘာသာဝင်များအနက် ဂုဏ်တော်ကိုးပါးကို အနက်နှင့်တကွသိသောဗုဒ္ဓဘာသာ ဘယ်နှသန်းရှိပါမည် နည်း။

ဗုဒ္ဓဘာသာဆိုင်ရာ ကိုယ်ကျင့်တရားကိုသိရှိလိုက်နာသူ ဘယ်နှသန်းရှိပါမည်နည်း။ ထိုထိုဗုဒ္ဓဘာသာဝင်တို့၏ နှလုံးသားထဲကို ဗုဒ္ဓအမွေအနှစ်အဆုံးအမများကိန်းဝပ်နေအောင်လုပ်ပေးနိုင် သော နိုင်ငံ့ခေါင်းဆောင်ကိုသာ အလိုရှိပါသည်။ ထောင်ခုနစ်နှစ် ကျမှာစိုး၍ နောက်လင်နောက် မယားမယူဝ့ံသော ဥပဒေပြဋ္ဌာန်းရုံမျှဖြင့် အမျိုးဘာသာသာသနာကို စောင့်ရှောက်သည်ဟု ယူဆပြီး ယတြာလောကီ အစီအမံများ၊ အဘဘိုးတော်တို့အောက်ခေါင်း လျှိုးဝင်နေသော ခေါင်းဆောင် များလက် သာသနာကိုဝကွက် အပ်လျှင်ဖြင့် ကျောက်ဖရုံသီးစျေး ခေါင်မိုးပေါ်တင်သည့်အတွေးမျိုး ထက်ပို၍ သာသနာတော်ကို စောင့်ရှောက်နိုင်မည်ဟုမထင်ပါ ကြောင်း။
7day daily

No comments:

Post a Comment