Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 2, 2015

အရပ္ရွည္တဲ့ အမ်ိဳးသားေတြဟာ အရပ္ပုတဲ့ အမ်ိဳးသားေတြထက္ ရည္းစားမ်ားတာကို ေတြ႕ရွိ

တစ္ခ်ိဳ႕လူေတြက ေျပာပါတယ္။ အခ်စ္ေရးမွာ အရြယ္အစားက အေရးမႀကီးပါဘူးတဲ့။

တစ္ကယ့္ လက္ေတြ႕ မွာေတာ့ အမ်ိဳးသမီးေတြဟာ အရပ္ပုတဲ့အမ်ိဳးသားေတြကို သေဘာက်ေလ့မရွိၾကပါဘူး။  အရပ္ရွည္တဲ့အမ်ိဳးသားေတြဟာ  အရပ္ပုတဲ့ အမ်ိဳးသားေတြ ထက္ ခ်စ္တင္းေႏွာမယ့္ လက္တြဲေဖာ္ ပိုမ်ားေနတာကို ေလ့လာမႈ တစ္ခုက ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

ဒါေၾကာင့္ သုေတသီေတြက လူေတြရဲ႕ အရပ္အေမာင္းနဲ႔ ကိုယ္အေလးခ်ိန္တို႔ဟာ ခ်စ္တင္းေႏွာလိုတဲ့ လက္တြဲေဖာ္ အေရအတြက္ အေပၚ ဘယ္လို သက္ေရာက္မႈ ရွိႏိုင္တယ္ ဆိုတာကို ေလ့လာ အေျဖရွာခဲ့ၾကပါတယ္။ ဒါေၾကာင့္ သုေတသီေတြဟာ အမ်ိဳးသား နဲ႔ အမ်ိဳးသမီး ၆၀၀၅၈ ေယာက္ကို ေမးခြန္းထုတ္ၿပီး သူတို႔ရဲ႕ အရပ္အေမာင္း ၊ ကိုယ္အေလးခ်ိန္နဲ႔ သူတို႔မွာ ရည္းစား ဘယ္ႏွစ္ေယာက္ရွိခ့ဲတယ္ဆိုတာကုိ ေလ့လာၾကည့္ခဲ့ပါတယ္။

အသက္ ၃၀ ကေန ၄၄ ႏွစ္ၾကားရွိတဲ့ အမ်ိဳးသားေတြ နဲ႔ အမ်ိဳးသမီးေတြဟာ ပ်မ္းမွ်အားျဖင့္ ရည္းစား ၈ ေယာက္ခန္႔ နဲ႔ ခ်စ္တင္းေႏွာခဲ့ဖူးတယ္ဆိုတာကို ေလ့လာမႈ က တစ္ဆင့္ ေတြ႕ရွိခဲ့ၾကပါတယ္။ အမ်ိဳးသား ၅၈ ရာခိုင္ႏႈန္း နဲ႔ အမ်ိဳးသမီး ၈ ရာခိုင္ႏႈန္းတို႔က ရည္းစား ၅ ေယာက္ အနည္းဆံုး ထားဖူးၾကတယ္လို႔ ဆိုၿပီး အမ်ိဳးသား ၂၉ ရာခိုင္ႏႈန္းနဲ႔ အမ်ိဳးသမီး ၂၃ ရာခိုင္ႏႈန္းတို႔ကေတာ့ ၁၄ ေယာက္ထက္ ပိုၿပီး ရည္းစားထားခဲ့ဖူးတယ္လို႔ ဆိုထားၾကပါတယ္။

ထို ရာခိုင္ႏႈန္းေတြ ထဲမွာမွ ရည္းစား ၅ ေယာက္သာထားဖူးတဲ့ အမ်ိဳးသား အမ်ားစု ဟာ အရပ္ပုၾကတာကိုေတြ႕ရၿပီး အရပ္ရွည္တဲ့ အမ်ိဳးသားေတြကေတာ့ ရည္းစား ၇ ေယာက္ခန္႔ အနည္းဆံုးထားခဲ့ဖူးတာကို ပ်မ္းမွ်အားျဖင့္ ေတြ႕ရျပန္ပါတယ္။ ပ်မ္းမွ်အားျဖင့္ တြက္ခ်က္မယ္ဆိုရင္ေတာ့ အရပ္ရွည္တဲ့ အမ်ိဳးသားေတြဟာ အရပ္ပု တ့ဲ အမ်ိဳးသားေတြထက္ ၃ ဆ ေလာက္ ရည္းစားမ်ားတာကိုလည္း ေတြ႕ရမွာပါ။

ဒါေပမယ့္လည္း အမ်ိဳးသမီးေတြမွာေတာ့ အရပ္အေမာင္းနဲ႔ ကိုယ္အေလးခ်ိန္ ကြာဟ မႈဟာ အခ်စ္ေရး နဲ႔ လိင္ပိုင္းဆိုင္ရာ ဆြဲေဆာင္မႈ အပိုင္းေတြကို ကြာျခားသြားေစတဲ့ သက္ေရာက္မႈ မရွိခဲ့ပါဘူး။

ဒီ ေလ့လာမႈ နဲ႔ ရွာေဖြေတြ႕ရွိခ်က္ေတြကိုေတာ့ Evolutionary Psychology ဆိုတဲ့ ဂ်ာနယ္မွာ ပံုႏွိပ္ေဖာ္ျပခဲ့ပါတယ္။

( Mario )

#သစ္ထူးလြင္(က်န္းမာေရး)
#health.thithtoolwin.com

Ref : Dailymail
.........................................................


တစ်ချို့လူတွေက ပြောပါတယ်။ အချစ်ရေးမှာ အရွယ်အစားက အရေးမကြီးပါဘူးတဲ့။

တစ်ကယ့် လက်တွေ့ မှာတော့ အမျိုးသမီးတွေဟာ အရပ်ပုတဲ့အမျိုးသားတွေကို သဘောကျလေ့မရှိကြပါဘူး။  အရပ်ရှည်တဲ့အမျိုးသားတွေဟာ  အရပ်ပုတဲ့ အမျိုးသားတွေ ထက် ချစ်တင်းနှောမယ့် လက်တွဲဖော် ပိုများနေတာကို လေ့လာမှု တစ်ခုက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် သုတေသီတွေက လူတွေရဲ့ အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်တို့ဟာ ချစ်တင်းနှောလိုတဲ့ လက်တွဲဖော် အရေအတွက် အပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်တယ် ဆိုတာကို လေ့လာ အဖြေရှာခဲ့ကြပါတယ်။ ဒါကြောင့် သုတေသီတွေဟာ အမျိုးသား နဲ့ အမျိုးသမီး ၆၀၀၅၈ ယောက်ကို မေးခွန်းထုတ်ပြီး သူတို့ရဲ့ အရပ်အမောင်း ၊ ကိုယ်အလေးချိန်နဲ့ သူတို့မှာ ရည်းစား ဘယ်နှစ်ယောက်ရှိခဲ့တယ်ဆိုတာကို လေ့လာကြည့်ခဲ့ပါတယ်။

အသက် ၃၀ ကနေ ၄၄ နှစ်ကြားရှိတဲ့ အမျိုးသားတွေ နဲ့ အမျိုးသမီးတွေဟာ ပျမ်းမျှအားဖြင့် ရည်းစား ၈ ယောက်ခန့် နဲ့ ချစ်တင်းနှောခဲ့ဖူးတယ်ဆိုတာကို လေ့လာမှု က တစ်ဆင့် တွေ့ရှိခဲ့ကြပါတယ်။ အမျိုးသား ၅၈ ရာခိုင်နှုန်း နဲ့ အမျိုးသမီး ၈ ရာခိုင်နှုန်းတို့က ရည်းစား ၅ ယောက် အနည်းဆုံး ထားဖူးကြတယ်လို့ ဆိုပြီး အမျိုးသား ၂၉ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၂၃ ရာခိုင်နှုန်းတို့ကတော့ ၁၄ ယောက်ထက် ပိုပြီး ရည်းစားထားခဲ့ဖူးတယ်လို့ ဆိုထားကြပါတယ်။

ထို ရာခိုင်နှုန်းတွေ ထဲမှာမှ ရည်းစား ၅ ယောက်သာထားဖူးတဲ့ အမျိုးသား အများစု ဟာ အရပ်ပုကြတာကိုတွေ့ရပြီး အရပ်ရှည်တဲ့ အမျိုးသားတွေကတော့ ရည်းစား ရ ယောက်ခန့် အနည်းဆုံးထားခဲ့ဖူးတာကို ပျမ်းမျှအားဖြင့် တွေ့ရပြန်ပါတယ်။ ပျမ်းမျှအားဖြင့် တွက်ချက်မယ်ဆိုရင်တော့ အရပ်ရှည်တဲ့ အမျိုးသားတွေဟာ အရပ်ပု တဲ့ အမျိုးသားတွေထက် ၃ ဆ လောက် ရည်းစားများတာကိုလည်း တွေ့ရမှာပါ။

ဒါပေမယ့်လည်း အမျိုးသမီးတွေမှာတော့ အရပ်အမောင်းနဲ့ ကိုယ်အလေးချိန် ကွာဟ မှုဟာ အချစ်ရေး နဲ့ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု အပိုင်းတွေကို ကွာခြားသွားစေတဲ့ သက်ရောက်မှု မရှိခဲ့ပါဘူး။

ဒီ လေ့လာမှု နဲ့ ရှာဖွေတွေ့ရှိချက်တွေကိုတော့ Evolutionary Psychology ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com


Ref : Dailymail

No comments:

Post a Comment