Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 17, 2015

ေဒၚေအာင္ဆန္းစုၾကည္ လံုျခံဳေရး စိုးရိမ္ေနၾကသည္

ေမစစ္ပိုင္| October 17, 2015

ေဒၚေအာင္ဆန္းစုုၾကည္ ရခုုိင္ျပည္နယ္သံတြဲျမဳိ႕ ဒုိးေတာင္ရပ္ကြက္ ဦးဖုုိးဆိတ္အားကစားကြင္း ေဟာေျပာပြဲ လံုျခဳံေရး ျပင္ဆင္ေနစဥ္ (ဓာတ္ပံု – ေဂ်ပိုင္/ဧရာဝတီ)
“ရန္ကုန္တုိင္းမွာ အနီမလႊမ္းရဘူး။ အစိမ္းပဲ လႊမ္းရမယ္။ အနီဆိုတာ အာဇာနည္ကုန္း ဗုံးခဲြသြားတာ ကုိၾကည့္။ အာဇာနည္ကုန္းႀကီး ဘာျဖစ္သြားလဲ” ဟု အမ်ိဳးသား လႊတ္ေတာ္နာယက၊ ႀကံ့ခိုင္ဖြံ႔ၿဖိဳးေရးပါတီ ဗဟိုအလုပ္ အမႈေဆာင္ ဦးျမညိမ္းက သုဝဏၰၿမိဳ႕နယ္ရွိ လူထုေတြ႔ဆုံပဲြတြင္ ေျပာဆိုသြားခဲ့သည္။

လႊတ္ေတာ္နာယက တဦးလည္းျဖစ္သလို အင္အားႀကီး ပါတီတခု၏ ဗဟိုအလုပ္အမႈေဆာင္ျဖစ္သူ ဦးျမညိမ္း၏ ေျပာစ ကားအေပၚ လူမႈကြန္ရက္ မီဒီယာမ်ား အပါအဝင္ ျပည္သူလူထု၊ ႏုိင္ငံေရးအသိုင္းအဝိုင္းစသည့္ ဘက္ေပါင္းစုံက ေဝဖန္မႈ မ်ားစြာ ယေန႔အထိ ရွိေနသည္။

USDP ပါတီ ၏ ဗဟိုအလုပ္အမႈေဆာင္ ဦးျမညိမ္း၏ ေျပာဆိုခ်က္သည္ လာမည့္ အေထြေထြေရြးေကာက္ပဲြတြင္ ၎တို႔ ပါတီႏွင့္ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရမည့္ NLD ပါတီႏွင့္တကြ ဥကၠ႒ျဖစ္သည့္ ေဒၚေအာင္ဆန္းစုၾကည္ကုိ ရည္ရြယ္ခ်က္ရွိရွိ ေျပာဆိုသည့္ သေဘာမ်ိဳး သက္ေရာက္ေနသည္ဟု ျပည္သူလူထုက ျပစ္တင္ေဝဖန္ ရႈ႔တ္ခ်ေနၾကၿပီး ေဒၚေအာင္ဆန္းစု ၾကည္၏လုံၿခဳံေရးအေပၚမ်ားစြာ စိုးရိမ္ပူပန္ေနၾကသည္။

ျမန္မာ့အေရး ကၽြမ္းက်င္ပညာရွင္ ဆီြဒင္သတင္းစာဆရာ ဘာေတးလ္လစ္တနာကလည္း “ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လုံၿခဳံေရးအတြက္ လူထုက စိတ္ပူပန္မႈမ်ားစြာ ရွိေနတယ္” ဟု ဧရာဝတီသုိ႔ ေျပာဆုိသည္။

၂၀၁၅ ေရြးေကာက္ပဲြမွာလည္း အခ်ိန္နီးကပ္လာၿပီျဖစ္ရာ NLD ပါတီ ဥကၠ႒၊ အတိုက္အခံ ေခါင္းေဆာင္ ေဒၚေအာင္ဆန္း စုၾကည္အေပၚ ျပည္သူလူထုက စိုးရိမ္ရသည့္ အေၾကာင္းအရင္းမ်ားစြာ ရွိေနသည္။

အဘယ္ေၾကာင့္ဆိုေသာ္ ယခင္ စစ္အစုိးရ လက္ထက္က ေဒၚေအာင္ဆန္းစုၾကည္၏အသက္ အႏၲရာယ္ကုိ ထိခိုက္ေစႏုိင္ ေသာ လုပ္ႀကံမႈမ်ဳိး မၾကာခဏဆုိသလုိ ရွိခဲ့ဖူးသည္။

၂၀၀၁ ခုႏွစ္က ျမစ္ႀကီးနားခရီးစဥ္၌ ခရီးစဥ္အျပန္တြင္ အသက္ အႏၱရာယ္ျဖစ္ႏုိင္ေသာ ယာဥ္တန္း တိုက္ခိုက္ခံခ့ဲရမႈႏွင့္ ႀကံဳေတြ႔ခဲ႔ရသည္ဟု ေဒၚေအာင္ဆန္းစုၾကည္က ၿပီးခဲ့သည့္ ေအာက္တုိဘာ ၂ ရက္က ကခ်င္ျပည္နယ္ မဲဆြယ္စည္း႐ုံးေရး ခရီးစဥ္အတြင္း လူထုႏွင့္ေတြ႔ဆုံရာတြင္ ေျပာဆိုခဲ့သည္။

ထို႔နည္းတူ၂၀၀၃ ခုႏွစ္က စစ္ကိုင္းတုိင္း စည္း႐ုံးေရး ခရီးစဥ္အတြင္း ေဒၚေအာင္ဆန္းစုၾကည္ လုိက္ပါေသာ ကားတန္းကုိ စြမ္းအားရွင္ႏွင့္ ႀကံ့ခုိင္ေရးအသင္း အဖြဲ႔၀င္မ်ားက ဟန္႔တား ႐ုိက္ႏွက္လုပ္ႀကံခဲ့ေသာ ၂၀၀၃ ဒီပဲယင္း အေရးအခင္းတြင္ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္မွ အဖြဲ႔၀င္မ်ားႏွင့္ ျပည္သူ ၄၀ ထက္မနည္း ေသဆုံးထိခိုက္ ဒဏ္ရာရမႈမ်ား ျဖစ္ပြားခဲ့သည့္ ျဖစ္ရပ္မ်ား ရွိခဲ့သည္။

ေဒၚေအာင္ဆန္းစုၾကည္၏ NLD ပါတီမွာ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးတြင္ လူထုေထာက္ခံ အားေပးမႈ အမ်ားဆုံး ပါတီတခုျဖစ္ေနၿပီး လာမည့္ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြတြင္ မဲအမ်ားဆုံး ရရွိႏိုင္သည့္ပါတီဟု ျမန္မာ့အေရး ကၽြမ္းက်င္သူ မ်ားစြာက သုံးသပ္ေနၾကသည္။

သို႔ျဖစ္ရာ လာမည့္ အေထြေထြေရြးေကာက္ပဲြအၿပီး အစိုးရဖဲြ႔ႏိုင္ေရး အလားအလာအေကာင္းဆုံးရွိေနသည့္ NLD ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က မဲဆြယ္စည္းရုံးပဲြမ်ား ျပဳလုပ္၍ ျပည္သူလူထုႏွင့္ ထိေတြ႔ဆက္ဆံရာတြင္ ၿပိဳင္ဘက္ ပါတီမ်ား၊ မနာလိုသူမ်ားႏွင့္ ရန္ရွာလုိသူမ်ား၏ တိုက္ခိုက္မႈမ်ား ႀကဳံေတြ႔ရမည္ကုိ လူထုက စိုးရိမ္ပူပန္ေနၾကျခင္း ျဖစ္ သည္။

NLD ပါတီ အဖဲြ႔ဝင္ ဇမၺဴသီရိၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚခင္သႏၱာ က “လက္ရွိျပည္သူအားလုံးရဲ႕ ေမွ်ာ္ လင့္ခ်က္၊ ဒီမိုကေရစီႏုိင္ငံအေျပာင္းအလဲ ေမွ်ာ္လင့္ခ်က္ အားလုံးက လူထုေခါင္းေဆာင္အေပၚမွာ ရွိေနတာကုိး။ အဲဒီလို ဆိုေတာ့ နည္းနည္း စိုးရိမ္ၾကတာရွိပါတယ္။ အန္တီ့လုံၿခဳံေရးကိုေတာ့ ပါတီက CEC အန္ကယ္ဦးဝင္းထိန္ကုိယ္တုိင္ လုိက္ ၿပီး ေဆာင္ရြက္ေနတယ္။ အားလုံးသိထားတဲ့ လုံၿခဳံေရးပုံစံမ်ိဳးမဟုတ္ဘဲ ေမတၱာနဲ႔သြားေနတဲ့သေဘာေပါ့”ဟု ဧရာဝတီသို႔ ရွင္းျပသည္။

လက္ရွိတြင္မူ ေဒၚေအာင္ဆန္းစုၾကည္၏ လုံၿခဳံေရးအတြက္ NLD ပါတီ ဗဟိုအလုပ္အမႈေဆာင္ ဦးဝင္းထိန္ ကုိယ္တုိင္ လုိက္ပါ ေဆာင္ရြက္လ်က္ရွိသည္ဟု သိရသည္။

ထို႔ေၾကာင့္ ျပည္သူလူထု စိုးရိမ္ေၾကာင့္ၾကေနသည့္ ေဒၚေအာင္ဆန္းစုၾကည္၏ လုံၿခဳံေရးႏွင့္ ပတ္သက္၍ NLD ဗဟို အလုပ္အမႈေဆာင္ ဦးဝင္းထိန္ကုိ ဧရာဝတီသတင္းဌာနက ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း “မေျဖႏုိင္ဘူး”ဟုသာ ေျပာဆိုခဲ့သည္။

NLD ပါတီ၏ ေဒသအလုိက္ ေရြးေကာက္ပဲြေအာင္ႏိုင္ေရးအဖဲြ႕ဝင္မ်ား၏ ေျပာျပခ်က္အရ ေဒၚေအာင္ဆန္းစုၾကည္၏ လူထု စည္းရုံးေရးပဲြမ်ား၌ သူ၏ေဘးတဖက္ တခ်က္စီတြင္ အတြင္းစည္းအျဖစ္ လုံၿခဳံေရးတာဝန္ယူထားသူ ၁၅ ဦး ခန္႔ ရွိသည္။ ေဟာေျပာပဲြ၏ စင္ျမင့္ေအာက္ေျခ တဖက္တခ်က္စီတြင္ အျပင္စည္း လုံၿခဳံေရး ၂၀ ဦးခန္႔ႏွင့္ သူ ေရာက္ရွိသည့္ ေဒသမွ ပါတီဝင္မ်ား၏ နယ္ေျမခံ လုံၿခဳံေရးအင္အားမွာ ၅၀ ဦးထက္မနည္း ရွိသည္ဟု သိရသည္။

သို႔ေသာ္ လူထုစည္းရုံးေရးပဲြမ်ား က်င္းပရာေနရာတြင္ ေဒၚေအာင္ဆန္းစုၾကည္ကုိ ေထာက္ခံအားေပးရန္ ေဟာေျပာပဲြသို႔ လာေရာက္သည့္ လူထုဦးေရသည္ ေထာင္ဂဏန္းမွ သိန္းဂဏန္းအထိ ရွိေနသည္။

သူ၏ လုံၿခဳံေရးကုိ လုိက္ပါေဆာင္ရြက္ေပးသည့္ လုံၿခဳံေရးအဖဲြ႕ဝင္မ်ားလည္း လူထုက ထိန္းမႏုိင္သိမ္းမရ တိုးေဝွ႔၍ ေဒၚေအာင္ဆန္းစုၾကည္ကုိ ႏႈတ္ဆက္ၾကသည့္အခါ တားဆီးပိတ္ပင္ရန္ အက်ပ္႐ိုက္ၾကရသည့္ အေနအထားကို ေတြ႔ခဲ့ ရဖူးသည္။

ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တုိင္မွာလည္း ျပည္သူလူထုႏွင့္ တသားတည္းရွိရမည္ဟူသည့္ ခံယူခ်က္ သေဘာထား လည္းရွိေနသည့္အတြက္ သူ႔ကုိ တုိက္ခိုက္လုပ္ႀကံလိုသူမ်ားအတြက္ လြယ္ကူစြာ လုပ္ႀကံသြားႏုိင္သည့္ အေနအထားတြင္ ရွိသည္ဟု ႏုိင္ငံေရးေလ့လာ သုံးသပ္သူမ်ားစြာက ေထာက္ျပ ေျပာဆုိေနၾကသည္။

ႏုိင္ငံေရးေလ့လာသုံးသပ္သူ ပညာရွင္ ေဒါက္တာေသာင္းထြန္း က “ေရြးေကာက္ပဲြ နီးကပ္လာတာနဲ႔အမွ် ေဒၚေအာင္ဆန္း စုၾကည္က အရမ္းကုိ ေပၚျပဴလာျဖစ္တဲ့ ႏုိင္ငံေရး ေခါင္းေဆာင္ ျဖစ္တဲ့အတြက္ေၾကာင့္ လုံၿခဳံေရးအရေတာ့ က်ေနာ္တို႔ အမ်ားႀကီး စိတ္ပူပန္တာေတြ လူထုထဲမွာ ျဖစ္ေပၚေနတာေပါ့ေလ။ ဒါကေတာ့ သမိုင္းေၾကာင္းမွာလည္း ဒီပဲယင္းတုိ႔လို အၾကမ္းဖက္မႈမ်ိဳးေတြျဖစ္ခဲ့တာကုိး”ဟု ဧရာဝတီသုိ႔ သုံးသပ္ေျပာၾကားသည္။

အဘယ္ေၾကာင့္ဆိုေသာ္ ႏုိင္ငံတကာတြင္လည္း လူထုေခါင္းေဆာင္ အမ်ားအျပား လုပ္ႀကံခံခဲ့ရသည့္ သာဓကမ်ားစြာ ရွိခဲ့ ဖူးသလို ေဒၚေအာင္ဆန္းစုၾကည္၏ ဖခင္၊ လြတ္လပ္ေရးေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းမွာလည္း ဂဠဳန္ဦးေစာ၏ လုပ္ ႀကံသတ္ျဖတ္ျခင္း ခံခဲ့ရသည္။

ထို႔ေၾကာင့္ NLD ပါတီဝင္မ်ားက ေဒၚေအာင္ဆန္းစုၾကည္၏ လုံၿခဳံေရးအတြက္ စည္း႐ံုးေရးပဲြမ်ားတြင္ က်ည္ကာအက်ႌဝတ္ ရန္ ေတာင္းဆုိေသာ္လည္း ျငင္းဆန္သည္ဟု သိရသည္။

“NLD က တာဝန္ရွိတဲ့လူငယ္ေတြတင္ မဟုတ္ဘဲ ၿမိဳ႕ရြာေတြက အရပ္ဘက္ လူမႈအဖြဲ႕အစည္းက ပုဂၢိဳလ္ေတြကလည္း ခရီးစဥ္လုံၿခဳံေရးအတြက္ လူအင္အားနဲ႔ ကူညီေစာင့္ေရွာက္မႈမ်ိဳးေတြ လုပ္ေပးသင့္တယ္လို႔ ျမင္ပါတယ္” ဟု ႏုိင္ငံေရး ေလ့လာသုံးသပ္သူ ေဒါက္တာေသာင္းထြန္းက သုံးသပ္ေျပာဆိုသည္။

အတုိက္အခံပါတီေခါင္းေဆာင္၊ လူထုေခါင္းေဆာင္တဦးအေနျဖင့္ လုံၿခဳံေရးအစီအမံကုိ အာဏာရပါတီမ်ားႏွင့္ အာဏာ ရပုဂၢိဳလ္မ်ား၏ လုံၿခဳံေရးကဲ့သို႔ ျပဳလုပ္ႏိုင္ရန္ မျဖစ္ႏုိင္ေသးသည့္အတြက္ ပါတီဝင္မ်ားႏွင့္ ေထာက္ခံသူမ်ား၏ စည္းလုံး ညီညြတ္မႈ အင္အားျဖင့္သာ ေဒၚေအာင္ဆန္းစုၾကည္၏ ေဘးအႏၱရာယ္ ကင္းရွင္းေရးကုိ ေဆာင္ရြက္ႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

ယခုလပိုင္းတြင္ပင္ ေဒၚေအာင္ဆန္းစုၾကည္၏ စည္းရုံးေရးပါတီဝင္အခ်ိဳ႕ မွာ အမည္မသိ ပုဂၢိဳလ္မ်ား၏ ရိုက္ႏွက္ခံရျခင္း၊ ပါတီစည္းရုံးေရးဆုိင္းဘုတ္မ်ား ဖ်က္ဆီးခံရျခင္းႏွင့္ ေႏွာက္ယွက္ျခင္းမ်ားကလည္း သူ၏ လုံၿခဳံေရးအေပၚ သြယ္ဝိုက္ေသာ နည္းအားျဖင့္ စိုးရိမ္ပူပန္စရာအေနအထားပင္ျဖစ္သည္။

လတ္တေလာ၌ ေဒၚေအာင္ဆန္းစုၾကည္၏ ေအာက္တိုဘာ ၁၆ ရက္မွ ၁၈ ရက္ ရခိုင္ျပည္နယ္ ခရီးစဥ္တြင္ ေတာင္ကုတ္ ၿမိဳ႕ ၿမိဳ႕မေဘာလုံးကြင္းတြင္ ျပဳလုပ္မည့္ ေဟာေျပာပဲြကုိ ေဒသဆုိင္ရာ အာဏာပိုင္မ်ားက ပိတ္ပင္ခဲ့ၿပီး သူ၏ အနီးကပ္ လုံၿခဳံေရးေဆာင္ရြက္ေပးေနသူ အဆိုေတာ္လင္းလင္းကုိ အစၥလာမ္ဘာသာဝင္ျဖစ္သည္ဟုဆိုကာ ရခိုင္ ျပည္နယ္တြင္းသို႔ လုံၿခဳံေရးအရ အဝင္မခံႏိုင္ေၾကာင္း ေဒသဆိုင္ရာအာဏာပိုင္မ်ားက တားဆီးခဲ႔ေသးသည္။

USDP ပါတီ ဗဟိုအလုပ္အမႈေဆာင္ ဦးျမညိမ္း၏ “ရန္ကုန္မွာ အနီလႊမ္းရင္ အာဇာနည္ကုန္း ဘာျဖစ္သြားလဲ” ဆိုသည့္ အဓိပၸာယ္ႏွစ္ခြ သက္ေရာက္ေနသည့္ စကားရပ္မ်ိဳး၊ USDP ပါတီ ဥကၠ႒ ဦးေဌးဦး၏ “အိုဘားမား ၂ ခါလာေတာ့ ၂ ခါ အနမ္းခံရတာေပါ့” ဆိုသည့္ စကားမ်ိဳးက NLD ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ကုိ တိုက္ရိုက္ တိုက္ခိုက္ ေဝဖန္လို သည့္ဆႏၵမ်ားက သိသာလြန္းသည့္ အေနအထားပင္ျဖစ္သည္။

ထုိ႔ေၾကာင့္ ၂၀၁၀ ေရြးေကာက္ပဲြကာလက မဲအမ်ားဆုံးအႏုိင္ရခဲ့သည့္ USDP ပါတီ မွ အခ်ိဳ႕ေသာ ပါတီဝင္မ်ားက ၎းတုိ႔ ၏ အတုိက္အခံပါတီျဖစ္သည့္ NLD ပါတီ မဲအမ်ားဆုံးျဖင့္ လာမည့္ ၂၀၁၅ ခုႏွစ္ အေထြေထြေရြးေကာက္ပဲြ အၿပီးတြင္ အစိုး ရ တရပ္ ဖဲြ႔စည္းသြားႏုိင္မည့္အေပၚ စိုးရိမ္ပူပန္ေနၾကသည့္ အေနအထားမ်ားေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္၏လုံၿခဳံေရးကို ေသခ်ာျပင္ဆင္ကာကြယ္ဖို႔ လိုအပ္ေနေၾကာင္း ႏုိင္ငံေရးကၽြမ္းက်င္သူမ်ားစြာက ေထာက္ျပေျပာဆုိေနၾကျခင္း ျဖစ္သည္။

ျမန္မာႏုိင္ငံ၏ စစ္မွန္ေသာ ဒီမိုကေရစီ အေျပာင္းအလဲ၊ တရားဥပေဒ စိုးမိုးေရး၊ လူ႔အခြင့္အေရး အပါအဝင္ ျပည္သူလူထု မ်ား လိုလားေတာင့္တေနသည့္ ျပည္သူႏွင့္ေခါင္းေဆာင္ တသားတည္းရွိေရး စသည့္ ေမွ်ာ္လင့္ခ်က္မ်ားမွာ အတိုက္အခံ ပါတီ လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ထံတြင္ ရွိေနသည့္အတြက္ သူ၏ လုံၿခဳံေရးအတြက္ လူထုက စိုးရိမ္ပူပန္ လ်က္ရွိေနၾကသည္။
http://burma.irrawaddy.org/article/2015/10/17/97283.html
..........................
ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စိုးရိမ်နေကြသည်
မေစစ်ပိုင်| October 17, 2015 | Hits:3,191
1    | |  Share on facebookShare on twitterShare on email
 ဒေါ်အောင်ဆန်းစုကြည်, လုံခြုံရေး , မဲဆွယ်စည်းရုံးရေး, USDP
ဒေါ်အောင်ဆန်းစုုကြည် ရခုုိင်ပြည်နယ်သံတွဲမြို့ ဒိုးတောင်ရပ်ကွက် ဦးဖုုိးဆိတ်အားကစားကွင်း ဟောပြောပွဲ လုံခြုံရေး ပြင်ဆင်နေစဉ် (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)
“ရန်ကုန်တိုင်းမှာ အနီမလွှမ်းရဘူး။ အစိမ်းပဲ လွှမ်းရမယ်။ အနီဆိုတာ အာဇာနည်ကုန်း ဗုံးခွဲသွားတာ ကိုကြည့်။ အာဇာနည်ကုန်းကြီး ဘာဖြစ်သွားလဲ” ဟု အမျိုးသား လွှတ်တော်နာယက၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင် ဦးမြညိမ်းက သုဝဏ္ဏမြို့နယ်ရှိ လူထုတွေ့ဆုံပွဲတွင် ပြောဆိုသွားခဲ့သည်။

လွှတ်တော်နာယက တဦးလည်းဖြစ်သလို အင်အားကြီး ပါတီတခု၏ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးမြညိမ်း၏ ပြောစ ကားအပေါ် လူမှုကွန်ရက် မီဒီယာများ အပါအဝင် ပြည်သူလူထု၊ နိုင်ငံရေးအသိုင်းအဝိုင်းစသည့် ဘက်ပေါင်းစုံက ဝေဖန်မှု များစွာ ယနေ့အထိ ရှိနေသည်။

USDP ပါတီ ၏ ဗဟိုအလုပ်အမှုဆောင် ဦးမြညိမ်း၏ ပြောဆိုချက်သည် လာမည့် အထွေထွေရွေးကောက်ပွဲတွင် ၎င်းတို့ ပါတီနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် NLD ပါတီနှင့်တကွ ဥက္ကဋ္ဌဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ချက်ရှိရှိ ပြောဆိုသည့် သဘောမျိုး သက်ရောက်နေသည်ဟု ပြည်သူလူထုက ပြစ်တင်ဝေဖန် ရှု့တ်ချနေကြပြီး ဒေါ်အောင်ဆန်းစု ကြည်၏လုံခြုံရေးအပေါ်များစွာ စိုးရိမ်ပူပန်နေကြသည်။

မြန်မာ့အရေး ကျွမ်းကျင်ပညာရှင် ဆွီဒင်သတင်းစာဆရာ ဘာတေးလ်လစ်တနာကလည်း “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် လူထုက စိတ်ပူပန်မှုများစွာ ရှိနေတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲမှာလည်း အချိန်နီးကပ်လာပြီဖြစ်ရာ NLD ပါတီ ဥက္ကဋ္ဌ၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အပေါ် ပြည်သူလူထုက စိုးရိမ်ရသည့် အကြောင်းအရင်းများစွာ ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် ယခင် စစ်အစိုးရ လက်ထက်က ဒေါ်အောင်ဆန်းစုကြည်၏အသက် အန္တရာယ်ကို ထိခိုက်စေနိုင် သော လုပ်ကြံမှုမျိုး မကြာခဏဆိုသလို ရှိခဲ့ဖူးသည်။

၂၀၀၁ ခုနှစ်က မြစ်ကြီးနားခရီးစဉ်၌ ခရီးစဉ်အပြန်တွင် အသက် အန္တရာယ်ဖြစ်နိုင်သော ယာဉ်တန်း တိုက်ခိုက်ခံခဲ့ရမှုနှင့် ကြံုတွေ့ခဲ့ရသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်က ကချင်ပြည်နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း လူထုနှင့်တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။

ထို့နည်းတူ၂၀၀၃ ခုနှစ်က စစ်ကိုင်းတိုင်း စည်းရုံးရေး ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လိုက်ပါသော ကားတန်းကို စွမ်းအားရှင်နှင့် ကြံ့ခိုင်ရေးအသင်း အဖွဲ့ဝင်များက ဟန့်တား ရိုက်နှက်လုပ်ကြံခဲ့သော ၂၀၀၃ ဒီပဲယင်း အရေးအခင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များနှင့် ပြည်သူ ၄၀ ထက်မနည်း သေဆုံးထိခိုက် ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များ ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လူထုထောက်ခံ အားပေးမှု အများဆုံး ပါတီတခုဖြစ်နေပြီး လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲအများဆုံး ရရှိနိုင်သည့်ပါတီဟု မြန်မာ့အရေး ကျွမ်းကျင်သူ များစွာက သုံးသပ်နေကြသည်။

သို့ဖြစ်ရာ လာမည့် အထွေထွေရွေးကောက်ပွဲအပြီး အစိုးရဖွဲ့နိုင်ရေး အလားအလာအကောင်းဆုံးရှိနေသည့် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ်စည်းရုံးပွဲများ ပြုလုပ်၍ ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရာတွင် ပြိုင်ဘက် ပါတီများ၊ မနာလိုသူများနှင့် ရန်ရှာလိုသူများ၏ တိုက်ခိုက်မှုများ ကြုံတွေ့ရမည်ကို လူထုက စိုးရိမ်ပူပန်နေကြခြင်း ဖြစ် သည်။

NLD ပါတီ အဖွဲ့ဝင် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာ က “လက်ရှိပြည်သူအားလုံးရဲ့ မျှော် လင့်ချက်၊ ဒီမိုကရေစီနိုင်ငံအပြောင်းအလဲ မျှော်လင့်ချက် အားလုံးက လူထုခေါင်းဆောင်အပေါ်မှာ ရှိနေတာကိုး။ အဲဒီလို ဆိုတော့ နည်းနည်း စိုးရိမ်ကြတာရှိပါတယ်။ အန်တီ့လုံခြုံရေးကိုတော့ ပါတီက CEC အန်ကယ်ဦးဝင်းထိန်ကိုယ်တိုင် လိုက် ပြီး ဆောင်ရွက်နေတယ်။ အားလုံးသိထားတဲ့ လုံခြုံရေးပုံစံမျိုးမဟုတ်ဘဲ မေတ္တာနဲ့သွားနေတဲ့သဘောပေါ့”ဟု ဧရာဝတီသို့ ရှင်းပြသည်။

လက်ရှိတွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် ကိုယ်တိုင် လိုက်ပါ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ထို့ကြောင့် ပြည်သူလူထု စိုးရိမ်ကြောင့်ကြနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် ပတ်သက်၍ NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်ကို ဧရာဝတီသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း “မဖြေနိုင်ဘူး”ဟုသာ ပြောဆိုခဲ့သည်။

NLD ပါတီ၏ ဒေသအလိုက် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များ၏ ပြောပြချက်အရ ဒေါ်အောင်ဆန်းစုကြည်၏ လူထု စည်းရုံးရေးပွဲများ၌ သူ၏ဘေးတဖက် တချက်စီတွင် အတွင်းစည်းအဖြစ် လုံခြုံရေးတာဝန်ယူထားသူ ၁၅ ဦး ခန့် ရှိသည်။ ဟောပြောပွဲ၏ စင်မြင့်အောက်ခြေ တဖက်တချက်စီတွင် အပြင်စည်း လုံခြုံရေး ၂၀ ဦးခန့်နှင့် သူ ရောက်ရှိသည့် ဒေသမှ ပါတီဝင်များ၏ နယ်မြေခံ လုံခြုံရေးအင်အားမှာ ၅၀ ဦးထက်မနည်း ရှိသည်ဟု သိရသည်။

သို့သော် လူထုစည်းရုံးရေးပွဲများ ကျင်းပရာနေရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးရန် ဟောပြောပွဲသို့ လာရောက်သည့် လူထုဦးရေသည် ထောင်ဂဏန်းမှ သိန်းဂဏန်းအထိ ရှိနေသည်။

သူ၏ လုံခြုံရေးကို လိုက်ပါဆောင်ရွက်ပေးသည့် လုံခြုံရေးအဖွဲ့ဝင်များလည်း လူထုက ထိန်းမနိုင်သိမ်းမရ တိုးဝှေ့၍ ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်ကြသည့်အခါ တားဆီးပိတ်ပင်ရန် အကျပ်ရိုက်ကြရသည့် အနေအထားကို တွေ့ခဲ့ ရဖူးသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မှာလည်း ပြည်သူလူထုနှင့် တသားတည်းရှိရမည်ဟူသည့် ခံယူချက် သဘောထား လည်းရှိနေသည့်အတွက် သူ့ကို တိုက်ခိုက်လုပ်ကြံလိုသူများအတွက် လွယ်ကူစွာ လုပ်ကြံသွားနိုင်သည့် အနေအထားတွင် ရှိသည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူများစွာက ထောက်ပြ ပြောဆိုနေကြသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ပညာရှင် ဒေါက်တာသောင်းထွန်း က “ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ဒေါ်အောင်ဆန်း စုကြည်က အရမ်းကို ပေါ်ပြူလာဖြစ်တဲ့ နိုင်ငံရေး ခေါင်းဆောင် ဖြစ်တဲ့အတွက်ကြောင့် လုံခြုံရေးအရတော့ ကျနော်တို့ အများကြီး စိတ်ပူပန်တာတွေ လူထုထဲမှာ ဖြစ်ပေါ်နေတာပေါ့လေ။ ဒါကတော့ သမိုင်းကြောင်းမှာလည်း ဒီပဲယင်းတို့လို အကြမ်းဖက်မှုမျိုးတွေဖြစ်ခဲ့တာကိုး”ဟု ဧရာဝတီသို့ သုံးသပ်ပြောကြားသည်။

အဘယ်ကြောင့်ဆိုသော် နိုင်ငံတကာတွင်လည်း လူထုခေါင်းဆောင် အများအပြား လုပ်ကြံခံခဲ့ရသည့် သာဓကများစွာ ရှိခဲ့ ဖူးသလို ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်၊ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းမှာလည်း ဂဠုန်ဦးစော၏ လုပ် ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ထို့ကြောင့် NLD ပါတီဝင်များက ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် စည်းရုံးရေးပွဲများတွင် ကျည်ကာအကျႌဝတ် ရန် တောင်းဆိုသော်လည်း ငြင်းဆန်သည်ဟု သိရသည်။

“NLD က တာဝန်ရှိတဲ့လူငယ်တွေတင် မဟုတ်ဘဲ မြို့ရွာတွေက အရပ်ဘက် လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေကလည်း ခရီးစဉ်လုံခြုံရေးအတွက် လူအင်အားနဲ့ ကူညီစောင့်ရှောက်မှုမျိုးတွေ လုပ်ပေးသင့်တယ်လို့ မြင်ပါတယ်” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာသောင်းထွန်းက သုံးသပ်ပြောဆိုသည်။

အတိုက်အခံပါတီခေါင်းဆောင်၊ လူထုခေါင်းဆောင်တဦးအနေဖြင့် လုံခြုံရေးအစီအမံကို အာဏာရပါတီများနှင့် အာဏာ ရပုဂ္ဂိုလ်များ၏ လုံခြုံရေးကဲ့သို့ ပြုလုပ်နိုင်ရန် မဖြစ်နိုင်သေးသည့်အတွက် ပါတီဝင်များနှင့် ထောက်ခံသူများ၏ စည်းလုံး ညီညွတ်မှု အင်အားဖြင့်သာ ဒေါ်အောင်ဆန်းစုကြည်၏ ဘေးအန္တရာယ် ကင်းရှင်းရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုလပိုင်းတွင်ပင် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးပါတီဝင်အချို့ မှာ အမည်မသိ ပုဂ္ဂိုလ်များ၏ ရိုက်နှက်ခံရခြင်း၊ ပါတီစည်းရုံးရေးဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်းနှင့် နှောက်ယှက်ခြင်းများကလည်း သူ၏ လုံခြုံရေးအပေါ် သွယ်ဝိုက်သော နည်းအားဖြင့် စိုးရိမ်ပူပန်စရာအနေအထားပင်ဖြစ်သည်။

လတ်တလော၌ ဒေါ်အောင်ဆန်းစုကြည်၏ အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက် ရခိုင်ပြည်နယ် ခရီးစဉ်တွင် တောင်ကုတ် မြို့ မြို့မဘောလုံးကွင်းတွင် ပြုလုပ်မည့် ဟောပြောပွဲကို ဒေသဆိုင်ရာ အာဏာပိုင်များက ပိတ်ပင်ခဲ့ပြီး သူ၏ အနီးကပ် လုံခြုံရေးဆောင်ရွက်ပေးနေသူ အဆိုတော်လင်းလင်းကို အစ္စလာမ်ဘာသာဝင်ဖြစ်သည်ဟုဆိုကာ ရခိုင် ပြည်နယ်တွင်းသို့ လုံခြုံရေးအရ အဝင်မခံနိုင်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက တားဆီးခဲ့သေးသည်။

USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမြညိမ်း၏ “ရန်ကုန်မှာ အနီလွှမ်းရင် အာဇာနည်ကုန်း ဘာဖြစ်သွားလဲ” ဆိုသည့် အဓိပ္ပာယ်နှစ်ခွ သက်ရောက်နေသည့် စကားရပ်မျိုး၊ USDP ပါတီ ဥက္ကဋ္ဌ ဦးဌေးဦး၏ “အိုဘားမား ၂ ခါလာတော့ ၂ ခါ အနမ်းခံရတာပေါ့” ဆိုသည့် စကားမျိုးက NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက် တိုက်ခိုက် ဝေဖန်လို သည့်ဆန္ဒများက သိသာလွန်းသည့် အနေအထားပင်ဖြစ်သည်။

ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲကာလက မဲအများဆုံးအနိုင်ရခဲ့သည့် USDP ပါတီ မှ အချို့သော ပါတီဝင်များက ၎င်းးတို့ ၏ အတိုက်အခံပါတီဖြစ်သည့် NLD ပါတီ မဲအများဆုံးဖြင့် လာမည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပြီးတွင် အစိုး ရ တရပ် ဖွဲ့စည်းသွားနိုင်မည့်အပေါ် စိုးရိမ်ပူပန်နေကြသည့် အနေအထားများကြောင့် ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးကို သေချာပြင်ဆင်ကာကွယ်ဖို့ လိုအပ်နေကြောင်း နိုင်ငံရေးကျွမ်းကျင်သူများစွာက ထောက်ပြပြောဆိုနေကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ စစ်မှန်သော ဒီမိုကရေစီ အပြောင်းအလဲ၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး အပါအဝင် ပြည်သူလူထု များ လိုလားတောင့်တနေသည့် ပြည်သူနှင့်ခေါင်းဆောင် တသားတည်းရှိရေး စသည့် မျှော်လင့်ချက်များမှာ အတိုက်အခံ ပါတီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံတွင် ရှိနေသည့်အတွက် သူ၏ လုံခြုံရေးအတွက် လူထုက စိုးရိမ်ပူပန် လျက်ရှိနေကြသည်။

No comments:

Post a Comment