Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 18, 2015

နွေဦးဝေ(နိုင်ငံမဲ့)

 
Nil ဆိုတဲ့ မှတ်ချက်စာသားကြောင့် မဲပေးခွင့် ဆုံးရှုံးခဲ့သူ.

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးတဲ့အခါ မဲစာရင်းမှာ နာမည်မပါတာတွေ၊ ပုံစံ ၁၅ နဲ့ လျှောက်ထားခဲ့ပြီး မဲစာရင်းမှာ ပါခဲ့ပေမယ့် လက်တွေ့ မဲပေးချိန်မှာ မဲပေးခွင့် မရခဲ့သူတွေ၊ မဲလက်မှတ်အပြည့်အစုံ မရဘဲ မဲပေးလိုက်ရသူတွေ ဆက်ရှိနေပါတယ်။

အောက်တိုဘာ ၁၈ ရက်မှာတော့ စင်ကာပူနိုင်ငံ မြန်မာသံရုံးမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ဗီဒီယိုဖိုင်တစ်ခုဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံခဲ့ပါတယ်။

ဒီဗီဒီယိုဖိုင်မှာ ဧရာဝတီတိုင်း ဗိုလ်ကလေးမြို့နယ်မှာ နေထိုင်ပြီး စင်ကာပူမှာ အလုပ်လုပ်နေတဲ့ မနွေဦးဝေဟာ အထောက်အထားအပြည့်အစုံနဲ့ ပုံစံ ၁၅ မဲပေးပိုင်ခွင့်စာရင်းမှာ ပါခဲ့ပေမယ့် မဲပေးချိန်မှာတော့ သူ့ကို နိုင်ငံမဲ့ နိုင်ငံသားအဖြစ် ကြိုတင်အမှတ်အသားပြုထားတာကြောင့် မဲပေးခွင့် မရခဲ့ပါဘူး။ ဒီအတွက် အထောက်အထားအပြည့်အစုံ ရှိပါလျှက်နဲ့ နိုင်ငံမဲ့ နိုင်ငံသားဖြစ်ခဲ့ရတဲ့အပြင် နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးဖြစ်တဲ့ မဲပေးခွင့်ကိုပါ ဆုံးရှုံးခဲ့ရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ သူကြုံတွေ့ခဲ့ရတာတွေကို မနွေဦးဝေက ရင်ဖွင့်ပြောဆိုခဲ့ပြီး ပြောဆိုရင်းတန်းလန်းမှာပဲ စိတ်ထိခိုက်ပြီး သတိလစ်သွားခဲ့ပါတယ်။
Eleven Media Group

Video Cridit to Saw Myo Min Hlaing

နွေဦးဝေ(နိုင်ငံမဲ့)https://www.youtube.com/watch?v=Cdt5bMn5C7s&index=235&list=PLzl2CAwehuozYae636YGm4xIRIw68kJRN
Posted by The Melting Pot 4 U on Sunday, 18 October 2015

No comments:

Post a Comment