Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 8, 2015

လူေမွာင္ခုိကူးသည့္ ေလွမ်ားကုိ ဖမ္းဆီးမည့္ ဥေရာပသမဂၢ၏ ဆုိဖီယာစစ္ဆင္ေရး စတင္




ဘရပ္ဆဲလ္ ၊ ၈-၁၀-၂၀၁၅

ေျမထဲပင္လယ္ ေတာင္ပိုင္းအတြင္း ေရႊ႕ေျပာင္း ဒုကၡသည္မ်ားကို တရားမဝင္ ေမွာင္ခုိကူးေနသည့္ သေဘၤာႏွင့္ ေလွမ်ားကုိ ဖမ္းဆီးရန္ အတြက္ ဥေရာပသမဂၢက စစ္ဆင္ေရး အသစ္တစ္ရပ္ကုိ စတင္လုိက္ေၾကာင္း ဘီဘီစီ သတင္းဌာနက ေအာက္တိုဘာ ၇ ရက္တြင္ ေဖာ္ျပထားသည္။

ဆုိဖီယာ ဟု အမည္ေပး ထားသည့္ အဆုိပါ စစ္ဆင္ေရး အတြင္း ေရတပ္စစ္သေဘၤာ မ်ားသည္ လူေမွာင္ခုိ ကူးသည္ဟု သံသယရွိေသာ မည္သည့္သေဘၤာ ကိုမဆို ဝင္ေရာက္စီးနင္း ရွာေဖြခြင့္ႏွင့္ ဖမ္းဆီးခြင့္ ရွိမည္ ျဖစ္သည္။

လက္ရွိအခ်ိန္တြင္မူ ဥေရာပ သမဂၢသည္ လူေမွာင္ခို ကူးသည့္ သေဘၤာမ်ားအား ေထာက္လွမ္း စံုစမ္းကာ ကယ္ဆယ္ေရး လုပ္ငန္းမ်ားကို လုပ္ကိုင္လ်က္ ရွိေၾကာင္း သိရသည္။

ယခုႏွစ္အတြင္း ေရႊ႕ေျပာင္း ဒုကၡသည္မ်ား ႏွင့္ စစ္ေဘးေရွာင္ ဒုကၡသည္ ၁၃ဝဝဝဝ ေက်ာ္သည္ ေျမာက္အာဖရိက ကမ္း႐ိုးတန္း မွတစ္ဆင့္ ဥေရာပသို႔ ဝင္ေရာက္လ်က္ ရွိၿပီး ဒုကၡသည္ ၂၇ဝဝ ေက်ာ္မွာ ေလွနစ္ျမဳပ္မႈ ႏွင့္အေၾကာင္း အမ်ဳိးမ်ဳိးေၾကာင့္ ေသဆံုးခဲ့ ရေၾကာင္း သိရသည္။

လူအေသအေပ်ာက္ အမ်ားဆံုး ေရလမ္း ခရီးမွာ လစ္ဗ်ား မွ အီတလီသုိ႔ လာေရာက္သည့္ လမ္းေၾကာင္း ျဖစ္ၿပီး ယခုအခါ ဒုကၡသည္မ်ားသည္ တူရကီ-ဂရိ ေရလမ္းေၾကာင္း ကုိ ေျပာင္းလဲ အသံုးျပဳလ်က္ ရွိသည္။

ဥေရာပ သမဂၢသည္ EUNavfor Med ဟု အမည္ေပး ထားေသာ ပထမအႀကိမ္ စစ္ဆင္ေရး ကုိ ဇြန္လတြင္ စတင္ျပဳလုပ္ ခဲ့ၿပီး လစ္ဗ်ားမွ အီတလီ ႏွင့္ ေမာ္လ္တာ ႏုိင္ငံတုိ႔သုိ႔ သြားေရာက္သည့္ လူေမွာင္ခို ကူးေသာ ေလွမ်ားကို ေစာင့္ၾကည့္ ေထာက္လွမ္းမႈ မ်ားႏွင့္ ဖမ္းဆီး ထိန္းသိမ္းမႈမ်ား လုပ္ေဆာင္ ခဲ့ေၾကာင္း သိရသည္။

Operation launched by EU to seize migrant smugglers boats

#PyiChitThar
........................................................................................................................

လူမှောင်ခိုကူးသည့် လှေများကို ဖမ်းဆီးမည့် ဥရောပသမဂ္ဂ၏ ဆိုဖီယာစစ်ဆင်ရေး စတင်



ဘရပ်ဆဲလ် ၊ ၈-၁၀-၂၀၁၅

မြေထဲပင်လယ် တောင်ပိုင်းအတွင်း ရွှေ့ပြောင်း ဒုက္ခသည်များကို တရားမဝင် မှောင်ခိုကူးနေသည့် သင်္ဘောနှင့် လှေများကို ဖမ်းဆီးရန် အတွက် ဥရောပသမဂ္ဂက စစ်ဆင်ရေး အသစ်တစ်ရပ်ကို စတင်လိုက်ကြောင်း ဘီဘီစီ သတင်းဌာနက အောက်တိုဘာ ရ ရက်တွင် ဖော်ပြထားသည်။

ဆိုဖီယာ ဟု အမည်ပေး ထားသည့် အဆိုပါ စစ်ဆင်ရေး အတွင်း ရေတပ်စစ်သင်္ဘော များသည် လူမှောင်ခို ကူးသည်ဟု သံသယရှိသော မည်သည့်သင်္ဘော ကိုမဆို ဝင်ရောက်စီးနင်း ရှာဖွေခွင့်နှင့် ဖမ်းဆီးခွင့် ရှိမည် ဖြစ်သည်။

လက်ရှိအချိန်တွင်မူ ဥရောပ သမဂ္ဂသည် လူမှောင်ခို ကူးသည့် သင်္ဘောများအား ထောက်လှမ်း စုံစမ်းကာ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

ယခုနှစ်အတွင်း ရွှေ့ပြောင်း ဒုက္ခသည်များ နှင့် စစ်ဘေးရှောင် ဒုက္ခသည် ၁၃ဝဝဝဝ ကျော်သည် မြောက်အာဖရိက ကမ်းရိုးတန်း မှတစ်ဆင့် ဥရောပသို့ ဝင်ရောက်လျက် ရှိပြီး ဒုက္ခသည် ၂၇ဝဝ ကျော်မှာ လှေနစ်မြုပ်မှု နှင့်အကြောင်း အမျိုးမျိုးကြောင့် သေဆုံးခဲ့ ရကြောင်း သိရသည်။

လူအသေအပျောက် အများဆုံး ရေလမ်း ခရီးမှာ လစ်ဗျား မှ အီတလီသို့ လာရောက်သည့် လမ်းကြောင်း ဖြစ်ပြီး ယခုအခါ ဒုက္ခသည်များသည် တူရကီ-ဂရိ ရေလမ်းကြောင်း ကို ပြောင်းလဲ အသုံးပြုလျက် ရှိသည်။

ဥရောပ သမဂ္ဂသည် EUNavfor Med ဟု အမည်ပေး ထားသော ပထမအကြိမ် စစ်ဆင်ရေး ကို ဇွန်လတွင် စတင်ပြုလုပ် ခဲ့ပြီး လစ်ဗျားမှ အီတလီ နှင့် မော်လ်တာ နိုင်ငံတို့သို့ သွားရောက်သည့် လူမှောင်ခို ကူးသော လှေများကို စောင့်ကြည့် ထောက်လှမ်းမှု များနှင့် ဖမ်းဆီး ထိန်းသိမ်းမှုများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

Operation launched by EU to seize migrant smugglers boats

#PyiChitThar

No comments:

Post a Comment