Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 19, 2015

အမေရိကန် ဂျပန်နှင့်အိန္ဒိယနိုင်ငံတို့ ဘင်္ဂလားပင်လယ်အော်တွင် ရေတပ်စစ်ရေးလေ့ကျင့်


ဝါရှင်တန် ၊ ၁၉-၁ဝ-၂ဝ၁၅

အမေရိကန်၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံ တို့သည် တရုတ်နိုင်ငံက သတိပေးချက်များ ထုတ်ပြန်နေသည့် ကြားမှ အိန္ဒိယနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းရှိ ဘင်္ဂလား ပင်လယ်အော်တွင် Malabar ဟု အမည် ပေးထားသော ရေတပ် ပူးပေါင်းစစ်ရေး လေ့ကျင့်မှု တစ်ခုကို အောက်တိုဘာ ၁၇ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင် ၄င်းနိုင်ငံ သုံးနိုင်ငံမှ ရေတပ် စစ်သင်္ဘောများ၊ လေယာဉ်တင် သင်္ဘောများ၊ ရေငုပ်သင်္ဘောများ ပါဝင် သွားမည်ဖြစ်ပြီး စစ်ရေး လေ့ကျင့်မှုကို ခြောက်ရက်ကြာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အမေရိကန် အစိုးရသည် ယင်း စစ်ရေးလေ့ကျင့်မှု အတွက် နိုင်ငံအတွင်းမှ USS Theodore Roosevelt လေယာဉ်တင် သင်္ဘော၊ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စင်းနှင့် ခရုစ်ဒုံးကျည် များကို ပေးပို့ခဲ့ကြောင်း သိရသည်။

ယခု ကျင်းပသည့် စစ်ရေး လေ့ကျင့်မှုသည် အမေရိကန် ရေတပ်၊ အိန္ဒိယရေတပ် နှင့် ဂျပန်ရေတပ် တို့အတွက် အလွန်ခက်ခဲ ရှုပ်ထွေးသော စစ်ရေး လေ့ကျင့်မှု တစ်ခုဖြစ်ပြီး မိမိတို့အနေဖြင့် ၄င်း စစ်ရေး လေ့ကျင့်မှုမှ ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေး၊ နယ်စပ် စစ်ဆင်ရေး နည်းလမ်းများကို ကျယ်ပြန့်စွာ ရရှိနိုင်ကြောင်း USS Theodore Roosevelt လေယာဉ် တင်သင်္ဘောမှ ရေကြောင်းအရာရှိ ကရက် ကလပ်ပတွန် က ပြောကြားခဲ့ကြောင်း သိရသည်။

#PyiChitThar

...............................................................................

အေမရိကန် ဂ်ပန်နွင့်အိန္ဒိယနိုင်ငံတို့ ဘဂင်္လားပင္လယ်အော်တြင် ရေတပ္စစ်ရေးလေ့က်င့်



ဝါရွင္တန် ၊ ၁၉-၁ဝ-၂ဝ၁၅

အေမရိကန်၊ ဂ်ပန်နွင့် အိန္ဒိယနိုင်ငံ တို့သည် တရုတ်နိုင်ငံက သတိပေးခ်က္မ်ား ထုတ်ျပန်နေသည့် ကြားမွ အိန္ဒိယနိုင်ငံ အေရွ့ဘက် ကမ်းရိုးတန်းရွိ ဘဂင်္လား ပင္လယ်အော်တြင် Malabar ဟု အမည် ပေးထားသော ရေတပ် ပူးပေါင်းစစ်ရေး လေ့က်င့်မှု တစ္ခုကို အောက္တိုဘာ ၁၇ ရက္တြင် စတင္ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ရေး လေ့က်င့်မှုတြင် ၄င်းနိုင်ငံ သုံးနိုင်ငံမွ ရေတပ် စစ်ေသင်္ဘာမ်ား၊ လေယာဥ္တင် သေင်္ဘာမ်ား၊ ရေငုပ်ေသင်္ဘာမ်ား ပါဝင် သြားမည်ျဖစ်ပြီး စစ်ရေး လေ့က်င့်မှုကိုျေခာက်ရက်ကြာ လုပ်ဆောင် သြားမည်ျဖစ်ကြောင်း သိရသည်။

ထို့အျပင် အေမရိကန် အစိုးရသည် ယင်း စစ်ရေးလေ့က်င့်မှု အတြက် နိုင်ငံအတြင်းမွ USS Theodore Roosevelt လေယာဥ္တင် သေင်္ဘာ၊ န်ူကလီးယား စြမ်းအင်သုံး ရေငုပ်ေသင်္ဘာ တစ္စင်းနွင့် ခရုစ္ဒုံးက်ည် မ်ားကို ပေးပို့ခဲ့ကြောင်း သိရသည်။

ယခု က်င်းပသည့် စစ်ရေး လေ့က်င့်မှုသည် အေမရိကန် ရေတပ်၊ အိန္ဒိယေရတပ် နွင့် ဂ်ပန်ရေတပ် တို့အတြက် အလြန္ခက္ခဲ ရှုပ်ထြေးသော စစ်ရေး လေ့က်င့်မှု တစ္ချုဖစ်ပြီး မိမိတို့အေနျဖင့် ၄င်း စစ်ရေး လေ့က်င့်မှုမွ ပင္လယ်ရေကြာင်း လုံခြုံရေးဆိုင်ရာ စစ္ဆင်ရေး၊ နယ္စပ် စစ္ဆင်ရေး နည်းလမ်းမ်ားကို က်ယ်ျပန့်စြာ ရရွိနိုင်ကြောင်း USS Theodore Roosevelt လေယာဉ် တင်ေသင်္ဘာမွ ရေကြာင်းအရာရွိ ကရက် ကလပ္ပတြန် ကျေပာကြားခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment