Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 3, 2015

ဆယ္ႏွစ္ၾကာမွ အတူလက္တြဲ ႐ုပ္ရွင္ျပန္႐ိုက္ၾကမယ့္ စင္ေရာ္ေမာင္ေမာင္နဲ႔ ေမသန္းႏု

ေမသန္းႏုႏွင့္ ႐ုပ္ရွင္ မ႐ိုက္ျဖစ္သည္မွာ ဆယ္ႏွစ္ခန္႔ရွိ ၿပီျဖစ္သည့္ ဒါ႐ိုက္တာ စင္ေရာ္ ေမာင္ေမာင္က သားျဖစ္သူ မင္း သန္႔ေမာင္ေမာင္၏ ေတာင္းဆိုမႈ ျဖင့္ ေဒါက္တာခင္ေမာင္၀င္း၏ ‘‘အေမ’’၀တၳဳကို ေမသန္းႏုႏွင့္ ႐ိုက္ကူးမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။

‘‘ႏို၀င္ဘာထဲမွာ ႐ိုက္မွာပါ။ အေမေနရာမွာ ေမသန္းႏုက သ႐ုပ္ဆာင္မွာပါ။ သားေနရာအ တြက္ကေတာ့ သ႐ုပ္ေဆာင္ေရြး ေနတုန္းပါပဲ’’ဟု ဒါ႐ိုက္တာ စင္ ေရာ္ေမာင္ေမာင္က ေျပာသည္။

ေမသန္းႏုဘက္ကလည္း သားျဖစ္သူ၏ ဆႏၵေၾကာင့္ လက္ခံ ႐ိုက္ကူးခဲ့ျခင္းျဖစ္သည္ဟု ၎ကဆိုသည္။

‘‘သားရဲ႕ပညာေရးနဲ႔ပတ္ သက္ၿပီး ေတြ႕ဆံုေဆြးေႏြးျဖစ္ တယ္။ ေမာင္ႏွမဆက္ဆံေရးပါ ပဲ’’ဟု ေမသန္းႏုႏွင့္ ၎၏ဆက္ ဆံေရးအေျခအေနကို စင္ေရာ္ ေမာင္ေမာင္ကေျပာသည္။

ယင္းဇာတ္ကားကို စင္ေရာ္ ႐ုပ္ရွင္ထုတ္လုပ္ေရးက ႐ိုက္ကူး ျခင္းျဖစ္ၿပီး ၎အေနျဖင့္ ႐ုပ္ရွင္ ဇာတ္ကားမ႐ိုက္ျဖစ္သည္မွာ ၂ ႏွစ္ခန္႔ရွိၿပီဟု စင္ေရာ္ေမာင္ေမာင္ ကေျပာသည္။

စင္ေရာ္ေမာင္ေမာင္ႏွင့္ ေမ သန္းႏုသည္ ‘‘ေမာင္’’ ႐ုပ္ရွင္ ဇာတ္ကားအပါအ၀င္ ေအာင္ျမင္ ေက်ာ္ၾကားသည့္ ႐ုပ္ရွင္ဇာတ္ ကားမ်ားကို လက္တြဲ႐ိုက္ကူးခဲ့ၿပီး ေမသန္းႏုရရိွိခဲ့သည့္ ႐ုပ္ရွင္ထူး ခြၽန္ဆုအမ်ားစုမွာလည္း ဒါ႐ိုက္တာစင္ေရာ္ေမာင္ေမာင္ ႐ိုက္ကူး သည့္ ဇာတ္ကားမ်ားျဖစ္သည္။

7day daily
.............................................
ဆယ်နှစ်ကြာမှ အတူလက်တွဲ ရုပ်ရှင်ပြန်ရိုက်ကြမယ့် စင်ရော်မောင်မောင်နဲ့ မေသန်းနု

မေသန်းနုနှင့် ရုပ်ရှင် မရိုက်ဖြစ်သည်မှာ ဆယ်နှစ်ခန့်ရှိ ပြီဖြစ်သည့် ဒါရိုက်တာ စင်ရော် မောင်မောင်က သားဖြစ်သူ မင်း သန့်မောင်မောင်၏ တောင်းဆိုမှု ဖြင့် ဒေါက်တာခင်မောင်ဝင်း၏ ‘‘အမေ’’၀တ္ထုကို မေသန်းနုနှင့် ရိုက်ကူးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

‘‘နိုဝင်ဘာထဲမှာ ရိုက်မှာပါ။ အမေနေရာမှာ မေသန်းနုက သရုပ်ဆာင်မှာပါ။ သားနေရာအ တွက်ကတော့ သရုပ်ဆောင်ရွေး နေတုန်းပါပဲ’’ဟု ဒါရိုက်တာ စင် ရော်မောင်မောင်က ပြောသည်။

မေသန်းနုဘက်ကလည်း သားဖြစ်သူ၏ ဆန္ဒကြောင့် လက်ခံ ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

‘‘သားရဲ့ပညာရေးနဲ့ပတ် သက်ပြီး တွေ့ဆုံဆွေးနွေးဖြစ် တယ်။ မောင်နှမဆက်ဆံရေးပါ ပဲ’’ဟု မေသန်းနုနှင့် ၎င်း၏ဆက် ဆံရေးအခြေအနေကို စင်ရော် မောင်မောင်ကပြောသည်။

ယင်းဇာတ်ကားကို စင်ရော် ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူး ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ရုပ်ရှင် ဇာတ်ကားမရိုက်ဖြစ်သည်မှာ ၂ နှစ်ခန့်ရှိပြီဟု စင်ရော်မောင်မောင် ကပြောသည်။

စင်ရော်မောင်မောင်နှင့် မေ သန်းနုသည် ‘‘မောင်’’ ရုပ်ရှင် ဇာတ်ကားအပါအဝင် အောင်မြင် ကျော်ကြားသည့် ရုပ်ရှင်ဇာတ် ကားများကို လက်တွဲရိုက်ကူးခဲ့ပြီး မေသန်းနုရရှိိခဲ့သည့် ရုပ်ရှင်ထူး ချွန်ဆုအများစုမှာလည်း ဒါရိုက်တာစင်ရော်မောင်မောင် ရိုက်ကူး သည့် ဇာတ်ကားများဖြစ်သည်။

7day daily

No comments:

Post a Comment