Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 24, 2015

၂၀၁၄ ခုနှစ် တစ်နှစ်တည်းမှာပင် မြန်မာနိုင်ငံက တရုတ်ကို တင်ပို့ခဲ့သည့် ကျောက်စိမ်းပမာဏ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံရှိခဲ့



ကျောက်စိမ်းကဏ္ဍမှ ရရှိသော အကျိုးအမြတ် အများစုကို ဦးသန်းရွှေ မိသားစု၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ တပ်မတော်၏ မြန်မာ့စီးပွားရေးဦးပိုင်၊ ခရိုနီကုမ္ပဏီများနှင့် မူးယစ်ရာဇာများ အစရှိသူတို့က ထိန်းချုပ်ခဲ့ကြောင်း ဗြိတိန်အခြေစိုက် Global Witness အစီရင်ခံစာ၌ ဖော်ပြ

တရုတ်သွင်းကုန် အချက်အလက်များအရ ၂၀၁၄ ခုနှစ် တစ်နှစ်တည်းမှာပင် မြန်မာကျောက်စိမ်းကဏ္ဍမှ တရုတ်သို့ တင်ပို့ခဲ့သည့် ပမာဏ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံရှိကြောင်း ဗြိတိန်အခြေစိုက် Global Witness အဖွဲ့က အောက်တိုဘာ ၂၃ ရက်တွင် ရန်ကုန်မြို၌ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး အစီရင်ခံစာ ထုတ်ပြန် ပြောကြားခဲ့ပါသည်။

Global Witness အဖွဲ့က “ကျောက်စိမ်း - မြန်မာနိုင်ငံ၏ ကြီးမားသည့် နိုင်ငံတော်လျို့ဝှက်ချက်” အစီရင်ခံစာကို ထုတ်ပြန်ရာ၌ ထိုအချက်ကို ပြောဆိုခဲ့ခြင်းဖြစ်ပြီး အခြားတွေ့ရှိချက် အသေးစိတ်ကိုလည်း ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြခဲ့ပါသည်။

ထိုဖော်ပြချက်များအရ မြန်မာကျောက်စိမ်းကဏ္ဍမှ ရရှိသော အကျိုးအမြတ် အများစုကို အာဏာရှင်ဟောင်း ဦးသန်းရွှေ မိသားစု၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ တပ်မတော်၏ မြန်မာ့စီပွားရေး ဦးပိုင်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ ထူးအုပ်စု၊ အေးရှားဝေါလ်၊ KBZ Group၊ Ever Winner လုပ်ငန်းစုနှင့် Sky Net ကုမ္ပဏီ၊ ‘၀’ သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကို ကာလရှည် ဘဏ္ဍာငွေ ထောက်ပံ့ခဲ့သော မူးယစ်ရာဇာ ဝေဆူးကျန် (ဝေရှောက်ခမ်း) တို့နှင့် ဆက်စပ်နေသော ကုမ္ပဏီ လုပ်ငန်းစုများကသာ ထိန်းချုပ်ခဲ့ကြောင်း သိရပါသည်။

■ ၂၀၁၄ ခုနှစ် တစ်နှစ်တည်း၏ ပမာဏ

၂၀၁၄ ခုနှစ် တစ်နှစ်တည်းမှာပင် မြန်မာနိုင်ငံ၏ ကျောက်စိမ်းကဏ္ဍမှ တရုတ်သို့ တင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံ ရှိခဲ့ခြင်းအား တရုတ်နိုင်ငံ၏ သွင်းကုန်အချက်အလက်များကို ရယူပြီး Global Witness က ဖော်ပြခဲ့ခြင်း ဖြစ်သည်။

“ယခုအချိန်အထိ ကျောက်စိမ်းကဏ္ဍ၏ တန်ဖိုးကို ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။ သို့သော် သုတေသနနှင့် သုံးသပ်ချက်အသစ် တစ်ခုအရ Global Witness က ခန့်မှန်းသည်မှာ တရုတ်နိုင်ငံ၏ သွင်းကုန်အချက်အလက်များ အရ ၂၀၁၄ ခုနှစ် တစ်နှစ်တည်းပင်လျှင် အမေရိကန်ဒေါ်လာ ၁၂ ဘီလျံရှိကြောင်း ညွှန်ပြထားပြီး လုပ်ငန်းတစ်ခုလုံး၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁ ဘီလျံခန့်ဖြစ်သည်။ ယင်းကိန်းဂဏန်းကို နှိုင်းယှဉ်ပြရလျှင် ယင်းသည် အစိုးရ၏ ကျန်းမာရေး အသုံးစရိတ်၏ ၄၆ ဆရှိပြီး တစ်နိုင်ငံလုံး၏ တရားဝင် အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၄၈ ရာခိုင်နှုန်းရှိသည်” ဟု Global Witness ၏ အစီရင်ခံစာ အနှစ်ချုပ်တွင် ဆိုပါသည်။

အစီရင်ခံစာတွင် ကမ္ဘာပေါ်၌ အဖိုးတန်ဆုံး ကျောက်မျက်ရတနာများတွင် ပါဝင်နေသည့် ကျောက်စိမ်း အရောင်းအ၀ယ် ပြုလုပ်မှုမှ ရရှိသော ဒေါ်လာသန်းထောင်ပေါင်း များစွာကို စစ်တပ်အသိုင်းအ၀ိုင်းများ၊ အမေရိကန်နိုင်ငံမှ ပိတ်ဆို့ထားသော မူးယစ်ရာဇာများနှင့် ခရိုနီကုမ္ပဏီများက တင်းကျပ်စွာ ထိန်းချုပ်ထားကြောင်း၊ ဖားကန့်ကျောက်စိမ်း တွင်းများရှိရာ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားများ၊ သို့မဟုတ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ဆိုရလျှင် မြန်မာပြည်သူများ အတွက် အလွန်နည်းသည့် အကျိုးအမြတ်ကိုသာ ဖြစ်စေသည်ဟု ဖော်ပြထားသည်။

ထို့နောက် “ရေပေါ်ဆီ လူတန်းစားများသည် ကျောက်စိမ်းကဏ္ဍတွင် တရားမ၀င် ရံပုံငွေ အမြောက်အမြားကို အလွယ်တကူ ရရှိနေကြသည်။ ဤအချက်ကြောင့် ပြုပြင်ပြောင်းလဲရေး ပြုလုပ်သူများနှင့် ၎င်းတို့၏ နိုင်ငံတကာရှိ လုပ်ငန်းဖက်များအပေါ် အရေးကြီးသည့် မေးခွန်းများ မေးရန် ဖြစ်လာခဲ့သည်။ ဤကျောက်စိမ်း လုပ်ငန်းမှ ရရှိသော ငွေကြေးများ ဘယ်ရောက်သွားသနည်း၊ ထိုငွေကြေးများကို အိမ်၊ ခြံ၊ မြေ ရောင်းဝယ်မှုများ၊ ပြိုင်ကားများနှင့် ခမ်းနားကြီးကျယ်သည့် ပါတီပွဲများအတွက် အသုံးပြုနေပါသလား၊ သို့မဟုတ် ၎င်းကို နိုင်ငံရေး ရည်ရွယ်ချက်များ အတွက် အသုံးချနေပါသလား” ဟု အစီရင်ခံစာ အနှစ်ချုပ်ကတစ်ဆင့် မေးခွန်းထုတ်ခဲ့သည်။

■ ဘယ်သူတွေပါသလဲ

ကျောက်စိမ်းကဏ္ဍမှ တစ်ဆင့် အမြတ်ထုတ်နေ သူများကိုလည်း လူတစ်ဦး၊ လုပ်ငန်း တစ်ခုချင်းစီအလိုက် ဆက်စပ်ပတ်သက် နေမှုများကို Global Witness က ထုတ်ဖော်ခဲ့ပါသည်။

“ပထမ အမျိုးအစားက စစ်တပ်အသိုင်းအ၀ိုင်းက လူတွေပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီကြီးတွေ ဖြစ်ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် အရင်က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ မိသားစု ပိုင်ဆိုင်တဲ့ ကုမ္ပဏီနှစ်ခု ရှိပါတယ်။ ဒီနှစ်ခုကနေ ဆင့်ပွားလာတဲ့ အခြားကုမ္ပဏီတွေလည်း ရှိနေဦးမယ်လို့ သုံးသပ်ရပါတယ်” ဟု Global Witness ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mike Davis က ပြောပါသည်။

“နောက်တစ်ခုက အခုလက်ရှိ မွေးမြူရေး ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကချင်ပြည်နယ် တိုင်းမှူးဟောင်း ဦးအုန်းမြင့် ပိုင်ဆိုင်တဲ့ ကုမ္ပဏီကလည်း မနှစ်က အရောင်း ပမာဏ အမေရိကန်ဒေါ်လာ သန်း ၈၀ လောက်ကို အခွန်မဆောင်မီ ရောင်းချခဲ့ပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အထွေထွေ အတွင်းရေးမှူးဟောင်း၊ ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်သိမ်းရဲ့ ကုမ္ပဏီက မနှစ်က အမေရိကန်ဒေါ်လာ သန်း ၁၀၀ လောက် အခွန်ရှောင်ပြီးမှ ထုတ်ရောင်းလိုက်တာ တွေ့ရပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ထိုတွေ့ရှိချက်များသည် ရေအောက်၌ မြှုပ်နေသော ရေခဲတုံးကြီး၏ အပေါ်ယံ အပိုင်းအစများသာ ဖြစ်ပြီး ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သူများကို တူးစွလိုက်သည့်အခါ တပ်မတော်နှင့် နီးစပ်နေသူများသာ ဖြစ်နေကြောင်း Mike Davis က ပြောကြားသည်။

ဒုတိယ အမျိုးအစား အနေဖြင့် စီးပွားရေးဦးပိုင် ကုမ္ပဏီ ဖြစ်ကြောင်းနှင့် ဦးပိုင်ကုမ္ပဏီ အနေဖြင့် မိုင်းတွင်း အမြောက်အမြားကို လုပ်ကိုင်နေကြောင်း၊ အခြားကုမ္ပဏီများ အပေါ်တွင်လည်း လွှမ်းမိုးချုပ်ကိုင်မှုများ ရှိသည်ကို တွေ့ရကြောင်းနှင့် ရောင်းချသည့် ပမာဏ အများဆုံး ကုမ္ပဏီလည်း ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

တတိယ အမျိုးအစား ကုမ္ပဏီမှာ ထူးအုပ်စု၊ အေးရှားဝေါလ်နှင့် KBZ Group ကဲ့သို့သော ခရိုနီအုပ်စုကြီးများ ဖြစ်ကြောင်း သိရသည်။

“ဒီနေရာမှာ KBZ လုပ်ငန်းစုအနေနဲ့ ဒီကျောက်စိမ်း လုပ်ငန်းတွေထဲမှာ တိုက်ရိုက်ပါဝင် ပတ်သက်မှု ရှိသလား၊ မရှိဘူးလားဆိုတာ တိကျသေချာမှု မရှိပါဘူး။ သူတို့ကတော့ သူတို့အနေနဲ့ ဒီလုပ်ငန်းထဲမှာ တိုက်ရိုက်ပါဝင် ပတ်သက်မှု မရှိဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အကြီးဆုံး ကျောက်စိမ်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ Ever Winner နဲ့ တော်တော်လေးကို နီးကပ်တဲ့ ဆက်ဆံရေးရှိတယ် ဆိုတာကိုတော့ အထောက်အထားတွေ ရှိခဲ့ပါတယ်။ သူတို့ ပြောတာကတော့ ဒီကုမ္ပဏီကို စပြီးထူထောင် နိုင်အောင် သူတို့အနေနဲ့ ငွေကြေးအရင်းအနှီး နဲ့စပြီး မတည်ပေးခဲ့တာပါလို့ ပြောခဲ့ပါတယ်။ ဒီပိုင်ရှင် နှစ်ဦးကလည်း အတော်လေး ရင်းနှီးတဲ့သူနှစ်ဦး ဖြစ်နေတာကို တွေ့ရပါတယ်” ဟု Mike Davis က ပြောကြားပါသည်။

နောက်ဆုံး တွေ့ရှိရသည့် အမျိုးအစားမှာ ‘၀’ သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မူးယစ်ရာဇာများနှင့် ဆက်စပ်သော ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။

“UWSA ကို အများဆုံး ငွေကြေးထောက်ပံ့ နေတာက အရင်တုန်းက မူးယစ်ရာဇာလို့ နာမည်ကြီးပြီး အမေရိကန်က ဆုငွေအမေရိကန်ဒေါ်လာ နှစ်သန်း ထုတ်ခံထားရတဲ့ မူးယစ်ရာဇာ ဝေဆူးကျန် ဖြစ်တယ်လို့ ယူဆရပါတယ်။ ဒီကုမ္ပဏီတွေက တော်တော်လေးကို ရန်လိုစိတ် ပြင်းထန်ပြီးတော့ စွက်ဖက်မှုများတဲ့ ကုမ္ပဏီဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ဒါ့အပြင် သူတို့အနေနဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အပေါ်မှာ အမြတ်ထုတ်နေတဲ့ ကုမ္ပဏီ တစ်ခုလည်း ဖြစ်ပါတယ်။ သူတို့တွေက တရားဝင် လိုင်စင်ရထားတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။ မေးစရာ ရှိတာကတော့ ဘာကြောင့် သူတို့တွေဟာ ဒီလိုင်စင်ကို ရနေရတာလဲ ဆိုတာပါပဲ” ဟု Mike Davis ကဆက်လက် ပြောကြားခဲ့ပါသည်။

Global Witness အဖွဲ့၏ အစီရင်ခံစာ အပြည့်အစုံ --
https://www.globalwitness.org/…/Jade_full_report_online_hi_…

Global Witness အဖွဲ့၏ အစီရင်ခံစာ အနှစ်ချုပ် (မြန်မာပြန်) https://www.globalwitness.org/…/Jade_executive_summary_Burm…

ပုံစာ - Global Witness က ထုတ်ပြန်ခဲ့သော အစီရင်ခံစာ အနှစ်ချုပ် မျက်နှာဖုံးနှင့် မြန်မာနိုင်ငံ၏ ကျောက်စိမ်းလုပ်ငန်းတွင် အဓိက ဆက်နွယ် ပတ်သက်နေသော အုပ်စုကြီး သုံးခုကို Global Witness က ပိုင်းခြားပြထားပုံ
Eleven Media Group





..........................

၂၀၁၄ ခုနွစ် တစ်နွစ္တည်းမွာပင်ျမန္မာနိုင်ငံက တရုတ္ကို တင္ပို့ခဲ့သည့် ကော်က္စိမ်းပမာဏ အေမရိကန်ဒေါ်လာ ၁၂ ဘီလ်ံရွိခဲ့

ကော်က္စိမ်းကဏ္ဍမွ ရရွိသော အကိုးအျမတ် အမ်ားစုကို ဦးသန်းရွှေ မိသားစု၊ျပည်ထောင္စုဝန်ကြီး ဦးအုန်ျးမင့်၊ တပ္မေတာ်၏ျမန္မာ့စီးပြားရေးဦးပိုင်၊ ခရိုနီကုမ္ပဏီမ်ားနွင့် မူးယစ်ရာဇာမ်ား အစရွိသူတို့က ထိန်းခ်ုပ္ခဲ့ကြောင်း ဗြိတိန်ေအျခစိုက် Global Witness အစီရင္ခံစာ၌ ဖော်ျပ

တရုတ်ြသင်းကုန် အခ်က်အလက္မ်ားအရ ၂၀၁၄ ခုနွစ် တစ်နွစ္တည်းမွာပင်ျမန္မာကော်က္စိမ်းကဏ္ဍမွ တရုတ်သို့ တင္ပို့ခဲ့သည့် ပမာဏ အေမရိကန်ဒေါ်လာ ၁၂ ဘီလ်ံရွိကြောင်ျးဗိတိန်ေအျခစိုက် Global Witness အဖြဲ့က အောက္တိုဘာ ၂၃ ရက္တြင် ရန္ကုန်ျမို၌ သတင်းစာ ရွင်းလင်းပြဲလုပ်ျပီး အစီရင္ခံစာ ထုတ်ျပန်ျေပာကြားခဲ့ပါသည်။

Global Witness အဖြဲ့က “ကော်က္စိမ်း -ျမန္မာနိုင်ငံ၏ ကြီးမားသည့် နိုင်ငံတ္လောို့ဝွက္ခ်က်” အစီရင္ခံစာကို ထုတ်ျပန်ရာ၌ ထိုအခ်က္ကိုျေပာဆိုချဲ့ခင်ျးဖစ်ျပီး အျခားတြေ့ရွိခ်က် အေသးစိတ္ကိုလည်း ၎င်းတို့၏ အစီရင္ခံစာတြင် ဖော်ျပခဲ့ပါသည်။

ထိုဖော်ျပခ်က္မ်ားအရျမန္မာကော်က္စိမ်းကဏ္ဍမွ ရရွိသော အကိုးအျမတ် အမ်ားစုကို အာဏာရွင်ဟောင်း ဦးသန်းရွှေ မိသားစု၊ျပည်ထောင္စုဝန်ကြီး ဦးအုန်ျးမင့်၊ တပ္မေတာ်၏ျမန္မာ့စီပြားရေး ဦးပိုင်နွင့်ျမန္မာ့စီးပြားရေး က္ပောိုရေးရွင်း၊ ထူးအုပ္စု၊ အေးရွားဝေါလ်၊ KBZ Group၊ Ever Winner လုပ်ငန်းစုနွင့် Sky Net ကုမ္ပဏီ၊ ‘၀’ သြေးစည်း ညီညြတ်ရေး တပ္မေတာ် (UWSA) ကို ကာလရွည် ဘဏ္ဍာငြေ ထောက္ပံ့ခဲ့သော မူးယစ်ရာဇာ ဝေဆူးက်န် (ဝေရွောက္ခမ်း) တို့နွင့် ဆက္စပ်နေသာ ကုမ္ပဏီ လုပ်ငန်းစုမ်ားကသာ ထိန်းခ်ုပ္ခဲ့ကြောင်း သိရပါသည်။

■ ၂၀၁၄ ခုနွစ် တစ်နွစ္တည်း၏ ပမာဏ

၂၀၁၄ ခုနွစ် တစ်နွစ္တည်းမွာပင်ျမန္မာနိုင်ငံ၏ ကော်က္စိမ်းကဏ္ဍမွ တရုတ်သို့ တင္ပို့မှုပမာဏ အေမရိကန်ဒေါ်လာ ၁၂ ဘီလ်ံ ရွိချဲ့ခင်းအား တရုတ်နိုင်ငံ၏ သြင်းကုန်အခ်က်အလက္မ်ားကို ရယျူပီး Global Witness က ဖော်ျပချဲ့ခင်ျးဖစ်သည်။

“ယခုအခိန်အထိ ကော်က္စိမ်းကဏ္ဍ၏ တန္ဖိုးကို ဆုံျးဖတ်ရန် မျဖစ်နိုင်ပေ။ သို့သော် သုတေသနနွင့် သုံးသပ္ခ်က်အသစ် တစ္ခုအရ Global Witness က ခန့်မွန်းသည္မွာ တရုတ်နိုင်ငံ၏ သြင်းကုန်အခ်က်အလက္မ်ား အရ ၂၀၁၄ ခုနွစ် တစ်နွစ္တည်းပင္လ်ွင် အေမရိကန်ဒေါ်လာ ၁၂ ဘီလ်ံရွိကြောင်း ညွှန်ျပထာျးပီး လုပ်ငန်းတစ္ခုလုံး၏ တန္ဖိုးမွာ အေမရိကန်ဒေါ်လာ ၃၁ ဘီလ်ံခန့်ျဖစ်သည်။ ယင်းကိန်းဂဏန်းကို နှိုင်းယွဉ်ျပရလ်ွင် ယင်းသည် အစိုးရ၏ က်န်းမာရေး အသုံးစရိတ်၏ ၄၆ ဆရျွိပီး တစ်နိုင်ငံလုံး၏ တရားဝင် အသားတင် ကုန္ထုတ္လုပ္မှုတန္ဖိုး (GDP) ၏ ၄၈ ရာခိုင်နှုန်းရွိသည်” ဟု Global Witness ၏ အစီရင္ခံစာ အနွစ္ခ်ုပ္တြင် ဆိုပါသည်။

အစီရင္ခံစာတြင် ကမ္ဘာပေါ်၌ အဖိုးတန္ဆုံး ကော်က္မ်က်ရတနာမ်ားတြင် ပါဝင်နေသည့် ကော်က္စိမ်း အေရာင်းအ၀ယ်ျပုလုပ္မှုမွ ရရွိသော ဒေါ်လာသန်းထောင်ပေါင်း မ်ားစြာကို စစ္တပ်အသိုင်းအ၀ိုင်းမ်ား၊ အေမရိကန်နိုင်ငံမွ ပိတ္ဆို့ထားသော မူးယစ်ရာဇာမ်ားနွင့် ခရိုနီကုမ္ပဏီမ်ားက တင်းက်ပ္စြာ ထိန်းခ်ုပ္ထားကြောင်း၊ ဖားကန့်ကော်က္စိမ်း တြင်းမ်ားရွိရာ ကခ်င်ျပည္နယ်ရွိ တိုင်းရင်းသားမ်ား၊ သို့မဟုတ် တစ်နိုင်ငံလုံး အတိုင်းအတျာဖင့်ဆိုရလ်ွင်ျမန္မျာပည်သူမ်ား အတြက် အလြန္နည်းသည့် အကိုးအျမတ္ကိုသျာဖစ်စေသည်ဟု ဖော်ျပထားသည်။

ထို့နောက် “ရေပ်ါဆီ လူတန်းစားမ်ားသည် ကော်က္စိမ်းကဏ္ဍတြင် တရားမ၀င် ရံပုံငြေ အျေမာက်အျမားကို အလြယ္တကူ ရရွိနေကြသည်။ ဤအခ်က်ကြောင့်ျပျုပင်ျေပာင်းလဲရေျးပုလုပ်သူမ်ားနွင့် ၎င်းတို့၏ နိုင်ငံတကာရွိ လုပ်ငန်းဖက္မ်ားအေပါ် အေရးကြီးသည့် မေးခြန်းမ်ား မေးရန်ျဖစ္လာခဲ့သည်။ ဤကော်က္စိမ်း လုပ်ငန်းမွ ရရွိသော ငြေကြးမ်ား ဘယ်ရောက်ြသားသနည်း၊ ထိုငြေကြးမ်ားကို အိမ်၊ျခံ၊ျေမ ရောင်းဝယ္မှုမ်ား၊ျပိုင္ကားမ်ားနွင့် ခမ်းနားကြီးက်ယ်သည့် ပါတီပြဲမ်ားအတြက် အသုံျးပုနေပါသလား၊ သို့မဟုတ် ၎င်းကို နိုင်ငံရေး ရည်ြရယ္ခ်က္မ်ား အတြက် အသုံးခ်နေပါသလား” ဟု အစီရင္ခံစာ အနွစ္ခ်ုပ္ကတစ္ဆင့် မေးခြန်းထုတ္ခဲ့သည်။

■ ဘယ်သူတြေပါသလဲ

ကော်က္စိမ်းကဏ္ဍမွ တစ္ဆင့် အျမတ္ထုတ်နေ သူမ်ားကိုလည်း လူတစ်ဦး၊ လုပ်ငန်း တစ္ခုခ်င်းစီအလိုက် ဆက္စပ္ပတ်သက် နေမှုမ်ားကို Global Witness က ထုတ်ဖ္ခောဲ့ပါသည်။

“ပထမ အမိုးအစားက စစ္တပ်အသိုင်းအ၀ိုင်းက လူတြေပိုင္ဆိုင္ထားတဲ့ ကုမ္ပဏီကြီးတျြေဖစ္ပါတယ်။ ဥပမာျေပာရမယ္ဆိုရင် အရင္က ဗိုလ္ခ်ုပ္မွူးကြီးဟောင်း ဦးသန်းရွှေ မိသားစု ပိုင္ဆိုင္တဲ့ ကုမ္ပဏီနွစ္ခု ရွိပါတယ်။ ဒီနွစ္ခုကေန ဆင့်ပြားလာတဲ့ အျခားကုမ္ပဏီတြေလည်း ရွိနေဦးမယ္လို့ သုံးသပ်ရပါတယ်” ဟု Global Witness ၏ အာရွေဒသဆိုင်ရာ ညွှန်ကြားရေးမွူး Mike Davis ကျေပာပါသည်။

“နောက္တစ္ခုက အခုလက်ရွိ မြေျးမူရေး ရေလုပ်ငန်းနဲ့ ကေ်းလက်ဒေသ ဖြံျ့ဖိုးရေး ၀န်ကြီးဌာနျပည်ထောင္စုဝန်ကြီး၊ ကခ်င်ျပည္နယ် တိုင်းမွူးဟောင်း ဦးအုန်ျးမင့် ပိုင္ဆိုင္တဲ့ ကုမ္ပဏီကလည်း မနွစ္က အေရာင်း ပမာဏ အေမရိကန်ဒေါ်လာ သန်း ၈၀ လောက္ကို အခြန္မေဆာင္မီ ရောင်းခ်ခဲ့ပါတယ်။ျပည်ထောင္စု ကြံ့ခိုင်ရေးနဲ့ ဖြံျ့ဖိုးရေးပါတီရဲ့ အေထြေထြ အတြင်းရေးမွူးဟောင်း၊ ဗိုလ္ခ်ုပ်ဟောင်း ဦးမောင်မောင်သိမ်းရဲ့ ကုမ္ပဏီက မနွစ္က အေမရိကန်ဒေါ်လာ သန်း ၁၀၀ လောက် အခြန်ရွောင်ျပီးမွ ထုတ်ရောင်းလိုက္တာ တြေ့ရပါတယ်” ဟု ၎င်းကဆက္လက်ျေပာကြားသည်။

ထိုတြေ့ရွိခ်က္မ်ားသည် ရေအာက်၌ျမှုပ်နေသာ ရေခဲတုံးကြီး၏ အေပ်ါယံ အပိုင်းအစမ်ားသျာဖစ်ျပီး ကော်က္စိမ်းလုပ်ငန်း လုပ္ကိုင်သူမ်ားကို တူးစြလိုက်သည့်အခါ တပ္မေတ်ာနွင့် နီးစပ်နေသူမ်ားသျာဖစ်နေကြာင်း Mike Davis ကျေပာကြားသည်။

ဒုတိယ အမိုးအစား အေနျဖင့် စီးပြားရေးဦးပိုင် ကုမ္ပဏျီဖစ်ကြောင်းနွင့် ဦးပိုင္ကုမ္ပဏီ အေနျဖင့် မိုင်းတြင်း အျေမာက်အျမားကို လုပ္ကိုင်နေကြာင်း၊ အျခားကုမ္ပဏီမ်ား အေပ်ါတြင္လည်း လွှမ်းမိုးခ်ုပ္ကိုင္မှုမ်ား ရွိသည္ကို တြေ့ရေကြာင်းနွင့် ရောင်းခ်သည့် ပမာဏ အမ်ားဆုံး ကုမ္ပဏီလည်ျးဖစ်နေကြာင်းျေပာကြားခဲ့သည်။

တတိယ အမိုးအစား ကုမ္ပဏီမွာ ထူးအုပ္စု၊ အေးရွားဝေါလ်နွင့် KBZ Group ကဲ့သို့သော ခရိုနီအုပ္စုကြီးမ်ာျးဖစ်ကြောင်း သိရသည်။

“ဒီနေရာမွာ KBZ လုပ်ငန်းစုအေနနဲ့ ဒီကော်က္စိမ်း လုပ်ငန်းတြေထဲမွာ တိုက်ရိုက္ပါဝင် ပတ်သက္မှု ရွိသလား၊ မရွိဘူးလားဆိုတာ တိက်သေခ်ာမှု မရွိပါဘူး။ သူတို့ကေတာ့ သူတို့အေနနဲ့ ဒီလုပ်ငန်းထဲမွာ တိုက်ရိုက္ပါဝင် ပတ်သက္မှု မရွိဘူးလို့ျေပာပါတယ်။ ဒါပေမယ့် အကြီးဆုံး ကော်က္စိမ်း ကုမ္ပဏီတစ္ချုဖစ္တဲ့ Ever Winner နဲ့ တော်တော်လေးကို နီးကပ္တဲ့ ဆက္ဆံရေးရွိတယ် ဆိုတာကိုတော့ အေထာက်အထားတြေ ရွိခဲ့ပါတယ်။ သူတို့ျေပာတာကေတာ့ ဒီကုမ္ပဏီကို ဈပီးထူထောင် နိုင်အောင် သူတို့အေနနဲ့ ငြေကြးအရင်းအနွီး နဲ့ဈပီး မတည်ပေးခဲ့တာပါလို့ျေပာခဲ့ပါတယ်။ ဒီပိုင်ရွင် နွစ်ဦးကလည်း အေတ်ာလေး ရင်းနွီးတဲ့သူနွစ်ဦျးဖစ်နေတာကို တြေ့ရပါတယ်” ဟု Mike Davis ကျေပာကြားပါသည်။

နောက္ဆုံး တြေ့ရွိရသည့် အမိုးအစားမွာ ‘၀’ သြေးစည်းညီညြတ်ရေး တပ္မေတာ် (UWSA)၊ မူးယစ်ရာဇာမ်ားနွင့် ဆက္စပ်သော ကုမ္ပဏီမ်ာျးဖစ်ကြောင်း သိရသည်။

“UWSA ကို အမ်ားဆုံး ငြေကြးထောက္ပံ့ နေတာက အရင္တုန်းက မူးယစ်ရာဇာလို့ နာမည်ကြီျးပီး အေမရိကန္က ဆုငြေအေမရိကန်ဒေါ်လာ နွစ်သန်း ထုတ္ခံထားရတဲ့ မူးယစ်ရာဇာ ဝေဆူးက်န်ျဖစ္တယ္လို့ ယူဆရပါတယ်။ ဒီကုမ္ပဏီတြေက တော်တော်လေးကို ရန္လိုစိတ်ျပင်းထန်ျပီးတော့ စြက္ဖက္မှုမ်ားတဲ့ ကုမ္ပဏီဆျိုပီး နာမည္ဆိုးနဲ့ ကော််ကြားပါတယ်။ ဒါ့အျပင် သူတို့အေနနဲ့ ကခ်င်ျပည္နယ္မျွာဖစ္ပြားနေတဲ့ ပဋိပက္ခတြေ အေပ်ါမွာ အျမတ္ထုတ်နေတဲ့ ကုမ္ပဏီ တစ္ခုလည်ျးဖစ္ပါတယ်။ သူတို့တြေက တရားဝင် လိုင္စင်ရထားတဲ့ ကုမ္ပဏီတျြေဖစ္ပါတယ်။ မေးစရာ ရွိတာကေတာ့ ဘာကြောင့် သူတို့တြေဟာ ဒီလိုင္စင္ကို ရေနရတာလဲ ဆိုတာပါပဲ” ဟု Mike Davis ကဆက္လက်ျေပာကြားခဲ့ပါသည်။

Global Witness အဖြဲ့၏ အစီရင္ခံစာ အျပည့်အစုံ --
https://www.globalwitness.org/…/Jade_full_report_online_hi_…

Global Witness အဖြဲ့၏ အစီရင္ခံစာ အနွစ္ခ်ုပ် (ျမန္မျာပန်) https://www.globalwitness.org/…/Jade_executive_summary_Burm…

ပုံစာ - Global Witness က ထုတ်ျပန္ခဲ့သော အစီရင္ခံစာ အနွစ္ခ်ုပ် မ်က်နွာဖုံးနွင့်ျမန္မာနိုင်ငံ၏ ကော်က္စိမ်းလုပ်ငန်းတြင် အဓိက ဆက်နယြ် ပတ်သက်နေသာ အုပ္စုကြီး သုံးခုကို Global Witness က ပိုင်ျးခာျးပထားပုံ
Eleven Media Group

No comments:

Post a Comment